Skip to product information
1 of 2

Other Websites

တက္ကသိုလ်တင်မြင့် - သတိထားမှားသွားမယ်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အခန်း ( ၁ )

          “ဟော. ဟော . ကိုကိုအောင် ရှေ့ကလမ်းဘေးမှာရပ် ပြီး စက်ဖုံးဖွင့် ပြင်နေတဲ့ အက်(စ်)အီးလိမိတက်ကားအဖြူရောင်ဟာ ငယ်ငယ်တို့ကားပဲ အစ်ကိုအောင်၊ အဲဒီမှာ ခဏရပ်ပေးပါ"

          မိုးတွေ ရွာနေတယ်။

          တကယ်တော့ ငယ်ငယ်တို့ အက်(စ်)အီလီမိတက် ကားသည် ငယ်ငယ့် စိတ်ကြိုက် သူ့အစ်ကိုက ဈေးကြီးပေး ဝယ် ထားသောကား ဖြစ်ပါလျက် ပျက်နေသည်။ မိုးရွာကြီးထဲ မောင်း လာသောကြောင့်ပေလား မပြောတတ်။

          ကားရှေ့ စက်ဖုံးကိုဖွင့်ကာ ညိုညိုထောင်ထောင်မောင်း မောင်းလုလင်ကြီးတစ်ဦးက ပြင်နေသည်။

          ထိုကားပြင်နေသော လုလင်ကြီးအား သိပ်ကိုချော သိပ်ကိုလှသည့် ကောင်မလေး ငယ်ငယ်က ဘေးတွင်ရပ်ကာ သူမ၏ အစ်ကိုကြီးကို ထီးအုပ်မိုးပေးထားသည်။

          “ ဟေး .. ငယ်ငယ်"

           “အယ် .. မမထား"

          “လာလေ ... မမထားတို့ကားနဲ့ပဲ လိုက်လာခဲ့တော့ပေါ့။ ငယ်ငယ် ကျောင်းသိပ်နောက်ကျလိမ့်မယ်” “ဟင့်အင်း... ကျေးဇူးတင်ပါတယ် မမထား၊ ဒီမှာ ငယ်ငယ် သွားရင် အစ်ကိုကျော် တစ်ယောက်တည်း ကျန်ခဲ့ရှာမှာ”

          “လိုက်သွား ငယ်ငယ်၊ အစ်ကိုကျော်က ကိစ္စမရှိဘူး၊ ညီမ လေး ကျောင်းပျက်မယ်၊ ညီမလေး ဒီမှာဘေးကရပ်နေလို့ လည်း အကြောင်းမထူးဘူး၊ အစ်ကိုကျော် ပြင်လို့မရရင် ဒီအနီးအနားက တယ်လီဖုန်းတစ်ခုခုနဲ့ မက္ကနှစ်ကို ဖုန်းဆက် ခေါ်ရမှာ”

          “ငယ်ငယ် လိုက်သွားရင် အစ်ကိုကျော်မိုးရေတွေ စိုရွှဲသွား မှာပေါ့၊ အခု ငယ်ငယ်က ထီးမိုးပေးနေတာ"

          “ရတယ်လေ . လိုက်သွား၊ အစ်ကိုကျော်က အမြဲလေ့ ကျင့်ခန်းယူနေတာ ငယ်ငယ် သိသားနဲ့ .... ဒီမိုး ဒီလေ လောက်တော့ အစ်ကိုကျော် ခံနိုင်ရည်ရှိတယ်၊ ကဲ ..။ လိုက်သွား .. လိုက်သွား ... ကျောင်းပျက်ရင် စာအကြွေး တင်မယ်"

          သူတို့မောင်နှမနှစ်ဦး အပြန်အလှန် တစ်ဦးကိုတစ်ဦး ငဲ့ညှာစွာ ပြောနေစဉ် ထားထားသည် ထောင်မောင်းညိုမောင်းသော ငယ်ငယ်၏ အစ်ကိုကြီးဖြစ်သည့် လုလင်ကြီးကို ကြည့်မိသည်။

          လုလင်ကြီးအား ထားထား ယခင်က တစ်ခါမှ မမြင်စဖူးခဲ့။ ငယ်ငယ့်ကိုပင် ထားထား ကိုယ်တိုင် ကျောင်းတွင် သွား မိတ်ဆွေဖွဲ့ပြီး ခင်မင်မိတ်ဆွေဖြစ်သည်မှာ မကြာသေး။

          လုလင်ကြီးသည် ဆရာဝန်များဝတ်သော ၉ဘီကုတ် အဖြူဝတ်ထားသည်ကို တွေ့သဖြင့် ငယ်ငယ့် အစ်ကိုကြီးသည် ဆရာဝန်တစ်ယောက်ပါလားဟု ယခုမှ မြင်ဖူးခြင်းဖြစ်သည်။

          “ဒါဆို ငယ်ငယ် လိုက်သွားမယ်နော်၊ ဒီနေ့ ကလပ်) မှာ အရေးကြီးတာတွေ ပါနေလို့၊ ကားပြီးရင် အစ်ကိုက် အိမ်မှာနွေးနွေးထွေးထွေးနေပြီး အနားယူလိုက်နော်အစ်ကိုကျော်"

           “အေးပါ.. သွားမှာ သွားစမ်းပါ"

          ငယ်ငယ့် လက်ထဲမှ ဖွင့်ဆောင်းထားသော ထီးကို | လုလင်ကြီးကယူပြီး ထားထားတို့ ကားတံခါးဖွင့်ပေးသည့် ကူရှင်နောက်ခန်းသို့ ငယ်ငယ် ဝင်ရောက်သည်အထိ လုလင်ကြီးက ညီမငယ်အား ထီးမိုးပေးပါ၏။

          ငယ်ငယ် ကားထဲ နောက်ကူရှင်တွင် ထားထား ဆိုသည့် အမျိုးသမီးနှင့် အတူတွဲထိုင်မိမှ လုလင်ညိုကြီးသည် ကားအတွင်းသို့ ဝေ့ကြည့်လိုက်သေးသည်။ တခြားဘယ်သူတွေပါ သေးလဲဟု စူးစမ်းသော အကြည့်မျိုးဖြစ်ပါ၏။

          ထားထားလည်း ညီမငယ် အတွက် အဖြစ်သည်း သောကြောင့် ထိုလုလင်ညိုကြီးကို ပြန်ကြည့်မိသည်။

“ညနေကျောင်းဆင်းရင် စောင့်နေကျ ဗာဒံပင်ခုံတန်းလျာ ကပ်စောင့်၊ အစ်ကိုကျော် လာကြိုမယ်”

“အစ်ကိုကျော်မှာ အင်မာဂျင်စီလူနာ ရှိနေရင်ကော”

“ရတယ်လေ၊ ဒါဆိုရင် ဟိုကောင် မောင်ကိုပ် လွတ်ကြို ခိုင်းလိုက်မယ်"

“ဟင့်အင်း ... ဟင့်အင်း ... အစ်ကိုမောင်ကိုတော့ လုံးဝ မကြိုခိုင်းပါနဲ့ အစ်ကိုကျော်၊ သရုပ်ပျက်တယ်၊ အစ်ကိုမောင် က အမြဲအရက်မူးနေတာ၊ ကျောင်းပတ်ဝန်းကျင်ကို ငယ်ငယ် ရှက်တယ်၊ အစ်ကိုမောင်ကိုတော့ အကြိုမလွတ်နဲ့နော်၊ ငယ်ငယ် ကြုံသလိုပြန်ခဲ့မယ်၊ ဘတ်(စ်)ကားနဲ့ဖြစ်ဖြစ် ပြန်ခဲ့မယ်”

“လျှာမရှည်နဲ့နော်၊ ဘတ်(စ်)ကားနဲ့လည်း မပြန်ရဘူး၊ ကားကြံနဲ့လည်း မပြန်ရဘူး၊ စောင့်နေကျ နေရာမှာပ်စောင့်၊ အစ်ကိုကျော် ရအောင်လာကြိုမယ်၊ အင်မာဂျင်စီရှိလည်း လက်ထောက်ဆရာဝန်နဲ့ လွှဲထားခဲ့မယ်”

 “ဟွန့် .. အစ်ကိုကျော်ကားကကော ညနေကျရင် ကောင်း မှာမို့လို့လား”

“ဟာ .. ဒီကောင်မလေး ခက်နေပြီ၊ အခု 'မက္ကနစ်ရောက် လာရင် အခုကောင်းသွားမှာပေါ့၊ ကာဗရိုက်တာ ဆီပိတ် တာလောက် ရေဝင်တာလောက်ပဲဖြစ်မှာ၊ အခုမကြာခင်ကောင်းသွားမှာ”

 “ကားစုတ်ကြီး”

“ငယ်ငယ်ပဲ ကြိုက်လှချေရဲ့ ဆိုလို့ ဝယ်လာတာလေ၊ ကဲ.. ဒီကားမကြိုက်ရင် ဒီကားရောင်းပြီး နောက်ထပ်အသစ်တစ် စီးပယ်ပေးမယ်၊ ကဲ .. သွားတော့၊ ငယ်ငယ် လျှာရှည်နေ တာနဲ့ စောင့်ရတဲ့လူတွေ အားနာစရာ”

          ငယ်ငယ်နှင့် သူမ၏အစ်ကို အပြန်အလှန် ပြောနေ သည်ကို စိတ်ရှည်စွာစောင့်ပြီး ဇေယျာအောင်သည် လုလင်ညို ငယ်ငယ်၏ အစ်ကိုကြီး ကားဘေးမှ ထွက်ခွာသွားမှ သူ့ကားကို ဆက်မောင်းခဲ့သည်။

          ငယ်ယ်သည် ကားနောက်မှန်ပေါက်မှ သူ၏အစ်ကို ကြီးကို မျက်စိတစ်ဆုံး လှမ်းကြည့်ရင်း လိုက်ပါလာသည်။ သူမ၏ အစ်ကိုကြီးအား တစ်ယောက်တည်း ထားခဲ့ရသည်ကိုပင် နောက်ဆံ တင်းနေပုံရသည်။

“အဲဒါ.. ငယ်ငယ်ရဲ့ အစ်ကိုလား ငယ်” .

 “ဟုတ်တယ် မမထား၊ အစ်ကိုကျော်က အကြီးဆုံး၊ ငယ်ငယ်က အငယ်ဆုံးပါ"

 “ဒါဆို ကြားမှာ ရှိသေးတာပေါ့နော်"

“ရှိတယ် .... မမထား၊ အစ်ကိုမောင်က အစ်ကိုကျော်ရဲ့ညီ ငယ်ငယ်ရဲ့ အစ်ကိုအလတ်ပါ၊ အစ်ကိုမောင်က မနိမ့်ဘူး မမထား၊ စာလည်း ကောင်းကောင်းမသင်ဘူး၊ အပေါင်း အသင်းကလည်း အစုံပဲ၊ အရက်လည်းသောက်တယ်။ ဖဲလည်းရိုက်သေးတယ်”

          ငယ်ငယ်သည် စကားကိုထိန်း၍ ဆင်ခြင်၍ မပြော ``တတ်ပေ။ သူ့စိတ်လေးထဲတွင် ရှိသည့်အတိုင်း ပြောချသည်ကို ထားထားက သတိထားမိသည်။

          ငယ်ငယ်လည်း လူကြီးတွေ အလိုလိုက်ခြင်းကို ခံယူထားသည့် ကလေးတစ်ယောက်၏ အသွင်ကို ဆောင်နေပါ ၏။

          ငယ်ငယ်လည်း တက္ကသိုလ်သို့ ခြေမချရသေးဘဲ အထက်တန်း ဆယ်တန်းကို ခြောက်ဘာသာဂုဏ်ထူးဖြင့် အောင် မြင်ခဲ့သူ ဖြစ်သည်မို့ သတင်းစာတွင် အထူးဂုဏ်ပြု ဖော်ပြခြင်း ခံထားရသောကြောင့် တက္ကသိုလ်နယ်မြေတွင် ကြိုတင်ပြီး နာမည် ထွက်နေသူလေး ဖြစ်ပါ၏။

          နာမည်ထွက် ကျော်ကြားခြင်းမှာ ခြောက်ဘာသာ ဂုဏ်ထူးရသည်ကို သတင်းစာမှ ဓာတ်ပုံနှင့်ဖော်ပြသဖြင့် ငယ်ငယ် ရုပ်အချောအလှ သတင်းစာတွင် ဖော်ပြသလို ဖြစ်သွားပြီး နာမည် ထွက်ရခြင်း ဖြစ်ပါ၏။

          -ဆေးတက္ကသိုလ်လား

          စက်မှုတက္ကသိုလ်လား ....

          ဆေးနှင့် စက်မှုတက္ကသိုလ်မှ ကျောင်းတော်သားများ သည် မိမိတို့တက္ကသိုလ်သို့ ငယ်ငယ် ရောက်လာနိုး မျှော်လင့်ထား ကြသည်။

          သို့စေကာမူ....

          ငယ်ငယ်သည် ဆရာဝန် မလုပ်လိုသူ၏အစ်ကိုကြီး ဆရာဝန် အစ်ကိုကျော်၏ ပင်ပန်းမှုကိုကြည့်ပြီး ဆရာဝန်အလုပ် တွင် စိတ်ပျက်သည်။

          အင်ဂျင်နီယာလည်း မလုပ်လို၊ မိန်းကလေးတစ် ယောက်အနေနှင့် အင်ဂျင်နီယာအလုပ်မှာ မအပ်စပ်ဟု ငယ်ငယ် ယူမှတ်သည်။

          ငယ်ငယ်သည် စီးပွားရေးတက္ကသိုလ်သို့ တက်ရောက် သည့်သတင်း ကြားသည်နှင့် ဆေးကျောင်းသားတွေ၊ စက်မှုကျောင်း သားတွေ၊ ဝိဇ္ဇာသိပ္ပံကျောင်းသားတွေလည်း ငယ်ငယ် တက်ရောက် ရာ စီးပွားရေးတက္ကသိုလ်သို့ ပလူအိမ်တုတ်ထိုး လာရောက်ကြည့် ကြပေသည်။

          စီးပွားရေးတက္ကသိုလ် ကျောင်းတက်ချိန်သည် ထိုထို သောကျောင်းသားများ အားလျှင်အားသလို ရစ်ဝဲရာဒေသတစ်ခု ဖြစ်လာရ၏။

          ငယ်ငယ် ကျော်ကြားမှုကြောင့် မထားထားသည် ငယ်ငယ်အား ကိုယ်တိုင်သွားရောက် မိမိဘာသာ မိတ်ဆက်ကာ ငယ်ငယ်၏ မိတ်ဆွေအဖြစ် ခံယူပေသည်။

          ထိုစဉ်အချိန်တွင်း ထားထားမှာ ရန်ကုန်ဝိဇ္ဇာသိပ္ပံ တွင် ဒုတိယနှစ်တက်ရောက်ပြီး သူမ၏အစ်ကို ကိုကိုအောင် (ဇေယျာအောင်)သည် တက္ကသိုလ်တွင် ကျူတာဆရာပေါက်စလေး ဖြစ်ပါ၏။

          ထားထားက ငယ်ငယ့်ထက် အသက်(၂)နှစ်ပိုကြီး သည်။ ထို့ကြောင့် ငယ်ငယ်က ထားထားကို မမထားဟု ခေါ်ပါဆရာဇေယျာအောင်သည် ကားကိုမောင်းလျက်ကပင် ကားနောက်ကြည့်မှန်မှနေ၍ ငယ်ငယ့်ကို ကြည့်မိသည်။

          ငယ်ငယ်၏ အလှသည် အရွယ်ရောက် ဘယ်အမျိုး သားမဆို မကြည့်ဘဲ မနေနိုင်သော အလှမျိုးဖြစ်ပါ၏။

          ကြည့်မိပြန်လျှင်လည်း ကြည့်၍မဝဘဲ ရှိတတ်သည်သာ ။

           ထားထားက ငယ်ငယ့်ကို မေးသည်။ -

           “ငယ်ငယ်တို့ အစ်ကိုကျော်က အိမ်ထောင်ကွဲလား၊ ငယ်ငယ် မိဘတွေကကော၊ ဘယ်သူများလဲ ငယ်ငယ်”

“ဟာ .. မမထား၊ အစ်ကိုကျော်သာ အိမ်ထောင်ပြုရင် ငယ်ငယ် နာပြီပေါ့၊ ဒါကြောင့်လည်း အစ်ကိုကျော်က ချစ်သူလည်း မရှာဘူး၊ အိမ်ထောင်လည်း မပြုတော့ဘူး။ ငယ်ငယ်တို့မှာ မိဘမရှိတော့ဘူးလေ၊ ငယ်ငယ့် ဖေဖေဟာ အစ်ကိုကျော်၊ ငယ်ငယ့် အမေဟာလည်း အစ်ကိုကျော်ပဲ။ အစ်ကိုကျော်ကလည်း ငယ်ငယ့်ကို သိပ်ချစ်တာ၊ ငယ်ငယ် ဟာ အစ်ကိုကျော်ရဲ့ အသက်ပဲ”

“ .. ငယ်ငယ်ရဲ့ အစ်ကိုလတ်ကကော"

“အစ်ကိုမောင်ကတော့ ဆိုးတယ်၊ တေတယ်၊ ဒါပေမဲ့ အငယ်ဆုံး အထွေးဆုံးညီမ ငယ်ငယ့်ကိုတော့ အစ်ကိုမောင်ကလည်း ချစ်တာပဲ၊ ဒီနေရာမှာတော့ အငယ်ဆုံးဖြစ်ရတာ စားသာတယ် မမထား၊ အစ်ကိုနှစ်ယောက်လုံးက ငယ်ငယ် ကို သိပ်အလိုလိုက်တာ”

“ငယ်ငယ်ရဲ့ အစ်ကိုအငယ် အစ်ကိုမောင် ဆိုတာ တေး တာတွေကို ငယ်ငယ်ရဲ့ အစ်ကိုကြီး အစ်ကိုကျော်က မဆုံးမဘူးလား၊ အဲဒီ အစ်ကိုကကော အစ်ကိုကြီးကို မကြောက်ဘူးလား"

“အစ်ကိုကျော်ကိုတော့ အစ်ကိုမောင်ရော ငယ်ငယ်ရောကြောက်ရတယ် မမထား၊ အစ်ကိုကျော်က အုပ်ထိန်းသူ မိဘနေရာမှာ ရောက်နေသူ မဟုတ်လား၊ အစ်ကိုမောင်ကို အစ်ကိုကျော်က ဆုံးမတာမှ လက်သီးနဲ့လည်းထိုး၊ တုတ် နဲ့လည်းရိုက် ဆုံးမတာ နှစ်ခါတောင်ရှိပြီ၊ နှစ်ခါစလုံးပဲ အစ်ကိုမောင် အိပ်ရာထဲက မထနိုင်အောင် နာတာချည်းပဲ။ ဒီလိုကျပြန်တော့လည်း အစ်ကိုကျော်က စိတ်မကောင်းဖြစ် ပြန်ရော၊ အစ်ကိုမောင်ကလည်း အစ်ကိုကျော်ကို ကြောက် ပေမဲ့ သူ့ဝါသနာကိုတော့ မပျောက်ပါဘူး၊ ဆိုးမြဲဆိုး၊မြဲ တေတာပါ၊ နောက်ပိုင်း အစ်ကိုကျော်က ဆူဆုံးမပြီး သူပဲ စိတ်မကောင်း ပြန်ဖြစ်ရတဲ့ဒဏ်ကို မခံနိုင်တော့တာနဲ့ အစ်ကိုမောင့်ကို ဒီအတိုင်း လွှတ်ထားရတော့တယ် မမထား"

           အစ်ကိုဇေယျာအောင် ကလေးလို တွတ်တီးတွတ်တာ ပြောနေသော ငယ်ငယ့်အား ကားနောက်မှန်မှ ခဏခဏ ခိုးကြည့် နေသည်ကို ညီမ ထားထား သတိထားမိပါ။

           ကြည့်ရုံမက ငယ်ငယ် ပြောသမျှကို နားထောင်ပြီး ကိုကိုအောင် တပြုံးပြုံး ဖြစ်နေသည်။ ငယ်ငယ် စကားပြောပုံလေး ကလည်း သိပ်ချစ်စရာကောင်းသည်။ သူမ၏နှုတ်ခမ်းလေး လှုပ် ရှားသည်ကိုကပင် ချစ်စရာလေး ဖြစ်နေပါ၏။

           ငယ်ငယ် တက်ရမည့် ကလပ်(စ်)အဆောင်ရှေ့အထိ ဇေယျာအောင်က လိုက်ပို့ပေးသည်။

           ကားရပ်ပြီး ငယ်ငယ် ဆင်းရန် ကိုကိုအောင် ကိုယ် တိုင်ဆင်းကာ ကားတံခါးဖွင့်ပေးသဖြင့် ထားထားလည်း ငယ်ငယ် နှင့်အတူ ကားပေါ်မှဆင်းကာ ငယ်ငယ်နှင့် ကိုကိုအောင်ကို မိတ် ဆက်ပေးသည်။

           “ဒါ... မမထားရဲ့ အစ်ကိုရင်း ကိုကိုမောင်လေး ငယ်ငယ်၊ ကိုကိုအောင့် နာမည်အရှည်ကတော့ ကိုဇေယျာအောင်တို့၊ မမထားနဲ့ ကိုကိုအောင် မောင်နှမကလည်း ငယ်ငယ်နဲ့ အစ်ကိုကြီး မောင်နှမ ချစ်သလို ချစ်တာ"

"မမထားရဲ့ မိဘတွေကကော မမထား”

“ပဲခူးမှာလေ၊ ဒီရန်ကုန်တက္ကသိုလ်မှာ ကိုကိုအောင်ကလည်း ကျူတာလုပ်နေတယ်၊ မမထားကလည်း ကျောင်းတက်နေတာမို့ မမထား မိဘတွေက ရန်ကုန်မှာ ကိုကိုအောင်နဲ့ 'မမထား နေပြီး တက္ကသိုလ်တက်ဖို့ ဒီကားနဲ့ ကမ္ဘာအေးလမ်း မှာ တစ်ထပ်တိုက်လေး ဝယ်ပေးထားတာ၊ ဪ . ကိုကိုအောင်၊ ဒါ.. ငယ်ငယ်တဲ့၊ ဒီနှစ်မှ စ,တက်တဲ့ ဖရက်ရှာမလေးပေါ့။ ငယ်ငယ်က ဖရက်ရှာသ တယ်။စီးပွားရေးတက္ကသိုလ်မှာတော့ ရောက်တာနဲ့ ကွင်းဖြစ်တော့တာပဲ"

           ကိုဇေယျာအောင်က ငယ်ငယ့်အား လိုလိုလားလား ပင် မိတ်ဆက်ခြင်းကို ဖော်ရွေလှိုက်လှဲစွာ လက်ခံ တုံ့ပြန်ပါလေ

“ဆရာ့ကို ငယ်ငယ် မြင်ဖူး သိဖူးတာပေါ့ မမထား၊ ကျူတာဆရာမှန်း သိတာမြင်တာကို ပြောတာပါ၊ ဆရာကကျောင်းသူတွေ လောကမှာ တော်တော်ပေါ်ပြူလာ ဖြစ်တာ ပဲဟာ၊ ငယ်ငယ့် သူငယ်ချင်းတွေက ဆရာကို ညွှန်ပြပြီး ဆရာဟာ ကျူတာတွေထဲမှာတော့ ကင်းပဲလို့ ပြောကြတာမို့ ငယ်ငယ် မြင်ဖူးပြီး သိနေတာပါ၊ အခုလို ဆရာနဲ့ပက်ပင်း "ကြီး ဒက်ထိကြီး သိကျွမ်းရတာကို ငယ်ငယ် အရမ်းပျော်သွားပြီး အရမ်းကြီး ဝမ်းသာသွားတယ်ဆရာ၊ ငယ်ငယ့်ကို တပည့်ရင်းလို့ မှတ်ပါနော် ဆရာ”

 “မှတ်ပါမယ်ဗျာ သိပ်ကိုမှတ်ပါတယ်၊ ကျောင်းနဲ့ပတ် သက်ပြီး အခက်အခဲရှိရင်လည်း ဆရာ့ကိုပြောပါ၊ ထားထား ရဲ့ အစ်ကိုမို့ ငယ်ငယ့်အစ်ကိုလို့ပဲ မှတ်ယူပါ ငယ်ငယ်၊ ထားထား ခေါ်သလို ကိုကိုအောင်လို့လည်း ခေါ်ရင်ရပါ တယ်"

“ကျေးဇူးပဲဆရာ ... ဒါဆို ငယ်ငယ် သွားတော့မယ်"

“ဪ နေဦး ငယ်ငယ်၊ ညနေကျောင်းဆင်းရင် ငယ်ငယ့် မှာ အခက်အခဲ ရှိနေရင် ဆရာ လာကြိုပေးမယ်လေ”

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)