Skip to product information
1 of 2

Other Websites

ဇော်လင်:(youth) - Window Server 2008

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အရေးသူ၏အမှာစာ

စာအုပ်လေးကိုတော့ ယနေ့ခေတ် အရှိန်အဟုန် ကောင်းကောင်းနှင့်သွားတဲ့ ကွန်ပျူတာနည်းပညာ များကိုလေ့လာလိုက်စားနေတဲ့မြန်မာလူငယ်များအတွက် ရည်ရွယ် ပြီးထုတ်ဝေဖြစ်တာဖြစ်ပါတယ်၊။ အားလုံးသိကြပြီးတဲ့အတိုင်း နိုင်ငံတကာမှာ တော့သွားရောက်အလုပ်လုပ်ကိုင်မယ့်သူတွေအတွက် တကယ်တတ်ကျွမ်းဖို့လည်းလိုအပ် သလို International Certified ဖြစ်ဖို့ကလည်း လိုသေးတယ်မဟုတ်လား။ ဒါကြောင့် ဒီနှစ်ခုစလုံးအတွက် အထောက်အကူဖြစ်အောင်ဆိုပြီး ဒီစာအုပ်ကို ထုတ်ဝေဖြစ်တယ်ပေါ့ဗျာ။ ဒီနေ့ခေတ်မှာတော့ Microsoft က MCSE/MCSA ဆိုတဲ့စာမေးပွဲများကို ဖြည်းဖြည်ချင်း... နောက်ကိုဆုတ်လိုက်ပြီး MCITP ကိုပွဲထုတ်လာတာ ဖြစ်ပါတယ်။ MCITP Exam ကို ဖြေတော့မယ်ဆိုရင် Windows Server 2008ကို ကျွမ်းကျင်ရတော့မှာ  ဖြစ်ပါတယ်။ အရင်တုန်းက Windows Server 2003 ပေါ့။ ကျွန်တော်အနေနှင့်က Server Operato ing System ကို Windows NT4  ထဲက စာအုပ်ထုတ်ရေးသားခဲ့တာဖြစ်ပါတယ်။ ခန့်မှန်းခြေ ၂၀၀၄ ခုနှစ် က ထွက်ခဲ့တာပါ။ ကျွန်တော် စာဖတ်ပရိသတ်တော်တော်များများ စာအုပ်ကိုမမှီလိုက်ကြဘူး။ ဒီစာအုပ်

ရောင်းလို့ ကုန်းသွားတော့ ကျွန်တော်ကလည်း ပြန်မထုတ်ဖြစ်ဘူး။ နောက်တော့ ၂၀၀၆ လောက်မှာ Windows Server 2003 in Details  ဆိုပြီးထုတ်ခဲ့ပါသေးတယ်။ အခုရေးသားတဲ့ Windows Server 2008  ဟာ  ကျွန်တော် ရေးသားတဲ့ Networking နှင့်ပတ်သက်တဲ့ စာအုပ်မှာဆို (၈) အုပ်မြောက်ဖြစ်ပြီး Server Operating System အရဆိုရဗ်တော့ (၃) အုပ်မြောက်ဖြစ်တယ်။ အပေါ်ကပြောခဲ့ပြီးတဲ့အတိုင်း MCITP ကို ဝင်ရောက် ဖြေဆိုမယ့် သူဟာ Windows Server 2008ကို ကျွမ်းကျင်ဖို့လိုအပ်တာကြောင့် ဒီစာအုပ်လေး ကို ထုတ်ဝေဖြစ်ခဲ့တယ်ဆိုပေမယ့် MCITP ကို ဝင်မဖြေဘဲ လုပ်ငန်းခွင်မှာ Windows Server 2008 ကို ကိုင်တွယ်နေရသူတွေအတွက်လည်း ရည်ရွယ်ရေးသားထားတာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ ဟာ Microsoft ရဲ့ Server 2008 ကို ကျွမ်းကျင်ဖို့လိုအပ်လာပြီ၊ သိဖို့လိုအပ်လာပြီဆိုတဲ့အချိန်မှာ မြန်မာလို ရေသောထားတဲ့ စာအုပ်လေးရှိနေရင်တော့ လူငယ်တွေအလွယ်တကူလေ့လာနိုင်မယ်လို့ ကျွန်တော်ယုံကြည်တယ်လေ..။

တယ်လေ။ နောက်တစ်ခုက ကျွန်တော်လည်း အခုနောက်ပိုင်း Computer Networking နှင့်ပတ်သက်တဲ့ စာအုပ်တွေပိုရေးဖြစ်လာခဲ့တယ်။ ဘာဖြစ်လို့လည်းဆိုတော့ လူငယ်တွေအတွက်က Computer Networking

ဟာ အသက်မွေးဝမ်းကျောင်းပညာအဖြစ်ပိုမိုပီပြင်လာခဲ့ပြီလေ။ သာမာန်ဘွဲ့လေးတစ်ခုရထာပေမယ့်လည်။ 8 Computer Networking Superc opapo18$&Sefes geboundhom သူ့ဘဝမှာ အသက်မွေးဝမ်းကြောင်းရရှိသွားတာပဲ။ နောင်ကိုလည်း Computer Network နှင့် ပတ်သက်တဲ့ စာအုပ်တွေ ထပ်မံထွက်ရှိလာပါဦးမယ်။ သင်တို့ဖက်ကသာ လိုလိုချင်ချင်နှင့် ကြိုးစားပမ်းစာလေ့လာဖို့ပဲ လိုတယ်။ ကိုယ့်ဘဝအတွက်ပဲဗျာ။ ဒီစာအုပ်တွေဝယ်ပြီးသွားရင်လည်း သေသေချာချာဖတ်။ နားမလည်ရင် ပြန်ဖတ်။ အခေါက်ခေါက်အခါခါ ဖတ်ပေါ့။ ဒီမှာလည်း နည်းပညာနှင့် ရင်းနှီးကျွမ်းဝင်လာမယ်။ တစ်ချို့က ဝယ်ပြီး နည်းနည်းပဲဖတ်ပြီးရင် မဖတ်တော့ဘူး။ တကယ်တော့ နည်းပညာက သင့်လက်တစ်ကမ်းမှာပဲရှိနေ

တာပါ။ ကျွန်တော်တို့ ငယ်ငယ်တုန်းကဆို အင်္ဂလိပ်လိုဖတ်ရတာ။ အင်တာနက်ဆိုတာကလည်း မရှိသေးဘူး။ နိုင်ငံခြားကလာတဲ့ စာအုပ်တွေကို ကော်ပီကူးတဲ့ဆိုင်တွေမှာ ကော်ပီပြန်ကူးပြီးရောင်းတတ်ကြတယ်။ အဲဒီမှာ သွားသွားပါပြီ။ ဝယ်ရတာ။ ဒီလိုနဲ့ ကျွန်တော် ၁၉၉၆ ဘန်ကောက်ကိုရောက်တော့ ယိုးဒယာလိုရေးထားတဲ့ ကွန်ပျူတာစာအုပ်တွေတွေ့ပြီး အခုလို မြန်မာလိုရေးထားတဲ့ စာအုပ်တွေထုတ်ဖြစ်တော့တာပဲ။ နည်းပညာကို လေ့လာဖို့အတွက် ဘာသာစကားက တံတိုင်းကြီးလို့ဖြစ်မနေစေချင်ဘူးလေ။ နောက်ပြီး ကျွန်တော်တို့က စာအုပ်တွေကိုရေးတဲ့အခါ ဘာသာပြန်ပြီးပဲရေးနေကျတာမဟုတ်ဘူး။ နဂိုကတည်းကိုက ဒီလောကမှာ ကျင်လည်ခဲ့တာမို့ ကိုယ့်က ပြန်ရှင်းပြတဲ့ပုံစံနဲ့ရေးတာပါ။ ဒါကြောင့် ပိုနားလည်လွယ်လိမ့်မယ်လို့လည်းထင် တယ်လေ။ အိုးကပါ ဒီစာအုပ်ကိုလည်း အကောင်းဆုံးဖြစ်အောင်တင်ဆက်ထားပါတယ်။ ကျေနပ်ကြလိမ့်မယ် လို့လည်းထင်ပါတယ်။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)