Skip to product information
1 of 3

Other Websites

တက္ကသိုလ်နန္ဒမိတ် - ဦးလည်မသုန်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

[]

          အချိန်ကာလ ၁၉၄၀ ပြည့်နှစ်ဝန်းကျင်...

          ကမ္ဘာ့နိုင်ငံရေးအခြေအနေတွင် ရှုပ်ရှုပ်ထွေးထွေး လှုပ်လှုပ်ခတ်ခတ်။ | ကမ္ဘာသူ ကမ္ဘာသားတွေ မျက်စိဖွင့် နားစွင့်နေကြရသည်။ နိုင်ငံရေး၊ စစ်ရေးသတင်းများကို မျက်ခြည်မပြတ် စောင့်ကြည့် အကဲခတ်နေကြရသည်။ အထူးသဖြင့် ဥရောပတိုက်တစ်ဝန်းက ပြည်သူပြည်သားတွေ။

          နိုင်ငံ့ခေါင်းဆောင်များ တစ်ဦးနှင့်တစ်ဦး အဆက်အသွယ်မပြတ်ကြ။ အရေး ကြီးလျှင် ကြီးသလို သတင်းပို့ကြသည်။ သတင်းဖလှယ်ကြသည်။ အယူအဆ ချင်း၊ သဘောထားချင်း ဖလှယ်ကြသည်။ သူတို့အားလုံး ကမ္ဘာ့နိုင်ငံရေးစင်မြင့် ပေါ်သို့ တက်လာသူတစ်ဦးကို မျက်စိဒေါက်ထောက်ကြည့်နေကြသည်။ စိုးရိမ် တကြီး အကဲခတ်နေကြသည်။

          ထိုသူကား ဂျာမနီပြည်၏ အာဏာရှင် ဟစ်တလာ။

          သူက အိမ်နီးချင်းပိုလန်နိုင်ငံကို ကျူးကျော်ဝင်ရောက်တိုက်ခိုက် သိမ်းပိုက် ထားပြီ။ ထိုမျှမကသေး။ အိမ်နီးနားချင်း အခြားနိုင်ငံများကို ကျူးကျော်သိမ်းပိုက်ဖို့ ခြိမ်းခြောက်နေသည်။ ဟစ်တလာဆိုသည့် အာဏာရှင်က နီးနားဝန်းကျင်ရှိ ဥရောပနိုင်ငံများကိုသာမက တစ်ကမ္ဘာလုံးကိုပင် သိမ်းပိုက်အုပ်စိုးဖို့ အကြံရှိသူ။

          နာဇီအာဏာရှင်ဟစ်တလာ၏ ခြိမ်းခြောက်မှုကို အနီးကပ်ခံနေရသည့် နိုင်ငံများထဲတွင် အင်္ဂလန်နိုင်ငံလည်း ပါသည်။ ဟစ်တလာ၏ ခြိမ်းခြောက်မှုကို ဖက်ပြိုင်အန်တုနေသော်လည်း တကယ်တမ်း ပြေးကြည့်တော့ အင်္ဂလန်သည် အဖော်မဲ့၊ တစ်ကိုယ်တည်း။

          ထိုစဉ်က အင်္ဂလန်တွင် အာဏာရအုပ်စိုးနေသူမှာ ချိန်ဘာလိန်။ သူက ဟစ်တလာကို စစ်ရေးအရ ဆန့်ကျင်ဖို့ အမေရိကန်၏ ကမ်းလှမ်းချက်ကို စိတ်မဝင်စား။ တုံ့ပြန်မှုမပြု။ ထိုအတောအတွင်း စစ်အင်အားကြီး ဂျာမနီ၏ အန္တ ရာယ်ကို ကြိုတင်သိမြင်နေသည့် စင်စန်ချာချီက ဗြိတိန်အနေဖြင့် ကြိုတင် စစ်ပြင်ထားရမည်ဟု စည်းရုံးသည်။ လှုံ့ဆော်သည်။

          သို့သော် ချိန်ဘာလီ အယူ မမစ်မျိုး၊ ဟစ်တလာ၏ တောင်းဆို ချက်များထဲက ဇာချို့တစ်ဝက်ကို လိုမလိုက်လျှင် ဟစ်တလာ မကျေနပ်သွား လိမ့်မည်။ သို့ဆိုလျှင် ဟစ်လာက ဗြိတိန်ကို ရန်သူအဖြစ် သတ်မှတ်မည် မဟုတ်။ ဟစ်တလာနှင့် ရန်ပြန်ဖြစ်နေလျှင် တော်ပြီဟု သဘောထားနေသူ ချိန်ဘာလိန်။

          ချိန်ဘာလိန်အုပ်စုက အာဏာရနေသည်။ | Pမနီမာရှင် ဟစ်တလာ ကမ္ဘာကြီးတစ်ခုလုံးသို့ ပေးလာနိုင်မည့် အန္တ ရာယ်ကို များချီက ကြိုတင်ဟောကိန်းထုတ်ကာ စစ်အတွက် လက်နက်ပြင် အာရမည်ဟု သတိပေးခဲ့သည်။

          ဤသို့ သတီပေးခဲ့ခြင်းကိုပင် ချိန်ဘာလိန်အုပ်စုက ချာချီအား စစ်ဝါဒီ၊ စစ်ဘီလူးဟု တံဆိပ်တပ်လျက် ဝိုင်းပယ်ထားခဲ့ခြင်း။

          ချာချီအဖြစ်က နိုင်ငံရေးနူ နာသည်။ ချာချီ အနားသို့ ကပ်မည့်သူ မရှိသလောက်။ သို့သော် တစ်ယောက်တော့ ရှိသေးသည်။ ထိုတစ်ယောက်က ဦးလည်မသုန်။ ဦးလည်မသုန်၏ ယုံကြည်စိတ်ချရသော ရဲဘော်က ဗိုလ်မှူးကြီး ဘင်။

          ချာချီသည် ဦးလည်မသုန်နှင့်တိုင်ပင်ကာ အထူးလျှို့ဝှက်ထောက်လှမ်းရေး အဖွဲ့ ၁ ဖွဲ့ကို ဖွဲ့စည်းထားခဲ့သည်။

          နန်းရင်းဝန်ကြီး ချိန်ဘာလိန် မသိအောင် တစ်ဖက်မှ လျှို့ဝှက်လှုပ်ရှား နေရပြီး အခြားတစ်ဖက်တွင် ရန်သူဖြစ်လာမည့် ဂျာမနီ နာဇီတို့ မရိပ်မိအောင်။

          ချာချီနှင့် ချာချီ ဘက်တော်သားတို့အဖြစ်က ဆူးနှစ်ဖက်အကြား သီးရသည့် ဘူးသီးလို။

          ရူဘင်က ဘုရင့်အမြောက်တပ် ဗိုလ်မှူးကြီး။

          ဘင်သည် အရပ်ဝတ်အရပ်စားကို စီးပွားရေးသမားတစ်ဦးအသွင် ဝတ်ဆင်ကာ ပိုလန်နိုင်ငံ၌ လှုပ်ရှားနေခဲ့သည်။

          အမှန်တော့ ဂျဘင်က နန်းရင်းဝန်ကြီး ချိန်ကိုယ်တိုင် လျှို့ဝှက်စွာ ခန့်ထားခဲ့သည့် စစ်ထောက်လှမ်းရေး။

          ဂျဘင်အား ဦးလည်မသုန် စည်းရုံးသိမ်းသွင်းနိုင်ခဲ့သည်။ သို့ဖြစ်၍လည်း ဘင်က ပိုလန်တွင် စက်မှုစီးပွားရေးသမားအဖြစ် လှုပ်ရှားနေနိုင်ခြင်း။

          ချက်နယ်စပ်နှင့် ပိုလန်နိုင်ငံအနီးတွင် တည်ဆောက်ထားသည့် စက်ရုံများမှ ထုတ်လုပ်သည့် စကားဝှက်စက်များကို ဂျာမန်နယ်စပ်ရှိ ဂျာမန်အက်စ်အက်စ် တပ်များသို့ ပို့ပေးနေ၏။

          “ဆက်သွယ်ရေး လျင်" “ထိုးစစ်က လျှပ်ပြက်သလို မြန်စေ” “အောင်ပွဲက မလို့" ဤကား ဟစ်တလာ့ညွှန်ကြားချက်။

          ဤညွှန်ကြားချက် ၂ ရပ်တွင် ပထမညွှန်ကြားချက်ကို လက်တွေ့အားဖြင့် အထိရောက်ဆုံးဖြစ်အောင် ဆောင်ရွက်နေသူကား ဟစ်တလာ အက်စ်အက်စ် ကိုယ်ရံတော်တပ်ဖွဲ့မှ ဗိုလ်ချုပ်ဟေဒရစ်။ ။

          ဟေဒရစ် ဦးစီးသည့် စကားဝှက်စက်ရုံများမှ ထုတ်လုပ်သည့် စကားဝှက် စက်များကို ဟေဒရစ် စကားဝှက်စက်ဟု နာမည်ပေးထားသည်။

          ဂျဘင်က ဟေဒ ရစ်စကားဝှက်စက်ကို ခိုးထုတ်ရန် ၂ နည်း၊ ၂ လမ်း ကြံသည်။

          ပထမနည်းက ပိုလန်နိုင်ငံ ဝါဆောမြို့တော်မှပင် ခိုးထုတ်ရန်။

          ဒုတိယနည်းက ပိုလန်ရှိ နာဇီဆန့်ကျင်ရေး မြေအောက်တော်လှန်ရေးသမား အချို့နှင့် ပေါင်းကာ ချက်နယ်စပ်နှင့် ပိုလန်နိုင်ငံအနီးရှိ စကားဝှက်စက်ရုံမှ ပုံမှားရိုက်ယူရန်။

(၂)

          ဂျာမန်နယ်စပ်တွင် ချထားသည့် ကင်းတပ်စခန်းများသို့ ဟေဒရစ်စကား ဝှက်စက်များကို ဂျာမန် အက်စ်အက်စ်အဖွဲ့ဝင်များက ဖြန့်ဖြူးပေးနေ၏။

          စကားဝှက်စက်များကို သာမန်ပစ္စည်း ၁ ခုဟု ထင်ရလေအောင် အများ ကိုင်ဆောင်နေကျ သားရေအိတ်များတွင် ထည့်၍ ပို့ပေးနေကြသည်။

          ဝါဆောမြို့ တော် အရစ္စတောလ်ဟိုတယ် ဝန်စည်စလယ်များထားသည့် အခန်းဝယ် သည်လိုမရီးဆောင်သားရေအိတ်များက စုပုံနေတတ်၏။

          ဂျဘင်က ထိုသားရေအိတ်များအနက် အိတ် ၁ လုံးတွင် စကားဝှက်စက် ထည့်သွင်းထားကြောင်း၊ မကွေ့ရသည်။ ထို့ကြောင့် ဝါဆောတွင် တာဝန်ချထားခြင်း ခံရသော ဒင်နစ္စတန် လျှို့ဝှက်သတင်း ပို့လိုက်သည်။

          ဒင်နကန်က မကမ္ဘာစစ်ကြီးအတွင်း ဘုရင့်ရေတပ်မတော် ထောက် လှမ်းရေး နှစ် မပြီး၊တွင် ဂျာမန်ဘာသာစာပေပါမောက္ခ။

          ဒုတိယ ကမ္ဘာစစ်ဖြစ်ခါနီးတွင် ဦးလည်မသုန်နှင့် ပြန်ဆိုမိကြကာ လျှို့ဝှက် ထောက်လှမ်းရေး ။

          ပင်နစ္စတန်ကလည်း ဦးလည်မသုန်လိုပင် စကော့လူမျိုး။ ယခုအချိန်၌ အသက် ၅၀ ရှိနေပြီ။ ဒင်နရူးန်) မ»» ရစ်စက်စက် အည့်ထားသည့် သားရေအိတ်နှင့် ကပ်ထားသည့် လေဘယ်၊ ပွန်းရိနေသည့်နေရာမှအစ တစ်ပုံစံတည်းတူသော အိတ်ကို ဘရစ္စတောလ်ဟိုတယ်သို့ ယူလာသည်။

          လူလစ်သည့်အချိန်...

          ဒင်နစ္စတန်က မိမိသားရေအိတ်ကို စတိုခန်းထဲမှ ထုတ်ယူသလိုလိုနှင့် စကားဝှက်စက်ပါသည့် သားရေအိတ်ကို ဆွဲယူကာ ဟိုတယ်အတွင်းမှ ထွက်လာခဲ့သည်။

          ဟိုတယ်ရှေ့တွင် ကားတစ်စီးက အသင့်စောင့်လျက်။

          ဒင်နစ္စတန်က ဘရစ္စတောလ်ဟိုတယ် စတိုခန်းမှ ဟေဒ ရစ်စကားဝှက် စက်ကို လန်ဒန်အရောက် ခိုးထုတ်နေစဉ်

          ချက်နယ်စပ်နှင့် ပိုလန်နိုင်ငံအနီးရှိ ဘေးဒရစ်စကားဝှက်စက်ရုံမှ စကားဝှက် စက်တစ်လုံးကို တင်၍ မောင်းထွက်လာသည့် ဂျာမန်စစ်ထရပ်ကား ၁ စီး ကလည်း ချုံခိုတိုက်ခိုက်ခြင်းခံလိုက်ရသည်။

          တိုက်ခိုက်သူများက ပိုလန်မျိုးချစ်မြေအောက်တော်လှန်ရေးသမား ၆ ယောက်။

          ချုံခိုတိုက်ခိုက်ခံရပြီး၊ မီးလောင်သွားသည့် ထရပ်ကားနေရာတွင် စကားဝှက် စက်၌ တပ်ဆင်ထားလေ့ရှိသည့် ကျိုင်၊ စပရင်တာ စသည့် စက်ကိရိယာ အစိတ်အပိုင်းများကို ကားမီးလောင်နေစဉ် ပစ်ချထားခဲ့ကြ၏။

          ဦးလည်မသုန် ဦးစီးသော အထူးလျှို့ဝှက်ထောက်လှမ်းရေးများက လျှို့ဝှက် ဌာနချုပ် ဖွင့်ထားသည့် ဘလက်မဲ့လေ ဥယျာဉ်တွင်းရှိ အဆောက်အအုံထဲမှ ဟေဒ ရစ်စကားဝှက်စကီးကို မည်သို့ကိုင်တွယ်ရမည်ကို စမ်းကြည့်နိုင်ကြပြီ။

          ဟစ်တလာက သူ့ဗိုလ်ချုပ်ကြီးများသို့ပေးသည့် အမိန့်များ၊ ဗိုလ်ချုပ်ကြီး များက ဟစ်တလာထံ ပြန်ပို့သည့် သတင်းများ၊ ဗိုလ်ချုပ်ကြီးများက လက် အောက် တပ်မှူးများထံပို့သည့် အမိန့်ညွှန်ကြားချက်များ၊ လက်အောက်တပ်မှူး များက ပြန်ပို့သည့်သတင်းများကို ဘေဒရစ်စကားဝှက်စက်ကို အသုံးချ၍ သီလာ နိုင်ကြပေတော့မည်ဟူသော မျှော်လင့်ချက်ကြီးဖြင့် -

          စကားဝှက်စက်က ခရီးဆောင်လက်နှိပ်စက်ပုံစံ။ လက်နှိပ်စက်မှာလိုပင် ခလုတ်ခုံများ တပ်ဆင်လျက်။ ဤခလုတ်ခုံများကို လျှပ်စစ်ဖြင့် ဆက်သွယ်ထားသည်။ ခလုတ်ခုံတွင်တပ်ဆင်ထားသည့် ခလုတ်ကလေးများကို လျှပ်စစ်နည်းဖြင့် လိုချင်သလို လျင်မြန်စွာ ပြောင်းလဲပစ်နိုင်သည်။

          ရိုးရိုးလက်နှိပ်စက်နှင့် စကားဝှက်စက် ထူးခြားချက်မှာ ရိုးရိုးလက်နှိပ်စက် တွင် “အေ”ဆိုသော ခလုတ်ကလေးကို ရိုက်လိုက်လျှင် စာရွက်ပေါ်၌ “အေ” အက္ခရာပင် ပေါ်လာသည်။

          စကားဝှက်စက်ကမူ ဤသို့မဟုတ်။

          “အေ”ဟုရေးထားသည့် ခလုတ်ကလေးကို နှိပ်လိုက်လျှင် 'ဇက်”ဟု စာရွက် တွင် ပေါ်လာသည်။ 'ဇက်'ကို နှိပ်လိုက်လျှင် 'အေ'စာလုံး ပေါ်လာသည်။

          သို့ရာတွင် ခလုတ်ခုံနှင့် ခလုတ်ကလေးများကို စနစ်တကျ စီစဉ်ပြင်ဆင် နိုင်မှသာ ဂျာမန်တပ်စခန်းအချင်းချင်း ပေးပို့သည့်သတင်းများကို ဖမ်းယူရရှိ နိုင်မည်။

          စနစ်တကျ မစီစဉ်တတ်လျှင် အက္ခရာများကို ဖမ်းယူရရှိသော်လည်း အဓိပ္ပာယ်ဖော်၍ မရနိုင်။

          သို့ဖြစ်ရာ ဟေဒရစ်စကားဝှက်စက်ကို အသုံးပြုနည်း လမ်းညွှန်စာအုပ် နတ်ဘွတ်ခ်ကို ရရှိရန် လိုလာပြန်၏။

          ဦးလည်မသုန်ထံသို့ ဟေဒရစ်စကားဝှက်စက် ရောက်လာပြီးနောက်တစ်ပတ်အကြာတွင် ဟစ်တလာ ဂျာမန်တပ်များက ပိုလန်နိုင်ငံကို ဝင်တိုက်သည်။

          ၁၉၃၉ ခု၊ စက်တင်ဘာလ ၁ ရက်။

          ဟစ်တလာ၊ဂျာမန်တပ်များက ပိုလန်ကို ဝင်မတိုက်မီ ၆ ရက်အလိုတွင် ဗြိတိန်နိုင်ငံ ချိန်အားလိန်အစိုးရက ပိုလန်နိုင်ငံနှင့် မဟာမိတ်စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့သည်။

          ၁၉၃၉ ခု၊ စက်တင်ဘာလ ၁ ရက်

          ဟစ်တလာဂျာမန်တပ်များက ပိုလန်ကို ဝင်မတိုက်မီ ၆ ရက်အလိုတွင် ဗြိတိန်နိုင်ငံ ချိန်ဘာလိန်အစိုးရက ပိုလန်နိုင်ငံနှင့် မဟာမိတ်စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့သည်။

          ၁၉၃၉ ခု၊ ဩဂုတ်လ ၂၅ ရက်နေ့

          တစ်ယောက်ယောက်က တစ်နိုင်နိုင်ငံကို ဝင်တိုက်လာလျှင် စစ်ရေးဖြင့် ကူညီကြစတမ်း။

          ၆ ရက်အကြာတွင် ဟစ်တလာတပ်များက ပိုလန်ကို ဝင်တိုက်လာပြီ။ ချိန်ဘာလိန်အဖို့ အခက်ကြုံလာရတော့၏။

          ဟစ်တလာအား အလိုလိုက် အကြိုက်ကိုပေးကာ ချော့ပေါင်းနေခဲ့သည့် ချိန်ဘာလိန်အဖို့ လုပ်စရာ တစ်ခုသာကျန်တော့သည်။

          ဟစ်တလာဂျာမနီကို စစ်ကြေညာခြင်း ..

          ၁၉၃၉ ခု၊ စက်တင်ဘာလ ၃ ရက်နေ့တွင် ဗြိတိန်၊ ပြင်သစ်နိုင်ငံကပါ ဟစ်တလာဂျာမနီကို စစ်ကြေညာလိုက်သည်။

          ထိုနေ့တွင်ပင် ချိန်ဘာလိန်အစိုးရက နိုင်ငံရေးနနာသည်ကြီး ချာချီအား ဘုရင့်ရေတပ်မတော် ပထမတန်း စစ်ဦးစီးချုပ်ရာထူးတွင် ခန့်အပ်ခဲ့ရတော့သည်။

          ပထမကမ္ဘာစစ်ကြီး ဖြစ်သွားလာတော့မည့် ၁၉၁၁ ခုနှစ်၌ ဘုရင့် ရေ တပ်မတော် ပထမတန်း စစ်ဦးစီးချုပ်ရာထူးကို ခန့်အပ်ခြင်းခံခဲ့ရသော..,

          ဝင်စတန်ချာချီက ၂၈ နှစ်အကြာတွင်မှ တပ်မတော်စစ်ဦးစီးချုပ်ရာထူးကို ပြန်၍ရလာခဲ့သည်။

ဦးလည်မသုန်တို့လူစုအဖို့ အသက်ရှုမင်းသလိုလို၊ သို့သော် ဟစ်တလာလက်ဦးနေပြီ။

          လက်ဦးမှုက မနိုင်းလာအောင် အကိုင်းအဏာဂျာနေပြီ။

          ပိုလန်ကို ဟစ်တလာ) ဇင်ကိုက်ရာတွင် မစ်ဇာလာသုံးသည့် ပရိယာယ် ကိုလည်း ကြည့်ပါဦး။

          မလောင်သွင်းအကျဉ်းချထားသည့် အမျိုးသားများထဲမှ သန်သန်စွမ်းစွမ်း ရှိနေသူ ( ၁၁ )ယောက်ကို ရွေးထုတ်လိုက်သည်။

          လက်ထိပ် ခြေထိပ်ခတ်ကာ ဂျာမန်-ပိုလန်နယ်စပ်သို့ အလုံပိတ်ထားသည့် စစ်ထရပ်ကားများဖြင့် ခေါ်သွားသည်။

          ဂျာမန်-ပိုလန်နယ်စပ်ရှိ ဂျာမန်စစ်တပ် ဆက်သွယ်ရေးစခန်းသို့ ရောက်သော အခါ ဂျူး ၁၁ ယောက်အား ပိုလန်စစ်ဝတ်စုံများ ဝတ်ပေးလိုက်သည်။

          လက်ထဲတွင် ပိုလန်စစ်တပ်သားများ ကိုင်ဆောင်နေကျ ရိုင်ဖယ်။ ရိုင်ဖယ်ခလုတ်ထဲတွင်မူ ဗလာယမ်းတောင့်များ။

          ဂျူ ၁၁ ယောက်အား စစ်ထရပ်ကားဖြင့် ခေါ်ယူလာခဲ့သူ အက်စ်အက်စ် တပ်မှူးက ဂျူး ၁၁ ယောက်အား ဂျာမန်ဆက်သွယ်ရေးစခန်း ပတ်လည်တွင် နေရာယူခိုင်းလိုက်၏။

          ဂျူး ၁၁ ယောက် နောက်ကျောတွင် အက်စ်အက်စ်တပ်သား ၁ ယောက်စီ၊ မောင်းအသင့်တင်ကာ လှံစွပ်တပ်ထားသည့် ဂျာမန်ရိုင်ဖယ်များက ဂျူး ၁၁ ယောက်၏ နောက်ကျောကို ခပ်ဖီဖီကလေး ထောက်လျက်။

          တပ်မှူးက ပစ်မိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် သေနတ်သံများ ပေါ် ထွက်လာ၏။

          အချိန်က ည ၂ နာရီ။

          ဂျူး ၁၁ ယောက်က နောက်ဘက်ရှိ အက်စ်အက်စ်တပ်သား ၁၁ ယောက် ၏ လက်ချက်ဖြင့် လဲပြိုသွားကြ၏။

          သည်တော့မှ အက်စ်အက်စ်တပ်သားများက ဂျူ ၁၁ ယောက်၏ ရင်ကို ကျည်ဆန်များ ထပ်သွင်းပေးလိုက်ကြသည်။

          ပိုလန်စစ်တပ်က ဂျာမန်ပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာကာ ဂျာမန်ဆက်သွယ်ရေးစခန်းကို လာရောက်တိုက်ခိုက်သောကြောင့် ဂျာမန်တပ်များက ခုခံရေးစစ်ကို ဆင်နွှဲရပါသည်ဟု ဟစ်တလာက ကြေညာလိုက်သည်။

          ကြေညာသည့်အချိန်က နောက်တစ်နေ့ နံနက် ၈ နာရီ။

          ထိုအချိန်၌ ဂျာမန်တပ်များက ပိုလန်နိုင်ငံထဲသို့ အလုံးအရင်းဖြင့် ဝင်ရောက် နေကြလေပြီ။ ။

          ဟစ်တလာသည် ဤနည်း၊ ဤပုံစံ၊ ဤပရိယာယ်ကို ရေလဲအမျိုးမျိုးဖြင့် သုံးကာ..,

ရိုင်းလန်၊ ဩစတေးယား ၊ ချက်ဆူဒီတန်လန်း၊ ဂရိတ် တို့ကို တစ်စတစ်စ ဝါးပြီးခဲ့လေပြီ။

           ခုတော့ ပိုလန်အလှည့်။

          ၁၉၃၉ ခု၊ စက်လောင်လာလ ၁ ရက်နေ့တွင် ဟစ်တလာဂျာမန်တပ်များက ပိုလန်ကို အလုံးအရင်း ဖြင့် ဝင်တိုက်လာတော့မှ..

          ဗြိတိန်နိုင်ငံ ချိန်ဘာလိန်အစိုးရက သြဂုတ်လ ၃ ရက်နေ့၌ ဟစ်တလာ ဂျာမန်နိုင်ငံ စစ်ကြေညာခဲ့တော့၏။

          ထိုနေ့တွင်ပင် နိုင်ငံရေးနူနာသည်ကြီးအဖြစ် စွန့်ပယ်ထားခဲ့သော ဝင်စတန် ချာချီအား ဘုရင့် ရေတပ်မတော် ပထမတန်းစစ်ဦးစီးချုပ် တာဝန်ကို ပေးအပ် ခဲ့သည်။

          ပထမကမ္ဘာစစ်ကြီးအတွင်း ပထမတန်းစစ်ဦးစီးချုပ် ဖြစ်လာခဲ့သော ဝင်စတန်ချာချီက ခုမှ နေရာမှန်သို့ ပြန်ရောက်လာသည်။

                    “      ဝင်စတန် ပြန်လာပြီ       ”

          ဤသတင်းက ဗြိတိသျှ ကြည်း၊ ရေ၊ လေ တပ်မတော်အတွင်းသို့ ခဏချင်း ပြန့်သွားသည်။ | ဟစ်တလာရန်စွယ်ကို အရင်းမှဖိပစ်လိုက်ချင်သူများနှင့် ဦးလည်မသုန်တို့ လူစုက လက်ခမောင်း တဖြောင်းဖြောင်းမြည်အောင် ခတ်လိုက်ကြသည်။

          သို့သော် ရန်သူက လက်နေပြီ။

          လိုက်၍မမီ တိုက်၍မနိုင်လောက်အောင် လက်ဦးနေပြီ။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)