Skip to product information
1 of 2

Other Websites

တက္ကသိုလ်နေ၀င်း - ဆာပီကို

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type

အခန်း (၁)

          နယူးယောက်မြို့၏ နာမည်ကြီးရပ်ကွက်တစ်ခုဖြစ်သော “မင်ဟက်တန်' ရပ်ကွက် ရှိ အထက်တန်းစား ဟိုတယ်ကြီးတစ်ခုသို့ အသက် ၃၅ နှစ်ရွယ်ခန့်ရှိ လူ တစ်ယောက်သည် လက်ကိုင်တုတ်တစ်ခုကို အားပြုလျက် ချဉ်းကပ်လာလေ သည်။

          ထိုလူသည် တစ်စုံတစ်ခုသော ထိခိုက်ဒဏ်ရာရမှုကြောင့် ကောင်းစွာ မသန်စွမ်းဟန်ရှိလျက် လက်ကိုင်တုတ်ကို အားပြု၍ လျှောက်လာရသော်လည်း ခန္ဓာကိုယ် ဗလအားဖြင့် အလွန်တောင့်တင်း သန်မာပြီး ခွန်အားကြီးမားသူ တစ်ယောက်၏ အသွင်ကို ဆောင်နေလေသည်။

          သူ၏ ဆံပင်က ဗော်လူငယ်များလို ပခုံးပေါ်ကျအောင် ရှည်လျားပြီး နှတ်ခမ်းမွေး၊ မုတ်ဆိတ်မွှေးများလည်း ရှိသည့်ပြင် ဝတ်စားထားပုံကလည်း ဟာဝေယံ ရှပ်အင်္ကျီကြောင်ကြောင်ကျား၊ အညိုရောင် ဘောင်းဘီအောက်ပုပ္ပ (ဘဲလ်ဘောင်းဘီ)နှင့် ဖြစ်နေ၍ ရုတ်တရက် ကြည့်လိုက်လျှင် ကမ္ဘာ သည့်ခရီးသည် (တိုးရစ်)တစ်ဦးလိုလို၊ 'ဟစ်ပီ”ခေါ် စိတ်ကူးယဉ် လူအ ငံတစ်ယောက်လိုလို ထင်ရပေသည်။

          ထို့ပြင် သူ၏ လက်ကောက်ဝတ်တွင်လည်း ဟစ်ပီအဖွဲ့ဝင်များသို့ ဖန်ပုတီးများကို လက်ကောက်သဖွယ် ဝတ်ဆင်ထားလိုက်သေးသဖြင့် ရှုံး နှာခေါင်းရှုံ့စရာ ဖြစ်နေလေသည်။

          ထိုလူကား

          နယူးယောက်မြို့၏ ရဲတပ်ဖွဲ့တွင် နာမည်အကြီးဆုံး “ဆာပီကို”ဆိုသူ ပင်တည်း။

          အပြင်ပန်းအားဖြင့် စိတ်ကူးယဉ်သမားဟစ်ပီတစ်ယောက်လို ထင်ရလင့် ကစား မစာပီကို၏ ခါးကြား၌ ကျည်ဆန် ၁၄ တောင့်အပြည့် ထိုးထားသော ၉ မီလီမီတာ အမျိုးအစား မောင်းပြန်ပစ္စတိုသေနတ် တစ်လက် ပါသည်ကို လည်းကောင်း၊ သူ၏ လက်ကိုင်တုတ် ထိပ်ဖျားမှ အဖုံးကို လှည့်ထုတ်လိုက် ပါက အတွင်း၌ အလျား ၂၉ လက်မရှိပြီး အလွန်ထက်သော ဓားရှည်တစ်ချောင်း ပါရှိသည်ကိုလည်းကောင်း မည်သူမျှ မသိကြချေ။

          ဆာပီကိုသည် ယခုလို တစ်ယောက်တည်း အပြင်ထွက်သည့်အခါ လက်နက်များ အမြဲတမ်း ဆောင်သွားလေ့ရှိခြင်းမှာ အကြောင်းရှိပေသည်။

          သူသည် ရဲတပ်ဖွဲ့ဝင်တစ်ဦး ဖြစ်သော်လည်း အလွန် ရန်သူများကာ အလစ်တွင် သူ့အား လုပ်ကြံသတ်ဖြတ်လိုသူတွေနှင့် အချိန်မရွေး ရင်ဆိုင်ရ နိုင်သဖြင့် မိမိကိုယ်ကို ကာကွယ်နိုင်ရန် ဓားရှည်နှင့် သေနတ်လက်နက်များ အမြဲတမ်း ဆောင်လေ့ရှိခြင်းပင်ဖြစ်သည်။

          ဟိုတယ်တံခါးဝ၌ စောင့်ရသူ ယူနီဖောင်းဝတ် ဟိုတယ်အမှုထမ်းသည် - ဆာပီကိုကိုမြင်လျှင် သဘောမကျဟန်ဖြင့် မျက်နှာထား တင်းတင်းလုပ်ကာ ရပ်နေလိုက်သည်။

          သူ၏ တာဝန်မှာ ဟိုတယ်သို့ လာရောက်စားသောက်သူများအား ခရီး ဦးကြိုပြုခြင်း၊ မော်တော်ကားတံခါး ဖွင့်ပေးခြင်းစသည်ဖြင့် လုပ်ရသော်လည်းဆာပီကို ကိုမူ လုံးဝအရေးမလုပ်ဘဲ ဟိုတယ်အတွင်းသို့ ဝင်မလာစေချင်သည့် ဟန်ဖြင့် ခပ်တည်တည် ရပ်နေခြင်းဖြစ်သည်။

          သို့သော် ဆာပီကိုသည် တံခါးစောင့်သူ၏ ဟန်အမူအရာကို သိလျက် နှင့်ပင် လုံးဝအရေးမစိုက်ဘဲ ထိုသူ၏ ရှေ့မှပင် ဖြတ်လျှောက်ကာ ဟိုတယ် အတွင်းသို့ ခပ်တည်တည် လျှောက်ဝင်သွားလေသည်။

          ထိုနောက် အရက်ရောင်းသည့် “အား” ကောင်တာဆီသို့ လျှောက်သွား ပြီး အရက်တစ်ခွက် မှာယူသောက်နေလိုက်သည်။

          ဆာပီကိုသည် ကနေဒါနိုင်ငံ နိုဗာစကိုရှာကျွန်းသို့ ရက်သတ္တနှစ်ပတ် း အပန်းဖြေခရီး ထွက်ခဲ့ပြီး ယခုမှ ပြန်ရောက်လာခြင်း ဖြစ်လေသည်။

          ခရီးထွက်ခဲ့ခြင်းမှာလည်း နယူးယောက်မြို့ ရဲတပ်ဖွဲ့၏ အတွင်းရေး မ နှင့် ပတ်သက်၍ အကြီးအကျယ် မကျေမနပ်ဖြစ်နေမိရုံမက စိတ်အနှောင့် အယှက် ဖြစ်စရာတွေ အမြောက်အမြား ရင်ဆိုင်နေရခြင်းကြောင့် စိတ်ပန်း ပန်း ဖြစ်နေရသည်ကို အနည်းငယ် သက်သာရာရပါစေတော့ဟူသော ရွယ်ချက်ဖြင့် ထွက်ခဲ့ခြင်းဖြစ်လေသည်။

          နယူးယောက်မြို့၏ ရဲတပ်ဖွဲ့တွင် လူအင်အား သုံးသောင်းနှစ်ထောင် | ကျော်ရှိရာ ကမ္ဘာပေါ်ရှိ မြို့ကြီးများတွင် ရဲတပ်ဖွဲ့ အင်အား အများဆုံးဟု ခံနိုင်ပေသည်။

          သို့သော် ထိုမျှ အင်အားကြီးမားလှသော နာမည်ကျော် ရဲတပ်ဖွဲ့ကြီး ၌ အဂတိလိုက်စားမှု၊ လာဘ်ပေး လာဘ်ယူမှု၊ ဒုစရိုက်သမားတွေနှင့် နားလည်မှုယူကာ ရာဇဝတ်မှုတွေ များပြားနေသည်ကို မသိချင်ဟန်ဆောင် ဘလက်ပိုက်ကြည့်လိုမှုတွေ အလွန်များနေသဖြင့် ဆာပီကိုမှာ အကြီးအကျယ် ဘီပျက်ခဲ့လေသည်။

          ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက် ပေးရမည့် ရဲတပ်ဖွဲ့ဝင်တွေ ကိုယ်တိုင်က ပြည်သူများအပေါ် အနိုင်ကျင့် ခေါင်းပုံဖြတ် အမြတ်ထုတ်နေသည့် ဒုစရိုက်သမားများနှင့် အပေးအယူလုပ်ကာ နားလည်မှုရှိအောင် နေကြခြင်းကို ဆာပီကိုအနေဖြင့် မည်သို့မှ ဘဝင်မကျနိုင်ဘဲ ဖြစ်နေတော့သည်။

          ထိုကြောင့် သူသည်ရဲတပ်ဖွဲ့ဝင်အဖြစ် စတင်ဝင်ရောက် အမှုထမ်းသည့် အချိန်မှစ၍ ရဲတပ်ဖွဲ့ အတွင်း အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှုများပျောက်ရေးနှင့် ရဲတပ်ဖွဲ့ သန့်ရှင်းရေးအတွက် အစွမ်းကုန်ကြိုးစားပြီး မဖြစ် ဖြစ်အောင် လုပ်မည်ဟု ခိုင်မာစွာ ဆုံးဖြတ်ချက် ချခဲ့သည်။

          ယင်းသည်ပင်လျှင် ဆာပီကို ဘေးအန္တရာယ် အနှောင့်အယှက်မကို ဆက်တိုက်ရင်ဆိုင်ရသည့် အကြောင်းရင်း ဖြစ်လာတော့သည်။

          နယူးယောက်မြို့ “မက်ဟက်တန်”ရပ်ကွက် ဟိုတယ်သို့ ဘသီကို လက်ကိုင်တုတ်တောက်၍ ဝင်လာသည့်အချိန်မတိုင်မီ ခုနစ်လခန့် အတိတ်ဖြစ်ရပ်ကို ပြန်လည်တင်ပြမှ ဇာတ်ရေလည်မည်ဖြစ်၍ စာဖတ်သူများအား ခေတ္တမျှ အတိတ်ဆီသို့ ပြန်ခေါ်သွားရမည် ဖြစ်ပေသည်။

 

          ၁၉၇၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့က ဖြစ်သည်။

          အချိန်မှာ.......

          ည ၁၀ နာရီ ၄၂ မိနစ်တိတိ ရှိနေပြီဖြစ်သည်။

          ဘရွတ်ကလင်အရပ် အနောက်မြောက်ဘက်ရှိ “ဂရင်း” ဆေးရုံတွင် ညဘက်တာဝန်ကျနေသူ “မစ္စစ်ဘင်းနက်” အမည်ရှိ ကပ္ပလီ (နီဂရိုး) အမျိုး - သမီး သူနာပြုဆရာမကလေးသည် အရေးပေါ်လူနာဌာနတွင် ထိုင်နေစဉ် တယ်လီဖုန်းလာသဖြင့် နားထောင်ရာမှ မျက်လုံးပြူးသွားမိသည်။

          ဆရာမကလေးသည် တယ်လီဖုန်း စကားပြောခွက်ကို ပြန်ချလိုက်ပြီး ညတာဝန်ကျ ဆရာဝန်များရှိရာသို့ ဖျာပျာသလဲ ပြေးသွားလေသည်။

          “ဒီမယ်ရှင့်၊ ရဲအရာရှိတစ်ဦး သေနတ်ပစ်ခံရလို့တဲ့။ ဒဏ်ရာပြင်းတယ် လို့လည်း ပြောတယ် အခုပဲ ဒီဆေးရုံကို ခေါ်လာမယ်တဲ့"

          ဆရာမလေး မစ္စစ်ဘင်းနက်က ပြောလိုက်လျှင်ပင် တာဝန်ကျ ဆရာဝန် များလည်း လူနားရောက်လာလာချင်း ပြုစုကုသရန်အတွက် အလျင်အမြန် ပြင်ဆင်ကြလေတော့သည်။

          “မီထရို ပိလစ်တန်ရိပ်သာ လမ်းမကြီးပေါ်တွင် ရဲပိုင်ယာလက်ကား တစ်စီးသည် ဥဩဆူညံစွာဆွဲလျက် စက်ကုန်ဖွင့်ကာ ဆေးရုံဘက်ဆီသို့ အပြင်းမောင်းလျက် ရှိလေသည်။

          ထိုကားပေါ်တွင် ယာဉ်မောင်းသူ ရဲအပြင် နောက်ရဲတစ်ဦးက မလှုပ် မယှက် ဖြစ်နေသော လူနာတစ်ဦးကို အထူးဂရုစိုက်၍ ပွေ့ထားလေသည်။

          ထိုလူနာကား သေနတ်ပစ်ခံရသူ ဆာပီကိုပင်တည်း။ ။

          လွန်ခဲ့သော မိနစ် ၂ဝ က ဆာပီကိုသည် မူးယစ်ဆေးဝါး အကြီးအကျယ် မှောင်ခိုရောင်းဝယ်နေသည့် ဂိုဏ်းတစ်ဂိုဏ်းရှိရာ နေရာသို့ ဝင်ရောက်ဖမ်းဆီး နှိမ်နင်းရာတွင် ပြေးရင်းလွှားရင်းနှင့် တရားခံရှိရာ အခန်းတစ်ခန်းသို့ အတင်းဝင်မည်အပြု အတွင်းမှ မှောင်ခိုဂိုဏ်းသားတစ်ဦးက သေနတ်ဖြင့်ပစ်ရာ ဘပီကို၏ မျက်နှာတည့်တည့်ကို ထိမှန်သွားခဲ့ခြင်းပင် ဖြစ်သည်။

          ရဲဝိုင်ယာလက်ကားပေါ်သို့ ရောက်သောအခါ ဆာပီကိုမှာ လုံးလုံး သတိမေ့နေသော်လည်း သတိမရတစ်ချက် ရတစ်ချက် ဖြစ်နေလေသည်။ သေနတ်ကျည်ဆန်က သူ၏ မျက်နှာကို ထိမှန်သွားကြောင်းသာလျှင် သိလိုက် ဦး ဒဏ်ရာက မည်မှုပြင်းထန်သည်ကိုပင်လည်းကောင်း၊ ဆေးရုံရောက်ပြီးမကြာမီ သေရတော့မည့် အခြေအနေမျိုး ရှိမရှိဟူ၍လည်းကောင်း လုံးဝ ခန့်မှန်း၍ မရပေ။

          သူ၏ မျက်နှာတစ်ခုလုံး သွေးချင်းချင်းနီနေကြောင်းသာသိပြီး နာကျင် အ ဝေဒနာက မခံမရပ်နိုင်အောင် ဖြစ်နေခြင်းကိုသာ သိနေသည်။

          ဒဏ်ရာ ပြင်းထန်လှသဖြင့် သတိမေ့လုဆဲ ဖြစ်သည်ကိုကား သိနေ သဖြင့် အာပီကိုသည် စိတ်ကိုတင်းပြီး သတိမေ့မသွားစေရန် ကြိုးစားသတိ သားနေလေသည်။

          ဆာပီကို သေနတ်ပစ်ခံရသောသတင်း ရဲတပ်ဖွဲ့ဌာနချုပ်သို့ ရောက်ရှိသွား သောအခါ ရဲအရာရှိ အတော်များများသည် တုန်လှုပ်ချောက်ချားသွားမိကြလေ သည်။

          ဘာကြောင့် သေနတ်ပစ်ခံရလေသနည်းဟုလည်း အမျိုးမျိုး တွေးတော ဦးစားနေမိကြသည်။

          အချို့ကလည်း ဆာပီကို၏ အတိတ်နောက်ကြောင်းမှ ဖြစ်ရပ်များကို ခ်လည်သတိရမိကြသည်။

          လွန်ခဲ့သည့် ခြောက်လက လာဘ်စားမှုဖြင့် ဖမ်းဆီးအရေးယူခံရသော ထောက်တစ်ဦး၏ အမှုတွင် စာပီကိုသည် အရေးအပါဆုံး အစိုးရသက်သေ အဖြစ် တရားရုံးတွင် ထွက်ဆိုခဲ့ဖူးသည်။

          ဆာပီကို၏ ထွက်ဆိုချက်က အမှုတွင် ခိုင်လုံသော အထောက်အထား ဖနေ၍လည်း တရားခံ ရဲစုံထောက်ပေါ် ပြစ်မှုထင်ရှားသည်ဆိုက တရား က ထောင်ဒဏ်အပြစ်ပေးခဲ့သည်။

          ရဲတပ်ဖွဲ့ဝင် ထံမှ အဂတိ လိုက်စားပြီး မရိုးဖြောင့်သူများအနေဖြင့် ဆာပီကိုအား အကြီးအကျယ် မုန်းတီးလာကြလေရာ ယခု သေနတ်ပစ်ခံရခြင်းမှာ ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ လက်ချက်များလေလောဟုပင် စဉ်းစား ဖွယ်ရာြဖစ်စေသည်။

          သို့သော် နောက် နာရီပိုင်းအတွင်း ထပ်မံရရှိသော သတင်းများအရ အားကိုးအား သေနတ်ဖြင့် ပစ်ခတ်လိုက်သူမှာ မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်း မှဖြစ် ကြောင်း သိရတော့မှ ရဲအချင်းချင်း လက်ချက်မဟုတ်ကြောင်း ထင်ရှား လာသည်။ ။

          သို့ဖြစ်လင့်ကစား ဆာပီကို သေနတ်ပစ်ခံရခြင်းသည် ရိုးရိုးတန်းတန်း မတော်တဆဖြစ်ခြင်းမျိုး မဟုတ်ဘဲ သူ့ကိုမုန်းသော ရဲတပ်ဖွဲ့ဝင်များက ဒုစရိုက်ဂိုဏ်းနှင့် လျှို့ဝှက်ဆက်သွယ်ပြီး အသေသတ်နိုင်အောင် လုပ်ကြံအကွက် ဆင်ခြင်းများပေလောဟုလည်း တွေးစရာ ဖြစ်လာပြန်သည်။

          အဘယ့်ကြောင့်ဆိုသော် ဆာကိုအား ဒုစရိုက်သမားများသာမက ဇရိုးဖြောင့်သော ရဲတပ်ဖွဲ့ဝင်များကပါ စက်ဆုပ်မုန်းတီးနေကြသည်မှာ ထင်ရှား သောကြောင့်ပင်တည်း။

          ရဲဝိုင်ယာလက်ကားပေါ်တွင် သေနတ်ဒဏ်ရာဖြင့် မရှုမလှ ခံစားနေရသူ “ ဆာကိုသည်လည်း အလားတူ တွေးတောချက်များ စဉ်းစားနေမိလေသည်။

          သူ့ အား မုန်းတီးသူ ရဲတပ်ဖွဲ့ဝင်များက ဒုစရိုက်ဂိုဏ်းသားများကို ကြိုတင်သတင်းပေးကာ မိမို့ လာရောက်ဖမ်းဆီးချိန်တွင် အသေသတ်၍ အက်ရှင်းရန် ကြိုတင်အကွက်ဆင်ပေးခဲ့ကြလေသလော။

          အတိတ်က ဖြစ်ရပ်အချို့ကိုလည်း ပြန်လည်သတိရ မြင်ယောင်မိလာ သည်။

          ဒုစရိုက်ဂိုဏ်းတစ်ခုက ၎င်းတို့၏ လုပ်ရပ်များကို ရဲက မျက်နှာလွှဲစေရန် ရဲ များအား ကျိတ်၍ ငွေပေး အများစုက ခေါင်းညိတ်ပြီး ငွေလက်ခံကြချိန်တွင် ဆာပီကိုက ခါးခါးသီးသီး ငြင်းပယ်သဖြင့် သူနှင့် ခင်မင်ရင်းနှီး သော ရဲအရာရှိတစ်ဦးက တစ်နေ့ ဆာပီကိုနှင့် နှစ်ယောက်ချင်း ဆုံမိခိုက်

          “သူငယ်ချင်း ဆာပီကို၊ ဘာဖြစ်လို့ အများနည်းတူ မလိုက်ဘဲ ခွစာ 'လုပ်ချင်နေရတာလဲ၊ ဘယ်သူသိတာလိုက်လို့ ၊ သူငယ်ချင်းအနေနဲ့ ငွေယူလိုက် ရင်ပြီးရော”

          ဟု ပြောခဲ့ဖူးသည်။ သို့သော် အာပီကိုက လုံးဝ အလျှော့မပေး။ ဒုစရိုက်ဂိုဏ်းက လာဘ် ပေးခြင်းကို ဆက်လက်ငြင်းဆန်ခဲ့သည်။

          တစ်ကြိမ်တွင်လည်း ဒုစရိုက်ဂိုဏ်းနှင့် နားလည်မှုယူထားပြီး စားသာ ' သော ရဲစုံထောက်တစ်ဦးသည် ဆာပီကို လာဘ်ငွေယူရန် ငြင်းပယ်ခြင်း - ဒေါသထွက်လာရာမှ

          “မင်းလို ခွစာကျတဲ့လူမျိုး မှတ်လောက်သားလောက်အောင် ဆုံးမရဦးမယ် "

          ဟုပြောရင်း ဓားမြှောင်တစ်လက်ဖြင့် တိုက်ခိုက်ခဲ့ဖူးသည်။ ဆာပီကိုက ကျွမ်းကျင်သော ကရာတေး သိုင်းပညာဖြင့် ထိုရဲစုံထောက်အား အနိုင်ယူ လေသည်။ ။

          နောက်တစ်ကြိမ်တွင် ဆာပီကို၏ စုံစမ်းထောက်လှမ်းမှုဖြင့် ဖမ်းဆီး အရေးယူခံရသော ဒုစရိုက်ဂိုဏ်းသား လောင်းကစားဒိုင်တစ်ဦးက သတင်းပေး သလိုနှင့် ခြိမ်းခြောက်ခဲ့ဖူးသည်။ ။

          “ဟေ့လူ၊ ခင်ဗျားကိုယ်ခင်ဗျား သိပ်လည်း အထင်ကြီးမနေနဲ့၊ တနေ့ကြရင် ခင်ဗျားတို့ လူအချင်းချင်းကပဲ ခင်ဗျားကို သုတ်သင်ရှင်းလင်းပင်မှာ သများတယ်"

          “ဘာကို ဆိုလိုတာလဲ၊ ကျပ်တို့လူ အချင်းချင်းဆိုတာ ကျပ် အီတလီနိုင်ငံသား အမျိုးအနွယ်တွေက ကျုပ်ကို လုပ်ကြံမှာတဲ့လား"

          “မဟုတ်ဘူး ကိုယ့်လူ၊ အီတလီ အမျိုးအနွယ်ကို ပြောတာမဟုတံဆူး ခင်ဗျားလို ရဲအရာရှိတွေက တစ်နေ့ကျရင် ခင်ဗျားကို အပျောက်ရှင်းပြစ်မှာ "

          ဤသို့ ခပ်တည်တည် ပြောခဲ့သော လောင်းကစားသမားလည်း ရှိခဲ့ သည်။

           ဆေးရုံမရောက်မီ ရဲကားပေါ်တွင် မချိမဆံ့ ဝေဒနာခံစား ကြားမှပင် ဆာပီကိုသည် အထက်ဖော်ပြပါ အတိတ်က ပင် မြန်ပြောင်း သတ်ရနေမိလေသည်။

          မိမိက အများနည်းတူ မိုးခါးရေသောက်ရန် ငြင်းဆန် သည့်အတွက် ရဲအချင်းချင်း ပြန်၍ လုပ်ကြံခြင်းပေလော။