Skip to product information
1 of 2

Other Websites

ဇော်လွင်ဦး(ဟင်္သာတ) - ပန်းပဲစွမ်းအားမြန်မာ့မင်းလမ်းဓား

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ကျေးဇူးစကား

ဤစာမူဖြင့် ဖခင်ကြီးနှင့် ကွယ်လွန်သူမိခင်ကြီးတို့အား လည်းကောင်း၊ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများကို လည်းကောင်း ရိုသေလေးမြတ်စွာ ဦးညွှတ်အပ်ပါသည်။

စာရေးဖြစ်အောင် ဖန်ကြိမ်များစွာ တိုက်တွန်းအားပေး ခဲ့သော ခင်မင်လေးစားရသည့် ထိခိုက်ဒဏ်ရာနှင့် အရိုး အကြောအဆစ် ခွဲစိတ်အထူးကုဆရာဝန်ကြီး ဆေးတက္ကသိုလ်(၁) | ရန်ကုန်၊ အရေးပေါ်ဆေးပညာဌာနပါမောက္ခ (ဌာနမှူး) ဒေါက်တာဦးမော်ဦး (မော်ဦး-ဆေး ၂) ကို လှိုက်လှဲစွာ အထူး ကျေးဇူးတင်ရှိပါသည်။ ။

စာမူကို အထပ်ထပ်ဖတ်ရှု ပြုပြင်ပေးသော ချစ်ဇနီး ဒေါ်စမ်းစမ်းအေး (နီတာ)၊ စာရေးဖြစ်အောင် စေ့ဆော်ပေးခဲ့သည့် သမီး ဒေါက်တာဆုမွန်လွင်၊ စာရေးသားနိုင်စေရန်အတွက် မိသားစုလုပ်ငန်းများကို သိမ်းကျုံးလုပ်ဆောင်ပေးသော တူမ မငုဝါလှိုင်နှင့် ကွန်ပျူတာစာစီပေးသော ညီမ မယုယုခိုင်တို့ကို ကျေးဇူးတင်ပါသည်။

မင်းလမ်းရွာသို့ သွားရောက်လေ့လာရာတွင် လိုလေသေး မရှိအောင် စီစဉ်ဆောင်ရွက်ပေးပါသော ပျော်ဘွယ်မြို့မှ ဦးထွန်းထွန်းဝင်း (ခရိုင်ပါတီကော်မတီဝင်၊ ရမည်းသင်းခရိုင်

ပြည်ခိုင်ဖြိုးပါတီ) ကို အထူးကျေးဇူးတင်ရှိပါသည်။ ထို့အတူ | မင်းလမ်းရွာအတွင်း လှည့်လည်လေ့လာနိုင်အောင် အသေးစိတ် စီစဉ်ကာ ကိုယ်တိုင်လိုက်ပါကူညီပေးပါသော မင်းလမ်းမြောက် ကျေးရွာနေ ဦးသိန်းလွင်မိသားစုအားလည်းကောင်း၊ မင်းလမ်း

တောင်ကျေးရွာမှ ပန်းပဲဆရာကြီးများဖြစ်ကြသော ဦးကျော်ညွန့်၊ ဦးတင်ရွှေမိသားစုများနှင့် ဦးကျော်မြင့်၊ ဦးဝင်းမောင်မိသားစု တို့အားလည်းကောင်း၊ သိလိုသမျှ မေးမြန်းသမျှကို မညည်းမညူ ဖြေကြားပေးကာ လက်တွေ့ လုပ်ဆောင်ပြသပေးကြပါသော မင်းလမ်းတောင်ရွာမှ ပန်းပဲ၊ ပန်းရိုက်၊ ဇဝါထိုးသူ ညီအစ်ကို မောင်နှမများကိုလည်းကောင်း အထူးကျေးဇူးတင်ရှိပါသည်။

ဇော်လွင်ဦး(ဟင်္သာတ)

 

စကားချီး

သတင်းစာတစ်စောင်ထဲတွင် ပျော်ဘွယ်မြို့နယ် မင်းလမ်းကျေးရွာက ဓားများအကြောင်းကို ဖတ်ရှုခဲ့ရသည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီ။ မြန်မာနိုင်ငံတွင်ရှိသော စစ်ကျောင်းကြီး များ၊ တပ်မတော်အဆောင်အယောင်များ၊ လက်ဆောင်ပေး အလှချိတ်များကို မင်းလမ်းရွာက ပြုလုပ်သည်ဟု ယင်း | သတင်းစာထဲတွင် ရေးသားတင်ပြထားသည်။ နှစ်ပေါင်း များစွာကြာခဲ့ပြီ ဖြစ်သဖြင့် သတင်းစာအမည်၊ စာရေးသူတို့ကို မမှတ်မိတော့ပါ။ ထိုအချိန်ကတည်းက မင်းလမ်းသို့ သွားရောက်

လေ့လာလိုခဲ့သည်။ သို့သော် အလှမ်းဝေးကွာခြင်း၊ အချိန်မရခြင်း တို့ကြောင့် စိတ်သာရောက်သော်လည်း ကိုယ်က မပေါက်ခဲ့ပါ။ - လွန်ခဲ့သော ငါးနှစ်ခန့်ကမူ ခရီးသွားရင်း မင်းလမ်းကို ဝင်ဖြစ်သည်။ အသေးစိတ်လေ့လာလိုသော်လည်း ကိုယ်က ခရီးသွားဟန်လွှဲဖြစ်နေခြင်း၊ သွားမည့်အစီအစဉ်နှင့် အချိန်ကွက်တိ ဖြစ်နေခြင်းတို့ကြောင့် သိသည်ဆိုရုံမျှသာ မေးမြန်းခဲ့ရသည်။

ထိုအချိန်တွင်လည်း သတင်းစာပါ ဆောင်းပါးရှင် ညွှန်းဆိုခဲ့ သကဲ့သို့ပင် ဆုဓားများ၊ စစ်ရေးပြ ဂုဏ်ပြုဓားများ၊ အမှတ်တရ အလှချိတ်ဓားများ၊ ဂျပန်ကင်ဒိုဓားပုံစံများ၊ ဂေါ်ရခါးဓားကောက် ပုံစံများ၊ နတ်ဆက်သောဓားများအပါအဝင် ဓားမျိုးမျိုးပြုလုပ်

နေသည်ကို မျက်မြင်ကိုယ်တွေ့ လေ့လာတွေ့ရှိခဲ့ရသည်။ မူလကပင် ရှိခဲ့သော သိလိုစိတ်နှင့် စိတ်ဝင်စားမှုတို့မှာ ပို၍ မြင့်တက်လာသည်။ ။

လွန်ခဲ့သည့် တစ်နှစ်ကျော်က ပျော်ဘွယ်ကို တစ်ခေါက် ဖြတ်သွားဖြစ်သော်လည်း မင်းလမ်းကို မဝင်ဖြစ်ခဲ့ပါ။ သို့သော် ထူးခြားချက်တစ်ခု အနေဖြင့် မင်းလမ်းရွာရှေ့ ရန်ကုန်မန္တလေးကားလမ်းတစ်လျှောက်တွင် ဆိုင်ငယ်ကလေးများဖြင့် ကျေးရွာထွက်များကို ချိတ်ဆွဲ ခင်းကျင်းပြသကာ ရောင်းချ နေသည်ကို တွေ့ရှိခဲ့ရသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် နေပြည်တော်တွင် တစ်လကျော်ကျော်ကြာမြင့်မည့် သင်တန်းတစ်ခု တက်ရောက်ရန် အကြောင်းဖန်လာခဲ့သည်။ ထိုထက်ပို၍ အကြောင်းသင့်ခဲ့သည်မှာ ပျော်ဘွယ်မြို့သား ညီငယ်တစ်ဦးနှင့် ရင်းနှီးခင်မင်ခဲ့ရာ မင်းလမ်းအကြောင်း သိလိုသမျှမေးမြန်းရင်း မင်းလမ်းသို့ လိုက်ပါလေ့လာပါရန် အားတက်သရော ဖိတ်ကြားခြင်း ခံခဲ့ရသည်။ သို့နှင့် အားလပ်ရက်တွင် မင်းလမ်းသို့ ရောက်ဖြစ်ခဲ့ သည်။ ကနဦးတွင်မတော့ ခပ်စိမ်းစိမ်းသာ ဖြေကြသည်။ ခဏကြာ စကားပြောဖြစ်သောအခါ ဝေဝေဆာဆာ ဖြစ်လာကြသည်။ သေချာမေးမြန်းကြည့်သောအခါတွင်မူ သိလိုသမျှကို တိတိကျကျ ပြောပြကြသည်။ လက်တွေ့လုပ်ကိုင်ရင်း ရှင်းပြကြပါတော့သည်။

သို့နှင့် နှစ်ပေါင်းများစွာ သိလိုစိတ်ပြင်းပြခဲ့ရသည့်  မင်းလမ်းအကြောင်းကို မှတ်တမ်းတင် ရေးဖွဲ့နိုင်ခဲ့ပါသည်။  မင်းလမ်းအကြောင်း စိတ်ဝင်တစားရှိခဲ့မည်ဆိုပါလျှင် ဂုဏ်ယူဖွယ်ရာ မြန်မာ့ရိုးရာလုပ်ငန်းတစ်ရပ်ကို ဖော်ထုတ် ရေးသားနိုင်ခြင်းဖြစ်သဖြင့် ကြည်နူး ကျေနပ်မိပါမည်။ မရှင်းလင်း၊ နားမလည်၊ လိုအပ်ချက်တို့ရှိမည်ဆိုပါက စာရေးသူ၏ လေ့လာမှု၊ တင်ပြမှုတို့ ချို့ယွင်း အားနည်းခြင်းကြောင့်သာ ဖြစ်ပါသည်။

 

ဓား

ဓားကို “ခုတ်၊ လှီး၊ ဖြတ်၊ ခွဲ၊ ထိုးသွင်းရန် အသွားတစ်ဖက်သာ ပါသော အရိုးတပ် သံလက်နက်” ဟု မြန်မာအဘိဓာန်တွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ သို့သော် ကျောက်ဖြင့်လုပ်သောဓား၊ သံမဟုတ်သော သတ္တုများဖြစ်သည့် ကြေး၊ ငွေ၊ လောဟာ၊ မိုးကြိုး၊ စတီး စသည်တို့ဖြင့် ပြုလုပ်သောဓား၊ သစ်၊ ဝါးတို့ဖြင့်ပြုလုပ်သော ဓားတို့ကိုလည်း ဓားဟုပင် ခေါ်ဆိုကြပါသည်။ ဓားများတွင် အရွယ်အစားအမျိုးမျိုး၊ ပုံသဏ္ဌာန်အမျိုးမျိုးနှင့် အသုံးပြုပုံအမျိုးမျိုး ကွဲပြားခြားနားသည်ကို တွေ့နိုင်သည်။ ထိုသို့ ကွဲပြားခြားနား သည့်အပေါ် မူတည်ကာ အခေါ်အဝေါ် အမျိုးမျိုးလည်း ကွဲပြား ကြသည်။ အရွယ်အစားကို လိုက်၍လည်းကောင်း၊ ပုံသဏ္ဌာန်ကို လိုက်၍လည်းကောင်း တို၊ ဓားမြှောင်၊ ဓားရှည်၊ ဓားမောက်၊ ဓားမ စသည်ဖြင့် ခေါ်ကြသည်။ ပုံသဏ္ဌာန်ကိုလိုက်၍ ဓားတိုတွင် ဓားမြှောင်၊ မောင်းချဓား စသည်ဖြင့် ကွဲပြားသကဲ့သို့ ဓားရှည်တွင် ငှက်ကြီးတောင်ဓား၊ စလူဖူးဓား၊ လေးကင်းဓား၊ ခါးပတ် စသည်ဖြင့် ခေါ်ကြသေးသည်။

ဓားထွက်ရာ အရပ်ဒေသကိုလိုက်၍ ပျော်ဘွယ်ဓား၊ မကွေး၊ ပြည်ဓား၊ ရန်ကုန်၊ ခတ္ထိယ၊ ဝဲကြီးဓား၊ သာယာဝတီ၊ ပနန်ရွာ၊ သိန္နီ၊ အင်းလေး၊ မိုင်းနောင်ဓား၊ ဗန်းမော်ဓား၊ ခန္တီးဓား၊ မိုးနဲ၊ မိုးကြိုးဓား ဟု ခေါ်ကြသည်လည်း ရှိသည်။ မိုးကြိုးဓား ဟူသော အသုံးအနှုန်းနှင့် ပတ်သက်၍ မြန်မာစာပေတွင် ဝိဝါဒ ကွဲပြားမှုများရှိသည်။

ညောင်ရမ်းခေတ် အိုင်ချင်းကဗျာတစ်ပုဒ်ဖြစ်သော တောင်တွင်း ရှင်ငြိမ်းမယ်၏ စစ်မှာတမူကဗျာပါ “မြင်းမှာ အုန်းခွံ၊ ကျွန်မှာ ကုလား၊ ဓားမှာ မိုးကြိုး၊ ယွန်းပုဆိုးနှင့် စစ်သည်ပုံမှာ ကျွန်ယုံစားမို့” ဟူသော ကဗျာစာသားများကို စကားပြေပြန်ကြရာ၌ “မြင်းတို့တွင် အုန်းခြောက်ခွံရောင် အမွေးရှိသော မြင်းက ပိုမိုကောင်းမွန်သည်။

ခိုင်းစေရာတွင် ကုလားအစေခံများက ကျိုးနွံသည်။ ပုဆိုးတို့တွင် ယွန်းပုဆိုးက အကောင်းဆုံးဖြစ်သည်။ စစ်သည်တို့တွင်လည်း ပျို့ ချစ်သူက အရှင်သခင်၏ ယုံစားခြင်းခံရသူမို့ အတော်ဆုံး ဖြစ်သည်” ဟု ပြန်ဆိုကြသော်လည်း ဓားမှာမိုးကြိုး ဟူသော ကဗျာစာသားအတွက် ပညာရှိများအတွင်း ယူဆပုံ ကွဲပြား ကြသည်။ ထိုကဗျာကို အထက်တန်း မြန်မာကဗျာ လက်ရွေးစင် တွင် ထည့်သွင်း ပြဋ္ဌာန်းထားရာ၌ “ဓားမှာမိုးကြိုး ဆိုသည်ကို အသွားတွင် မိုးကြိုးထည့်၍ ပြုလုပ်ထားသော ဓား” ဟု လွယ်လင့် တကူ အနက်ဖွင့်ပေးထားသည်ကို တွေ့ရှိရသည်။ ထိုအဓိပ္ပာယ်ကို စဉ်းစားကြည့်ပါက အသွားတွင် မိုးကြိုးထည့်လုပ်ထား သည်မှာမဖြစ်နိုင်ဘဲ ဓားရွက်တွင် မိုးကြိုးဇဝါ ရိုက်ထားသော ဓားသာ ဖြစ်နိုင်သည်ကို တွေ့ရသည်။

မေမြို့မိုးကြည်၏ စာပေခေတ် ကိုးခေတ်မှ မြန်မာကဗျာများ အဖွင့် (စာ-၅၁) တွင် “အင်းဝ၊ ပင်းယနှင့် ကျောက်ဆည်ခရိုင် အကြားရှိ မိုးကြိုးတွင်းရွာကား ဓားကောင်းထွက်သည်။ မိုးကြိုး၊

ဂွေးဓားသည် အလွန် နာမည်ကြီးသည်။ စပယ်ဖူးပုံ ဦးဝိုင်း၊ ငှက်ကြီးတောင် ဦးချွန်၊ သွေးစီးချောင်း ချော့ကြောင်း၊ ဓားခွေး လုပ်ထားပုံ သပ်ရပ်သည်။ တလက်လက်နှင့် သံမဏိရောင် ထွက်နေသည်” ဟု ပါရှိသည်။ ထို့အတူ ပညာရေးတက္ကသိုလ် ပါမောက္ခချုပ်အဖြစ် အငြိမ်းစားယူသွားသော ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှ ပါမောက္ခ ဆရာကြီး ဦးဘိုသင်းကလည်း သူ၏ အခြေခံပညာအထက်တန်း မြန်မာကဗျာသင်ကြားရေး စာအုပ် တွင် မိုးကြိုးတွင်းရွာမှ ထွက်သည်” ဟု ဖော်ပြထားသည်ကို

တွေ့ရသည်။ မိုးကြိုးတွင်းရွာသည် ယခုအထိ မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်အတွင်း တည်ရှိပြီး ဂွေးရွာသည် ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်း | တည်ရှိသည်။

ဖော်ပြခဲ့သော ဓားများကဲ့သို့ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နာမည်မကျော်ကြားသည့်တိုင် ဒေသတစ်ခုအတွင်း ဓားပြုလုပ်သည့် ကျေးရွာ သို့မဟုတ် ဓားပြုလုပ်သည့် ပန်းပဲပညာရှင်၏ အမည်ဖြင့် ကျော်ကြားကြသည်လည်း ရှိသည်။ ဥပမာ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်၊ ကျိုက်ကျေးရွာမှ ထွက်သောဓားများသည် ချိုက်ဓား၊ ချိုက်ကတ်ကြေး စသည်ဖြင့် အမည်ကျော်ကြားသကဲ့သို့ မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ မင်းလမ်းကျေးရွာမှ ထွက်သော ဓားများသည်လည်း မင်းလမ်းဟု အမည်

ကျော်ကြားသည်။ ထို့အတူ ဓားပြုလုပ်သော ပန်းပဲပညာရှင်များ၏ အမည်ကို ဓားများပေါ်တွင် ကြော်ငြာသဖွယ် ရေးထိုး ထားတတ်သည်ဖြစ်ရာ ကြာအောင်၊ ဉာဝင်း စသည်ဖြင့် ထင်ရှား

ကျော်ကြားကြသည်များ ရှိသည်။ အချို့သောဒေသများတွင် မိမိတို့ခရိုင်၊ မြို့နယ်အတွင်း ထုတ်လုပ်သောကျေးရွာများ၏ အမည်ဖြင့် ထင်ရှားသည်လည်း ရှိသည်။ ဥပမာအားဖြင့် ဟင်္သာတ ခရိုင်၊ အင်္ဂပူမြို့နယ် နောက်မီးကျေးရွာမှ ထွက်ရှိသော နောက်မီးဓားများမှာ ထင်ရှားကျော်ကြားသည်။

မြန်မာတိုင်းရင်းသားများသည် မိမိတို့၏ မိရိုးဖလာ ထုံးတမ်းစဉ်လာများနှင့်အညီ ဓားကို ကိုင်စွဲလေ့ရှိကြသည်။ ရေမြေဒေသ ကွဲပြားခြားနားခြင်း၊ အသုံးပြုပုံ ကွဲပြားခြားနားခြင်း၊

အယူအဆ ကွဲပြားခြားနားခြင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ဓလေ့ ထုံးစံများ ကွဲပြားခြားနားခြင်းတို့ကြောင့် တိုင်းရင်းသားလူမျိုး တစ်ဦးနှင့်တစ်ဦး၊ နယ်မြေဒေသ တစ်ခုနှင့်တစ်ခုတို့တွင် ဓား၏ အရွယ်အစား၊ ပုံသဏ္ဌာန်၊ အသုံးပြုပုံတို့ ကွဲပြားခြားနားကြသည်။ ထို့ကြောင့် ဓားကို စွဲကိုင်သော လူမျိုးစုကိုလိုက်၍ ဗမာ၊ ရှမ်းဓား၊ နာဂဓား၊ ကချင်၊ ရဝမ်ဓား၊ ရှမ်းတရုတ်ဓားဟု ခေါ်ကြသည်။

မြန်မာတိုင်းရင်းသားတို့၏ နေ့စဉ်ဘဝတွင် ဓားသည် မရှိမဖြစ် အသုံးပြုရသော လက်နက်ကိရိယာတစ်ခု ဖြစ်သည်။ သာမန်အားဖြင့် အများစုက ဓားကို ကျေးလက်သုံး ပစ္စည်းတစ်ခု အဖြစ်သာ တွေးဆလေ့ရှိသည်။ ထိုတွေးဆချက်ကို မှားသည်ဟု မဆိုနိုင်သော်လည်း မြို့ပြတွင် နေထိုင်သူများအတွက်လည်း မရှိမဖြစ် လိုအပ်သည်ကို မေ့လျော့နေလေ့ရှိသည်။ ကျေးလက် ဒေသများ အထူးသဖြင့် တောတောင်ဒေသများသို့ ရောက်ရှိ သွားမည်ဆိုလျှင် လူတိုင်း၏လက်တွင် ဓားတစ်လက် အမြဲ ပါလေ့ရှိသည်။ တောတိုး တောင်တက်သူများအတွက် ဓားသည် ခုတ်ထွင်ရှင်းလင်းရန် မရှိမဖြစ် အရေးပါလှသည်။ သို့သော် မြို့ပြနေသူတိုင်း၏ မီးဖိုချောင်တွင် ဓားသည် မရှိမဖြစ် အိမ်သုံး ပစ္စည်းတစ်ခုဖြစ်သည်။ အလှပြုပြင်ဆိုင်၊ ဆံပင်ညှပ်ဆိုင်များ အတွက် ( ဘလိတ်ဓားသည် မရှိမဖြစ် လူသုံးပစ္စည်းတစ်ခုဖြစ်သကဲ့သို့ ဆေးရုံ

ဆေးခန်းများအတွက် ခွဲစိတ်ဓားသည်လည်း မပါမဖြစ် ကိရိယာတစ်ခုဖြစ်သည်။

ထို့အတူ ရဟန်းတော်များအတွက် မရှိမဖြစ်လိုအပ်သော ပရိက္ခရာရှစ်ပါးဖြစ်သည့် သင်းပိုင်၊ ဧကသီ၊ ဒုကုဋ်၊ သပိတ်၊ သင်တုန်း၊ အပ်၊ ခါးပန်းကြိုး၊ ရေစစ်တို့တွင် ဓားတစ်မျိုးဖြစ်သော သင်တုန်းဓားလည်း ပါဝင်ရာ ဓားသည် သာသနာတော်အတွက် မရှိမဖြစ် ပစ္စည်းတစ်ခုဟုလည်း ဆိုရမည်။

ထို့ကြောင့် ဓားကိုအသုံးပြုသည့် လုပ်ငန်းပေါ် မူတည်ကာ နတ်ဆက်၊ မခုတ်ဓား၊ ဝါးခုတ်ဓား၊ သစ်ခုတ်ဓား၊ သစ်ဖျင်း သစ်ရွေဓား၊ မျောခုတ်ဓား၊ တောတက်၊ တောရှင်းဓား၊ ချုံရှင်းဓား၊ မြက်ခုတ်ဓား၊ ပေါင်းခုတ်ဓား၊ ကန်သင်းခုတ်ဓား၊ ကိုင်းခုတ်ဓား၊ ကျူးခုတ်ဓား၊ ဓနိခုတ်ဓား၊ အမဲလိုက်၊ အမဲခုတ်ဓား၊ ငါးခုတ်ဓား၊ မြက်စဉ်းဓား၊ ကောက်ရိုးစဉ်းဓား၊

ပြောင်းရိုးစဉ်းဓား၊ ဖက်လှီးဓား၊ ထန်းလှီးဓား၊ စစ်သုံးဓား၊ ခွဲစိတ်ခန်းသုံးဓား၊ မုတ်ဆိတ်ရိတ်၊ ခေါင်းရိတ် ဘလိတ်ဓား၊ သင်တုန်းဓား စသည်ဖြင့် ခွဲခြား ခေါ်ဆိုကြသည်လည်း ရှိသည်။

သာမန်အားဖြင့် ဓားကို အဆင်တန်ဆာမပါဘဲ သုံးစွဲကြ သည်က များသည်။ သို့သော် ဓားကို အဆောင်အယောင်တစ်ခု၊  ဂုဏ်ဒြပ်တစ်ခုအနေဖြင့် အသုံးပြုမည်ဆိုလျှင် ဓားကို အဆင်

တန်ဆာများ တပ်ဆင် အသုံးပြုကြသည်။ အဆင်တန်ဆာဟု ဆိုရာ၌ ဓားရွက်တွင်လည်းကောင်း၊ ရိုးတွင်လည်းကောင်း၊ ဓားအိမ်တွင်လည်းကောင်း ပြုလုပ်ဖန်တီးထားသည့် အလှအပ တန်ဆာဆင်မှုကို ဆိုလိုသည်။ ထိုသို့ ပြုလုပ်ထားသော ဓား၏ အဆင်တန်ဆာကိုလိုက်၍ ဓားနက်၊ ဓားနက်ဗလာ၊ အဆောက် ရွှေဖြူး၊ မိုးကြိုးဆင့်၊ ဓားအိမ်ဖြူ၊ မိုးကြိုး (မိုးကြိုး ဇဝါ)၊ ရွှေဇဝါ၊ ငွေဇဝါ၊ ယိုးဒယား တရုတ်ဓား၊ ကျောက်စီဓား၊ ပတ္တမြားကျောက်စီဓား၊ သံရှင်ဓား၊ ရွှေ၊ ငွေဓား စသည်ဖြင့် ခေါ်ကြသည်။

 

အထက်တွင် ဖော်ပြခဲ့သကဲ့သို့ အရွယ်အစား၊ အသုံးပြုပုံ၊နေရာဒေသ စသည်တို့ကြောင့် ဓား၏အရွယ်အစား၊ ပုံသဏ္ဌာန်တို့ မည်သို့ပင် ကွဲပြားခြားနားနေသည်ဖြစ်စေ ဓားသည် လူမှုဘဝတွင် မရှိမဖြစ် အသုံးအဆောင်ပစ္စည်းတစ်မျိုးဟု ဆိုနိုင်သည်။ မွေးခန်းတွင် စတင်ခွဲစိတ်စဉ်ကတည်းက ဓားကို အသုံးပြုခဲ့ရပြီး လူ့ဘဝတစ်လျှောက်လုံးတွင် စားသောက်ရေး၊ ဝတ်ဆင်ရေး၊  နေထိုင်ရေး တည်းဟူသော အရေးသုံးပါးတွင် ဓားသည် မပါမဖြစ်  ပါရှိရသည်။ ထို့ပြင် ယုံကြည်ကိုးကွယ်မှု၊ ရိုးရာဓလေ့ထုံးစံ၊ အသက်အန္တရာယ်ကာကွယ်ရေး၊ နိုင်ငံတော်တည်ဆောက်ရေး၊ နိုင်ငံအချင်းချင်း ချစ်ကြည်ငြိမ်းချမ်းရေး စသည်တို့အထိ မပါမဖြစ် အသုံးအဆောင်တစ်ခုဟု ဆိုနိုင်သည်။ ယနေ့ကမ္ဘာကြီးသည်နည်းပညာခေတ်ဖြစ်ရာ ဓားကို အဓိက လက်နက်တစ်ခုသဖွယ် အသုံးမပြုတော့သည့်တိုင် နိုင်ငံအများစုက နိုင်ငံ၏ အဆောင် အယောင်၊ အထိမ်းအမှတ်၊ လက်ဆောင်ပဏ္ဏာအဖြစ် ဓားကို အသုံးပြုနေကြဆဲဖြစ်သည်။

ထို့ပြင် ခေတ်မီလက်နက်ကိရိယာများ မည်မျှပင် ထွန်းကား နေစေကာမူ စစ်ပွဲများ၏ အရေးပါလှသော နောက်ဆုံးတိုက်ပွဲ များတွင် ဓား၏အသုံးဝင်မှုသည် ယနေ့အထိ အရေးပါအရာရောက် နေဆဲပင် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် တောတောင်များ အတွင်း ချီတက်တိုက်ခိုက်ရသည့် တိုက်ပွဲများတွင် လမ်းရှင်းရန်၊ သစ်ဝါးခုတ်ရန် စသည်တို့အတွက် ဓားကိုသာ အဓိက အသုံးပြုနေဆဲ ဖြစ်သကဲ့သို့ အသံတိတ်ချေမှုန်းခြင်း၊ အနီးကပ်ချေမှုန်းခြင်းများ တွင် ဓားတစ်မျိုးဖြစ်သော လှံစွပ်(Bayonet) ကိုသာ အဓိက လက်နက်အဖြစ် အသုံးပြုနေရဆဲဖြစ်သည်။

ထို့ အပြင် ဓားသည် အရှိန်အဝါ အဆင့် အတန်း အောင်မြင်မှုကို ထင်ဟပ်စေသော ဂုဏ်ဒြပ်တစ်ခုအဖြစ် နေရာ ယူလျက်ရှိသည်။ ထို့ကြောင့် ဓားဟုဆိုလျှင် စိတ်ဝင်စားဖွယ် ကောင်းသည်ဟု ဆိုရမည်။

အမှန်စင်စစ် ဓားကို ကျောက်ခေတ်နှောင်းကာလ ကတည်းက စတင်သုံးစွဲလာခဲ့ကြောင်း ခိုင်မာသည့် အထောက် အထားများအရ သိရှိနိုင်သည်။ မြန်မာနိုင်ငံ၏ ရှေးဟောင်း သမိုင်းဝင်နေရာများကို တူးဖော်ရှာဖွေရာတွင် တောင်ကြီးခရိုင်၊ ရွာငံမြို့နယ်အတွင်း ပြဒါးလင်းဂူ တူးဖော်မှုသည် မြန်မာတို့၏

ကျောက်ခေတ်လူနေမှုဘဝကို ပြက်ပြက်ထင်ထင် မြင်တွေ့ စေခဲ့သည်။ ပြဒါးလင်းဂူ တူးဖော်မှုတွင် ကျောက်ဓား၊ ကျောက်တူ၊

ကျောက်ပဲခွပ်၊ ကျောက်ခြစ် ကိရိယာ၊ ကျောက်လက်နက် စုစုပေါင်း ၁၆ဝဝ ကျော် ရရှိခဲ့သည်။ ကျောက်လက်နက်များကို ထိုဒေသထွက် ထုံးကျောက်များနှင့် ပြုလုပ်ကြသည်သာမက သလင်းကျောက်၊ နှမ်းဖတ်ကျောက်၊ မီးသင့်ကျောက်နှင့် အင်ကြင်းကျောက်များဖြင့် ပြုလုပ်ထားသည်ကို တွေ့ရှိခဲ့ရသည်။ ဆိုရပါလျှင် ကျောက်ခေတ် ကတည်းက မြန်မာနိုင်ငံတွင် ဓားများ အသုံးပြုနေပြီဆိုသော ခိုင်မာသည့် သက်သေဖြစ်သည်။ ပြဒါးလင်းဂူတွင်သာမက မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင်လည်း ကျောက်ခေတ်သုံးဓားဟု ခေါ်နိုင်သော ခုတ်စဉ်းကိရိယာများကို တွေ့ရှိရသည်ဟု ဆိုကြသည်။ အထူးသဖြင့် ကျောက်လက်နက်များကို ပခုက္ကူမှ ပြည်မြို့အထိ ဧရာဝတီ မြစ်ရိုးတစ်လျှောက်တွင် တွေ့ရလေ့ရှိသည်။ ရှေးဟောင်းသုတေသနပြုထားချက်များအရ ညောင်ဦးနှင့် မကွေးအကြားတွင် အများဆုံး တွေ့ရှိရသည်ဟု ဖော်ပြထားသည်။

ယနေ့ခေတ်သုံးပုံနှင့် အလွန်ဆင်တူသော ကျောက် ခေတ်သုံးဓားကို အထက်မြန်မာပြည် ပုံတောင်၊ ကျောချောင်း၊ ဇယားရွာအနီးရှိ တောင်ခုလတ်တွင် ဦးအောင်သူ၊ သခင်တင်မြနှင့် ဗိုလ်တင်စိန်တို့က တွေ့ရှိခဲ့ကြဖူးသည်ဟု မင်းယက္ခ၏ မြန်မာ့ဓား စာအုပ်တွင် ဖော်ပြပါရှိသည်။ ထို့ပြင် တနင်္သာရီတိုင်းဒေသကြီး၊ ကြိမ်ချောင်း၊ သပေါ့လိပ်နှင့် မော်တုံရွာများမှ ကျောက်ခေတ်သစ် လက်နက် (၁၄) ခု စုဆောင်းရရှိခဲ့ဖူးကြောင်း၊ ယင်းကျောက်ခေတ် သစ် လက်နက်များတွင် သစ်ခေါက်ထုရန် ကျောက်ကျည်ပွေ့၊ တံစဉ်သွား၊ အမင်းပါ ဓားရှည်၊ အမင်းပါ ပဲခွပ်၊ ပုဆိန်သွား၊ ပိစပ်ဖူး ပဲခွပ် အစရှိသည်ဖြင့် မျိုးစုံတွေ့ရှိရကြောင်းကို ၁၉၇၈ ခုနှစ်၊ မတ်လထုတ် မွန်ပြည်နယ်နေ့ အထိမ်းအမှတ်စာစောင်တွင် ဦးအောင်မြင့် က “သုဝဏ္ဏဘူမိနှင့် တနင်္သာရီတိုင်းမှ

ကျောက်ခေတ်သစ် အထောက်အထားများ” ဟူသောခေါင်းစဉ်ဖြင့် မှတ်တမ်းတင်ထားခဲ့သည်ကို လေ့လာတွေ့ရှိနိုင်သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ဓားကို ကျောက်ခေတ်ကတည်းက အသုံးပြုနေပြီ ဖြစ်ကြောင်းမှာ အငြင်းပွားဖွယ်မရှိဟု ဆိုနိုင်သည်။

ကျောက်ခေတ်တွင်မက ကြေးခေတ်၊ သံခေတ်တို့တွင် အသုံးပြုခဲ့သည့် ဓားများကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ ဟန်လင်း မြို့ဟောင်းတူးဖော်ရာတွင် အေဒီ ၂ ရာစုမှ ၉ ရာစုအတွင်း ရှိမည်ဟု ခန့်မှန်းရသော လူအရိုးစုတစ်ခုကို တွေ့ရှိခဲ့ကြသည်။ ထူးခြားသည်မှာ ထိုအရိုးစုနှင့်အတူ သံလျက်သဏ္ဌာန် နှစ်ဖက်သွား ကြေးဓားကို တွေ့ရှိရကြောင်း ၁၉၇၄ ခုနှစ်၊ ဇွန်လ ၁၅ ရက်ထုတ် လမ်းစဉ်သတင်း၊ အတွဲ ၁၊ အမှတ် ၁၂ ပါ ‘အတိတ်ကို ဆက်စပ်ကြည့်သောအခါ” ဆောင်းပါးတွင် ဖော်ပြပါရှိသည်။

မြန်မာ့ကြေးခေတ်၊ သံခေတ် သုတေသနလုပ်ငန်းများကို ၁၉၉၈ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊

ညောင်ကန်ဒေသတွင် စတင်ဆောင်ရွက်ခဲ့သည်။ ထို့နောက် ဘုတလင်မြို့နယ် မုံထူး၊ ဝက်လက်မြို့နယ် ဟန်လင်း၊ တောင်သာ မြို့နယ် အင်းတဲ၊ မလှိုင်မြို့နယ် မြင်းဦးလှည့်၊ နှောကန်နှင့်

မြောက်လည်၊ ပျော်ဘွယ်မြို့နယ် ရွာထင်ကုန်း၊ ဥမှင်၊ ထန်းတစ်ပင်၊ ထုံးဘို၊ မိတ္ထီလာမြို့နယ် ညောင်ကုန်း၊ မြရေဝေ၊ ကူမဲမြို့နယ် ပြည့်စုံကုန်း၊ ရမည်းသင်းမြို့နယ် မြို့လှ၊ သာစည်မြို့နယ် ကန်သစ်ကုန်းတို့တွင် ဆောင်ရွက်ခဲ့ကြသည်။ ယင်းတူးဖော်မှုများ တွင် အခြားသောအသုံးအဆောင်များ၊ အလှဆင်ပစ္စည်းများနှင့် အတူ သံအသွားတွင် ကြေးလက်ကိုင်ရိုးတပ် နှစ်ဖက်သွားဓားများ၊ အချောသွေးထားသည့် အမင်းပါ ပုဆိန်အမျိုးမျိုး၊ သံလှံသွား၊ တူရွင်း၊ တံစဉ်၊ ချွန်း စသော သံကိရိယာများကို တွေ့ရှိခဲ့ကြသည်။ သို့ဖြစ်ရာ မြန်မာတို့သည် သမိုင်းမတင်မီခေတ်ကတည်းက

ကျောက်၊ ကြေး၊ သံ စသည်တို့ဖြင့် ဓားများအသုံးပြုနေပြီ ဖြစ်ကြောင်း အခိုင်အမာ ပြဆိုနိုင်သည်။

ကျောက်ခေတ်တွင်မက ကြေးခေတ်၊ သံခေတ်တို့တွင် အသုံးပြုခဲ့သည့် ဓားများကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ ဟန်လင်း မြို့ဟောင်းတူးဖော်ရာတွင် အေဒီ ၂ ရာစုမှ ၉ ရာစုအတွင်း ရှိမည်ဟု ခန့်မှန်းရသော လူအရိုးစုတစ်ခုကို တွေ့ရှိခဲ့ကြသည်။ ထူးခြားသည်မှာ ထိုအရိုးစုနှင့်အတူ သံလျက်သဏ္ဌာန် နှစ်ဖက်သွား ကြေးဓားကို တွေ့ရှိရကြောင်း ၁၉၇၄ ခုနှစ်၊ ဇွန်လ ၁၅ ရက်ထုတ် လမ်းစဉ်သတင်း၊ အတွဲ ၁၊ အမှတ် ၁၂ ပါ ‘အတိတ်ကို ဆက်စပ်ကြည့်သောအခါ” ဆောင်းပါးတွင် ဖော်ပြပါရှိသည်။

မြန်မာ့ကြေးခေတ်၊ သံခေတ် သုတေသနလုပ်ငန်းများကို ၁၉၉၈ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊

ညောင်ကန်ဒေသတွင် စတင်ဆောင်ရွက်ခဲ့သည်။ ထို့နောက် ဘုတလင်မြို့နယ် မုံထူး၊ ဝက်လက်မြို့နယ် ဟန်လင်း၊ တောင်သာ မြို့နယ် အင်းတဲ၊ မလှိုင်မြို့နယ် မြင်းဦးလှည့်၊ နှောကန်နှင့်

မြောက်လည်၊ ပျော်ဘွယ်မြို့နယ် ရွာထင်ကုန်း၊ ဥမှင်၊ ထန်းတစ်ပင်၊ ထုံးဘို၊ မိတ္ထီလာမြို့နယ် ညောင်ကုန်း၊ မြရေဝေ၊ ကူမဲမြို့နယ် ပြည့်စုံကုန်း၊ ရမည်းသင်းမြို့နယ် မြို့လှ၊ သာစည်မြို့နယ် ကန်သစ်ကုန်းတို့တွင် ဆောင်ရွက်ခဲ့ကြသည်။ ယင်းတူးဖော်မှုများ တွင် အခြားသောအသုံးအဆောင်များ၊ အလှဆင်ပစ္စည်းများနှင့် အတူ သံအသွားတွင် ကြေးလက်ကိုင်ရိုးတပ် နှစ်ဖက်သွားဓားများ၊ အချောသွေးထားသည့် အမင်းပါ ပုဆိန်အမျိုးမျိုး၊ သံလှံသွား၊ တူရွင်း၊ တံစဉ်၊ ချွန်း စသော သံကိရိယာများကို တွေ့ရှိခဲ့ကြသည်။ သို့ဖြစ်ရာ မြန်မာတို့သည် သမိုင်းမတင်မီခေတ်ကတည်းက

ကျောက်၊ ကြေး၊ သံ စသည်တို့ဖြင့် ဓားများအသုံးပြုနေပြီ ဖြစ်ကြောင်း အခိုင်အမာ ပြဆိုနိုင်သည်။

 

 

 

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)