Skip to product information
1 of 13

စိတ်ကူးချိုချိုစာပေ

ဇွဲပိုင်ဦး - ဖါးမင်းသမီးလေးပုံပြင်နှင့်ဖတ်ချင်စဖွယ်နိုင်ငံရပ်ခြားပုံပြင်များ

Regular price 1,000 MMK
Regular price Sale price 1,000 MMK
Sale Sold out
အခန်း (၃)
ဘုရင်ကြီးမှ မင်းသားအား
အိမ်ထောင်ပြုရန် တိုက်တွန်းခြင်း

ပုဂံပြည်ကို အစိုးရသော မင်းကြီးတွင် သားတော်အိမ်ရှေ့မင်းသားလေး ၄ ပါး ရှိသည်။ သားတော် လေးပါးစလုံးမှာ အရွယ်ရောက်နေသူများ ဖြစ်ပြီး သားတော်အကြီးသုံးပါးကတော့ အိမ်ထောင်ရှင်များ ဖြစ်ကြ သည်။ အငယ်ဆုံး အိမ်ရှေ့မင်းသားလေး မင်းနန္ဒာကတော့ လူပျိုဘဝ နှင့်သာ ပျော်ရွှင်နေလေသည်။ ဘုရင်ကြီးကတော့ သားတော်ငယ်လေး မင်းနန္ဒာကို အိမ်ထောင်ပြုစေလိုသည်။ ဤသို့ဖြင့် ဘုရင်ကြီးသည် သားတော် မင်းနန္ဒာကို အိမ်ထောင်ချပေးမည်ဟု ဆုံးဖြတ်လိုက်လေ သည်။

တစ်နေ့၌ ဘုရင်ကြီးသည် သားတော် မင်းနန္ဒာကို ခေါ်ပြီး

“သားတော် မင်းနန္ဒာ .. ခုဆိုရင် သားတော် အရွယ်လည်း ရောက်နေ ပြီ၊ ပညာတွေလည်း သင်ကြားပြီးပြီ၊ ဒီတော့က သားတော်ကို ခမည်းတော် အိမ်ထောင်ချပေးချင်တယ်”

လို့ ပြောသည်။ သားတော် မင်းနန္ဒာ မှာလည်း ချစ်သူရည်းစားလည်း မရှိတာမို့ ဖခင်အလိုအတိုင်း ခေါင်း ညိတ်လိုက်လေသည်။ သို့သော် ဘုရင်ကြီးသည် သားတော်အတွက် မင်္ဂလာကိစ္စအတွက် သတို့သမီးကို ဝင်ရောက်မစွက်ဖက်ဘဲ ကိုယ်တိုင် ရွေးချယ်ရန် ခွင့်ပြုထားသည်။

ဒီလိုနဲ့ ဘုရင်ကြီးဟာ မင်းမျိုးမင်းနွယ်တို့ရဲ့ မင်္ဂလာပွဲထုံးစံ အတိုင်း သားတော်လေး မင်းနန္ဒာရဲ့ လက်ထပ်ပွဲအတွက် သတို့သမီးလောင်းကို ခေါင်းဆေးမင်္ဂလာအပြီးမှာ ရွေးချယ်မည်ဖြစ်ပြီး မင်းသား လေးရဲ့ ခေါင်းဆေးမင်္ဂလာအခမ်းအနားကို တိုင်းပြည်တွင်းမှာရှိတဲ့ မိန်းမပျိုမှန်သမျှ အားလုံးလာရောက်ရမည်ဟု အမိန့်တော် ထုတ်ပြန် လေသည်။ နန်းတွင်းမင်းမှုထမ်းများမှာလည်း ဘုရင်ကြီးအမိန့်တော် အတိုင်း တစ်ပြည်လုံးအနှံ့ လိုက်လံ၍ မောင်းခတ်ကြေညာစေလေသည်။

ထိုသတင်းကို ညီအစ်မနှစ်ယောက် ကြားသည်နှင့်တစ်ပြိုင်နက် ပွဲကို မဖြစ်မနေတက်ရောက်ပြီး ဝင်ရောက်အရွေးခံရန် ဆုံးဖြတ်လိုက် ကြသည်။ မကြွယ်က

“ဒါ တို့အတွက် အခွင့်အရေးကောင်ပဲ မနွယ်ရေ၊ ငါတို့ လက်လွှတ်ခံလို့ မဖြစ်ဘူး၊ အိမ်ရှေ့မင်းသားလေးရဲ့ မိဖုရားဖြစ် ခွင့်ရမှာပေါ့”

ဆိုပြီး သူတို့ကို မင်းသားလေးက သေချာပေါက် ရွေး မယ်လို့ တွက်ထားသည်။ ဖားမလေးလည်း အဲဒီသတင်းကို ကြားလေ သည်။ သူလည်း မင်းသားလေးရဲ့ ခေါင်းဆေးမင်္ဂလာပွဲကို မြင်ဖူးချင် သည်။ သတို့သမီးအဖြစ် ဝင်အရွေးခံရဖို့တော့ သူဆန္ဒမရှိချေ။

ညီအစ်မတို့ရေ ... ကျွန်မလည်း မင်းသားလေးပွဲကို ရောက်ဖူး၊ မြင်ဖူးချင်လိုက်တာရှင်၊ ကျွန်မကိုလည်း အတူတူ လိုက်ခွင့်ပေးစေချင် ပါတယ်။ သတို့သမီးလောင်း ဝင်အရွေးခံဖို့ မဟုတ်ပါဘူးရှင်”

လို့ ပြောကာ တောင်းဆိုလေသည်။ သို့ပေမဲ့ မကြွယ်တို့ကတော့ ဖားမလေး ကို သူတို့နဲ့ အတူခေါ်ဖို့ အစီအစဉ်လုံးဝမရှိ၊ မယုံကြည်သော ပုံစံမျိုးနဲ့ မလိုက်ဖို့ ငြင်းပယ်လိုက်လေသည်။ ဖားမလေးခမျာ လိုက်ခွင့်မရ သဖြင့် စိတ်ပျက်ဝမ်းနည်းမိလေသည်။