Skip to product information
1 of 2

Other Websites

တက္ကသိုလ်နေ၀င်း - ဂေါ့ဒ်ဖားသား

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
အပိုင်း (၁)

          ဘိုနာဆရာသည် နယူးယောက်မြို့ ရာဇဝ တ်တရားရုံး အမှတ် (၃) အတွင်းရှိ ခုံရှည်တစ် ခုတွင် ထိုင်ရင်း တရားသူကြီးမင်း၏ စီရင်ချက် ကို နားထောင်ရန် စောင့်နေလေသည် ။//

          သူ့အနေဖြင့် တစ်သက်တာတွင် မကြုံစဖူး ရှက်လည်း ရှက်၊ ဒေါသလည်း ထွက်နေကြော င်း မျက်နှာတွင် ပေါ်လွင်ထင်ရှားနေ၏။ သူ အ လွန်ချစ်သော သမီးပျို ကလေးအား အသက် ၂ ၀ ရွယ် ကျောင်းသားလူငယ် နှစ်ဦးက တစ်ညရုပ်ရှင်ကြည့်ရန်ဟု ခေါ်သွားပြီး လမ်းတွင် ဗလ က္ကာရပြုရန်ကြံစည်ရာ ကလေးမက ငြင်းဆန် သဖြင့် သူငယ်နှစ်ယောက်သည် မိန်းကလေး၏ မျက်နှာကို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် ရိုက် နှက် ထိုးကြိတ် ခဲ့ကြ၏၊ မိန်းကလေးမှာ မရှုမ လှခံစားရပြီး ဆေးရုံတက်ပြီး ကုသနေရ၏။

          ဘိုနာဆရာသည် တရားဥပဒေကို အားကိုးသူပီပီ ဆိုင်ရာရဲစခန်းသို့ တိုင်ကြားအ မူဖွင့်ချက်အရ ကျောင်းသားလူငယ်နှစ်ဦးအား ရဲကဖမ်းဆီးပြီး ရုံးတင်တရားစွဲဆိုရာ ယနေ့ စီ ရင်ချက်ချမည်ဖြစ်၍ မိန်းကလေး ၏ ဖခင်အ နေဖြင့် ဆိုးသွမ်းလူငယ်နှစ်ယောက်သည် ပြင်းပြင်းထန်ထန် အပြစ်ဒဏ်ပေးခြင်း ခံရလိ မ့်မည်ဟု မျှော်လင့်နေ၏။

          သမီးအတွက် အလွန်ရှက်နေရသည့် အထဲတွင် တရားခံလူငယ်တစ်ဦးက သူ့အား မထီမဲ့မြင် ကြည့်ရင်း လှောင်ပြောင်သရော်လိုသော မျက်နှာထားများ လုပ်ပြနေသည် ကို ဒေါသထွက်နေမိ၏။

          အချိန်တန်၍ တရားသူကြီးက စီရင်ချက်ကို ဖတ်လိုက်သောအခါ ဘိုနာသေရာမှာ ပို၍ ပင် ဒေါသထွက် မိတော့၏။ အကြောင်းမူကား တ ရားခံလူငယ်များအား ယခင်က ပြစ်မှုကျူးလွန် ခဲ့ခြင်း မရှိသူ၊ မျိုးရိုး အဆက် အနွယ် ကောင်း သူများ ဖြစ်၍ တစ်ကြောင်း၊ မိန်းကလေးအား ထိရောက်အောင်မြင်စွာ သားမယားအဖြစ် မပြုကျင့်ခဲ့၍ တစ်ကြောင်း၊ ဆိုးသွမ်းလူငယ်များ ပြုပြင်သည့် 'ဂေဟာ'ကျောင်းတွင် သုံးနှစ်ပို့ထားရန်၊ သို့သော် ယင်း သို့ပို့ခြင်းကိုလည်း ယာယီဆိုင်းငံ့ထားရန်သာလျှင်.................................တရားသူကြီးက အပြစ်ပေးလိုက်သောကြောင့် ပင် တည်း။

          တရားခံလူငယ်နှစ်ယောက်အား ရဲကလွှတ် ပေးလိုက်၍ ထွက်သွားကြသည် ကို မြင်သောဘိုနာသေ ရာသည် စိတ်ထိခိုက်လွန်းသဖြင့် မျက်ရည်များ ပင် ကျ မိ၏။

          ထိုနောက် မခံမရပ်နိုင် ဖြစ်လာကာ တရား ခံလူငယ်များအား လှမ်း၍

          “ငါ မျက်ရည်ကျသလို မင်းတို့ လည်း မျက် ရည်ကျရစေမယ်”ဟု ဟစ်အော် ခြိမ်းခြောက် လိုက်လေ သည် ။ တစ်ချိန်တည်းမှာ သူ၏ ဇနီး အား "ငါတို့ ဟာ ဒီတရားရုံးကိုလာတာ တရားမျှ တဲ့ စီရင်မှု မရခဲ့ဘူး။ ငါတို့ သာ အရူးလို ဖြစ်ခဲ့ရတယ်။ ဒါကြောင့် ငါတို့ ဟာ ဒူးလောကံတော် င်းပန်ရချင် ရပါစေ၊ တရားမျှတမှု ရရှိအောင်တော့ ဒွန်ကော်လီယွန်ဆီကို သွားကြရမယ်” | ဟု ခပ်တိုးတိုး ပြော လိုက်လေသည် ။

          ဘိုနာဆရာသည် အီတာလျံလူမျိုးဖြစ်ပြီး အမေရိကန်နိုင်ငံသို့ လာရောက် အခြေစိုက်နေ ထိုင်သူ ဖြစ်၏။ နယူးယောက်မြို့ အီတာလျံလူ ရပ်ကွက်တွင်နေထိုင်ပြီး လူသေလောင်းများ မြေမြှုပ်ပေးခြင်း၊ အသုဘ သေတ္တာ (အခေါင်း များ လုပ်ရောင်းခြင်း၊ အ သုဘယာဉ်များ ငှားခြင်းဖြင့် အသက်မွေး၏။ အခြားသောအီတလီလူမျိုး အဆက်အနွယ်များ (အထူးသဖြင့် ဆစ်စလီန ယ်သားများ ) ကဲ့သို့ ဒုစရိုက်လောက လူဆိုးဂို ဏ်းများ နှင့် မဆက်သွယ်ဘဲ အေးအေးလူလူနေခဲ့၏။ အမေရိကန်နိုင်ငံ၏ တရားစီရင်ရေးစ နစ်ကို အထင်ကြီးစွာဖြင့် အားကိုးခဲ့၏။ ယခုတော့မူ သူ၏ ချစ်စွာသော သမီးကလေးအား စော်ကားရန်ကြံစည်သော လူငယ်နှစ်ဦးသည် မိန်းကလေးအား ရုပ်ပျက်ဆင်းပျက် အနာတရဖြစ်အောင် ကျူးလွန်ခဲ့ပါလျက် အချို့ ပ်မှ လွှတ်ပစ်လိုက်ကြပြီ ဖြစ်၏။

          ထို့ကြောင့် သူသည် တရားရုံးများ ထက် ပိုပြီးမှန်ကန်တိကျသော တရားစီရင်မှုပေးနိုင် သည် ဟု ကျော်ကြားသော ပုဂ္ဂိုလ်ထံ ချဉ်းကပ် ရန် ဆုံးဖြတ်လိုက်ရခြင်း ဖြစ်၏။

          ထိုပုဂ္ဂိုလ်ကား နယူးယောက်မြို့၏ လူဆိုးဂို ဏ်းမြေအောက်လောကတွင် သြဇာအရှိဆုံး၊ အာဏာအရှိဆုံး ဖြစ်သော “ဂေါ့ဒ်ဖားသား' ခေါ် ဒွန်ကော်လီယွန် အမည်ရှိ အဘိုးကြီးပင်တည်းလော့စ်အိန်ဂျယ်လစ်မြို့ ဟိုတယ်ကြီးတစ်ခု ၏ အခန်းတွင် တစ်ယောက်တည်း စိတ်ဓာတ် ကျကျနှင့် ဝီစကီအရက်ကို ဖိသောက်နေသူ ကား ရုပ်ရှင်မင်းသား ဂျော်နီဇွန်တိန်းပင် ဖြစ် ၏။ သူသည် ဟောလိဝုဒ်ရုပ်ရှင် လောကသို့ အ မေရိကန်ပြည် အရှေ့ဘက်ကမ်းရိုးတန်း နယူးယောက်မြို့မှ တစ်ဆင့် ရောက်ရှိလာသူ ဖြစ်၏ ။ လောလောဆယ် အချိန်တွင် ကား ဂျော်နီဖွန် တိန်းသည် ရုပ်ရှင်နယ်တွင် အနှိမ်ခံနေရပြီး ထိ ပ်တန်း နာမည်ကြီး လာနိုင်မည့် ဇာတ်ကားများ တွင် ပါဝင်ခွင့်မရဘဲ ချောင်ထိုး ထားခြင်း ခံနေရ၏။ အရေးထဲ သူ၏ ဇနီး (ရုပ် ရှင် မင်းသမီး) က ဂျော်နီအပေါ် သစ္စာမရှိဘဲယောက်ျားတကာနှင့် တွဲ၍ လျှောက်သွားနေ၏ ။ စင်စစ် ဂျော်နီသည် သူ၏ ပထမဇနီးနှင့် က လေးများကို စွန့်ပစ်ကွာရှင်းပြီး ဤရုပ်ရှင်မင်း သမီးကိုယူခဲ့၏။ သို့သော် ယခုတော့ ချစ်ဇနီး ရွှေမင်းသမီးက သူ့အား လျစ်လျူရှုပြီး ထင်ရာ စိုင်းနေပါလေပြီ။ - ဝီစကီအရက်ကို ရေမရောဘဲ သောက်နေ ရာ ဂျော်နီသည် နံနက်လေးနာရီ ထိုးလုနေပြီ ကို သတိမထား မိ တော့ချေ။ ထိုအခိုက် သူ့ဇနီး ရွှေမင်းသမီးက လည်ရာမှ ပြန်ရောက်လာရာ ဂျော်နီသည် အရက်မူးမူးနှင့် ထ၍ ကြိမ်းမောင်းလေသည် ။

          "တစ်ညလုံး ဘယ်လျှောက်သွားနေတာလဲ မချော"

          ဤသို့ ဂျော်နီက မေးလိုက်သောအခါ အမျိုးသမီးက ” “ထွက်ပြီး ကမြင်းနေတာ” ဟု အရွဲ့တိုက် ပြန်ပြောလေသည် ။

          ဤတွင် ဂျော်နီ ဖွန်တိန်းသည် စိတ်ကို မထိ န်းနိုင်ဘဲ ထ၍ ထိုးကြိတ် ရိုက်နှက်တော့၏။ သို့သော် ဝီစကီ အရက်မူးနေခြင်းကြောင့် ထိရော က်စွာ မရိုက်နိုင် မထိုးနိုင်ဖြစ်နေ၏။ အရေးထဲ သူ့ဇနီးက သူ့အား လှောင် ပြောင်သရော်ပြန်သေး။ ပြီးမှ အိပ်ခန်းထဲ ဝင်သွားကာ တံခါးကို အတွင်းမှ ပိတ်ထားလိုက်တော့၏။

          ဂျော်နီသည် အကြီးအကျယ် စိတ်ဓာတ်ကျ နေမိရင်း သူ၏ ဘဝ ရှေ့ရေးကို မည်သို့ကြံရပါ မည်နည်းဟု တွေးနေမိလေသည် ။ ခဏချင်းပ င် သူသည် အကြံရကာ တယ်လီဖုန်းကို ကော စက်ကိုင်ပြီး လေဆိပ်သို့သွားရန် မော်တော်ကားတစ်စီးကို မှာ ယူလိုက်၏။

          သူသည် နယူးယောက်မြို့တွင် ငယ်ရွယ်စဉ် ကနေထိုင်ခဲ့ရရာ အလွန်ကြမ်းတမ်းသော ဘဝဖြင့် ကျင်လည် ခဲ့ရပုံကို ပြန်ပြောင်း သတိ ရမိ၏။ ယခု သူ၏ ဘဝရှေ့ရေးအခြေအနေ ဆိုးသည် ထက်ဆိုးလာမည့် အန္တရာယ်ကို ကာ ကွယ်ပေးနိုင်သူ တစ်ဦးတည်းသာ ရှိတော့ရာ ထိုသူသည် ယခု နယူးယောက်မြို့တွင် ရှိနေ၏ ။ သူ့အား ဟောလိဝုဒ် ရုပ်ရှင်လောကတွင် လူ တစ်လုံးဖြစ်လာအောင် ကူညီ ဖန်တီးပေးနိုင်စွ မ်းလည်း ရှိ၏။ သြဇာ အာဏာ လည်း ကြီးမား လှသူ ဖြစ်၏။ ထိုပုဂ္ဂိုလ်ကား ဂျော်နီအား ငယ် စဉ်ကမွေးစားဖခင် “ဂေါ့ဒ်ဖားသား' အဖြစ် ကြ ည့်ရှု စောင့်ရှောက်ခဲ့သူ ဒွန်ကော်လီယွန် ဆိုသူ ပင်တည်း။ ထို့ကြောင့် ယခု ဂျော်နီသည် နယူးယောက်မြို့သို့ ချက်ချင်း လေယာဉ်ဖြင့်သွားရန် လေဆိပ်သို့သွားခြင်းပင် ဖြစ်လေသည် ။

          'နာဇိုရင်း” သည် အမေရိကန်ပြည်၊ နယူး ယောက်မြို့တွင် လာရောက်အခြေစိုက်နေထိုင် သူ ဖြစ်သော် လည်း အီတလီလူမျိုးတစ်ဦး ဖြစ် ၏။ အသက်မွေးဝမ်းကျောင်းအလုပ်ကား အီတ လီနိုင်ငံတွင် ပြုလုပ်စား သောက်ကြသော ပေါ င်မုန့်မျိုးကို နယူးယောက်မြို့တွင် ဖုတ်၍ ရော င်းချရခြင်းပင် ဖြစ်၏။ သူ၏ ပေါင်မုန့်ဖုတ် လု ပ်ငန်းတွင် ကူညီလုပ်ကိုင်ရန် ငှားရမ်းထားသော “အင်ဇို' အမည်ရှိ အီတာလျံအနွယ် ဆစ် စလီကျွန်းသား လူငယ်တစ်ယောက်ရှိ၏။

          အင်ဇိုသည် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက ဖမ်းဆီးခြင်းခံခဲ့ရသူ အီတလီစစ်သုံ့ပန်းတစ်ဦးဖြစ်၏။ အမေရိကန်ပြည် သုံ့ပန်းစခန်းတွင် ထားပြီးနောက် အကျင့်စာရိတ္တကောင်းမွန်သဖြ င့် အာဏာပိုင်တို့ က အပြင် ဘက်တွင် လုပ်ကို င်စားသောက်ခွင့် ပေးထားရာမှ နာဇိုရင်း၏ ပေါင်မုန့်ဖိုတွင် အကူအလုပ်သမား ဝင်လုပ် နေ ခြင်း ဖြစ်၏။ ယခု စစ်ကြီးပြီးသွားပြီဖြစ်၍ မကြာမီ သူ့အား အမေရိကန်အစိုးရက အီတ လီနိုင်ငံသို့ ပြန်ပို့ တော့မည် ဖြစ်လေသည်

          ယခု လောလောဆယ်ပင် ပြဿနာကား အ င်ဇိုသည် အလုပ်ရှင်နာဇိုရင်း၏ သမီးပျို ကက် သရင်းနှင့် လူငယ်ဘာဝ ချစ်ကြိုက်နေကြခြင်း ပင် ဖြစ်၏။ ဖခင်ဖြစ်သူ နာဇိုရင်းက သဘောမ ကျသော်လည်း သမီးကိုယ် တိုင်က ချစ်သူအင် ဇို မရှိလျှင် အိမ်မှ ထွက်ပြေးမည်ဟု ခြိမ်းခြော က်နေသဖြင့် နာဇိုရင်းမှာ အကျပ်တွေ့နေတော့၏။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)