Skip to product information
1 of 2

Other Websites

တက္ကသိုလ်နေ၀င်း - ဇင်ဘာဗွေ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type

အခန်း (၁)

         အာဖရိကတိုက် ဇင်ဘာဘွေနိုင်ငံ တစ်နေရာရှိ တောတောင် ထူထပ်သော ဒေသ တစ်မှာ မမ်ဘေဇီမြစ်ဝှမ်းဒေသ တစ်နေရာပင် ဖြစ်သည်။

         တောင်ဘက်စူးစူးရှိ နာမည်ကြီး ကာလာဟာရီ သဲကန္တာရကြီးပေါ်မှ ဖြတ်သန်း တိုက်ခတ်လာသော လေသည် ထိုဒေသရောက်ချိန်တွင် လေက မထန်လှတော့ချေ။

         အလွန်ထွားကျိုင်းသော ဆင်ထီးကြီး တစ်ကောင်သည် တောင်ကုန်းတစ်ခု၏ အောက်ခြေတွင်ရပ်ပြီး လေကို ရှူရှိုက်ရင်း အနှံ့ ခံနေလေသည်။

         ထိုဆင်ကြီးသည် ဆင်ရိုင်းအုပ်စုကြီး တစ်အုပ်၏ ဦးစီးခေါင်းဆောင် ဆင်ထီး ကြီးပင် ဖြစ်ပြီး ကျန်ဆင်များ သွားလာ လှုပ်ရှားရာ၌ ဘေးအန္တရာယ် ကင်းမည့် နေရာများကို ဆင်ထီးကြီးက ဦးဆောင် လမ်းပြလျက် ခေါ်သွားတတ် လေသည်။

         ဆင်ထီးကြီး၏ နှာခေါင်းတွင် သစီရိုင်းပင်၊ သစ်သီးရိုင်းပင်တို့၏ အနှံ့၊ ဝေးလံသောဒေသမှ ငရုတ်ကောင်းနို့များ၊ တောင်အောက်ရှိ ကျွဲရိုင်းအုပ်များ၏အဖြေများ ရနေလေသည်။ သို့သော် ဆင်ထီးကြီး ရှာဖွေနေသည့်အနေ့မှာ ထိုအနံ့များ မဟုတ်ချေ။ သူ ရှာနေသည်ကား ဆင်တို့၏ အကြီးဆုံး ရန်သူဖြစ်သော လူနှံ့ ဖြစ်သည်။ လူတို့သောက်သော ဆေးလိပ်နှံ့ အပါအဝင် အသားစားသော လူသားတို့၏ အနံ့ကို ရှာနေ ခြင်ဖြစ်သည်။

         ဆင်ထီးကြီးသည် အတန်ကြာကြာ ရပ်၍ အနံ့ခံနေပြီး နောက် သူ သတိထား နေသော လူန့်ကို ရလေသည်။

         ချက်ချင်းပင် ဆင်ကြီးသည် ဒေါသ ထွက်လာလေသည်။ သူတို့ ဆင်အုပ်ကြီး နောက်သို့ လူတွေ လိုက်နေခဲ့သည်မှာ ရက်ပေါင်း အတော်ကြာပြီ ဖြစ်သည်။ ဆင် ထီးကြီးက လိမ္မာပါးနပ်စွာဖြင့် ရန်သူဖြစ်သော လူ၏အနှံ့ကို ခံကာ အန္တရာယ်ကင်းဝေးအောင် ဆင်အုပ်ကြီးကို ဦးဆောင်လျက် တိမ်းရှောင်နိုင်ခဲ့သည်။ သို့သော် ယခုတစ်ဖန် ရန်သူ၏ အနံ့ကို ရနေပြန်လေပြီ။

         ဆင်ထီးကြီးသည် ငယ်ရွယ်စဉ် ဆင်ပေါက်ကလေး ဘ၀ကပင် လူသားတို့၏ အနှံ့ကို ရလျှင် ရန်သူဟူ၍ သတ်မှတ်ရမည် ဖြစ်ကြောင်း နားလည်ခဲ့သည်။ လူနံ့ ရပြီ ဆိုလျှင် အလွန်ကြောက်ရွံ့ သလောက် မုန်းတီးခဲ့သည်။ ထို့ကြောင့် အသက်ရှင်ရေး အတွက်လူနံ့ကို အထူး သတိထားလျက် အန္တရာယ်ကို ရှောင်နိုင်ခဲ့သောကြောင့် ယခု အချိန်အထိ အသက်ရှင်နေရခြင်းပင် ဖြစ်လေသည်။

         ခမ်ဘေဇီ မြစ်ဝှမ်းတစ်လျှောက် ရေကြည်ရာ မြက်နုရာ ဒေသသည်ကား တောရိုင်း ဆင်အုပ်များ သွားလာလျက် ကျက်စားရာနေဖြစ်ခဲ့သည်မှာ နှစ်ပရိစ္ဆေဒ ကြာမြင့်လှပြီ ဖြစ်သည်။ ထိုမြစ်ဝှမ်း တစ်လျှောက်မှာပင် လူသားတို့က အဆက်မပြတ် ဆင်များကို လိုက်လံ သတ်ဖြတ်ခဲ့ကြသည်။ လောဘရမ္မက် ကြီးစွာဖြင့် ဆင်စွယ်များ ကို ဖြတ်ယူခဲ့ကြသည်။ ဆင်အုပ်များ ကလည်း လူသား မုဆိုးတို့၏ ရန်ကို လိမ္မာ ပါးနပ်စွာ တိမ်းရှောင်လျက် အသက်ရှင်ကာ ရပ်တည်နိုင်အောင် ကြိုးစား ခဲ့ကြလေသည်။

         ဆင်ထီးကြီး အနေဖြင့် နားမလည်နိုင်သော အချက်တစ်ခု ရှိသည်။ ယင်းကား ဇမ်ဘေဇီ မြစ်ဝှမ်းတစ်လျှောက် လူသား မုဆိုးများ ဆင်အုပ်များကို လိုက်လံ သတ် ဖြတ်ခြင်းမပြုဘဲ နေခဲ့သည့် ကာလတစ်ခုပင် ဖြစ်သည်။ အချိန်ကာလ ဆယ့်တစ် နှစ်ခန့် မုဆိုးများ တောလိုက်ပြီး၊ ဆင်များကို မပစ်မခတ်တော့ဘဲ နေခဲ့ကြသည်။ ထို့ကြောင့် ယင်းကာလအတွင်း ဆင်အုပ်ကြီးများမှာ အန္တရာယ် ကင်းနေသည်။

         ဆင်ထီးကြီး နားမလည်သော ယင်းသို့ ဆင်များ သတ်ဖြတ်မှု ရပ်စဲနေသည့် အကြောင်းကား ဇင်ဘာဘွေ နိုင်ငံ၌ ပြင်းထန်သော ပြည်တွင်းစစ်ကြီး ဖြစ်ပွားနေခဲ့ သောကြောင့်ပင် ဖြစ်သည်။ တစ်ဖက်နှင့်တစ်ဖက် အကြိတ်အနယ် တိုက်မိုက် နေကြသော ပြည်တွင်းစစ် ကာလအတွင်း မုဆိုးများ အနေဖြင့်လည်း အန္တရာယ် များလှ သောကြောင့် ဆင်များကို ပစ်ခတ်မှု ရပ်စဲနေခဲ့ခြင်း ဖြစ်သည်။ ။

         ထိုကာလအတွင်း ဆင်အုပ်ကြီးများမှာ ဘေးအန္တရာယ် ကင်းစွာဖြင့် လှုပ်ရှား သွားလာ ကျက်စား နေနိုင်သောကြောင့် ဆင်အုပ်များတိုးပွား လာခဲ့သည်။

         သို့ရာတွင် ယခုတစ်ဖန် ဆင်များကို သိသိမိမိ လိုက်လံ သတ်ဖြတ်မှုများ ပြန်လည် စတင်လာပြန်သဖြင့် ဆင်အုပ်များမှာ လူ တည်းဟူသော ရန်သူကို အထူး ကြိုးစား ရှောင်တိမ်း နေရလေသည်။

         ဆင်ထီးကြီးသည် လူနံ့ရပြီးဖြစ်၍ သူ၏ ဆင်အုပ်ထဲမှ အခြားဆင်များကို သတိပေးရန် တောင်ကုန်းမှ မြေနိမ့်ရာသို့ ဆင်းလာခဲ့လေသည်။

         ဆင်ထီးကြီး ဦးစီး ခေါင်းဆောင်သော ဆင်အုပ်မှာ ဆင်ကောင်ရေ သုံးရာခန့် ရှိလေသည်။ ယင်းတို့ အထဲတွင် သားသည် အမေ ဆင်မများနှင့် ယင်းတို့ သားငယ် ဆင်ပေါက်ကလေးများလည်း ပါဝင်လေသည်။

         ဆင်ပေါက် ကလေးများက မိခင် ဆင်မကြီးများထံ နို့စို့နေကြပြီး ကျန် ဆင်ကြီးများကမူ နီးရာ သစ်ပင်များမှ သစ်ရွက်များ၊ သစ်သီးရိုင်းများကို ဆွတ်ခူး စားသောက် နေကြလေသည်။ အရွယ်ရောက်ကာ ဆင်ထီးငယ် နှစ်ထောင်သည် သစ်ရွက်စိမ်းများ ပေါများသော သစ်ပင်တစ်ပင်ကို နှစ်ကောင်ပေါင်းသော အင်အားဖြင့် ဆွဲလှဲကာ သစ်ရွက်စိမ်းများကို အားပါးတရ စားသောက်နေကြလေသည်။ | ဆင်အုပ်မှ ဆင်များအနေဖြင့် အန္တရာယ်ကို မသိကြသေးချေ။

         ခေါင်းဆောင် ဆင်ထီးကြီးသည် ဆင်အုပ်ရှိရာ ခပ်သွက်သွက် လျှောက်လာရာ ဆင်စွယ်ကြီးများ ထောင်နေအောင် ဦးခေါင်းထောင်လျက် နားရွက်မှာပါ ထောင်နေ သဖြင့် အန္တရာယ်ကို သတိပေးရန် လာနေကြောင်း သိသာ ထင်ရှားနေပေသည်။

         ဆင်အုပ်အနီးသို့ ရောက်လျှင် ဆင်ထီးကြီးသည် သူတို့ ဘာသာဘာဝ အန္တရာယ်ကို သတိပေးသည့် အနေဖြင့် နှာမောင်းကြီးကို ထောင်ကာ တအားမွတ်လျက် အသံပေးလိုက်လေသည်။

         ကျန်ဆင်များအားလုံးသည် ချက်ချင်းပင် ရိပ်မိဟန်ဖြင့် စားသောက်ခြင်းကို ရပ်ဆိုင်းကာ လေစုန်ဘက်ဆီသို့ လျှောက်ပြေးကြလေတော့သည်။ လေစုန်ဘက်သို့ ပြေးသည့် သဘောမှာ နောက်မှ ရန်သူများ လိုက်လာလျှင် ရန်သူ၏ အနံ့ကို ဆင်များက ရမည်ဖြစ်ပြီး လွတ်ရာသို့ တိမ်းရှောင် ထွက်ပြေးနိုင်ရန် ဖြစ်လေသည်။

         ယခုကဲ့သို့ ရန်သူ လိုက်လာပြီဆိုလျှင် ဆင်များသည် လုံးဝ မရပ်နားဘဲ နှစ်ရက်နှင့် တစ်ညတိတိ တောက်လျှောက် ပြေးသွားနိုင်စွမ်း ရှိပေသည်။

         ခေါင်းဆောင် ဆင်ထီးကြီးသည် ရန်သူ(လူသား)တို့၏ အပြုအမူကို နားမလည် နိုင်အောင် ဖြစ်နေလေသည်။ မှတ်မှတ်ရရ လူနဲ့ ရခဲ့သည်မှာ ရှစ်ရက်ခန့် ရှိပြီဖြစ်သည်။ လူနဲ့ ရလိုက် တိမ်းရှောင် ထွက်ပြေးလိုက်နှင့် ရှစ်ရက်ကြာခဲ့သည်။ ဘာကြောင့် လူတွေက သဲသဲမဲမဲ လိုက်နေရလေသနည်းဟု ဆင်ထီးကြီးမှာ နားမလည်နိုင်အောင်လေစုန်အတိုင်း သွားနေသဖြင့် ဆင်များက လူန့်ကို ကောင်းစွာ ရနေခြင်း ဖြစ်သည်။ လူတွေကလည်း အတော်များပုံ ရသည်။ ဆင်တွေက လူန့်ရနေအောင် တမင်သက်သက် လုပ်နေသည်ဟုလည်း ထင်ရသည်။ သို့သော် အနံ့သာရပြီး လူတွေ ကိုတော့ ဆင်များက မမြင်ရချေ။ တမင်သက်သက် ဆင်တွေ မမြင်အောင် ရှောင်နေ ခြင်းလည်း ဖြစ်နိုင်သည်။

         ဆင်းအုပ်ခေါင်းဆောင် ဆင်ထီးကြီးသည် တစ်ကြိမ်သာလျှင် လူ အရိပ်အယောင် မြင်ခဲ့ရသည်။ လူနံ့ရပြီး ငါးရက်မြောက်သောနေ့က ဆင်ထီးကြီးသည် စိတ်တိုတိုနှင့် ဆင်အုပ်မှ ခွဲထွက်လာကာ လာသည့် လမ်းအတိုင်း တောင်စူးစူးဘက်သို့ ပြန်လှည့်........