Skip to product information
1 of 2

Other Websites

တက္ကသိုလ်နေ၀င်း - လေယာဥ်ပေါ်မှလူသတ်မှု

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type

( ၁ )

          ဤဇာတ်လမ်းဖြစ်ပျက်ရာ အချိန်ကာလကား ယနေ့လေယာဉ်ဖြင့် ခရီးသွားလာမှု ခေတ်စားခြင်းမရှိသေးသောကာလ ၁၉၃၄ ခုနှစ်က ဖြစ်သည်။

          ခရီးသည်များ တင်ဆောင်ပျံသန်းသည့် လေကြောင်းကုမ္ပဏီများ မရှိသလောက် နည်းပါးသေးသည့်ခေတ်ဖြစ်သော်လည်း ထိုအချိန်က ပြင်သစ် ပြည် (ပဲရစ်မြို့)နှင့် အင်္ဂလန်ပြည် (လန်ဒန်မြို့)အကြား အသွားအပြန် ခရီး 1 သည်များ တင်ဆောင်သယ်ပို့နေသော 'ယူနီဗာဆယ်' လေကြောင်းကုမ္ပဏီ တစ်ခုက ရှိနေပြီ ဖြစ်သည်။

          ထိုခေတ်က လေယာဉ်ဖြင့် ခရီးသွားလာသူ အလွန်နည်းပါးလင့် ( ကစား ငွေကြေးတတ်နိုင်သူများကတော့ အချိန်တိုတောင်းစွာ ခရီးရောက်နိုင် သည့် လေယာဉ်ဖြင့် သွားလာလေ့ရှိကြပေသည်။

          ထို့ကြောင့် ယခုဇာတ်လမ်းစတင်ရာ စက်တင်ဘာလ၏ သာယာ သော နေ့တစ်နေ့ဝယ် ပြင်သစ်ပြည်းပဲရစ်မြို့မှ လန်ဒန်မြို့ “ခရွိုင်ဒန်'လေဆိပ် သို့ ထွက်ခွာပျံသန်းမည့် လေယာဉ်တွင်လည်း ခရီးသည်အပြည့် ရှိနေလေသည်။

          (မှတ်ချက်။ ။ ယခုခေတ် ဂျက်လေယာဉ်ကြီးများလို ခရီးသည် သုံးလေးရာတင်နိုင်သော လေယာဉ်များ မရှိသေးသဖြင့် “ယူနီဗာဆယ် လေကြောင်းကုမ္ပဏီ၏ ခရီးသည်တင် လေယာဉ်မှာ လေယာဉ်ငယ်တစ်စင်းသာ ဖြစ်သည်။)

          လန်ဒန်မြို့သို့ လိုက်ပါမည့် ခရီးသည်များအနက် ဂျိန်း အမည် | မိန်းကလေးတစ်ဦးသည် လေယာဉ်ပေါ်သို့ တက်လာချိန်၌ အခြားခရီး အများစုက မိမိတို့၏ ထိုင်ခုံအသီးသီးတွင် ရောက်ရှိနေကြပြီ ဖြစ်သည်။

          ဂျိန်းသည် ထိုင်ခုံတွင် နေရာတကျ ထိုင်လိုက်ပြီးနားထဲ ( ခရီးသည်များအား အကဲခတ် ကြည့်မိလေသည်။

          ခရီးသည် အမျိုးသမီးနှစ်ဦးက အချင်းချင်း စကားပြောနေကြသည်။

          အသက်ကြီးကြီး အမျိုးသားခရီးသည်တစ်ဦးမှာ နိုင်ငံခြားသားတစ်ဦး ဖြစ်ပုံရသည်။ လူက ခပ်ပုပု၀၀နှင့် ဦးခေါင်းက ဘဲဥပုံသဏ္ဌာန်ရှိပြီး နှုတ်ခမ်းမွေး ကားကားနှင့် ဖြစ်သည်။

          (ထိုလူကြီးသည် နာမည်ကျော်စုံထောက်ကြီး “ဟာကြူလီဖြစ်ကြောင်း ထိုအချိန်က ဂျိန်းအနေဖြင့် မသိသေးပါ။) - သူမ၏ရှေ့တည့်တည့် မျက်နှာချင်းဆိုင်ခုံတွင် ရုပ်ရည်ခံ့ညား ချော မွေ့သော လူငယ်တစ်ဦးထိုင်နေရာ ဂျိန်းသည် မိန်းကလေးတို့ဘာဝ ထိုလူငယ် အား စိတ်ဝင်စားသလို ဖြစ်မိသော်လည်း ဣနြေဖြင့် ဟန်ဆောင်ကာ မျက်နှာ ချင်းဆိုင်ခုံဘက်သို့ မကြည့်မိအောင် မျက်နှာကိုလွှဲထား၍ နေလေသည်။ခရီး သည်အားလုံး စုံပြီဖြစ်၍ လေယာဉ်သည် စတင်ထွက်ခွာလေသည်။ လေယာဉ် က ယခုခေတ် ဂျက်လေယာဉ်ကြီးများလိုမဟုတ်ဘဲ လေယာဉ်ငယ်တစ်စင်းသာ ဖြစ်ရာ လေယာဉ်မှူးနှင့် လက်ထောက်လေယာဉ်မှူး အဖြစ် လေယာဉ်မောင် နှစ်ဦးတို့သာ ပါရှိလေသည်။

          လေယာဉ်သည် ချောမောစွာ ကောင်းကင်သို့ ပျံတက်ပြီးနောက် အင်္ဂလန်နိုင်ငံရှိရာ အနောက်စူးစူးဘက်ဆီသို့ ဆက်လက်ပျံသန်းလေသည်။

          ဂျိန်းအဖို့ ယခုခရီးမှာ ဒုတိယအကြိမ် လေယာဉ်စီးဖူးခြင်းဖြစ်၍ ကောင်းကင်မှနေ၍ မြေပြင်သို့ ကြည့်ရသည်ကိုပင် စိတ်ထဲမှ ပျော်ရွှင်ကြည်နူး သလို စိတ်လှုပ်ရှားမှုများ ဖြစ်နေလေသည်။

          တစ်ချိန်တည်းမှာပင် သူမ၏ရှေ့တည့်တည့်ထိုင်ခုံမှ လူငယ်ချောချော ကို သတိရနေမိသည်။

          သို့သော် မိန်းကလေးတစ်ယောက်အနေဖြင့် လှမ်းကြည့်ရန် မသင့် တော်ဟု ဆုံးဖြတ်လျက် မျက်နှာလွှဲ၍သာ နေလိုက်လေသည်။

          ထို့နောက် သူမသည် ပြင်သစ်ပြည်၌ရှိစဉ်က သွားရောက်လည်ပတ် ခဲ့သော “လီဖီနေအရပ်အကြောင်းကို ပြန်၍စဉ်းစားနေလေသည်။

          စောစောက စကားတွေ အဆက်မပြတ် ပြောနေခဲ့သူ အမျိုးသမီး - နှစ်ဦးမှာ ယခုတော့ စကားဆက် ပြတ်သွားပုံရသည်။ သူတို့နှစ်ဦးအနက် အမျိုးသမီးတစ်ဦးမှာ လေဒီ “ဟော်ဘူရီဆိုသူဖြစ်လေသည်။

          ဂျိန်းသည် ကျန်ခရီးသည်များအား လှည့်ပတ် အကဲခတ်ကြည့်ပြန် လေသည်။

          အမျိုးသမီးနှစ်ဦး၏နောက်မှ ထိုင်ခုံတွင်ကား နှုတ်ခမ်းမွှေးကားကားနှင့် နိုင်ငံခြားသားနှင့်ကူသူ လူပုပု၀၀ ထိုင်နေသည်။

          သူ၏ဘေးမှ ထိုင်ခုံတွင်မူ အရပ်မြင့်မြင့် ဆံပင်ဖြူဖြူနှင့် ရုပ်ရည် - သန့်သန့်ပြန့်ပြန့် လူတစ်ယောက် ထိုင်နေသည်။ ထိုလူသည် နိုင်ငံခြား ဂီက ပညာရှင်များသုံးသည့် ပလွေတစ်ချောင်းကို အပစ်ခုဖြင့် ပွတ်တိုက်နu သည်။ ဂျိန်းသည် ထိုလူအား အကဲခတ်ကြည့်ရင်း အင်္ဂါရုပ်က ဂီအနုပညာ ရှင် တစ်ဦးနှင့်မတူ၊ ဆရာဝန် သို့မဟုတံ ရှေ့နေကြီးတစ်ဦးနှင့် တူသည်ဟု စိတ်ထဲမှ အောက်မေ့မိလေသည်။

          ထိုလူ၏နောက်တွင် ပြင်သစ်အမျိုးသားနှစ်ဦး ထိုင်နေကြသည်။

          တစ်ယောက်က မုတ်ဆိတ်မွေးနှင့် အသက်ကြီးကြီးဖြစ်ပြီး နောက် တစ်ဦးက လူငယ်တစ်ဦးဖြစ်ရာ သားအဖဖြစ်လိမ့်မည်ဟု ကျွန်းက စိတ်ထဲမှ . ကောက်ချက်ချမိလေသည်။

          ထိုအချိန်၌ သူမ၏ ရှေ့တည့်တည့်ထိုင်ခုံမှ လူငယ်သည် ဂျိန်း “အကြောင်းကို စဉ်းစားစိတ်ကူးနေလေသည်။

          သူ၏အမည်က နော်မန်ဂေး(လ်)ဖြစ်သည်။ သူသည် လေယာဉ်ပေါ် | တက်လာပြီး ဂျိန်းကိုသတိပြုမိခဲ့သည်။ အလွန်လှပကြော့ရှင်းသော မိန်းကလေးတစ်ယောက်ပါကလားဟုလည်း မှတ်ချက်မိသည်။ ထို့အပြင် သူသည် ဒိန်း အား ပြင်သစ်ပြည်လီနေအရပ်တွင် မြင်ခဲ့ဖူး၍ စိတ်ဝင်စားမိခဲ့သည်။

          ထို့ကြောင့် ယခုလေယာဉ်ပေါ်တွင် ဆုံမိပြန်သောအခါ နော်မန် ဂေး(လ်)သည် ဂျိန်းအား ပို၍စိတ်ဝင်စားနေမိခြင်း ဖြစ်လေသည်။ လူချင်း မိတ်ဆက်၍ သိကျွမ်းခင်မင်ချင်စိတ်လည်း ဖြစ်ပေါ်မိသည်။

          သို့သော် မိန်းကလေးက မိမိအား လုံးဝ စိတ်ဝင်စားပုံမရဘဲ ခပ်တည် တည် မျက်နှာလွှဲနေသဖြင့် မိမိက စတင်မိတ်ဆက်စကားပြောရန် ်နယ် သည်။ ခရီးသည်အားလုံးသည် လေယာဉ်ပေါ်တွင် လိုက်ပါလာကြရင်း ကိုယ့် စိတ်ကူးနှင့်ကိုယ် ရောက်တတ်ရာရာကို စဉ်းစားနေကြရာ လေဒီဟော်ဘူရီ အမည်ရှိ အမျိုးသမီးသည် အခြားခရီးသည်တစ်ဦးဖြစ်သော ဗင်နီရာကားဆိုသူ အမျိုးသမီးအား စိတ်ထဲမှ မျက်မုန်းကျိုးနေမိလေသည်။ လေဒီဟော်ဘူရီအနေ ဖြင့် မိမိခင်ပွန်း စတီဖင်စား ဗင်နီရှာကားက စိတ်ဝင်စားနေသည်ဟု ယူအ ကာ မျက်မုန်းကျိုးနေမိခြင်းဖြစ်သည်။ ထို့ပြင် ဒီခ်ဘုရီ သည် အတည်းကို မည်သို့ ဖြေရှင်းရပါမည်နည်းဟု စဉ်းစားရင်း အရာရေသော ကြောင့် စိတ်ညစ်နေမိလေသည်။

          ဗင်နီရွာကားဆိုသူ အမျိုးသမီးကလည်း စိတ်ထဲမှာ တော်တော်အား မုန်းတီးနေလေသည်။

          ခင်ပွန်းဖြစ်သူ စတီဖင်အနေဖြင့် ဒီလိုမိန်းမမျိုးရတာ အတော်ကံဆိုး တာပဲဟုလည်း တွေးနေမိသည်။

          ဤသို့စဉ်းစားရင်း သူမသည် စီးကရက်သောက်ချင်လာသဖြင့် စီးကရက်တစ်လိပ် ထုတ်ယူပြီး မီးညှိသောက်မည်ပြုစဉ် မလှမ်းမကမ်းရှိ လေယာဉ်မောင်က... ။

          “ဝမ်းနည်းပါတယ် ခင်ဗျာ၊ လေယာဉ်ပေါ်မှာ ဆေးလိပ်သောက်ခွင့် မရှိပါဘူး”ဟု သတိပေးလိုက်သဖြင့် စီးကရက်မသောက်ဘဲ နေလိုက်ရလေ ( သည်။ ခရီးသည်တစ်ဦး ဖြစ်သည် စုံထောက်ကြီးဟာကြူလီသည် မပ်စောစောကပင်  ဂျိန်းအမည်ရှိ မိန်းကလေးကို သတိပြု အကဲခတ်ကြည့်ခဲ့မိလေသည်။ အလွန်ချောမောလှပသူကလေးပါတကားဟု အကဲဖြတ်မိသည့်ပြင် သူမသည် ဖျက်နှာချင်းဆိုင် ထိုင်ခုံမှ လူငယ်ချောချော နော်မန်ဂေး(လ်)အား တမင် သက်သက်မကြည့်ဘဲ မျက်နှာလွှဲနေသည်ကိုလည်း ဟာကြူလီက သတိပြုမိလေသည်။

          "ဒီမိန်းကလေးဟာ သူ့ရှေ့က သူငယ်ကို စိတ်ဝင်စားနေတာတော့ အမှန်ပဲ။ ဒါနဲ့များ ဘာကြောင့် ဟန်လုပ်ပြီး မျက်နှာလွှဲနေတာပါလိမ့်။

          ဤသို့လည်း စုံထောက်ဟာကြူလီက စဉ်းစားနေမိလေသည်။

          သူ၏ဘေးမှ ထိုင်ခုံတွင် ထိုင်နေသူကား ဒေါက်တာဘရိုင်ယန်ဆိုသူ ဆရာဝန်တစ်ဦး ဖြစ်လေသည်။

          စောစောက ပလွေကို ဂရုတစိုက် ပွတ်တိုက်နေသူပင် ဖြစ်သည်။ သူသည် ဆရာဝန်ဖြစ်သော်လည်း ဂီတအနုပညာ ဝါသနာပါသူ ဖြစ်လေသည်။

          ဒေါက်တာဘရိုင်ယန်သည်လည်း တစ်ယောက်တည်း စိတ်ကူး စဉ်းစားနေသည်။ သူ၏ဘဝတွင် အလွန်အရေးကြီးသော ကိစ္စတစ်ခုနှင့် ပတ် သက်၍ မည်သို့ဆုံးဖြတ်ရမည်ကို စဉ်းစား၍ မရနိုင်သဖြင့် အကြံအိုက်နေလေ သည်။

          စိတ်ထဲမှ 'ငါဘာလုပ်ရရင် ကောင်းမလဲဟု စဉ်းစားရာမှ သူ၏ပလွေ ကို ထုတ်ယူလိုက်သည်။ ဂီတအနုပညာထဲ အာရုံပင်စားနေလျှင် စိတ်ညစ်စရာ ပြဿနာများ အခိုက်အတန့်အားဖြင့် ပပျောက်နေနိုင်သည် မဟုတ်ပါလော။

          ဤသို့စဉ်းစားရင်း ဒေါက်တာဘရိုင်ယန်သည် ပလွေကိုမှုတ်ရန် ပါးစပ်တွင် တေ့လိုက်ပြီးကာမှ မမှုတ်ဘဲ အသာပြန်ချလိုက်သည်။

          ထိုအချိန်၌ သူ၏ဘေးမှ ဝဝပုပု နှုတ်ခမ်းမွှေးကားကားနှင့်လူကြီးစုံထောက်ဟာကြူလီမှာ ထိုင်ခုံတွင်မှီရင်း အိပ်ပျော်နေပြီ ဖြစ်လေသည်။

          ပြင်သစ်လူမျိုး သားအဖနှစ်ယောက်အနက် ဖခင်ဖြစ်သူ မစ္စတာ ပွန်သည် သူ၏ဘေးရှိ သားဖြစ်သူအား စကားပြောနေသည်။

          သူပြောနေသော အကြောင်းအရာကား ရှေးဟောင်း သုတေသန ဆိုင်ရာ ပစ္စည်းများအကြောင်းပင် ဖြစ်သည်။

          နောက်ခရီးသည်တစ်ဦးမှာ စုံထောက်ဝတ္ထုရေးသူ စာရေးဆရာ မစ္စတာကလင်စီဆိုသူ ဖြစ်လေသည်။ သူသည် စုံယောက်ဝတ္ထုတစ်ပုဒ်အတွက် မှ ဇာတ်လမ်းစဉ်းစားနေလေသည်။ ဝတ္ထုထဲမှ မှုခင်းတစ်ခု မည်သို့ဖန်တီးရမည်ကို ၊ အသေးစိတ် အကွက်ချ၍ စဉ်းစားနေခြင်း ဖြစ်လေသည်။

          ကလင်စီ၏နောက်မှ ထိုင်ခုံတွင်ကား မစ္စတာရိုင်ဒါအမည်ရှိ ခရီးသည် တစ်ဦး ထိုင်နေသည်။ သူသည်လည်း မိမိ၏ ကိုယ်ရေးကိုယ်တာ ဘဝပြဿနာ တစ်ခုအကြောင်း အပြန်အလှန် စဉ်းစား၍ အကြံထုတ် စဉ်းစားနေလေသည်။

          နော်မန်ဂေး(လ်)အမည်ရှိ လူငယ်သည် ထိုင်ခုံမှထ၍ အိမ်သာခန်းဆီ E သို့ လျှောက်သွားရာ ဂျိန်းက လျင်မြန်စွာ၊ သွက်လက်စွာ လက်ကိုင်အိတ်ထဲမှ မှန်ငယ် ထုတ်ယူပြီး မျက်နှာတွင် ပေါင်ဒါနှင့် နှုတ်ခမ်းဆိုးဆေးများ ခြယ်သလိုက်လေသည်။

          ထိုအချိန်၌ လေယာဉ်သည် ဗြိတိသျှ ရေလက်ကြား ပင်လယ်ပေါ်သို့ ရောက်ရှိနေပြီဖြစ်ရာ လန်ဒန်မြို့နှင့် နီးကပ်လာပြီဖြစ်ကြောင်း သိသာပေသည်။

          စုံထောက်ဝတ္ထုရေးဆရာ ကလင်စီသည် သူ၏ဝတ္ထုတစ်ပုဒ်အတွက် ဇာတ်လမ်းကို အသေးစိတ် စဉ်းစားနေစဉ် ထိုင်ခုံရှေ့နားသို့ ပိတုန်းငယ် တစ် ကောင် ပျံဝဲလာသည်ကို တွေ့ရသဖြင့် လက်ဖြင့်တောက်ပစ်လိုက်သည်။

          ထိုအခါ ပိတုန်းကောင်သည် ပြင်သစ်လူမျိုးသားအဖ ကော်ဖီ သောက်နေရာသို့ ပျံဝဲသွားလေသည်။

.           မစ္စတာပွန်၏သား ဂျွန်သည် ပိတုန်းကောင်ကိုမြင်လျှင် လက်ဝါး ဖြင့် ရိုက်သတ်ပစ်လိုက်သည်။

          လေယာဉ်၏နောက်ဆုံးတန်းမှ ထိုင်ခုံအမှတ် (၂)တွင် ထိုင်နေသူ ပြင်သစ်အမျိုးသမီး မာဒမ်ဂီဆယ်(လ်)သည် ရှေ့သို့ငိုက်သွားရာမှ နောက်ပြန်မှ ပြီး ငြိမ်သက်သွားလေသည်။

          ရုတ်တရက်ဆိုလျှင် အိပ်ပျော်နေသည်ဟု ထင်ရသော်လး စင် အားဖြင့် သူမသည် အိပ်ပျော်နေခြင်း မဟုတ်ချေ။

          မာဒမ်ဆယ်(လ်)သည် သေဆုံးနေပြီ ဖြစ်လေသည်။