Skip to product information
1 of 5

Other Websites

တက္ကသိုလ်ဘုန်းနိုင် - သူငယ်ချင်းလိုပဲဆကိ၍ခေါ်မည်ခိုင်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ချစ်ရိပ်ပွင့် ကို လုလင့်ဘာသာ

ပျူငှားဆန်၊ဆို လွမ်းလိုလိုနှင့်

သံချိုမြမြ နှမပြာဝင်း

နေရစ်မင်းဟု ..."

နှမပြာဝင်း နေရစ်မင်းဟု ... နေရစ်မင်းဟု ... နေရစ်မင်းဟု ..

ကျွန်တော့်ရင်တွင် ဟိုတောင်ယံမှ ရိုက်ခတ်တုံ့ပြန်လာသော ဥဩငှက်၏ နွေတေးပမာ ဤကဗျာ၏ နောက်ဆုံးစာပုဒ်များ ပဲ့တင်ထပ်နေသည်။

စာပေ၊ ကဗျာ၊ လင်္ကာကို မြတ်နိုးရကောင်းမှန်း သိစ။ စာပေ၊ ကဗျာ၊ လင်္ကာကို မြတ်နိုးရ ကောင်းမှန်း သိသော်လည်း စာပေ၊ လင်္ကာ၊ ကဗျာဆိုသည်မှာ သမုဒယသစ္စာ အရင်းတည်၍ ဒုက္ခသစ္စာ ကြွင်းလေသည် သော ဘဝလမ်းဌာနေ၌ သောကဝဋ်ကြိုး နှောင်ပတ်ချည်မိလေရာမှ ပေါက်ဖွားခြင်းကို ရှင်းလင်း မသိစဉ် သမယ ... ဟိုစဉ်ကာလများကတည်းက “ ရှင်အဂ္ဂသမာဓိ ”၏ “ နေမိဘုံခန်းပျို့ ”လာ ဤစာပိုဒ် များကို အကြောင်းမဲ့တ,သ အကြိမ်ကြိမ် နှတ်မှ ခုံခုံမင်မင် စိတ်ကူးယဉ် ရေရွတ်ခဲ့ဖူးသည်။

ယခုမူ .. နှုတ်မှ မရွတ်သာ။ ရင်မှာသာ ပဲ့တင်ထပ်ရသော ဤကဗျာသည် ခိုင့်အတွက် ဖြစ်ရပါလေ ပြီကော ...။

“ မောင့်ကို ခွင့်လွှတ်ပါလေ ခိုင်၊ နောင်ဘဝဆိုသည်လည်း ရှိပါစေ ခိုင် ....။ ဘဝတို့ အကြိမ်ကြိမ် ပြန်လည်ဖွားမြောက်လေသော သံသရာဆိုသည်နှင့် သံသရာ၌ ပြန်လည်တွေ့ဆုံတတ်သော ရေစက် ဆိုသည်လည်း ရှိပါစေ နိုင် ... ။ သံသရာလမ်းဘုံဘဝ ကွန်းထောက်တစ်စခန်းမှာ ရေစက်အဟုန်ကြောင့် ခိုင်နှင့် မောင် ပြန်တွေ့ဆုံလျှင် ... မောင့်ကို ခွင့်လွှတ်နိုင်ပါစေ ခိုင် ...”

မရှိတော့ပြီဖြစ်၍ မကြားနိုင်လေသူ တစ်ဦးကို စကားဆိုသူတစ်ဦးအား ရူးသွပ်သူ ဟု ဆိုကြပါလေ။ ဆိုကြစမ်းပါလေ။ ကျွန်တော်သည် ရူးသွပ်နေသူတစ်ဦး အမှန်ဖြစ်ပါ၏။ အကြောင်းမှာ အထက်ပါ ကျွန်တော် စကားတို့ကို ချစ်လှစွာသော ခိုင်တစ်ယောက် မကြားနိုင်တော့ပါ လေ ....။ ကျွန်တော် မည်မျှကြားစေချင်ဦးတော့၊ ချစ်သောခိုင် မကြားနိုင်တော့ပါ လေ။

ခိုင်မကြားနိုင်မှန်း သိလျက်နှင့် ....

“ နှမပြောဝင်း၊ နေရစ်မင်းဟု ...” ဤစကားကို ကျွန်တော်နုတ်မှ မရေရွတ်ရဲ၊ ရေရွတ်ခဲ့သော် .. မမြင်နိုင်သော တောင်လေရူးသည် မသိနိုင်သည့် နွေတိမ်ခိုးတို့ နောက်ဆွယ်ရှိ ဝိညာဉ်လောက၏ မှောင်ခိုးရိပ်မှ ဆိတ်ဆိတ်သုဉ်းသုဉ်း ရပ်နေရလေရမည့် ခိုင့်ဆီ သယ်ဆောင်သွားသည် ဆိုပါအံ့။

ခိုင် အထင်မလွဲစေလိုပါ .....။

  “ နှမပြောဝင်း၊ နေရစ်မင်း ...”ဟု ကျွန်တော်မပြောရက်ပါ ။ တတ်နိုင်လျှင် မပြောချင်ပါ။

နွေ၏ ပင်အိုကို စွန့်ခွာမြေသက် လေထက်ပါလေသူ ရွက်ဝါတို့အား ပင်အိုသည် နှတ်ဆက်စကား မဆိုနိုင်သကဲ့သို့ ကျွန်တော်လည်း မဆိုနိုင်ချင်ပါ။

ခက်သည်မှာ ... ခိုင်သည် ရွက်ဝါမဟုတ်။ ကျွန်တော်သည်လည်း ပင်အိုမဟုတ်။

ကြုံရချက် နာသမျှမှာ .... ရွက်ဝါနှင့် ပင်အိုပမာပင် မနိုင်းသာခဲ့။ ပင်အိုအတွက်မူ ညိုသောရွက်တို့ ကြွေစင်လေလျှင် ပျိုသော ရွက်တို့ ဝေလွင်ပေမည်။

နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်ရသည့် စွယ်တော်ရွက်လျှင် တစ်လွှာကြွေခဲ့ပြီမို့ တစ်ရွက် မမည်လေ သကဲ့သို့ မပြည့်စုံတော့သော အထီးကျန် ဤဘဝဝယ် ဘယ်အချိန်ထိ ရပ်တည် နေရမှန်း မသိနိုင်သည့် ကျွန်တော်နှင့်စာလျှင် ပင်အိုသည် ကံကောင်းလေပါသည် ။ ခံစားမှု မရှိ၍လည်း ပို၍ကံကောင်းလေပါသည်။

ခံစား စံစားမှုရှိသော သုံးပါးလောကဝယ် ... ဒုလ္လဘဟူ၍ အမြင့်မြတ်ဆုံးဆို သော အတိတ်ကိုလည်း မမေ့။ ပစ္စုပ္ပန်ကိုလည်းသိ။ အနာဂတ်ကိုလည်း ကြိုမြင်တတ်သောလူ ဖြစ်နေရသည့် ကျွန်တော်သည်သာ ကံအဆိုးဆုံး ဖြစ်နေရပါ ၏။ လူတစ်ယောက်အနေနှင့် ပိုင်ဆိုင်ထားရသော ထက်မြက်သည့် အာရုံတရားတို့နှင့် ဥပါဒါန် ဖုတ်၊ တစ္ဆေ ခိုအောင်း မှီတွယ်ရာ သက္ကာယဒိဋ္ဌိ မနော စိတ်ဂူ ငါစွဲဟူသည်တို့ကိုပင် မုန်းတီးရ လေမည်လား မပြောတတ်။ ။

“ ပတ်ဝန်းကျင်ကိုလည်း မမြင်ချင်၊ မကြားချင်၊ မသိချင်ပါ ခိုင် ..။ အတိတ်ဆိုတာကိုလည်း မေ့ချင်ပါသည် ခိုင် ..။ ပစ္စုပ္ပန်မှာလည်း မောင်မပျော်ပါဘူး ခိုင် ..။ အနာဂတ်ဆိုတာကိုတော့ တွေးမိတိုင်း ကြောက်လန့်မိတယ် မိခိုင်ရယ် ” ၊

မမြင်ချင်သော်လည်း ပတ်ဝန်းကျင်ကို ကျွန်တော် မြင်နေရသည်။

ကျွန်တော် မြင်နေရသော ပတ်ဝန်းကျင်မှာ လေငင်တိုင်း ရိုင်းရိုင်းသဲသဲ ဝဲဝဲလွင့်လွင့်၊ ဆင့်ဆင့် ဆက်ဆက် ကြွေသက်နေသော ရွက်ဝါ ရွှေ မြေခသည့် နွေလရက်ဆည်းဆာရိပ် ပြာရီရီတည်း။ ကျွန်တော် ရပ်တည်နေရာမှာ မြေပုံမို့မို့ အုတ်ဂူညို့ညို့တို့ဖြင့် မျှို့ အသရေ မရှိပါလေသော သချိုင်းမြေသာတည်း။

ရွက်ဝါဆိုသည်မှာ ဇာတ်လမ်းဆုံးခန်းတွင် လွမ်းတေးမဆိုဘဲ ငိုပွဲကို ဟန်အမူအရာဖြင့် သယ်ယူ တတ်သည့် ရာသီ၏ ကချေသည် များသာဖြစ်ပါ၏။

ရာသီကချေသည်တို့၏ ငိုပွဲကို အသည်းကြွေလုဖြင့် ရှုမြင်နေရင်း ကျွန်တော်သည်သာ မငိုရဲပါ။

“ ငိုချင်ပါရဲ့ ခိုင် ...။ ဒါပေမယ့် ဆိတ်ငြိမ်တဲ့ ခိုင်ရဲ့ ဝိညာဉ်လောကဟာ မောင်ရဲ့ ငိုရှိုက်သံ တွေကြောင့် နှောင်းဘဝသောက ပဲ့တင်ချက်နဲ့ မပျက်စီးစေလိုဘူး မိခိုင် ..”

မိခိုင်တစ်ယောက် ဖြစ်ရာဘဝမှာ ငြိမ်းချမ်းနိုင်ပါစေ ..။

“ မောင့်ဘဝတော့ မငြိမ်းချမ်းနိုင်တော့ပါဘူး မိခိုင်ရယ် ...။ မောင့်အပေါ် ခိုင် ချစ်သမျှ၊ ဖြစ်ခဲ့ရတဲ့ အကြောင်းကံဆိုးကို အငြိုးနဲ့ မုန်းမိလေသမျှ မောင့်ဘဝမှာ ငြိမ်းချမ်းရေးဆိုတာ မရှိနိုင်တော့ပါဘူး ခိုင်ရယ်”

သိလျက်နှင့်လေ၊ ချစ်ဝိပါက်ဟု ဆို များ ဆိုကြပါစေ။ ကျွန်တော် ဖြစ်ရသည်မှာ ကြယ်ကြွေကို လည်ကာကောက်သည့် တစ်ယောက်သော သူ ရူးပမာသာ ဖြစ်ပါ၏။

ကျွန်တော် ရှာဖွေကောက်သော ကြယ်ကြွေများမှာ မရှိတော့ပြီဖြစ်သော အတိတ်ကာလမှ လွမ်းဆွတ် တမောဖွယ်ရာများသာ ဖြစ်ပါ၏။

ခိုင်နှင့် ကျွန်တော် အတူကျင်လည်ခဲ့ရသည့် အတိတ်ကာလမှာ လွမ်းဆွတ်တမောဖွယ်ရာများသာ ဖြစ်ပါ၏။

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)