Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

တက္ကသိုလ်နေဝင်း - စစ်တောင်းတိုက်ပွဲ

Regular price 3,500 MMK
Regular price Sale price 3,500 MMK
Sale Sold out

အခန်း ၁

တည်ရှိခဲ့သော တပ်ဖွဲ့များ

          ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ဂျပန်စစ်တပ်များ မှာ အမှတ် ၁၅၊ အမှတ် ၂၈ နှင့် အမှတ် ၃၃ စစ်တပ်ကြီး သုံးတပ် ဖြစ်လေသည်။

          မြန်မာနိုင်ငံတစ်ခုလုံးကို ခြုံ၍တာဝန်ယူရသော 'မြန်မာနိုင်ငံဒေသစစ်တပ်” (Burma Area Army) ကိုတာဝန်ခံကွပ်ကဲသူကား ဗိုလ်ချုပ်ကြီး ကီမူရာဖြစ်၍ ရန်ကုန်မြို့တွင် ဌာနချုပ်ပြုလုပ်ထားသည်။

          ယင်းမြန်မာနိုင်ငံဒေသ စစ်တပ်သည် ဆေးဂုံမြို့တွင် ရုံးထိုင်သော တောင်ပိုင်းဒေသ ဂျပန်တပ်များ၏ သေနာပတိချုပ် ဗိုလ်ချုပ်မှူး(ဖီးလ်မာရှယ်) ‘တယ်ရာအူချီ”လက်

          အောက်တွင် တည်ရှိလေသည်။ တစ်ဖန် အဆိုပါဆေးဂုံမြို့ရှိ တောင်ပိုင်းဒေသ ဂျပန် တပ်အားလုံးကို တိုကျိုမြို့ရှိ ဘုရင့်လက်နက်ကိုင်တပ်များဌာနချုပ်က ကွပ်ကဲ အုပ်ချုပ် ထားလေသည်။ ။

          မြန်မာနိုင်ငံရှိ ဂျပန်စစ်တပ်ကြီးများအနက် အမှတ် ၁၅ စစ်တပ်သည် ၁၉၄၄ ခုနှစ်က အိန္ဒိယနိုင်ငံသို့ ချင်းနင်းဝင်ရောက်ရန် ကြိုးစားတိုက်ခိုက်ရာတွင် မရှုမလှ အရေးနိမ့်ခဲ့ရပြီး အမှတ် ၃၃ စစ်တပ်ကလည်း ၁၉၄၅ ခု၊ နှစ်ဦးပိုင်း ဧရာဝတီမြစ်ရိုးတစ်လျှောက် ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် ရှုံးနိမ့်ကာ မြန်မာပြည်အထက်ပိုင်းနှင့် အလယ်ပိုင်းကို ဂျပန်တို့ စွန့်လွှတ်ခဲ့ရသည်။

          ၁၉၄၅ ခုနှစ်၊ နွေဦးရာသီရောက်သော် ရန်ကုန်မြို့တော်သည်ပင်လျှင် ဗြိတိသျှတို့ လက်သို့ ကျရောက်သွားပြီး ဂျပန်အမှတ် ၁၅ နှင့် အမှတ် ၃၃ တပ်များမှာ တနင်္သာ ရီတိုင်းဘက်သို့ ဆုတ်ခွာနေရလေသည်။ | ရခိုင်ပြည်ဘက်သို့ ရောက်နေသော ဂျပန်စစ်သည်များ အနေဖြင့် ထွက်ပေါက် ပိတ်မနေရန်အတွက် ဂျပန်အမှတ် ၂၈ တပ်ကြီးသည် ဧရာဝတီမြစ်ကို ဖြတ်ကူး၍ ပဲခူးရိုးမ တောတောင်များထဲတွင် ခိုအောင်းနေရန် ဆုံးဖြတ်ခဲ့လေသည်။ ထိုမှတစ် ဆင့် ဗြိတိသျှနှင့် မဟာမိတ်တပ်များကို ထိုးဖောက်တိုက်ထွက်၍ စစ်တောင်းမြစ်ကို ဖြတ်ကူးကာ အရှေ့ဘက်ကမ်းရှိ ကျန် ဂျပန်တပ်များနှင့် ပူးပေါင်းရန် ဖြစ်လေသည်။

          ဤကား ယခုစာအုပ်ပါ အကြောင်းအရာများ၏ အစတွင်ရှိနေသော အခြေအနေ ပင်ဖြစ်သည်။

 

          အမှတ် ၂၈ စစ်တပ်ကြီး

          ဂျပန်အမှတ် ၂၈ စစ်တပ်ကြီးကို စတင်ဖွဲ့စည်းခဲ့ခြင်း၏ အဓိကရည်ရွယ်ချက်မှာ ၁၉၄၄ ခုနှစ်က ဂျပန်တို့က အိန္ဒိယပြည်သို့ ချင်းနင်းဝင်ရောက်တိုက်ခိုက်ရာတွင် လက်ဝဲတောင်ပံမှ အင်အားဖြည့်တင်းရန်ပင်ဖြစ်သည်။ ချင်းတောင်တန်းကိုဖြတ်၍ အိန္ဒိယသို့ တိုက်ရိုက်ထိုးစစ်ဆင်ရန်ကိုမူ လက်ဖတင်နင်ဂျင်နရယ်လ်(ဒုတိယ ဗိုလ်ချုပ်ကြီး) မူကေဂူချီ ကွပ်ကဲသော ဂျပန်အမှတ် ၁၅ စစ်တပ်ကြီးက ဦးဆောင်တိုက်ခိုက်ရန်ဖြစ် သည်။ ယင်းစစ်ဆင်ရေး၏ ရည်မှန်းချက်မှာ ဗြိတိသျှအမှတ် ၄ တပ်မကြီး ဌာနချုပ် စခန်းပြုလုပ်ထားသော မဏိပူရပြည်နယ် မြို့တော် အင်ဖာလ်မြို့ကို ဝင်ရောက်သိမ်း ပိုက်ရန်ပင်ဖြစ်သည်။ ထိုမှတစ်ဆင့် ဗိုလ်ချုပ်ကြီး မူကေဂူချီ၏ အမှတ် ၁၅ စစ်တပ် သည် ဗြဟ္မပုတ္တရမြစ်ဝှမ်းသို့ ဆက်လက်ချီတက်ရန်ဖြစ်သည်။ ယင်းအဆင့်သို့ရောက် ပါက ဂျပန်တို့ ချီတက်ဝင်ရောက်လာခြင်းသတင်းက ပျံ့နှံ့ကာ နဂိုက မကျေမနပ် ဖြစ်နေသော ဘင်္ဂလားပြည်နယ်လူထုက ဗြိတိသျှအစိုးရအပေါ် တော်လှန်အုံကြွလျက် ဂျပန်စစ်တပ်များအား ခရီးဦးကြို ပြုကြလိမ့်မည်ဟုလည်း မျှော်မှန်းထားလေသည်။

          ဤကား ဂျပန်တို့က မျှော်လင့်ထားသည့်အတိုင်း စီမံကိန်းရေးဆွဲထားခြင်းပင် ဖြစ်သည်။

          ဂျပန်အမှတ် ၁၅ စစ်တပ်ကြီးက မြန်မာနိုင်ငံအနောက်မြောက်ပိုင်း ချင်းတောင် ဒေသမှတစ်ဆင့် ထိုးစစ်ဆင်နေစဉ် ယင်းတပ်ကြီး၏ လုံခြုံရေးအတွက် လက်ဝဲဘက်တောင်ပံမှ ကာကွယ်ပေးရန် လိုအပ်ပေသည်။ အထူးသဖြင့် ရခိုင်ကမ်းရိုးတန်းသို့ ဗြိတိသျှတို့ရေကြောင်းမှ တိုက်ခိုက်လာမည့် အန္တရာယ်နှင့် စစ်တကောင်းမြို့မှတစ်ဆင့် ရခိုင်သို့ ထိုးဖောက်ဝင်လာမည့် အန္တရာယ်တို့ကို ကာကွယ်တားဆီးရန် ရည်ရွယ် ချက်ဖြင့် ဂျပန်အမှတ် ၂၈ စစ်တပ်ကြီးကို ဖွဲ့စည်းခဲ့ခြင်းဖြစ်လေသည်။

          အမှတ် ၂၈ စစ်တပ်ကြီးတွင် ဒီဝီဇံ တပ်မကြီးသုံးခု ပါဝင်ရာ ၎င်းတို့မှာ အမှတ် ၂။ အမှတ် ၄၅ နှင့် ၅၅ တပ်မကြီးများပင်ဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် အမှတ် ၂ တပ်မကြီးသည် မြန်မာပြည်အလယ်ပိုင်းသို့ ပြောင်းရွှေ့ ရပြီး ထိုမှတစ်ဆင့် ပြင်သစ် အင်ဒိုချိုင်းနားသို့ အပြီးပိုင် ပြောင်းရွှေ့ သွားသောကြောင့် ဤစာအုပ်ပါ အဖြစ်အပျက် များနှင့် မပတ်သက်တော့ချေ။

          အမှတ် ၅၄ နှင့် ၅၅ တပ်မကြီးနှစ်ခုသာလျှင် ယခုဖော်ပြလတ္တံ့သော မှတ်တမ်းတွင် အဓိက ပါဝင်နေသည်။

          ဖော်ပြပါ တပ်မကြီးများအပြင် ဂျပန် ၂၈ စစ်တပ်ကြီးကို အခြားတပ်ဖွဲ့များဖြင့် လည်း အင်အား ဖြည့်တင်းထားပါသေးသည်။

          ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်မှ ချဉ်းကပ်လာလတ္တံ့သော ရန်သူအား စောင့်ကြည့်ရာတွင် အမှတ် ၂၈ စစ်တပ်ကြီးကို ဂျပန်ရေတပ်ကလည်း ပူးပေါင်းကူညီခဲ့ ရလေသည်။

          ရေတပ်ဗိုလ်ချုပ်ကြီး တာနာကာရိုင်ဇို ဦးစီးကွပ်ကဲသော ဂျပန်အမှတ် ၁၃ ရေ တပ်ဖွဲ့ က အမှတ် ၂၈ ဂျပန်စစ်တပ်ကြီးကို ကူညီကာကွယ်ရန် တာဝန်ကျခဲ့ပေသည်။ ရေတပ်ဗိုလ်ချုပ် တာနာကာရိုင်ဇိုဆိုသူမှာ အနောက်တောင်ပစိဖိတ်သမုဒ္ဒရာ စစ်မျက်နှာ ၌ တိုက်ခိုက်ရေးအရည်အချင်းထက်မြက်သူဟု နာမည်ရခဲ့သူဖြစ်သည်။

          သူ၏ရေတပ်ဌာနချုပ်ရုံးကို ရန်ကုန်မြို့၌ထားရှိပြီး ဂျပန်ရေတပ်ဖွဲ့ နှစ်ဖွဲ့ကို ရန်ကုန် နှင့် တောင်ကုတ်တွင် နှစ်နေရာခွဲ၍ ချထားလေသည်။

          ရေတပ်ဖွဲ့များ၏ တာဝန်ကား မြန်မာ့ပင်လယ် ကမ်းရိုးတန်းတစ်လျှောက် ရန်သူ သင်္ဘောများ ချဉ်းကပ်မလာအောင် စောင့်ကြပ်ရန်နှင့် မြစ်ချောင်းများအတွင်း ဗြိတိ သျှစစ်တပ်များက မြှုပ်ထားခဲ့သည့် ရေမြှုပ်ဗုံးများ ဖော်ထုတ်ရှင်းလင်းရန်ပင်ဖြစ်သည်။ ဂျပန်ရေတပ်ဖွဲ့ တစ်ဖွဲ့လျှင် လူအင်အား ၆၀၀ ခန့်ရှိပြီး ‘တိုပီဒို” သင်္ဘောအပါအဝင် တိုက်ရေယာဉ်ငယ်များသာ ရှိလေသည်။

          ၁၉၄၅ ခုနှစ် နွေဦးရာသီကာလတွင် ရန်ကုန်မြို့ရှိ ဂျပန်တပ်များကို ပူးပေါင်း ဖွဲ့စည်းလျက် အမှတ် ၁၀၅ စုပေါင်းတပ်မဟာအဖြစ် ပြန်လည်ဖွဲ့စည်းကာ ပဲခူးရိုးမတွင် ဌာနချုပ်စခန်းပြုထားသည်။ အမှတ် ၂၈ ဂျပန်စစ်တပ်ကြီး၏ ကွပ်ကဲမှုဖြင့် ဆက်လက် လှုပ်ရှားခဲ့ရလေသည်။

          ဂျပန် ၂၈ စစ်တပ်ကြီးအတွင်းရှိ တပ်များအနက် မြန်မာနိုင်ငံတွင် တိုက်ပွဲအတွေ့ အကြုံ ဝါရင့်ဆုံးတပ်ဖွဲ့ ကား အမှတ် ၅၅ ဒီဝီဇံတပ်မကြီးပင်ဖြစ်သည်။ ယင်းတပ်မ ကြီးမှ တပ်သားအများစုမှာ ဂျပန်ပြည် “ရှီကိုကူ”ကျွန်းသားများဖြစ်ကြသည်။

          ၁၉၄၁ ခုနှစ်က ယိုးဒယား (ထိုင်း)နိုင်ငံမှတစ်ဆင့် မြန်မာပြည်သို့ ထိုးဖောက်ဝင် ရောက်ပြီး ဗြိတိသျှအမှတ် ၁၇ တပ်မကြီးကို ဆုတ်ခွာပြေးရအောင် တိုက်ခဲ့သည်မှာ လည်း ယင်းအမှတ် ၅၅ တပ်မကြီးပင်ဖြစ်ပေသည်။

          ၁၉၄၂ ခုနှစ်ဆန်းက အမှတ် ၃၃ ဂျပန်တပ်မကြီးက ရန်ကုန်မြို့သို့ ချီတက် သိမ်းပိုက်နေစဉ် အမှတ် ၅၅ တပ်မကြီးသည် စစ်တောင်းမြစ် စစ်မျက်နှာမှ မြောက် ဘက်သို့ ချီလျက် တရုတ်စစ်သည်တို့အား တိုက်ခိုက်ခဲ့လေသည်။

          တရုတ်တပ်များ ဆိုသည်မှာ ထိုစဉ်က အရေးနိမ့်နေသော ဗြိတိသျှတပ်များအား “ချန်ကေရှိတ်” အစိုးရက စစ်ကူလွှတ်လိုက်သော တရုတ်တပ်များပင်ဖြစ်သည်။

          တရုတ်တပ်များသည် မြောက်ဘက်မှ ဝင်ရောက်ပြီး တောင်ငူမြို့ ထိအောင် ချီတက် လာခဲ့သော်လည်း ဂျပန်အမှတ် ၅၅ တပ်မကြီးက တရုတ်တို့ကို လျင်မြန်စွာ တိုက်ခိုက် ချေမှုန်းနိုင်ရုံမက မန္တလေးမြို့ကို အလွယ်တကူတိုက်ယူကာ မြန်မာပြည် မြောက်ပိုင်း တစ်ခုလုံးကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပေသည်။

          ဒု-ဗိုလ်ချုပ်ကြီး (လက်ဖ်တင်နယ်-ဂျင်နရယ်) ဆာကူရိုင်း-ရှိုဇို” သည် အမှတ် ၂၈ စစ်တပ်ကြီးကို ကွပ်ကဲရန် သေနာပတိတာဝန်လက်ခံယူချိန်၌ ၎င်းအနေဖြင့် အမှတ် ၅၅ ဒီဝီဇံတပ်မကြီး၏ အကြောင်းနှင့်တကွ မြန်မာနိုင်ငံ အခြေအနေတို့ကို ကောင်းစွာ သိရှိပြီးဖြစ်သည်။

          အကြောင်းမူကား ၁၉၄၂ ခုနှစ်က မြန်မာပြည်သို့ ချင်းနင်းဝင်ရောက်တိုက်ခိုက် ခဲ့သည့် ဂျပန် အမှတ် ၃၃ တပ်မကြီးကို ကိုယ်တိုင်ဦးစီးကွပ်ကဲခဲ့သောကြောင့်ပင် တည်း။

          ဆာကူရိုင်း-ရှိုဇို” ၏ စစ်မှုထမ်းသက်ကလည်း မနည်းလှချေ။

          အရာရှိငယ်ဘဝက သူသည် ပြင်သစ်နိုင်ငံဆိုင်ရာ ဂျပန်သံရုံး၌ စစ်သံမှူးအဖြစ် အမှုထမ်းခဲ့ဖူးသည့်ပြင် ဂျပန်နှင့် တရုတ် ဖြစ်ပွားခဲ့သော အရေးအခင်းကာလအတွင်းက တိုကျိုမြို့၊ ဂျပန်စစ်ဦးစီးဌာနချုပ်၌ အရာရှိတစ်ဦးအဖြစ်လည်း အမှုထမ်းခဲ့၏။

          ၁၉၄၂ ခုနှစ်၊ မတ်လက ရန်ကုန်မြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် “ဆာကူရိုင်း ရှိုဇို” သည် တိုကျိုမြို့ စစ်ဌာနချုပ်၌ ယန္တရားတပ်များ ဌာနအကြီးအကဲဖြစ်လာလေသည်။

          ပုဂ္ဂိုလ်ရေးအရ သူသည် အလွန်တည်ကြည်ဖြောင့်မတ်သူဖြစ်၍ လက်အောက် အရာရှိများက ဆာကူရိုင်း - ရှိုဇိုအား အထူးလေးစားကြည်ညိုခဲ့ကြ၏။ အထူးသဖြင့် မြန်မာနိုင်ငံရောက် ဂျပန်ဗိုလ်ချုပ်ကြီးများအနက် “ဆာကူရိုင်း-ရှိုဇို” သည် ကိုယ်ကျင့် တရား အထူးကောင်းသူဟု နာမည်ရခဲ့၏။

ဥပမာ စစ်အတွင်းက မြန်မာနိုင်ငံရောက် ဂျပန် အမှတ် ၁၅ စစ်တပ်၏ သေနာပတိ “မူဘာဂူချီ” ဆိုလျှင် မိန်းမရှုပ်သူ၊ ကာမဂုဏ်ကြူးသူအဖြစ် နာမည်ကြီးခဲ့၏။ အလားတူ ပင် အမှတ် ၃၃ တပ်မကြီးကိုကွပ်ကဲသူ `ဟွန်ဒါ”ကမူ အားအားရှိတိုင်း ညစ်ညမ်းသော ပုံပြင်များကို ပြောလေ့ရှိသည်။

          ဗိုလ်ချုပ်ကြီး “ဆာကူရိုင်း-ရှိုဇို” နှင့်ပတ်သက်၍ ဂျပန်အမှတ် ၅၅ ဒီဝီဇံတပ်မ ကြီးမှ ဒု-ဗိုလ်မှူးကြီး ဆိုင်တိုး”က

          “ဗိုလ်ချုပ်ကြီး ဆာကူရိုင်း -ရှိုဇို၏ ကိုယ်ကျင့်တရား စရိုက်နှင့် သွင်ပြင်လက္ခဏာကို ကြည့်ရသည်မှာ ဖူဂျီတောင်ကြီးကို ပြေးသတိရဖွယ်ပင်ဖြစ်သည်။”

          ဟု မှတ်ချက်ချခဲ့ဖူးလေသည်။ 

          ၁၉၄၄ ခု၊ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် အမှတ် ၂၈ စစ်တပ်ကြီး၏ စစ်ဦးစီး အဖွဲ့ မှူးအဖြစ် ဗိုလ်ချုပ် (မေဂျာ-ဂျင်နရယ်လ်) “အီဝါကူရို-ဟီဒီအို” ဆိုသူရောက်ရှိ လာလေသည်။ ဗိုလ်ချုပ် “အီဝါကူရို-ဟီဒီအိုသည်လည်း ခေသူမဟုတ်ချေ။ မြန်မာ နိုင်ငံရောက် ဂျပန်စစ်ဘက် အရာရှိကြီးများအနက် အရည်အချင်းအပြည့်ဝဆုံး ပုဂ္ဂိုလ် တစ်ဦးဟုလည်း နာမည်ရသူဖြစ်သည်။ ၁၉၃၂ ခုနှစ်က မန်ချူးရီးယားပြည်သို့ ချင်းနင်း ဝင်ရောက်တိုက်ခဲ့စဉ် ဂျပန်စစ်တပ်၏ ဝါဒပေါ်လစီ စာတမ်းကို ရေးဆွဲပြုစုခဲ့သူမှာ လည်း “အီဝါကူရို-ဟီဒီအိုပင်ဖြစ်သည်။

          ၁၉၄၁ ခုနှစ်က အမေရိကန် သာသနာပြု မစ်ရှင်အဖွဲ့ ခေါင်းဆောင်အချို့သည် အမေရိကန် စာပို့တိုက်ဌာနဝန်ကြီး “ဂျိန်းစ်ဝေါ်ကာ”မှတစ်ဆင့် ဂျပန်စစ်သည်အချို့နှင့်