Skip to product information
1 of 2

Other Websites

တက္ကသိုလ်ဘုန်းနိုင် - မောင့်ဘ၀ညအလားကွယ်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

(၁)

လူက သေးသေးသွယ်သွယ် ပိန်ပိန်ပါးပါးဖြင့် သူ့သီချင်းများ သဖွယ် နွဲ့နွဲ့လျလျနိုင်သမျှ ရာသီဥတုပြင်းပြင်းဒဏ်ကို မခံနိုင်သော ရေနံ့သာကိုစိုးလှိုင်သည် တောင်ကြီးမြို့သို့ အချမ်းကဲသော ဒီဇင်ဘာလဆောင်းတွင်းမှာမှ ရောက်ရှိလာသည်။ သူ ရောက်ရှိချိန်တွင်ပင် ကျောင်းမှ ထွက်ကြကတည်းက ကျွန်တော်နှင့် ခွဲခွာခဲ့ရသည့် ယခုအခါ နိုင်ငံကျော် စာရေးဆရာတစ်ဦးဖြစ်နေသူ ကိုလွမ်းနောင်လည်း ကျွန်တော့်အိမ်၌ အဆင် သင့်ရှိနေ၏။

ကိုစိုးလှိုင်သည် ဆောင်းညပမာ နက်ရှိုင်းအေးမြသော တေးတစ်ပုဒ် ကိုလည်း ယူလာသည်။ သီချင်းနာမည်က “ည”ဟူသတည်း။

အိမ်အပြင်၌ ငွေလရောင်မှုန်မှုန်ဝယ် နှင်းပုလဲတို့ ကခုန်နေသော တစ်ညမှာ ထင်းရူးဆီနံ့သင်းသော မီးဖိုဘေးတွင် ကျွန်တော်ကိုစိုးလှိုင်နှင့် ကျွန်တော့်အိမ်၌ ခေတ္တလာရောက် အနားယူနေသူ မိတ်ဆွေတပည့်တစ်ဦး ဖြစ်သည့် မန္တလေးတက္ကသိုလ် အနုပညာရှင်အသင်း ဥက္ကဋ္ဌဟောင်း

ကိုတင်မောင်မြင့်တို့သည် “ည”သီချင်းကို သဇင်၌ အသံလွှင့်ရန် စီစဉ် သုတ်သင်နေကြသည်။

ကိုစိုးလှိုင်သည် သီချင်းကို မူလက (၅)ပေါက်နှင့် စပ်ထားသည်။ ကျွန်တော်နှင့် ကိုတင်မောင်မြင့်က ရိုးလွန်းသည်ထင်၏။ ထိုအခါ

ကိုစိုးလှိုင်သည် (၄)ပေါက်အောက်ပြန်ဖြင့် အသံစဉ်ဆန်းဆန်းတစ်ရပ်ကို စမ်းပြသည်။

“ဟာ... ဟုတ်ပြီ၊ သီချင်းအကြောင်းအရာနဲ့ အသံစဉ် ကိုက်တယ်”

ကိုစိုးလှိုင်သည် သူ့ထုံးစံအတိုင်း မျက်မှန်ဝင်းဝင်းအောက်မှ မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ပေါင်တစ်ဖက်ကို လှုပ်ကာလှုပ်ကာ စည်းလိုက်၍ မယ်ဒလင်ဖြင့် တီးကွက်များဖော်ယူသည်။ ကိုတင်မောင်မြင့် က မျက်စိကိုမှိတ်ကာ တီးကွက်အလိုက် စိတ်ကို လွှတ်မျှော်ကြည့်နေဟန်တူသည်။ တီးကွက်ဆုံးသော်“ဟုတ်တယ်၊ ဒီအသံနဲ့ ပိုကိုက်တယ်”ဟုမှတ်ချက်ချသည်။

ယခုအချိန်အထိ ကိုလွမ်းနောင်သည်၊ စီးကရက်တစ်လိပ်ကို အမှတ် မထင်ခဲရင်း မီးဖိုတွင်းမှ ယှက်လိမ်ကခုန်နေသော မီးတောက်မီးလျှံများကို ငိုင်ကြည့်နေသည်။ ကိုတင်မောင်မြင့်က မှတ်ချက်ချသောအခါမှ လှမ်းမေးသည်။

“တီးကွက်ကတော့ တော်တော်လှတယ်၊ လှတယ်ဆိုတာထက်အသဲနှလုံးကိုခိုက်တယ် ဆိုရမယ် ထင်တယ်၊ သီချင်းနာမည်က ဘာတဲ့လဲ”

ကျွန်တော်က ပြန်ဖြေသည်။

“ည”

ကိုလွမ်းနောင်၏ မျက်နှာဝယ် အမျိုးအမည် မသိသာသော်လည်း ထင်ရှားသည့် ပြောင်းလဲရိပ် လွှမ်းသွားသည်။

“ဪ... “ည”တဲ့လား”

“ဟုတ်တယ်... တဂိုးရဲ့ Night ဆိုတဲ့ ကဗျာကိုမှီပြီး ကိုမြင့်သိန်းက သီချင်းအတွက် လင်္ကာရဿဖြစ်အောင် ဖွဲ့ ထားတယ်”

“ကိုမြင့်သိန်းဆိုတာ ဘယ်သူလဲ”

“ကျွန်တော်တို့ မိတ်ဆွေတစ်ဦးပါပဲ၊ ကလောင်နာမည်တော့ သိပ်မရှိသေးဘူး၊ ပျဉ်းမနားမောင်ရီနောင်ဆိုပြီး ကဗျာတွေစပ်တယ်၊ အလုပ်ကတော့ စိုက်ပျိုးရေးအရာရှိ တစ်ဦးပဲ၊ ခင်ဗျားတင်တင်မြ ဆိုထားတဲ့ ကိုစိုးလှိုင်ရဲ့ လက်ရာ စခန်းအောင်မြေကို ကြားဖူးမှာပေါ့၊ အဲဒီထဲက စာသားတွေလဲ ကိုမြင့်သိန်းပဲစီတာ”

“ဟာ... ဒီလိုဆိုရင်တော့ သီချင်းကောင်းဖြစ်မှာပဲ၊ ကျွန်တော်စိတ် ဝင်စားတာက “ည”ဆိုတဲ့နာမည်ကိုပဲ”

“ခင်ဗျား ... ဘာလို့ ဒီနာမည်ကို စိတ်ဝင်စားတာလဲ ကိုလွမ်းနောင်”

“ည ဆိုပြီး ဝတ္ထုတစ်ပုဒ်ရေးမယ်လို့ စိတ်ကူးထားတာ၊ ကျွန်တော့် မိတ်ဆွေ မောင်မိုးသူက အဲဒီနာမည်နဲ့ပဲ ဝတ္ထုတစ်ပုဒ် ရေးသွားပြီးပြီ။ သူ့ဝတ္ထုလေးလည်း တော်တော်ကောင်းတယ်၊ ဒါပေမဲ့ သူဆိုလိုတဲ့ညက တစ်မျိုး၊ ကျွန်တော်ဆိုလိုတဲ့ ညကတစ်မျိုး၊ ဟို... သံတူကြောင်းကွဲလို့ ဆိုရမလား မသိဘူး”

ကိုတင်မောင်မြင့်သည် သူ့အား လှမ်းကြည့်၍ အကြံပေးသည်။

“ဒါဖြင့် ဒီလိုလုပ်ပါလား၊ မောင့်ဘဝ ညအလားကွယ်ဆိုတဲ့ နာမည်နဲ့ တစ်ပုဒ်ထပ်ရေးပေါ့”

ကိုလွမ်းနောင်၏ ဆွေးရိပ်လွှမ်းသော မျက်နှာမှ မျက်လုံးတို့သည် အရောင်လက်သွားသည်။

“မောင့်ဘဝ ညအလားကွယ်" ဒီနာမည် သိပ်ကောင်းတယ်။

(၁)

လူက သေးသေးသွယ်သွယ် ပိန်ပိန်ပါးပါးဖြင့် သူ့သီချင်းများ သဖွယ် နွဲ့နွဲ့လျလျနိုင်သမျှ ရာသီဥတုပြင်းပြင်းဒဏ်ကို မခံနိုင်သော ရေနံ့သာကိုစိုးလှိုင်သည် တောင်ကြီးမြို့သို့ အချမ်းကဲသော ဒီဇင်ဘာလဆောင်းတွင်းမှာမှ ရောက်ရှိလာသည်။ သူ ရောက်ရှိချိန်တွင်ပင် ကျောင်းမှ ထွက်ကြကတည်းက ကျွန်တော်နှင့် ခွဲခွာခဲ့ရသည့် ယခုအခါ နိုင်ငံကျော် စာရေးဆရာတစ်ဦးဖြစ်နေသူ ကိုလွမ်းနောင်လည်း ကျွန်တော့်အိမ်၌ အဆင် သင့်ရှိနေ၏။

ကိုစိုးလှိုင်သည် ဆောင်းညပမာ နက်ရှိုင်းအေးမြသော တေးတစ်ပုဒ် ကိုလည်း ယူလာသည်။ သီချင်းနာမည်က “ည”ဟူသတည်း။

အိမ်အပြင်၌ ငွေလရောင်မှုန်မှုန်ဝယ် နှင်းပုလဲတို့ ကခုန်နေသော တစ်ညမှာ ထင်းရူးဆီနံ့သင်းသော မီးဖိုဘေးတွင် ကျွန်တော်ကိုစိုးလှိုင်နှင့် ကျွန်တော့်အိမ်၌ ခေတ္တလာရောက် အနားယူနေသူ မိတ်ဆွေတပည့်တစ်ဦး ဖြစ်သည့် မန္တလေးတက္ကသိုလ် အနုပညာရှင်အသင်း ဥက္ကဋ္ဌဟောင်း

ကိုတင်မောင်မြင့်တို့သည် “ည”သီချင်းကို သဇင်၌ အသံလွှင့်ရန် စီစဉ် သုတ်သင်နေကြသည်။

ကိုစိုးလှိုင်သည် သီချင်းကို မူလက (၅)ပေါက်နှင့် စပ်ထားသည်။ ကျွန်တော်နှင့် ကိုတင်မောင်မြင့်က ရိုးလွန်းသည်ထင်၏။ ထိုအခါ

ကိုစိုးလှိုင်သည် (၄)ပေါက်အောက်ပြန်ဖြင့် အသံစဉ်ဆန်းဆန်းတစ်ရပ်ကို စမ်းပြသည်။

“ဟာ... ဟုတ်ပြီ၊ သီချင်းအကြောင်းအရာနဲ့ အသံစဉ် ကိုက်တယ်”

ကိုစိုးလှိုင်သည် သူ့ထုံးစံအတိုင်း မျက်မှန်ဝင်းဝင်းအောက်မှ မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ပေါင်တစ်ဖက်ကို လှုပ်ကာလှုပ်ကာ စည်းလိုက်၍ မယ်ဒလင်ဖြင့် တီးကွက်များဖော်ယူသည်။ ကိုတင်မောင်မြင့် က မျက်စိကိုမှိတ်ကာ တီးကွက်အလိုက် စိတ်ကို လွှတ်မျှော်ကြည့်နေဟန်

တူသည်။ တီးကွက်ဆုံးသော်“ဟုတ်တယ်၊ ဒီအသံနဲ့ ပိုကိုက်တယ်”ဟုမှတ်ချက်ချသည်။

ကဲလေ... ခင်ဗျားတို့သီချင်း လုပ်ပါဦး”

ကိုစိုးလှိုင်သည် ကျွန်တော့်အား လှမ်းကြည့်၍ မေးသည်။

“စာသားတွေ ကျေနပ်ပလားဆရာ၊ ကိုမြင့်သိန်းက မှာလိုက်တယ်။ လိုမယ်ထင်တာ ဆရာ ပြင်ပေးပါတဲ့”

“ဟုတ်တယ်၊ ကျွန်တော်သုံးနေရာပြင်ချင်တယ်” “ဘယ်နေရာတွေလဲ”

“တိမ်သား အုပ်ဆောင်းရောင်လွင် မမောင်းဖွယ်၊ ကြယ်ပေါင်း သမတ အလှငွေစိုင် အဲဒီနေရာ”

“ဘာဖြစ်လို့လဲဆရာ”

“ကာရန်ကို ဇွတ်ယူထားသလို ဖြစ်နေတယ်၊ “ရောင်လွင်မမောင်း” ဆိုတဲ့ စကားကို ကျွန်တော်မကြိုက်ဘူး၊ ဒီလိုပြင်လိုက်တာပေါ့၊ “တိမ်သား ပြယ်ရှင်း၊ ယာယီလင်းစ၊ ကြယ်မင်းသမတ၊ အလှငွေစိုင်”လို့ ဒါမှရှေ့စကား နောက်စကားဆီလျော်မယ်”

ကိုစိုးလှိုင်သည် သဘောတူဟန် ခေါင်းညိတ်သည်။ ထိုနောက် “ဆက်ဦးဆရာ” ဟု တိုက်တွန်းသည်။

“နေမင်းသာတဲ့ နေ့ကမ္ဘာနန်းဝယ်၊ အဲဒါကလဲ ထောင့်နေတယ်။ အဲဒီအစား “လျှံဝင်းဖြာတဲ့ နေ့ကမ္ဘာနန်းဝယ်”လို့ ပြင်မယ်”

“ပြီးတော့ကော”

“ပင့်သက်ဖိုမျက်ရည်ဝဲ၊ ဝဲကျရုံပဲ တကယ် အဲဒီစကားက ယောက်ျား တစ်ယောက်ဆိုဖို့အတွက် လွန်းနေတယ် ထင်တယ်၊ ပြီးတော့ သီချင်း တစ်ပုဒ်လုံးက ပမာတင်စားမှုကို အသားပေးထားတယ်၊ မျက်ရည်ကျတဲ့ နေရာမှာ တိုက်ရိုက်ကြီးဆိုထားတာ မကြိုက်ဘူး”

“လုပ်ပြီဟေ့ ဒို့ဆရာကတော့ ဒါဖြင့် ဘယ်လို မျက်ရည်ကျမလဲ”

“ဟုတ်တယ်၊ ယောက်ျားသီချင်းမှာ မျက်ရည်ပါလာရင်ဆိုဖို့ ကျွန်တော့်ပါးစပ်မရဲဘူး၊ ဆရာ မငိုနဲ့ ခင်လို သီချင်းမျိုးတော့ ကျွန်တော် ဆိုရတာ လိပ်ပြာလည်းရဲတယ်၊ အသဲနဲ့လည်းမိတယ်ဆရာရေ၊ ကဲလေ အခု စာသား ဘယ်လိုပြင်မလဲ”

“အဓိပ္ပာယ်များ လျှို့ဝှက် လွန်းမလားတော့ မသိဘူး၊ ဆရာတော့ ဒီလို ပြင်ချင်တယ်။ ပင့်သက်ဆို မြောက်လေဝဲ အသဲကမ္ဘာ့မှုန်နှင်းရယ် ခင်ဗျား၊ ဘယ့်နှယ်ထင်သလဲ ကိုလွမ်းနောင်”

ကိုလွမ်းနောင်၏မျက်နှာသည် မှိုင်းသွားသည်။ ။

“ပင့်သက်ဆိုတဲ့ မြောက်လေက ဝဲနေတယ်။ အဲဒီပင့်သက်မြောက် လေဝဲတဲ့ အသဲကမ္ဘာက မှုန်နေတဲ့ နှင်းတွေဟာ ဘာတွေလို့ ခင်ဗျားဆိုလို တာလဲ ကိုဘုန်းနိုင်၊ မျက်ရည်တွေတော့ မဟုတ်ပါဘူး ထင်ပါရဲ့ နော်”

ကျွန်တော်က သူ့ကို မဖြေဘဲ ပြုံးရုံသာ ပြုံးနေသည်။

ကျွန်တော်က စည်းကို ကောက်ကိုင်လိုက်သဖြင့် ကိုတင်မောင်မြင့်က တယောကိုယူကာ ကိုစိုးလှိုင်၏ မယ်ဒလင်နှင့် အသံညှိလိုက်သည်။ အားလုံး အဆင်သင့် ဖြစ်သောအခါ ကိုစိုးလှိုင်သည် မယ်ဒလင်တီးရင်း ဆိုသည်။

“မှုန်ရီဆိုင်း... ဇာငွေလှိုင်း ...သင်တိုင်းနှင်းမြူ ကမ္ဗလာရံသွယ် အဇဋာနယ်မိုးဖြန့်ကျယ်... တိမ်သားပြယ်ရှင်း ယာယီလင်းစ ကြယ်မင်းသမတ....အလှငွေစိုင်... ကိုယ်ပိုင် ကမ္ဘာဦး တန်

ဆောင်းမှု ...ချယ်၊ စက်ခန်းသာလယ်...ပမာတင်စား မောင့်ဘဝ ညအလား ကွယ်...”

အပြင်ဘက်မှ ဆောင်းလေ၏ တိုးဝှေ့သံကို သတိထားမိလျှင် သဲ့သဲ့ ကြားနိုင်သည်။ နှင်းမြူတို့သင်တိုင်းပမာ ခြုံလွှမ်းသောညဝယ် ကမ္ဘောဇပန်းမြို့တော်၏ မာလာဖူးငုံ အစုံစုံတို့ည၏ မေတ္တာအအေးဓာတ်ဝယ် ခိုလှုံအားသစ်၍ မနက်ဖြန်ဖြစ်မည့် နေ့ကမ္ဘာနန်း၌ တောက်လျှမ်းဂုဏ်ဝင့်ရန် အဆင်သင့်ရှိနေကြပေမည်။ ဤပန်းမာလာတို့ အလှညီလာကျင်း၍ သဘင် ခင်းချိန်မှာ နေမင်းပိုင်သောနေ့ အခါသာ ဖြစ်သဖြင့် သူတို့အားနှင်းဖြင့် အေးစေ၍ ညှင်းလေနုဖြင့် မွှေးစေသောညအတွက် နေရာမရှိပြီ။

“ညအရေးရယ်... ကွန်းထက် ဘုံလယ်တစ်ခွင်ဝယ် ... အေးချမ်းသာတဲ့ ...အရုဏ်မကူးမီ စက်ဦးခဏဝယ်... အမှောင်နယ် ရှောင်ကွင်းလျှံဝင်းဖြာတဲ့ နေ့ကမ္ဘာနန်းဝယ် စောင့်စားကာရယ် ရန်သင့်ဟန်တင့် မာန်မဝင့်နဲ့လားကွယ် တစ်ပါးသူ ခြူးမြန်းရင်ဖြင့် လွမ်းလျက်နဲ့ မပန်သာသည် ... ချန်ကာထားရစ်ညသနစ်ဖြစ် ကြောင်းရယ်”

ပန်းတစ်ပင်ကို ပန်ဆင်ဖွယ်ဖြစ်အောင် ပြုစုသူမှာ ဥယျာဉ်မှူး ဖြစ်သည်။ အချိန်တင့်၍ ပန်းကောင်းပွင့်လေသောအခါ အရန်သင့် ပန်လေ သူမှာ တစ်ပါးသူတစ်ဦးဖြစ်နေတတ်၏။ အဆင်မပြေသော ဤသဘာဝကို “ည”က ဖွင့်ဆိုသည်။

အရွယ်တော်သစ်စ ... ဆယ်ကျော်နှစ်က ကျွမ်းချစ်ရအင်... အာရုံစိတ်စော... မောမိတယ်... မောင့်ဘဝအမှန်တကယ်ညရဲ့ သဏ္ဌာန်နှယ်ပင့်သက်ဆို မြောက်လေဝဲ...အသဲကမ္ဘာမှုန်နှင်းရယ် ... ဆောင်ချဉ်းကိုယ်စားမောင်ထားနိုင်ခဲ့တယ်...”

သီချင်းသည် ညအရေးရယ် အပိုဒ်သို့ ပြန်ကော့ကာလည်လာ၏။ (ချန်ကာထားရစ် ညသနစ်ဖြစ်ကြောင်းရယ်)အပိုဒ်ဖြင့် အဆုံးချရာ၌

ကိုစိုးလှိုင်၏ အသံတွင် ငိုသံသိသိသာသာ ပါနေ၏။ ကျွန်တော်တို့ အားလုံး ကျေနပ်သွားကြသည်။

ကျွန်တော်တို့၌ အကျင့်တစ်ခုရှိသည်။ အနုပညာတစ်ရပ်ကို ဖန်တီး ပြီးသောအခါ၌ ရင်တွင်းမှာ ပေါ့ပါးသွားလေ့ ရှိသည်။ ထိုအခါမျိုးတွင် လူပါ ပေါ့ပါး နိုးကြားလန်းဆန်းလာတတ်သည်။ ညမည်မျှ နက်နက် မအိပ်ချင်တော့။

နဝင်းလဲ့သာကြူး၊ တည့်မွန်းလ သီတဂူလျှင် ငွေမှင်ရည်ဆမ်းခိုက်၊ ပန်းတိုင်းပွင့်၍ ပွင့်သောပန်းတိုင်းမွှေးနေသော ကမ္ဘောဇမြို့တော်၏ ညသည် မိန်းမောအိပ်စက်ပစ်ခြင်းဖြင့် ကုန်လွန်လိုက်ရန်မှာ နှမြောတသဘွယ်လှပ လွန်းနေသည်။

ကျွန်တော်တို့တသိုက်သည် အိမ်ပြင်ထွက်၍ လမ်းလျှောက်ကြသည်။ ချမ်းတတ်သော ကိုစိုးလှိုင်က ကျွန်တော်၏ သိုးမွှေးကုတ်အင်္ကျီအရှည်ကြီးကို ဝတ်ရင်း ကုတ်ကုတ်ကလေး လိုက်ပါလာသည်။

ကျွန်တော့်အိမ်တည်ရာမှာ တောင်ကြီးမြို့၏ အလှပ အသာယာဆုံး ဖြစ်သည့်အရာရှိကြီးများ နေထိုင်ရာ တောင်ခြေတဝိုက်မှာဖြစ်သည်။ ကျွန်တော့်အိမ်မှ တောင်ခြေအထိ ဖြည်းဖြည်းလျှောက်လျှင် ငါးမိနစ်အတွင်း ရောက်သည်။

ကျွန်တော်တို့သည် လမ်းအတိုင်း အရှေ့ဘက်တောင်ခြေဆီသို့ လျှောက်လာခဲ့သည်။ လရောင်၌ ချယ်ရီဦးတို့ ဖူးပွင့်စဖြစ်နေသည်ကို သတိထားမိသည်။ ထင်းရှူးနံ့တို့မူ သင်းနေကြိုင်နေ လှိုင်နေပါ၏။

တောင်ခြေ၌ပတ်အပ်သောလမ်းအတိုင်း အစိုးရအိမ်တော် ကျော ဘက်မှ ဖြတ်၍ လျှောက်လာခဲ့ကြသည်။ မြင့်မားသော ထင်းရူးပင်တောကို ဖြတ်၍ စထရင်းဟိုတယ်ကို လွန်ခဲ့သည်။ မကြာမီပင် ကျွန်တော်တို့ရှေ့၌

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)