Skip to product information
1 of 10

Other Websites

တက္ကသိုလ်ဘုန်းနိုင် - ကမ္ဘာကုန်ကျယ်သရွေ့

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
အခန်း - ၁ 
 ခရီးသည် 

 

         မန္တလေးမြို့တော်၏ ချမ်းမြသာစည်လေဆိပ် လေယာဉ်ပြေးလမ်း မြောက်ပိုင်း အစွန်၌ ယူဘီအေအဖွဲ့ပိုင် ဒါကိုးတားလေယာဉ်ကြီးသည် တောင်ဘက်သို့ ဦးတည် လျက် အားယူပျံသန်းရန် အဆင်သင့်ရှိနေသည်။

ဖြူစင်သော အသားအရေ၊ ချိုပြုံနုနယ်သော မျက်နှာ၊ ကြော့ရှင်း သော ကိုယ်ဟန်နှင့် ချောမောလှပသော လေယာဉ်မယ်ကလေးက ကြွေရည် သုတ် လင်ပန်းလေးတွင် ထည့်ထားသော သကြားလုံးများကို ခရီးသည်များ အား လိုက်လံဝေငှပေးနေ၏။

          အချိန်ကား ဗိုလ်ချုပ်ကြီးနေဝင်း၏ အိမ်စောင့်အစိုးရက ရွေးကောက်ပွဲ တွင် အနိုင်ယူ တက်လာသော ဦးနု၏ ပြည်ထောင်စုပါတီ အစိုးရလက်သို့ အာဏာလွှဲပြောင်းပေးပြီးစ ဖြစ်သည်။ အိမ်စောင့်အစိုးရ၏ တရားဥပဒေ စိုးမိုးရေး၊ တိုင်းပြည် ငြိမ်ဝပ်အေးချမ်းရေး လုပ်ငန်းစဉ်တို့၏ အောင်မြင်မှု အရှိန်သည် ဆက်လက်တည်ဆဲ ဖြစ်သောကြောင့် ရေလမ်း၊ ကုန်းလမ်းတို့ အန္တရာယ်ကင်း ဘေးရှင်းလျက် ဖွံ့ဖြိုးစည်ပင်နေသည်။ ရန်ကုန်နှင့် မန္တလေးတို့ ကြား၌ နေ့ရထား၊ ညရထားတို့ အဆက်မပြတ် ပြေးဆွဲနေသည်။ ထို့ကြောငလည်း ရှေးယခင်အခါများက အထူး လူကျပ်လေ့ရှိသော လေယာဉ်အတွင်း၌ ယခုမူ ခရီးသည် အနည်းငယ်သာ ရှိနေ၏။ 

          လေယာဉ်၏ လက်ယာဘက် ထိုင်ခုံများအနက် ပြတင်းနှင့် ကပ်လျက် ရှိသော ထိုင်ခုံတစ်ခုတွင် အသက် သုံးဆယ်ကျော်ခန့်ရှိ လူရွယ်တစ်ဦးသည် ထိုင်လျက် ရှိနေ၏။ သူ့ဘေးမှ ထိုင်ခုံကား လွတ်နေ၏။ 

          လူရွယ်၏ အရပ်အမောင်းမှာ ရှည်သွယ်၍ အသားမှာ အတန်အသင့် လတ်သည်။ စတစ်ကော်လာအင်္ကျီ အဖြူ၊ မီးခိုးရောင်ဖျော့ဖျော့ သက္ကလတ် အပါးစား တိုက်ပုံအင်္ကျီ၊ ရေညှိစိမ်း နောက်ခံတွင် အပြာရောင် ကွက်ကျဲဖော် ထားသော ဗန်ကောက်လုံချည်တို့ကို အဆင်ပြေပြေ သပ်သပ်ရပ်ရပ် ဝတ်ထား သည်။ နှာတံပေါ်ပြီး မျက်ခုံးများက ထူထဲနက်မှောင်၍ ကြည်လင်သော မျက်လုံးများမှာမူ တည်ငြိမ်အေးချမ်းသည်။ မေးရိုးထောင့် ပေါ်ထင်သော မျက်နှာထားသည် ဣန္ဒြေကြီးမှုဘက် လှသော်လည်း ပါးသော နှုတ်ခမ်းများက ဖော်ရွေမှု ရှိတတ်ကြောင်းကိုလည်း ပြနေ၏။

          လေယာဉ်မယ်ကလေးသည် လူရွယ်၏အနီးသို့ ကပ်သွားပြီး သကြားလုံး လင်ပန်းကို ရှေ့ထိုးပေးသောအခါ လူရွယ်က ချိုသာယဉ်ကျေးစွာနှင့် မလိုချင် ပါကြောင်း ပြန်ကြား၏။ လေယာဉ်မယ်သည် ရှေ့ဆက်ထွက်သွားမည် ပြုပြီးမှ ခေါင်းကလေး ပြန်ငဲ့ကာ လူရွယ်အား စူးစိုက်ကြည့်သည်။ လှပသေးသွယ်သော မျက်ခုံးကလေးများက ခေတ္တတွန့်သွားပြီးနောက် မျက်တောင်ကလေးများက ပုတ်ခတ်ပုတ်ခတ်လှုပ်ရှားလာ၏။ ခဏ၌မူလေယာဉ်မယ်

ကလေးသည် တစ်စုံတစ်ခုကို ကျေနပ်ဟန်ဖြင့် ပြုံးရိပ်ဝေဝေနှင့် ထွက်ခွာသွား၏။

          လေယာဉ်၏ ပန်ကာများ စမ်းသံသည် ဆူညံစွာ ပေါ်ထွက်လာ သည်။ မကြာမီပင် လေယာဉ်သည် အရှိန်နှင့် ပြေးကာ ငှက်သွင်ပျံကြွလျက် တောင်စူးစူးသို့ ထွက်ခွာလာခဲ့လေ၏။

          လူရွယ်သည် ပြတင်းမှနေ၍ အောက်မြေပြင်ဆီသို့ ငါ့မျှော်ကြည့် ရင်း ပါလာခဲ့၏။

          တစ်ဆယ့်နှစ်ရာသီ ရေရှင်စီးသည့် ဆည်ချောင်းမြောင်းတို့၏ ဌာန ချမ်းမြသာစည် စိမ်းရိပ်လည်သော မန်းမြေစရိုက်သည် ကွေ့ဝိုက်ပတ်ကာ ရွေ့လျားနောက်ချန် ကျန်လေရစ်သည်။

          နောက်ကြောင်းပြန်ချည် ရှေ့စီးချည်နှင့် စက်ဝန်းပြတ် အထပ်ထပ်ကို ဆက်စပ်ထားသည့် ပုံသဏ္ဌာန်နှင့် အကွေ့အကောက် လွန်အပ်သော ဒုဋ္ဌာဝတီမြစ်သည်လည်းကောင်း၊ နွေဦးရိပ်ဝယ်မျှင်မျှင်သွယ်သွယ် နီလာရေ

ရောင်အခြယ်ခြယ်ထက်သောင်စွယ်ကျွန်းလှပေါ်ထွန်းစသည့် မြစ်မဧရာဝတီအနောက်ကမ်းဝယ်မြှောင်ဆွယ်

ဖြောင့်တန်း ဝပ်စင်း လျောင်းတည်လေသော ဂူပုထိုးစေတီ အလီလီ တို့ကြောင့် ရှုမြင်တိုင်း ကြည်နူးဖွယ်ရာ စစ်ကိုင်းတောင်တော်သည် လည်းကောင်း၊ မြူငွေ့ငွေ့တို့ တိမ်နှင့် တွေ့စဉ် ဖြစ်၍ ဝေ့ဝေ့မှုန်မှုန် ကမ္ပလာပါး သိုင်းရစ်ခြုံသော ရှမ်းရိုးမမင်း တောင်နန်းဘုံသည်ပင် လည်းကောင်း အဝေးဝယ် တဖြည်းဖြည်းနှင့် တရေးရေး ပျောက်ကွယ် နေရစ်လေပြီတကား။

          ရှုမြင်ခင်းကို ကောင်းခိုက်လူရွယ်၏နားတွင် သိမ်မွေ့ညင်သာသော ခြေသံကိုကြားရသဖြင့်လှည့်ကြည့်

လိုက်သောအခါ အပါးတွင် လာရပ်နေပြန်သော လေယာဉ်မယ်ကလေးကို တွေ့ရ၏။

          လေယာဉ်မယ်၏ လက်တစ်ဖက်တွင် သတင်းစာတစ်စောင် ကိုင် ထားသည်ကို မြင်သောကြောင့် သူက အသာအယာ ငြင်းသည်။

          “ကျေးဇူးတင်ပါတယ်ကွယ်၊ သတင်းစာ မဖတ်တော့ပါဘူး”

          လေယာဉ်မယ်ကလေးသည် နေရာမှ ခွာမသွား။ တောင့်တောင့်ကလေး ရပ်ရင်း မျက်တောင်ကော့များကို တဖျတ်ဖျပ် ပုတ်ခတ်လျက် သူ့အား ကြည့် နေပုံမှာ ဆရာတစ်ဦးရှေ့၌ တစ်စုံတစ်ခုကို ခွင့်တောင်းလို၍ ရပ်နေသော ကျောင်းသူလေးတစ်ဦးနှင့် တူနေ၏။

          လေယာဉ်မယ်လေးက ပြုံးလိုက်ပြီး ကိုယ်ကို ယုံ၍ သူ့ဘေးရှိ နေရာ အလွတ်၌ ဝင်ထိုင်လိုက်သည်။ သူ အံ့အားသင့်နေစဉ် ကလေးမက အော်တို ဂရပ်(ဖ်)စာအုပ်တစ်အုပ်ကို လှမ်းပေးရင်း ယဉ်ကျေးလေးစားစွာ တောင်းပန်၏။

          “ဆရာ့ကို နှောင့်ယှက်သလို ဖြစ်နေရင် ခွင့်လွှတ်ပါ ဆရာ၊ ဒါပေမဲ့ ဒီအထဲမှာ ကျွန်မအတွက် တစ်ခုခု ရေးပေးစေလိုပါတယ်”

          သူက မျက်မှောင် မသိမသာတွန့်၍ လေယာဉ်မယ်လေးအားတစ်ချက်စူးစိုက်ကြည့်သည်။ဤအကြည့်သည် စူးရှ၍ ထက်မြက်လေရကား လေယာဉ် မယ်ကလေးသည် မိမိ တောင်းဆိုမိသည်မှာ မှားသွားလေသလောဟု နောင်တ ရ၍ အနည်းငယ် မျက်နှာပျက်သွား၏။ သို့ရာတွင် ခဏမှာပင် သူက ပြန်ပြုံး လာသည်။ ပြုံးရာတွင် မျက်လုံးများက အရင်စပြီးမှ နှုတ်ခမ်းများဆီ ကူးစက် လာကြောင်း လေယာဉ်မယ်ကလေးက ဂရုပြုမိ၏။

           သူက အော်တိုဂရပ်(ဖ်)စာအုပ်ကို ယူလိုက်ပြီး ဟိုလှန် သည်လှန် ကြည့်သည်။ တွေ့မြင်နေကျ သာမန်အော်တိုဂရပ်(ဖ်)မျိုး မဟုတ်၊ ထင်ရှားကျော်ကြားသော သတင်းစာဆရာများ၊ စာရေးဆရာများနှင့် အနုပညာရှင်များ ၏ လက်မှတ်များကို တွေ့ရသည်။

          သူကတစ်စုံတစ်ခုကိုအော်တိုဂရပ်(ဖ်)ပေါ်၌ရေးလေသောအခါ လေယာဉ်မယ်လေးသည်သွယ်ပျောင်း

ရှည်လျားသော သူ၏ လက်ချောင်း ကြီးများကို ချီးမွမ်းအံ့သြလျက် ကြည့်နေသည်။ သူ၏ လက်ချောင်းများသာ သွယ်ပျောင်းရှည်လျားသည် မဟုတ်။ ညီညာစွာ လှီးဖြတ်ထားသော သူ၏ လက်သည်းခွံများကလည်း ရှည်သွယ်၍ လှပသည်။ သူ့လက်ဖဝါးများက လည်း နူးညံ့ဟန်ပေါ်၍ ပန်းနုရောင် ရဲနေသည်။

          သူက “ကျေနပ်ပြီလား” ဟု မေးသော မျက်နှာအသွင်နှင့် အော်တို ဂရပ်(ဖ်)ကို လေယာဉ်မယ်လေးအား ပြန်ပေးသည်။

          လေယာဉ်မယ်လေးက အော်တိုဂရပ်(ဖ်)ကို လှန်ကာ ဖတ်ရှုသည်။ လက်ရေးက ကဗျာလက်ရေးဟု ခေါ်ရမည့်ဝိုင်းစက်ညီညာလှပသပ်ရပ်သောလက်ရေးဖြစ်သည်။ရေးသားချက်မှာလည်းရိုးရိုးလေးနှင့်ဣန္ဒြေပြည့့််် ပြည့်ဖြစ်၏။

         

          ထာဝစဉ် ကျန်းမာ ရွှင်လန်း၍ မြင်သူတိုင်းအတွက် စိတ်ချမ်းသာမှု 

          ကို ပေးစွမ်းနိုင်ပါစေသတည်း။

                                                                                       သက်ခိုင် 

          

           ဤမျှသာ ဖြစ်၏။ 

           လေယာဉ်မယ်ကလေးသည် နှစ်ခြိုက်စွာ ပြုံးပြီး

          “ကျေးဇူးတင်ပါတယ် ဆရာ၊ ပြီးတော့ ဆရာ ပေးတဲ့ဆုနဲ့ ပြည့်ရ ပါလို၏လို့ ကျွန်မ ဆန္ဒပြုပါတယ်” ဟု ဆို၏။

          ကလေးမလေး၏ကျေးဇူးတင်စကားကို သူကအပြုံးနှင့်သာတုံ့ပြန်သည်။ စကားကတော့ဆက်မဆို။  

သို့ရာတွင် ကလေးမကမူ ပြောစရာတွေ ကျန်သေးဟန်တူ၏။

          “မကွေးကိုတင်ပဲနော် ဆရာ” 

          “ဟုတ်ပါတယ်၊ မကွေးတင်ပါပဲ”

          “ဝတ္ထုဇာတ်လမ်းအတွက် သွားတာလား”

            “မဟုတ်ပါဘူးကွယ်၊ စာမေးပွဲကိစ္စနဲ့ပါ”

          လေယာဉ်မယ်လေးသည် သူ့ဘာသာသူ ဘာကို သဘောကျမိသည် မသိ၊ အသံလေးထွက်အောင် ရယ်ပြီး ဆိုပြန်၏။

          “ဒါပေမဲ့ ကျွန်မ ကြားဖူးတာကစာရေးဆရာတွေအတွက် ခရီးထွက်ရင်ဇာတ်လမ်းတစ်ပုဒ်ပုဒ်ရတတ်တယ်

လို့ ဆိုတာပဲ”

          “ဒါလည်း မှန်ပါတယ်၊ ရတဲ့အခါ ရတတ်ပါတယ်”

          “အခုတစ်ခေါက်လည်း ဆရာ ဇာတ်လမ်းကောင်းတစ်ပုဒ် ရပါစေ၊ ဒါပေမဲ့ ဆရာ...”

           ကလေးမက စကားတစ်ပိုင်းတစ်စနှင့် ရပ်ထားသဖြင့် ကိုသက်ခိုင်က မော့ကြည့်ပြီး မေးသည်။

           “ဒါပေမဲ့ ဘာဖြစ်သလဲ”

          လေယာဉ်မယ်လေးသည် ခေတ္တ တုံ့တုံ့ဆိုင်းဆိုင်းလေး ဖြစ်သွားပြီးနောက် ချိုသာ တောင်းပန်သော အသံနှင့် ပြော၏။

          “ဒါပေမဲ့... ဒီတစ်ခါ ဆရာ ရတဲ့ဇာတ်လမ်းဟာ ခါတိုင်းလို အသည်း နှင့်နင့်နဲ့ လွမ်းစရာ မဟုတ်ဘဲ အဆုံးမှာ အားလုံး ပေါင်းရပြီး ပျော်စရာကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်စေချင်ပါတယ်”

          လေယာဉ်မယ်ကလေးသည် ဤစကားနှင့် ဆုံးပြီး ကျေးဇူးတင်ကြောင်း ထပ်မံပြောဆို၍ နေရာမှ ခွာသွားသောအခါ ကိုသက်ခိုင်မှာ မသိမသာ ငိုင် ကျန်ရစ်သည်။ အပြင်ပန်း မျက်နှာ ဣန္ဒြေမှာ မပျက်သော်လည်း သူ့စိတ်မှာ ခပ်သိမ့်သိမ့် လှုပ်ရှားလာပြီး ရင်၌ ငွေ့ငွေ့မြည့်မြည့် ဝေဒနာတစ်ရပ် ပေါ်လာ၏။

          ပြတင်းမှ လှမ်းငေးမျှော်ကြည့်နေမိစဉ် အောက်မြေပြင်ဝယ် စိမ်းလန်း သော တောင်တန်း မြက်ခင်းတို့ ကွယ်ပျောက်လျက် မွဲခြောက်ညိုမှောင်သော အရိုင်းပထဝီ အနေအထားတို့ကို မြင်ရသည် ထောက်၍ အပူပိုင်းဇုန်အတွင်းသို့ ချဉ်းနင်းဝင်ရောက်မိပြီ ဖြစ်ကြောင်း ကိုသက်ခိုင်က သိမိသည်။ ဤရှုခင်းတို့ က သူ့စိတ်ကို ပိုမို လှုပ်ရှားစေသည်။

          အမြင့်မှ စီးမြင်ရသည် ဖြစ်ရကား ကြိုးမျှင်သဖွယ် ဖြူဖြူဖွေးဖွေး သေးသေးသွယ်သွယ်ရှိသည့် ဖုန်သဲထူသော လှည်းလမ်းကြောင်းများ ဟိုတစ်စု ဒီတစ်စု ကျိုးကျိုးကျဲကျဲနှင့် ဆင်ငိုမြက်ခြောက်ပင်ဖုတ်ပမာ ထင်ရသော ထန်းတောအုပ်ကလေးများ၊ တစ်ခါတစ်ရံ ရှားရှားပါးပါး တွေ့ရသည့် လက်ယက်အိုင်မျှနှယ် ထင်ယိုးဖွယ် ရေခန်းစ ကန်များ၊ ဤအရပ် ဤဒေသ၏ ဤသဘာဝ လက္ခဏာများက သူ့ရင်ကို ခုန်စေသည်။

          ငေးကြည့်နေဆဲ ခက်မာသော တောင်ကတုံးတို့သည် မြင်ကွင်း၌ ပေါ်လာပြန်၏။ ဤတောင်ကတုံးတို့ဆီမှ အဖျားခံလျက် ရေမဲ့နေပြီဖြစ်သော သဲချောင်းဖြူဖြူတို့သည် ညိုမွဲသော မြေပြင်အား အစိတ်စိတ်အမြွာမြွာ ခွဲခြမ်း ယှက်ဖြာလျက် ကွေ့ကာဝိုက်ကာ ပြေးနေကြသည်။

          ချောင်းကိုးဆယ့်ကိုးတို့ရေဦးသောက်၍ကျောက်နွားသိုးကိုးကောင်ရှိရာဟုကျော်စောသော ပုပ္ပားတောင်

မင်းလည်း အဝေးဝယ် မြူငွေ့ရီရီနှင့် လှမ်းမြင်ရသည်။

          သက်ခိုင်သည် သက်ပြင်းတစ်ချက် ရှိုက်လိုက်ပြီး လက်သားရေအိတ် အလတ်စားတစ်ခုကို ဖွင့်လိုက်သည်။ အိတ်အတွင်း၌ မန္တလေးတက္ကသိုလ်၏ ချိပ်တံဆိပ် ရိုက်နှိပ် ပိတ်ထားသော စာမေးပွဲ မေးခွန်းလွှာအထုပ်များ ရှိနေ၏။ ဤမေးခွန်းလွှာအထုပ်များကြားမှ သားရေဖုံး ဒိုင်ယာရီ မှတ်တမ်းစာအုပ် တစ်အုပ်ကိုထုတ်ယူလိုက်သည်။

          ဒိုင်ယာရီမှတ်တမ်းစာအုပ်မှာ အတန်ပင် အိုမင်းဟောင်းနွမ်းသော အသွင်ကို ဆောင်နေသည်။

          ဤဒိုင်ယာရီစာအုပ်သည် နေ့စဉ်မှတ်တမ်းစာအုပ် မဟုတ်လေမှန်း ကိုသက်ခိုင်သာ အသိဆုံး ဖြစ်သည်။ သူသည်နေ့စဉ်မှတ်တမ်းကိုဝတ္တရားတစ်ခုအဖြစ်ရေးလေ့ရှိသူမဟုတ်။နေ့စဉ်ကြုံတွေ့ရသမျှတိုင်းသည်လည်း  

 အရေး တယူ မှတ်တမ်းတင်ထားဖွယ် မဟုတ်ကြ။ သူမှတ်တမ်းတင်ထားသည်တို့မှာ သူ့ပုဂ္ဂလိကခံစားချက်များ

သာ ဖြစ်လေသည်။ သူတစ်ဦးတည်းအတွက်သက်သက်သာ ဖြစ်သော ပုဂ္ဂလိက ခံစားချက်မှတ်တမ်းတို့သာ ဖြစ်သည်။

          ကိုသက်ခိုင်က မှတ်တမ်းစာအုပ်ကို ဖွင့်သည်။ ဖတ်နေကျ စာမျက်နှာ ကို အလွယ်နှင့်လှန်မိ၏။အကြိမ်ကြိမ် ဖတ်နေကျ ဖြစ်သောကြောင့် စာပုဒ် များကို အလွတ်ပင် ရနေပေပြီ။ 

          မမနွယ်.. မမနွယ်နဲ့ မောင် ကြုံခဲ့ရသမျှ ဘဝအစဉ်ကို ပုံပမာ တင်ပြမယ ကြံမိလေတိုင်း 

          မမနွယ်နဲ့ မောင် ကောင်းကောင်းသိကြတဲ့ ရေနံချောင်း -ချောက်လမ်းကို သတိရမိတယ်၊

          ဗမာပြည်မှာ အကောင်းဆုံးလို့ ပထမဆုရထားတဲ့လမ်းပီပီ ဖြောင့်လိုက်ပါတဲ့

 

 

 

ဣန္ဒြေ

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)