Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

တက္ကသိုလ်ရွှေရီဝင်း - မီးကိုစားသောကျောက်တုံးနှင့်အခြားနိုင်ငံတကာပုံပြင်များ

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out

မီးကိုစားသောကျောက်တုံးနှင့် အခြားနိုင်ငံတကာပုံပြင်များ

          ယခင်က အင်တိုနီယိုသည် ရှားလော့အား ပိုက်ဆံချေးရာတွင် အတိုးများစွာသောလူအဖြစ် အမြဲနှိမ်ချပြောဆိုတတ်သည်။ ထို့ကြောင့် ယခု အင်တိုနီယိုက သူ့ထံပိုက်ဆံလာချေးသောအခါ ရှားလော့ က မထီမဲ့မြင်ဖြင့်ဆက်ဆံသည်။

          နောက်ဆုံးတွင် ရှားလော့သည် အင်တိုနီယို “တောင်းသော ငွေများကို ကျေကျေနပ်နပ်ဖြင့် ချေးလိုက်သည်။ သို့သော် ကတိဝန်ခံ ချက်တစ်ခုကို လက်မှတ်ရေးထိုးရန် တောင်းဆိုသည်။ သူ၏ တောင်း ဆိုချက်မှာ သတ်မှတ်ထားသောကာလတွင် ချေးထားသောငွေကို ပြန်မဆပ်နိုင်ပါက အင်တိုနီယို၏ အသားတစ်ပေါင်ကို သူ့အား ပေး ရမည်ဟူ၍ဖြစ်သည်။ အင်တိုနီယို၏အသားကို ဖြတ်ရာတွင် သူကြိုက် သည့်အပိုင်းကို သူဖြတ်ယူမည်ဟုလည်း စာချုပ်တွင်ပါရှိသည်။

          ရှားလော့က သူ၏ စာချုပ်သည် နောက်ပြောင်သည့်သဘော သာဖြစ်သည်ဟု ဟန်ဆောင်ပြောဆိုသည်။

          အင်တိုနီယိုသည် ရှားလော့ထံမှ ပိုက်ဆံချေးခဲ့သည်။ ဘာစီ နီယိုက အင်တိုနီယိုထံမှ ထိုပိုက်ဆံကို တစ်ဆင့်ချေးခဲ့သည်။

          ငွေများ လက်ဝယ်ရပြီးသည့်နောက်ပိုင်းတွင် ဘာစီနီယိုသည် သူ့ချစ်သူ ပေါ်ရှားနှင့် လက်ထပ်၍ရသွားသည်။ ထိုအချိန်တွင် ဘာစီ နီယို၏ မိတ်ဆွေက ပေါ်ရှား၏ အိမ်ဖော် နာရစ်ဆာနှင့် လက်ထပ်ခဲ့ သည်။

          အားလုံး ချောချောမောမော အဆုံးသတ်သည်ဟု ယူဆနေကြ ချိန်တွင် အဆင်မပြေသော ကိစ္စတစ်ခုဖြစ်လာသည်။ ၎င်းမှာ အင်တိုနီ ယို၏ ကုန်သင်္ဘောများသည် လေမုန်တိုင်းတိုက်ခတ်သောကြောင့် အားလုံးနစ်မြုပ်သွားသည်ဟူသော သတင်းဖြစ်သည်။

          ထို့ကြောင့် အင်တိုနီယိုသည် သူကတိပြုထားသောရက်တွင်ငွေများ ပြန်ဆပ်၍မဖြစ်နိုင်တော့ချေ။ ထိုအခါ ရှားလော့က အင်တို နီယိုအား တရားစွဲလေသည်။ ရှားလော့သည် တရားသူကြီးဖြစ်သူ ဗင်းနစ်မြို့စားကြီးရှေ့တွင် သူ၏အမှုကို တင်ပြသည်။

          ရှားလော့က သူနှင့် အင်တိုနီယိုတို့ ချုပ်ဆိုထားသော စာချုပ် အရ အင်တိုနီယို၏အသားစတစ်ပေါင်ကို ရယူလိုပါသည်ဟု ပြော သည်။

          ထိုသတင်းကိုကြားရသော် ဘာစီနီယို၏ဇနီး ပေါ်ရှားသည် တရားရုံးကို သွားရောက်ပြီး ကူညီရန်ကြံစည်သည်။ ပေါ်ရှားသည် သူ့ကိုယ်သူ ယောက်ျားလေးရှေ့နေအသွင် ပြင်ဆင်ကာ တရားရုံးသို့ တက်ရောက်သည်။ သူနှင့်အတူ သူ၏အဖော် နာရစ်ဆာကိုလည်း ယောက်ျားအသွင် ဝတ်ဆင်စေကာ ရှေ့ နေနောက်လိုက်အဖြစ် ခေါ် သွားသည်။ သူတို့၏ခင်ပွန်းများအား သူတို့အကြံအစည်များကို လုံးဝ မပြောဘဲနေကြသည်။ ထို့ကြောင့်လည်း တရားခွင်တွင် ယောက်ျား လေးရှေ့နေအသွင်ဖြင့် ရောက်နေကြသော သူတို့၏ဇနီးများကို ဘာစီနီယိုရော၊ သူ၏သူငယ်ချင်းပါ မမှတ်မိကြပါ။

          တရားခွင်တွင် ရှေ့နေအသစ်လေးဖြစ်သော ပေါ်ရှားက အင်တိုနီယိုကို ခွင့်လွှတ်ပေးပါရန် ရှားလော့ကို အသနားခံလေသည်။ သို့သော် ရှားလော့က လက်မခံပါ။ သူသည် ပေါ်ရှား၏ ပြောစကား များကို နားမထောင်နိုင်ပါ။ သူနှင့်အတူ လက်မှတ်ထိုးထားသော စာချုပ်တွင် ရေးသားထားသည့်အတိုင်း တစ်သဝေမတိမ်းလုပ်ရန်ကို သာ တောင်းဆိုသည်။ ပို၍ရက်စက်သည်မှာ ရှားလော့က သူသည် အင်တို နီယို၏အသားကို လှီးဖြတ်ရာတွင် နှလုံးနှင့်နီးသော အသား ကိုသာ လှီးဖြတ်လိုသည်ဟု တောင်းဆိုသည်။

          တရားခွင်တွင်ရှိသော လူများအားလုံးသည် ရှားလော့၏တောင်းဆိုမှုကိုကြားသော် အံ့သြတုန်လှုပ်သွားကြသည်။ ရှားလော့၏ ဆိုလိုချက်မှာ အင်တိုနီယိုသည် အသက်ဆုံးရှုံးရမည်ဖြစ်သည်။

          ပေါ်ရှားသည် အလွန်ပါးနပ်လိမ္မာသော ရှေ့နေလေးအသွင် ဖြင့် လှုပ်ရှားရပါတော့သည်။ သူက ရက်စက်သော ရှားလော့၏တောင်းဆိုမှုသည် တရားဥပဒေအရ မှန်ကန်သည့်အတွက် သူ ပြော သည့်အတိုင်း လိုက်နာရမည်ဟုပြောသည်။ သို့သော် သူကဆက်၍ ပြောသည်မှာ ရှားလော့သည် အင်တိုနီယို၏ အသားကို လှီးဖြတ်ရာ တွင် သွေးတစ်စက်မျှမကျစေရဟူ၍ဖြစ်သည်။ အကြောင်းမှာ သူတို့ ချုပ်ဆိုထားသော စာချုပ်တွင် ရှားလော့က အင်တိုနီယို၏ အသား တစ်ပေါင်ကို လှီးဖြတ်မည်သာပါပြီး သွေးဆိုသည့်စကားမပါဟု ရှင်း ပြသည်။

          ရှားလော့ နားလည်လိုက်ပါသည်။ ဤစာချုပ်တွင် သူ ရှုံး တော့မည်ဖြစ်သည်။ သို့သော် ပေါ်ရှားဘက်က အမှုစီရင်မှုမပြီးသေး ပါ။ ပေါ်ရှားက ဆက်၍ပြောသည်မှာ ရှားလော့သည် တခြားလူတစ်ယောက်၏ အသက်ကို ထိခိုက်ပါက အသက်ပြန်၍ပေးရမည်ဟူ၍ ဖြစ်သည်။

          တရားသူကြီးဖြစ်သော ဗင်းနစ်မြို့စားက လိမ္မာပါးနပ်သော ငယ်ရွယ်သော ရှေ့နေလေး ပြောဆိုချက်ကို သဘောတူလက်ခံခဲ့သည်။ သူက ဆက်၍ ရှားလော့ကိုလည်း သူက ခွင့်လွှတ်မည်ဟု ပြောသည်။ ရှားလော့က ဘာစီနီယိုကို ခွင့်လွှတ်သောစိတ် မရှိခဲ့သော်လည်း သူက ရှားလော့ကို ခွင့်လွှတ်မည်ဟု ပြောသည်။

          တရားသူကြီးက ရှားလော့၏ အသက်ကို ချမ်းသာခွင့် ပေး ရန်ဆုံးဖြတ်သည်။ ထို့အတွက် သူ၏ငွေကြေးများနှင့် အစားထိုးသင့် သည်ဟုဆိုသည်။ ရှားလော့ပိုင်ဆိုင်သော ငွေကြေးတစ်ဝက်ကို//

          ဗင်းနစ်မြို့၏ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ရသည်။ ကျန်တစ်ဝက်ကို အင်တိုနီယိုအား ပေးရမည်။ အဘယ့်ကြောင့်ဆိုသော် ရှားလော့က အင်တိုနီယို၏အသက်ကို ရန်ရှာရန်အတွက် ကြိုတင်ပြင်ဆင်မှု ပြုခြင်းကြောင့် ဖြစ်လေသည်။

          ယခုအခါတွင် အရာရာသည် အဆင်ပြေသွားပြီး လူတိုင်း မှာလည်း ပျော်ရွှင်နေကြသည်။ သို့သော် ရှားလော့တစ်ယောက်မှာမူ မပျော်ရွှင်နိုင်ပေ။

          ရှားလော့၏သမီး ဂျက်စီကာလေးအတွက်လည်း အစစ အရာရာ အဆင်ပြေခဲ့သည်။ ဂျက်စီကာသည် ရှားလော့ သဘောမတူသောသူနှင့် လက်ထပ်သဖြင့် ရှားလော့က သမီးအဖြစ်မှ စွန့်လွှတ်ကာ အမွေဖြတ်ခဲ့သည်။

          အင်တိုနီယိုအတွက် ယခုအချိန်သည် ဂျက်စီကာတို့လူငယ် ဇနီးမောင်နှံအတွက် ကောင်းကျိုးဆောင်ရွက်ဖို့ အခွင့်ပင်ဖြစ်သည်။ အကယ်၍ ရှားလော့သည် သူ၏ပိုင်ဆိုင်မှုများကို သမီးဂျက်စီကာတို့ ဇနီးမောင်နှံကိုပေးပါက တရားရုံးက ဆုံးဖြတ်ချက်အရ သူ့ကိုပေးထား သောငွေများကို မယူပါဟု ပြောလေသည်။

           ရှားလော့သည် စိတ်မကောင်းခြင်းကြီးစွာနှင့် သဘောတူ ခဲ့သည်။

           ပုံပြင်၏အဆုံးတွင် လေမုန်တိုင်းတိုက်သဖြင့် နစ်မြုပ်သွားပြီ ဟုထင်ခဲ့သော အင်တိုနီယို၏ သင်္ဘောများသည် ဘေးမသီ ရန်မခဘဲ ဗင်းနစ်ဆိပ်ကမ်းသို့ ရောက်လာခဲ့သည်။ ထို့ကြောင့် အားလုံး ပျော်ပျော် ရွှင်ရွှင်ဖြင့် နေထိုင်သွားကြသည်။