Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

တက်တိုး - ဆရာမဘဝ

Regular price 2,200 MMK
Regular price Sale price 2,200 MMK
Sale Sold out
အခန်း (၁)
ကျောင်းဆိုတာ ဘာလဲ

          ကျွန်မသည် မြို့ကြီးပြကြီးရှိ ကျောင်းများနှင့် တောနယ်ကျောင်း များတွင် ကျောင်းဆရာမအဖြစ် ဆောင်ရွက်နေစဉ်က တွေးမိသည်မှာကျောင်းများတွင် အမြဲတမ်းဆရာဝန်တစ်ဦး ထားသင့်ကြောင်းပင် ဖြစ် သည်။ ထိုဆရာဝန်မှာ ကျောင်းသားများအတွက် မဟုတ်ပါ။ ကျောင်း များကို လာရောက်ကြည့်ရှုသူတို့အတွက် ဖြစ်ပါသည်။ အဘယ်ကြောင့် ဆိုသော် တစ်ခါတစ်ရံ ကျောင်းသို့ လာရောက်ကြည့်ရှုသူတို့သည်

          ကျောင်း၌ လုပ်ကိုင်ပုံကို တစ်မနက်စာမျှ စောင့်ကြည့်လိုက်ပါမူ စိတ် အတော် ထိခိုက်သွားတတ်ကြသောကြောင့်ပင်။

          မိခင်များအတွက်ကား ဤသို့ ဖြစ်ချင်မှဖြစ်ပေမည်။ များသော အားဖြင့် မိခင်များသည် ကျောင်းများကို လာရောက်ကြည့်ရှုသောအခါ ပျော်ရွှင်ကျေနပ်သွားတတ်ကြသည်။ ကလေးများ ပျော်ပါးကစားနေကြ သည်ကို ကြည့်သွားတတ်ကြသည်။ သို့သော် ထိုကလေးများ အဘယ်

ကြောင့် ပျော်ရွှင်နေကြသည်ကိုကား တွေးလေ့မရှိ။ ပျော်ရွှင်နေခြင်း သည်ပင်လျှင် အခိုက်အတန့်အားဖြင့် မိခင်အတွက် ကျေနပ်ဖွယ် ဖြစ်ပေ တော့သည်။

 

          တစ်ခါတစ်ရံ ဖခင်တစ်ဦးသည် ကလေးတွေကိုကြည့်ရင်း စိတ် ပူပန်သွားတတ်ချေသည်။ ဤသို့ ယောက်ယက်ခတ်နေသည့် ကျောင်း ခန်းမှ သူ့သားသည် အဘယ်နည်းနှင့် ဟားဗတ်တက္ကသိုလ်သို့ ရောက် နိုင်ပါမည်နည်းဟု တွေးတောကာ စိုးရိမ်မကင်းဖြစ်ရသည်။

          သို့ သော် သမားရိုးကျ ကျောင်းခန်းသည် တစ်သက်ပတ်လုံး သင်ကြားပို့ချလာခဲ့ရသော ဆရာကောင်းတစ်ဦးအဖို့ စိတ်ကို အထိခိုက် ဆုံးဖြစ်ပေလိမ့်မည်။

          “ဒါလားကွဲ၊ ကျောင်းခန်းဆိုတာ”ဟူ၍ မေးပေမည်။ ဆရာမ သည် အနည်းနှင့်အများ ပျော့ပျောင်းသိမ်မွေ့သောလေသံဖြင့် ယင်းသို့ ပြောဆိုပေသည်။ “ကျွန်မတော့ သူတို့ကို ကိုယ်ချင်းစာမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မ စာသင်ခဲ့ရတဲ့ ကျောင်းများမှာ ကျောင်း သားများဟာ ကြမ်းပြင်တွင် မလှုပ်နိုင်အောင်ဝက်အူစုပ်ထားတဲ့ ကုလား ထိုင် စားပွဲတွေမှာထိုင်ပြီး တစ်ယောက်နဲ့တစ်ယောက်လည်း စကား မပြောရဘဲ နေကြရတယ်။ ဆရာလုပ်သူကလည်း ကျောင်းသားများ ရှေ့မှာ စည်းကမ်းကြီးမားစွာ သင်ကြားရတယ်။ ဒီလိုမှ မလုပ်ရင် စာ သင်ခြင်းကိစ္စ မပြီးစီး မအောင်မြင်နိုင်တော့ဘူး”

          ကျွန်မတို့၏ ကျောင်းသားများသည် အလွန် အလုပ်များကြ သည်။ တစ်နေ့လုံး မအားလပ်ရှာကြပေ။ ဥပမာဆိုရလျှင် ဆယ့်တစ်နှစ် သားများသည် သူတို့၏ ကုလားထိုင်၊ စားပွဲများ ဝက်အူစုပ် သံရိုက် ထား၍ မရွေ့ လျားနိုင်သလောက် သူတို့ကား လှုပ်ရှားနေကြသည်။ အခြား အသုံးအဆောင်များလည်း တစ်နေရာတည်းတွင် မြဲမြဲစွဲစွဲ မရှိ ဟိုရောက် သည်ရောက်နှင့် ရှိနေသည်။ ကလေးများကား အလှုပ်ရှား ကြဆုံးပင်။

          တချို့သည် ပုံနှိပ်ခန်းတွင် လက်ခံထားသော စာပုံနှိပ် အလုပ်တစ်ခုကို လုပ်ကိုင်လျက် ရှိနေကြမည်။ ထိုနေရာတွင် သူတို့သည် အနည်းဆုံးအားဖြင့် စာပုံနှိပ်စက်တွင် စွဲမြဲစွာ ထိုင်နေကြမည်။ သို့သော် တံခါးပေါက်ကြီးတွင်ကား အထုပ်အပိုးများ၊ ပစ္စည်းပစ္စယများကို သယ်ဆောင်လျက် ဝင်ထွက်သွားလာနေသူများမှာ ရှုပ်ယှက်ခတ်၍နေတော့ သည်။ သူတို့၏ စကားသံများသည် အဆက်မပြတ် မြည်လျက်ရှိသော စက်သံများနှင့် အပြိုင်အဆိုင်ပြုနေသကဲ့သို့ ရှိချေသည်။ အမိန့်ပေးသံ များ၊ ဝေဖန်နေကြသံများကို ကြားရသည်။ တစ်ခါတစ်ရံ သီတင်းပတ် ဆိုင်ရာ ဖိုမင်လုပ်သူက ဆရာအား ဤသို့ အော်၍ လှမ်းမေးတတ် သည်။ “ကျွန်တော်တို့ ခုနစ်နှစ်သားတွေအတွက် ဖတ်စာတွေ ရိုက်ပြီးပြီ ဆရာ။ အခု ကျွန်တော်တို့ စာကြည့်တိုက်အတွက် ကတ်ပြားတွေ ရိုက် လိုက်ရမလား။ ဒါမှမဟုတ်လည်း မိဘများအသင်းအတွက် စာရေး စက္ကူ ခေါင်းစည်းတွေ ရိုက်လိုက်ရမလား ဆရာ”

          ကျောင်းခန်းအတွင်းတွင် ငြိမ်သက်မှုဆို၍ လုံးဝ မရှိ။ အမြင် အားဖြင့်သော်လည်းကောင်း၊ အကြားအားဖြင့်သော်လည်းကောင်း မည် သို့မျှ မငြိမ်သက်ပေ။ တစ်ခါတစ်ရံ အခန်းထောင့်ရှိ ဆယ့်တစ်နှစ်သား တို့၏ မဂ္ဂဇင်းကော်မတီများ ငြင်းခုံကြသံများ။ ပုံနှိပ်တော့မည့်ဆဲဆဲ မဂ္ဂဇင်းအတွက် ကိုးနှစ်သားကလေးတစ်ဦးသော်လည်းကောင်း၊ ဆယ့်သုံး နှစ်သားကလေးတစ်ဦးသော်လည်းကောင်း ရေးသည့် ဆောင်းပါး တစ်ခုကို ဝေဖန်နေသံများ၊ ထိုအသံများသည် ပေါ်လာလေ့ရှိသည်။ တစ်ခါတစ်ရံ ကြီးလေးသော တာဝန်ကို ထမ်းဆောင်နေရသည့် မျက်နှာ ထားမျိုးနှင့် ရှစ်နှစ်ရွယ် မိန်းကလေးတစ်ဦးသည် ပက္ကူအိတ်ကြီး တစ်ခုကို ပခုံးပေါ်တွင်ချိတ်လျက် ဝင်လာတတ်သည်။ သူသည် ရှစ်နှစ် သားတို့ လုပ်ကိုင်နေသည့် စာတိုက်မှ စာပို့မယ်ကလေးတစ်ဦးဖြစ်လျက် ယခုဝင်လာခြင်းမှာ နောက်တစ်နေ့နံနက် ကစားရုံတွင် ကျင်းပအံ့သော ဆယ်နှစ်သားတို့၏ ဆယ့်တစ်နှစ်သားတို့အား ဖိတ်ခေါ်သည့် အထူး ဖိတ်စာကို လာရောက်ပေးပို့ခြင်းပင် ဖြစ်သည်။

          ထိုအချိန်တွင် ဆယ့် တစ်နှစ်သားကလေးနှစ်ဦးသည် စာရွက်ထုပ်များ၊ ခဲတံ၊ စာအုပ်၊ ရောင်စုံ ဆေးဘူးများကို ကိုးနှစ်ရွယ်တို့ ဖွင့်ထားသည့် ကျောင်းဆိုင်မှ ဝယ်ယူ၍ ပြန်လာခဲ့ကြသည်။ အရပ်မြင့်မြင့် ဆယ့်နှစ်နှစ်ရွယ်ကလေးတစ်ဦး သည် ၎င်းတို့ ထုတ်ဝေသည့် “ဃာ့ဟာ့ဒ်” သတင်းစာထုပ်များကို တစ် စောင်လျှင် တစ်ဆင့်နှင့်ရောင်းရန် ယူလာသည်။

          ထိုအချိန်မှာပင် ဆယ့်တစ်နှစ်သမီးလေး ငါးဦးခန့်သည် အခန်း ထဲသို့ ပြေးဝင်လာတတ်ကြသည်။ သူတို့၏ စွန်းလေးဟောင်းနွမ်းနေသော အပေါ်ဝတ်အင်္ကျီများကိုကြည့်လျက် မည်သူသည် ဓာတုဗေဒ ဓာတ်ခွဲခန်းမှ၊ မည်သူသည် ဈေးဆိုင်မှ၊ မည်သူသည် ရွှံ့စေးအလုပ် ခန်းမှ လာသည်ဟူ၍ ခွဲခြားသိနိုင်ပေသည်။ သူတို့ရောက်လာသည် နှင့်တစ်ပြိုင်နက် စာအုပ်ဗီရိုပွင့်သံများ ကြားရပေမည်။ တချို့ကလည်း အမှားပြင်စရာရှိသော ဂဏန်းစာအုပ်များကို ထုတ်လာပေမည်။ တချို့ က မှတ်စုစာအုပ်ထဲတွင် နက္ခတ္တဗေဒပညာရပ်များ မှတ်သားရန် ထုတ် လာပေမည်။ ဆရာမ လုပ်သူကလည်း “တို့များ အချိန်ဘယ်လောက် ရှိသေးသလဲ”ဟု မေးတတ်သည်။ “တို့ အခု ဘာလုပ်မလဲ”ဟု မေးလေ့ မရှိ။ ကျောင်းသားတိုင်း သူတို့တွင် မပြီးသေးသည့် အလုပ်များ မည်မျှ ရှိသည်ကို သိကြသည်။ ထိုအလုပ်များက အချိန်ရ ရသလို လျင်မြန် စွာ လုပ်ကိုင်လေ့ရှိကြသည်။ တစ်ခါတစ်ရံ အတန်းသူတို့၏ ငွေကိုင်

ကျောင်းသူက ငွေစာရင်းများလုပ်နေရာမှ သူ၏ အညိုရောင်ဆံပင်ထွေး လေးများကို ခါ၍ နောက်သို့သိမ်းလိုက်ရင်း ဤသို့ ပြောတတ်သည်။ “ကျွန်မတို့ ခဲတံတွေ နောက်ထပ် ပျောက်လို့မဖြစ်တော့ဘူး၊ ဒီအပတ် ထဲမှာ ခဲတံတွေ နောက်ထပ်ဝယ်ရရင် ကျွန်မတို့ တရုတ်တန်းကို သွား နိုင်ကြတော့မှာ မဟုတ်ဘူး” အခန်းတစ်ခုလုံးမှာ ဆူညံနေတတ်သည်။ အခန်းနံရံများပင် အသံများ ကန်ထွက်လုမတတ်ရှိသည်။ အခန်းတွင်း ဝယ် လူနှစ်ဆယ်ရှိသည့်အနက် တစ်ယောက်သာလျှင် တိတ်ဆိတ်စွာ ရှိသည်။ ထိုသူမှာကား ဆရာမပင် ဖြစ်လေသည်။

          အကယ် လာရောက်ကြည့်ရှုသူတစ်ဦးက အပြစ်ဆိုခဲ့လျှင် ဆိုနိုင် ပေသည်။ ဤအခန်းသည် မည်သည့်ကျောင်းခန်းနှင့်မျှ မတူပေ။ သို့သော် အခြားတစ်ခုခုနှင့် များစွာ တူနေသည်။ ဤနေရာသည် ကြီးပြင်း ပြီး လူကြီးတို့၏ ရုံးခန်း၊ စက်ရုံ၊ လုပ်ငန်းများ၏ တစ်စိတ်တစ်ဒေသ နှင့် တူနေသည်။ ဤကလေးများလည်း အင်္ကျီဖြူဖြူဖွေးဖွေး၊ မျက်နှာ လေးများ သန့်သန့်ရှင်းရှင်းနှင့်ရှိသော ကျောင်းသားများနှင့်မတူ ဤ ကလေးများမှာကား စက်ရုံအင်္ကျီများ ပေကျံနေသော အပေါ်ရုံများကို ဝတ်ထားကြရသည်။ မိန်းကလေးရော ယောက်ျားလေးပါ ထို့အတူပင်။ သူတို့၏အဝတ်ကိုကြည့်ရုံနှင့် သူတို့၏အလုပ်ကို သိနိုင်ပေသည်။ “သူ တို့ ဒီလို ပေပေရေရေမဖြစ်လို့ မရဘူးလား”ဟု မိခင်တစ်ဦးက မေးဖူး သည်။ သို့သော် လောကတွင် ဘောင်းဘီ၊ အင်္ကျီ၊ မျက်နှာများတွင် ဆေး မင်များ မစွန်းဘဲရှိသည့် စာပုံနှိပ်ဆရာတစ်ဦးကို တွေ့ ဖူးပါသလော၊ အင်္ကျီတံတောင်ဆစ်များတွင် ဂျုံမှုန့်များ မပေကျံဘဲနေသည့် ထမင်း ချက်တစ်ဦး တွေ့နိုင်ပါမည်လော။

          ဤကျောင်းခန်းသည် အလုပ်လုပ်သော နေရာတစ်ခု ဖြစ်သည်။ အလုပ်သမားသည် တစ်နေရာတည်းတွင် စွဲမြဲစွာ မနေနိုင်ကြပေ။ သူ တို့၏ အလုပ်တာဝန်အမျိုးမျိုးအတွက် သွားရသည်။ လာရသည်။ ပစ္စည်းများကို သယ်ယူရသည်။ အကြံဉာဏ်များ တောင်းရသည်။ စစ် ဆေးကြည့်ရှုရသည်။ တိုင်ပင်ဆွေးနွေးကြရသည်။ အလုပ်သမားတိုင်း သည် သူ၏ အလုပ်အတွက် တာဝန်ယူ ထမ်းဆောင်မှုနှင့်အမျှ အလုပ်