Skip to product information
1 of 2

Other Websites

တက္ကသိုလ်နေ၀င်း - အန္တရာယ်ပစ်မှတ်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type

( ၁ )

          ကော်မင်' သည် အိပ်ရာမှန်းလာချိန်တွင် ဦးနှောက်ကြည်လင်ခြင်း | မရှိရုံမက သူသည် ယခုမည်သည့်နေရာသို့ ဘာကြောင့်ရောက်ရှိနေကြောင်း - ကို ရုတ်တရက် စဉ်းစား၍မရသလို ဖြစ်နေမိသည်။ . .

          ထို့ကြောင့် အိပ်ရာမှထ၍ ပြတင်းပေါက်ဆီသို့ လျှောက်သွားပြီး အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ ပြင်ဘက်မှ တိုကျိုမြို့၏ ရှုခင်းများ နှင့် 'ဟီဘီယာ ဥယျာဉ်ကြီးကို လှမ်းမြင်လိုက်တော့မှ သူသည် ဂျပန်ပြည် 'တိုကျိုမြို့ရှိ ဟိုတယ်ကြီးတစ်ခုသို့ ရောက်ရှိနေကြောင်း သတိရမိလေတော့ သည်။

          ဂျပန်ပြည်သို့ ရောက်ရှိနေရခြင်းအကြောင်းကား သူ၏သား “ပေါလီ" ကြောင့်ဖြစ်ကြောင်းကိုလည်း ဆက်စပ်စဉ်းစားမိလေသည်။

          သူသံယောဇဉ်အလွန်ကြီးသော သားဖြစ်သူ “ပေါလ်သည် သေဆုံး ဖြစ်သည် သေဆုံးနေခြင်းကို ပြန်ရှင်လာအောင်ကား မည်သို့မျှ မတတ် နိုင်ချေ။

          “ကော်မင်'သည် လက်ပတ်နာရီကိုကြည့်လိုက်ရာ အချိန်မှာ နှင့် ရှစ်နာရီ ထိုးနေပြီဖြစ်ကြောင်း တွေ့ရလေသည်။ ဤအတိုင်းဆိုလျှင် သူသည် အတော်နေမြင့်အောင် အိပ်နေခဲ့မိသည်ဟု ဆိုရပေမည်။

          ပြင်ဘက်ဧည့်ခန်းဆီမှ လက်နှိပ်စက်ရိုက်သံ ကြားရသောအခါ သူ၏အတွင်းရေးမူး အမျိုးသမီး'ဇင်လီတစ်ယောက် အလုပ်စလုပ်နေပြီဖြစ်ကြောင်း သိရလေသည်။ လူသည် အမေရိကန်ပြည်မှ ဂျပန်ပြည်သို့လာခဲ့စဉ် ခရီးသွားရင်း အလုပ် လုပ်သွားနိုင်ရန် သူ၏အတွင်းရေးမှူးကိုပါ ခေါ်လာခဲ့ခြင်းဖြစ်သည်။

          ' ကော်မင်' သည် မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီးနောက် အဝတ် အစားလဲကာ ပြင်ဘက်ဧည့်ခန်းသို့ ထွက်လာသောအခါ အတွင်းရေးမှူး အမျိုးသမီး 'ဖင်လီ'က တယ်လီဖုန်းစကား ပြေနေသည်ကို တွေ့ရသည်။ သည်တော့မှ 'ကော်မင်'သည် စောစောက စိတ်ဓာတ်ကျနေခြင်း အနည်းငယ် သက်သာ ပြေပျောက်သလို ရှိလာလေသည်။

          အတွင်းရေးမှူး ဖင်လီသည် သတင်းထောက်တစ်ဦးနှင့် တယ်လီဖုန်း ပြောနေဟန်တူသည်။

          -ကျွန်မ စောစောကပြောသလိုပါပဲ၊ မစ္စတာကော်မင်'က သတင်း ထောက်တွေနဲ့ တွေ့ဆုံမေးမြန်းတာမျိုး လက်ခံဖို့အစီအစဉ် မရှိဘူးရှင့်။ သူ အခုဂျပန်ပြည်ကို ရောက်နေတာဟာ သူရေးမယ့်စာအုပ်သစ် တစ်အုပ်အတွက် အချက်အလက် လေ့လာသို့ဖြစ်ပါတယ်။ အဲဒီစာအုပ်က ဘာအကြောင်းရေး သားမယ်ဆိုတာတော့ ကျွန်မအနေနဲ့ ပြောပြပိုင်ခွင့်မရှိဘူးရှင့်။ ဝမ်းနည်းပါ တယ် ။

          ထိုသူနှင့်စကားဖြတ်၍ အတွင်းရေးမှူး 'ဇင်လီ' တယ်လီဖုန်းကို ပြန်ချ လိုက်ပြီးနောက် “မင် အား လှမ်းပြောပြန်သည်။

          “ကျွန်မဖြင့် အံ့သြနေမိတယ်။ သတင်းစာဆရာတွေက ဘယ်လိုလုပ် ပြီး သိနေတယ် မပြောတတ်ပါဘူး။ အခု ရှင် တိုကျိုမြို့ကို ရောက်နေတာ သူတို့သိနေကြပြီရှင့်"

          " ဒါတော့ကွာ ဂျပန်သတင်းထောက်တွေက အလွန်အကင်းပါးပြီး သတင်းအနံ့ခံကောင်းလို့ပေါ့။ သူတို့က ဂျပန်ပြည်ကို ဝင်လာတဲ့ လေယာဉ် ခရီးစဉ်အားလုံးက ခရီးသည်စာရင်းကို အမြဲယူကြည့်လေ့ရှိကြတယ်။ ဒါကြောင့် ဘယ်သူဘယ်ဝါ ဂျပန်ပြည်ကို ရောက်လာတယ်ဆိုတာ သူတို့က သိနေတာပေါ့။ တို့ ဒီရောက်လာပြီး အခုမှ တယ်လီဖုန်းလှမ်းဆက်တာ ကောင် နောက်ကျနေသေးတယ်လို့ ဆိုရမယ်”

          ပြောရင်းနှင့် “ကော်မင်'သည် စားပွဲပေါ်ရှိ ကြေးနန်းစာတစ်စောင်ကို လှမ်းကြည့်မိလေသည်။ ကြေးနန်းစာက အမေရိကန်ပြည် နယူးယောက်မြို့ မှ သူ့ကိုယ်စားလှယ်(အေးဂျင့်) မက်စ်ဆိုသူထံမှဖြစ်ပြီး အောက်ပါအတိုင်း ရေးသားထားလေသည်။

          “ခင်ဗျား စိတ်ရူးပေါက်ပြီး ထွက်သွားတဲ့အတွက် ခင်ဗျားအဖို့ ဒေါ်လာ မငွေငါးသောင်း ဆုံးရှုံးသွားလိမ့်မည်။ အကြောင်းမကြားဘဲ ထွက်သွားခြင်း သည် ခွင့်လွှတ်နိုင်စရာမရှိ”

          (မှတ်ချက်။ ။ အနောက်နိုင်ငံများ၌ အနုပညာရှင်များ၊ စာရေးဆရာ - များသည် မိမိတို့၏ ငွေရေးကြေးရေးကိစ္စများကို တာဝန်ခံ ဆောင်ရွက်ရန် နှင့် အဆက်အသွယ်ပြုလုပ်ခြင်း၊ ကန်ထရိုက်စာချုပ် ချုပ်ဆိုခြင်းများ ပြုလုပ်ရန် အေးဂျင့် သို့မဟုတ် ကိုယ်စားလှယ်များ ထားလေ့ရှိသည်။ ယခု ကြေးနန်း ရိုက်သူ 'မက်စ်ဆိုသူမှာ စာရေးဆရာ ကော်မင်၏ ကိုယ်စားလှယ်ပင် ဖြစ် သည်။)

          ထိုအခိုက် ပြင်ဘက်မှ တံခါးခေါက်သံကြားသဖြင့် အတွင်းရေးမှူး ဖင်လီက တံခါးဖွင့်ပေးလိုက်ရာ ဂျပန်လူမျိုး စားပွဲထိုးတစ်ဦးဝင်လာပြီး နံနက်စာ စားစရာများ လာပေးလေသည်။

“ဖင်လီသည် စားပွဲပေါ်မှာ စာများကို ညွှန်ပြရင်း...... ။

          “ဒီစာတွေကို မနက်စာစားပြီးတော့မှပဲ အေးအေးဆေးဆေး ဖတ်ကြည့် တာပေါ့”ဟု ပြောလိုက်သည်။ ။

          “စာတွေက မကောင်းသတင်းများတဲ့စာတွေ ဖြစ်မယ်ထင်တယ်” “ကော်မင်'က ကြက်ဥကြော်စားရင်း ပြောလိုက်သည်။

          “ဟုတ်တယ်ရှင့် ၊ စာတွေက မကောင်းသတင်းတွေများတယ်။ ရှင့် စာအုပ် ပုံနှိပ်ထုတ်ဝေသူက ရိုက်လက်စ စာအုပ်ရဲ့ 'ဂယ်လီပရ မူကြမ်းတွေ ကို ရှင်က အတည်ပြုချက်မပေးလို့ အလုပ်ဆက်မလုပ်နိုင်ဘဲ ဒေါသထွက် နေတယ်။ “မက်စ်ကလည်း ရှင်ဟောပြောဖို့ လက်ခံပြီးသား ဟောပြောပွဲတွေ အစီအစဉ်ဖျက်လိုက်ရလို့ အကြီးအကျယ် ပြဿနာပေါ်နေပြီလို့ မလိုက် တယ်။ နောက်ပြီး ရုပ်ရှင်ရိုက်ဖို့စီစဉ်ထားတဲ့ ဝတ္ထုတစ်ပုဒ်နဲ့ ပတ်သက်လို့ ရှင်ကိုယ်တိုင် 'ဟောလီးဝုဒ် ကို လိုက်သွားရင် ကောင်းမယ်လို့လည်း ဆိုတယ်ရှင့်"

          အတွင်းရေးမှူး ဖင်လီက အမေရိကန်မှ သတင်းတွေကိုပြောနေသော် လည်း “ကော်မင်သည် စိတ်ဝင်စားဟန်မတူဘဲ... ။

          “ ဒါထက် ဒီနေ့မနက် 'မစ်ဆူ 'ဆီက အဆက်အသွယ်ရသေးသလား" ဟု မေးလိုက်သည်။

          (မှတ်ချက်။ ။'မစ်ဆူ ဆိုသူမှာ ဂျပန်လူမျိုး အလွတ်စုံထောက်တစ်ဦး ဖြစ်ပြီး ကော်မင်က ဆက်သွယ်ငှားရမ်းထားသူဖြစ်သည်။ အထူးသဖြင့် 'ကော်မင်'က တွေ့ဆုံဆက်သွယ်လိုသော “ဆူဇူကီး အမည်ရှိ မိန်းကလေး အား ရှာဖွေပေးရန် မစ်ဆူ အား တာဝန်ပေးထားသည်။) “အဆက်အသွယ် မရသေးဘူးရှင့် ..

          ဒါလောက် မြန်မြန်ကြီး ဘယ်ရ နိုင်ပါ့မလဲ။ ဒီ 'တိုကျိုမြို့မှာက 'ဆူဇူကီး” ဆိုတဲ့ နာမည်နဲ့ မိန်းကလေးပေါင်း သိန်းနဲ့ချီရှိမယ်မဟုတ်လား”

          ' အေး-ဒါလည်း ဟုတ်တာပဲ။ ကဲ..မင်းလည်းကော်ဖီသောက်ပါဦး။ နက်စာ ဘာစားပြီးပြီလဲ”

          “ဟုတ်ကဲ့ ကျွန်မ အစောကြီးကစားပြီးပါပြီ။ ဒါထက် ရှင့်ကိုယ်ရေး ကိုယ်တာကိစ္စတစ်ခုအကြောင်း ကျွန်မပြောပါရစေ”

          “ပြောပါပြောပါ။ မင်းကိုငါက အတွင်းရေးမှူးခန့်ထားတာ ဒါမျိုး အတွက်ပဲ မဟုတ်လား”

          နေ့ရောက်လာတဲ့ စာတွေထဲမှာ ရှင့်ဇနီးဟားဖိုဘီဆီက စာတစ် အောင်လည်း ပါလာတယ်”

          ( ဖိုဘီးဆိုသူမှာ 'ကော်ခင်၏ ဇနီးဟောင်းဖြစ်၍ ကွာရှင်းပြတ်စဲထား သူဖြစ်သည်။ ယခု 'ကော်မင်'လိုက်စုံစမ်းနေသော ကွယ်လွန်သူသား “ပေါလ်” ၏မိခင်လည်း ဖြစ်သည်။)

          ဟုတ်လား..သူကစာထဲမှာ ဘယ်လိုရေးထားသလဲ”

          ရှင်အခု လိုက်စုံစမ်းနေတာကို ဆက်မလုပ်ပါနဲ့တော့လို့ ဆိုတယ်။

          “ထိုက်ခိုင်းလို့လဲ ဘာမှ အကျိုးထူးမှာမဟုတ်ဘူးတဲ့ရှင့်”

          ဖင်လီကပြောလိုက်လျှင် 'ကော်မင်သည် ရုတ်တရက် ဘာမှပြန်မပြော - ဘဲကြက်ဥကြော်ကိုသာ့စားရင်း စဉ်းစားနေလေသည်။ သူ၏စိတ်ထဲတွင်ဇနီးဟောင်း ဘီက ဤသို့စာရေးလိုက်ခြင်းကို အံ့သြနေမိသည်။ သူမသည် 'ကော်မင်နှင့် ကွာရှင်းပြတ်စဲခဲ့ပြီးနောက် ယခု ဘဏ်တိုက်သူဌေး မေဆင်" ဆိုသူနှင့် အိမ်ထောင်ကျနေပြီဖြစ်သည်။

          “ ဖိုဘီ သည် အသက်အရွယ်အားဖြင့် ယခု လေးဆယ်ကျော် ငါးဆယ် တွင်းသို့ ရောက်နေပြီဖြစ်သည်။ သူ၏ သား“ပေါလ်” သေဆုံးသွားပြီးနောက် “ကော်မင်'က နောက်ကြောင်းလိုက် စုံစမ်းထောက်လှမ်းနေခြင်းကို ဖိုဘီက ဆက်မစုံစမ်းပါနှင့်တော့ဟု စာရေးလိုက်ခြင်းမှာ စဉ်းစားစရာဖြစ်နေသည်။

          ကော်မင်သည် ကော်ဖီသောက်ရင်း အတွင်းရေးမှူး ဖင်လီ၏ သဘော ထားကို မေးကြည့် လေသည်။

          “ မင်းကကော ဘယ်လိုသဘောရသလဲ။ ငါ အခုလိုက်စုံစမ်းနေတာကို ဆက်မလုပ်ဘဲ စွန့်လွှတ်လိုက်သင့်တယ်လို့ ထင်သလား ”

          “ပေါလ်က သေနေပြီမဟုတ်လားရှင့်” - “ဟုတ်တယ်လေ-သေနေပြီ"

          “ရှင်က ရှင့်သားသေတာကို မကျေနပ်သလို၊ လက်မခံနိုင်သလို ဖြစ်နေတယ်ဆိုတာ ကျွန်မနားလည်ပါတယ်” ။

          “သေဆုံးတာကိုတော့ လက်ခံပါတယ်။ လက်မခံလို့လည်းမဖြစ်ဘူး။ ငါ့သား ပေါလ်ဟာ သေတာအမှန်ပဲ။ အလောင်းမြေမြုပ်သဂြိုဟ်တာကို လည်း ငါကိုယ်တိုင်မြင်ခဲ့ရတယ်။ ဒါကို အသာထားပါဦး၊ ငါမေးတာကို သာစမ်းပါ။ အခု ငါက ပေါလ်သေဆုံးတာနဲ့ပတ်သက်ပြီး လိုက်စုံစမ်းထောက်လှမ်းနေတာကို ရပ်ပစ်လိုက်ရင်ကောင်းမလား။ အမေရိကန်ကို ပြန်သွားသင့်သလား ။

          “ ဆက်ပြီး စုံစမ်းထောက်လှမ်းနေရင်တော့ ရှင့်အဖို့ငွေကြေးအများကြီး | ကုန်ကျမှာသေချာတယ်ရှင့် ”

          ဒါက မဆိုင်ပါဘူး။ ငါမေးတာသာ ဖြေစမ်းပါ။ မင်းရဲ့ သဘောထား က ဘယ်လိုလဲ”

          ကော်မင်'က ဇွတ်အတင်းမေးရာ အတွင်းရေးမှူး ဖင်လီသည် အတ္တ စဉ်းစားနေလိုက်သည်။ သူမသည် 'ကော်မင် ၏ အတွင်းရေးမှူး အဖြစ် အလုပ်လုပ်ခဲ့သည်မှာ ဆယ်နှစ်ရှိပြီဖြစ်၍ လူချင်းလည်း ရင်းနှီးနေပြီဖြစ်သည်။ သို့သော် သူမသည် 'ကော်မင် နှင့် ဆက်ဆံရာ၌ အတွင်းရေးမှူး တစ်ယောက်အဖြစ်ထက်မပိုဘဲ ခပ်တည်တည်ခပ်မှန်မှန်ဆက်ဆံခဲ့သည်။ ယခုတော့ 'ကော်မင်'က သူ၏ ကိုယ်ရေးကိုယ်တာကိစ္စတစ်ခုကို အကြံဉာဏ်တောင်းနေလေရာဖင်လီက ရုတ်တရက်ဖြေရခက်နေလေသည်။ * သို့ဖြစ်လင့်ကစား သူမသည် ပွင့်လင်းစွာ အကြံပေးရန် ဆုံးဖြတ်လိုက် သည်။