Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

ဇေရတု - အောင်မြင်သူတို့၏အောင်ပန်းဆင်နည်းလမ်း၉သွယ်

Regular price 1,000 MMK
Regular price Sale price 1,000 MMK
Sale Sold out

၁။ တိကျပါ

သင့်ကိုယ်သင် ရည်မှန်းချက်တစ်ခု ချမှတ်ပေးတဲ့ အခါ တိကျနိုင်သမျှ တိကျအောင် ကြိုးစားပါ။ “ကိုယ် အလေးချိန်ကျရမည်” ဆိုတဲ့ ရည်မှန်းချက်ထက် “ကိုယ်အလေးချိန် ၅ပေါင် ကျရမည်” ဆိုတဲ့ရည်မှန်း ချက်က ပိုအဆင်ပြေပါတယ်။ အဲဒါက အောင်မြင်မှု ရဲ့ပုံရိပ်ကို သင့်ကို ရှင်းရှင်းလင်းလင်း သိမြင်စေပါ တယ်။ ဘာကိုလိုချင်သလဲ ဆိုတာကို တိတိကျကျ သိတာက လိုချင်တဲ့အရာကို ရတဲ့အချိန်အထိ သင့်ကို နိုးကြား တက်ကြွနေစေပါတယ်။ ပြီးတော့ သင့်ရည် မှန်းချက်ပြီးမြောက်ဖို့ လိုအပ်တဲ့လုပ်ဆောင်ချက် တစ်ခုချင်းစီကိုလည်း စဉ်းစားရပါမယ်။ “နည်းနည်းပဲ စားမယ်” ဒါမှမဟုတ် “အိပ်ရေးဝအောင် အိပ်မယ်” လို့ ကတိပေးရုံပေးတာက မရေရာလွန်းလှပါတယ်။ ရှင်းလင်းပြတ်သားဖို့ လိုပါတယ်။ “ကြားရက်တွေမှာ ည ၁ဝ နာရီထိုးတာနဲ့ အိပ်ရာဝင်မယ်” ဆိုရင် သင်တကယ်လုပ်ဖြစ်ဖြစ်၊ မလုပ်ဖြစ်ဖြစ် လုပ်စရာရှိတဲ့ ကိစ္စအတွက် မရေရာခြင်းဆိုတာ မရှိတော့ပါဘူး။

လူတွေကို သူတို့ရဲ့ ရည်မှန်းချက်တွေအကြောင်း ကျွန်မမေးကြည့်တဲ့အခါတိုင်း “အလုပ်ထဲမှာအတော် ဆုံးဖြစ်ချင်တယ်”၊ “ပိုပြီးကျန်းမာရေးနဲ့ ညီညွတ်

အောင် စားမယ်”၊ “နည်းနည်းသုံးပြီး များများစုမယ်” ဆိုတဲ့အမျိုးတွေ ပေးလေ့ရှိပါတယ်။ ဒီလိုမျိုး အဖြေတွေ ပေးလာပြီဆိုရင် ကျွန်မက “ဟုတ်ပြီ၊ ဒါဆိုရင် အောင်မြင်မှုရဲ့ပုံရိပ်က ဘယ်လိုဟာလဲ၊ ရှင်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ပြီလား၊ မရောက်သေးဘူးလားဆိုတာဘယ်လိုသိနိုင်မှာလဲ” လို့ မေးခွန်းပြန်ထုတ်ပါတယ်။ အဲဒီလိုအချိန်ကျရင် သူတို့ဟာ အကြာကြီးတိတ်ဆိတ်သွားပြီး မပိုင်နိုင်၊ မသေချာတဲ့ မျက်နှာမျိုးတွေ ဖြစ်သွားကြပါတယ်။

တော်တော်များများက ဒီအတိုင်းပါပဲ။ ပြီးရင်တော့ “ကျွန်တော်/ကျွန်မတော့ ဒီအကြောင်းကို မစဉ်းစား မိဘူး” ဆိုပြီး ဝန်ခံကြပါတယ်။

သင် ဘာဖြစ်ချင်သလဲ၊ ဘာကိုလိုချင်သလဲ ဆိုတာကို တိတိကျကျသိအောင် အချိန်ယူပြီးထုတ် ဖော်တာလုပ်ပြီးမှ ကိုယ့်ကိုယ်ကို မဆိုးပါဘူးလို့ဖြေသိမ့်စကားပြောရနိုင်တဲ့ အခြေအနေကို ဖယ်ရှား ရှင်းလင်းပေးပါတယ်။ ပြီးတော့ သင်လုပ်ဖို့လိုတဲ့ လုပ်ငန်းစဉ်တွေကို ပိုပြီး ရှင်းရှင်းလင်းလင်း ရှိစေ ပါတယ်။ (ကျွန်မရဲ့ ရည်မှန်းချက်က “ကျွန်မအမေနဲ့ ဆက်ဆံရေး ပိုအဆင်ပြေဖို့” ဆိုရင် အဲဒီလိုဖြစ်အောင် ကျွန်မ ဘာလုပ်သင့်သလဲဆိုတာထင်ရှားပေါ်လွင်မှု မရှိပါဘူး။ ဒါပေမဲ့ ကျွန်မက ပိုပြီးတိတိကျကျနဲ့ “အနည်းဆုံး တစ်ပတ်ကို နှစ်ကြိမ် အမေနဲ့ စကား လက်ဆုံကျနိုင်အောင် လုပ်မယ်” ဆိုတဲ့ ရည်မှန်းချက် ထားလိုက်ရင် ကျွန်မဘာလုပ်ဖို့လိုသလဲ ဆိုတာနဲ့ ဘယ်လိုမျိုးလုပ်ရမယ် ဆိုတာကို အတိအကျသိနိုင် ပါတယ်။) တိကျရေရာခြင်းက ဘယ်ရည်မှန်းချက် ကိုမဆို ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက် ရာမှာ အရေးအကြီးဆုံးအဆင့်တစ်ဆင့် ဖြစ်တယ် လို့ လေ့လာဆန်းစစ်မှုများက သက်သေပြနေပါ တယ်။ ဒါကို လူတွေက အမှုမဲ့ အမှတ်မဲ့ ဖြစ်နေကြ တာပါ။

“အလုပ်ထဲမှာ အောင်မြင်ရမယ်” ဆိုတဲ့ ရည် မှန်းချက်နေရာမှာ ပိုပြီးခိုင်မာရေရာတဲ့ “အနည်းဆုံး .... လောက် လစာတိုးရမယ်” (သို့မဟုတ်) “.အဆင့်အထိ ရာထူးတိုးရမယ်” ဆိုတဲ့ ရည်မှန်းချက် မျိုးကိုထားပါ။ သင်ကြိုးပမ်းဆောင်ရွက်နေတဲ့အရာကဘာမှန်းမသေချာရင် သင်ပျင်းရိငြီးငွေ့လာတဲ့အခါ၊ စိတ်ပျက်အားလျော့လာတဲ့အခါမှာ ပေါ့ပေါ့လျော့

လျော့နေတဲ့လမ်းကို ယိမ်းယိုင်သွားဖို့ အလွယ်လေး ပါ။ ဒါပေမဲ့ သင့်မှာ တိကျရေရာတဲ့ ရည်မှန်းချက် ချမှတ်ပြီးသားရှိရင် အဲဒီရည်မှန်းချက်အတိုင်း ဖြစ် မဖြစ်ကို သင်သိနိုင်တဲ့အတွက်ကြောင့် သင့်ကိုယ် သင်လှည့်စားလို့ မရတော့ပါဘူး။ ရည်မှန်းထားတဲ့ အတိုင်း မဖြစ်သေးဘူးဆိုရင်၊ အောင်မြင်ချင်သေး တယ်ဆိုရင်တော့ ကြိုးစားမြဲကြိုးစားနေရုံကလွဲလို့ တခြားရွေးစရာလမ်း မရှိပါဘူး။

သင်လိုချင်တဲ့အရာနဲ့ပတ်သက်လို့ တိကျဖို့ဆို တာက ပထမအဆင့်ပဲရှိပါသေးတယ်။ နောက်ထပ် သင်လိုချင်တဲ့အရာကို ရဖို့ ကြုံတွေ့ရမယ့် အခက် အခဲ၊ အတားအဆီးတွေနဲ့ပတ်သက်ပြီး တိကျသေချာ အောင် လုပ်ရပါဦးမယ်။ တကယ်တမ်း သင်လုပ် ဆောင်ရမှာက သင်လိုချင်တဲ့ အောင်မြင်မှုနဲ့ အဲဒီ အောင်မြင်မှုကိုရဖို့ ဘယ်လိုအဆင့်တွေကို ကျော် လွှားရမလဲဆိုတာ အပြန်ပြန်အလှန်လှန် စဉ်းစားဖို့ ပါပဲ။ ဒီနည်းဗျူဟာကို စိတ်နှိုင်းယှဉ်ခြင်း (mental contrasting) လို့ခေါ်ပါတယ်။ ရည်မှန်းချက်တွေ ချမှတ်ရာမှာ၊ သင့်ရဲ့ သန္နိဋ္ဌာန်ကို ပိုပြီး ခိုင်မာစေရာမှာ ထူးခြားထိရောက်တဲ့ နည်းလမ်းဖြစ်ပါတယ်။

စိတ်နှိုင်းယှဉ်ခြင်းနည်းကို အသုံးပြုဖို့ ပထမ ဦးဆုံး သင့်ရည်မှန်းချက် အောင်မြင်တဲ့အခါ သင် ဘယ်လိုခံစားရမှာလဲဆိုတာကို မြင်ယောင်မှန်းဆ ကြည့်ပါ။ အဲဒါကို သင့်စိတ်ထဲမှာ အသေးစိတ်က အစ ထင်ထင်ရှားရှား ပြတ်ပြတ်သားသား မြင်လာ

အောင် တတ်နိုင်သမျှ မြင်ကြည့်ပါ။ နောက်တစ်ခု အနေနဲ့ သင်သွားမယ့်လမ်းမှာရှိတဲ့ အတားအဆီး၊ အခက်အခဲတွေအကြောင်းကို စဉ်းစားပါ။ ဥပမာနေရာပိုကောင်း၊ လစာပိုကောင်းတဲ့ အလုပ်တစ်ခုကို သင်က လိုချင်တယ်ဆိုရင် ထိပ်ဆုံးမှာရှိတဲ့ လုပ်ငန်း ခွင်တစ်ခုက အကျိုးများမယ့် ကမ်းလှမ်းချက်တစ်ခု ကို သင်လက်ခံရတဲ့အခါ ခံစားရမယ့် စိတ်လှုပ်ရှားမှု နဲ့ ဂုဏ်ယူဝင့်ကြွားမှုတို့ကို မြင်ယောင်ကြည့်တာနဲ့ စရပါလိမ့်မယ်။ ပြီးတော့ အဲဒီကမ်းလှမ်းချက်နဲ့ သင် တို့အကြားမှာ ဘာတွေတားဆီးနေမလဲ ဆိုတာကို စဉ်းစားရပါမယ်။ အဲဒီအထဲမှာ သင်လိုချင်တဲ့ ရာထူး နေရာကို လျှောက်ထားကြတဲ့ ထက်မြက်တဲ့ တခြားသင့်တော်သူတွေအကြောင်းလိုမျိုး အကြောင်းအရာတွေ ပါဝင်မှာပါ။ ဒါက သင့်ရဲ့ကိုယ်ရေးအကျဉ်းကို နည်းနည်းလောက်တော့ ပိုပြီး အထင်ကြီးစရာကောင်းအောင် လုပ်ဆောင်ချင်စိတ် သင့်ကိုဖြစ်ပေါ် စေပါတယ်။

ဒီလိုစိတ်ဖြစ်ပေါ်လာတာကို ဆောင်ရွက်ရန် • လိုအပ်ချက် (necessity to act) နဲ့ကြုံတွေ့ခြင်း

လို့ ခေါ်ပါတယ်။ သင့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ဖို့ အတွက် အလွန်အရေးကြီးတဲ့ အဆင့် တစ်ဆင့် ဖြစ်ပါတယ်။ အဲဒီအလုပ်ကို ပိုင်ဆိုင်ရတဲ့ အခါ ဘယ်လောက်ကောင်းလိမ့်မယ်ဆိုပြီး စိတ်ကူး ယဉ်ကြည့်တာက အတော်ပျော်စရာကောင်းနိုင်ပါ တယ်။ ဒါပေမဲ့ သင့်ကို တကယ်အလုပ်ရအောင် လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။ စိတ်နှိုင်းယှဉ်ခြင်းက သာသင့်ရဲ့လိုအင်ဆန္ဒတွေ တကယ်ဖြစ်လာအောင် သင်လုပ်ရမယ့်အရာတွေကို ရှင်းရှင်းသိမြင်စေပြီး လက်တွေ့အကောင်အထည်ဖော်ပေးပါတယ်။

ကျွန်မနဲ့ ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက်တွေရဲ့ လေ့ လာဆန်းစစ်မှုတွေမှာဆိုရင် မတူညီတဲ့ အခြေအနေ အမျိုးမျိုး ပါဝင်ပါတယ်။ တက္ကသိုလ်ဝင်တန်းအတွက်ပြင်ဆင်နေကြတဲ့ ၁၆ နှစ်ရွယ်ကျောင်းသားတွေက နေ အချိန်စီမံခန့်ခွဲမှု ပိုကောင်းအောင် ကြိုးစားနေ တဲ့ လူ့စွမ်းအားအရင်းအမြစ် ဝန်ထမ်းတွေ၊ စိတ်ကူး ယဉ်ချစ်သူကိုရှာဖို့ ကြိုးပမ်းနေကြတဲ့ လူပျို၊ အပျို တွေအထိ ပါဝင်ပါတယ်။ ရလဒ်တွေကတော့ အမြဲ အတူတူပါပဲ။ စိတ်နှိုင်းယှဉ်ခြင်းက ပိုပြီးကောင်းမွန် တဲ့ အားထုတ်မှု၊ ခွန်အား၊ အစီအစဉ်ကျနမှုနဲ့ အကြမ်း ဖျင်းရည်မှန်းချက်တွေ ပြီးမြောက်နိုင်တဲ့နှုန်း ပိုမြင့် မားစေမှာ သေချာပါတယ်။ သင်လိုချင်တဲ့ အနာ ဂတ်နဲ့ အဲဒီအနာဂတ်ကိုရောက်ဖို့ ကျော်လွှားရမယ့် အတားအဆီးတွေကြားမှာ သင့်ရဲ့စိတ်ကို အပြန်ပြန် အလှန်လှန် စဉ်းစားသုံးသပ်ကြည့်ဖို့ အချိန်ခဏယူ တာက အောင်မြင်ရေးမှာ သင့်အတွက် လိုအပ်တဲ့ ဦးတည်ရာနဲ့ နိုးကြားတက်ကြွမှု နှစ်ခုစလုံးကို ရှာ တွေ့အောင် ကူညီပေးပါလိမ့်မယ်။

လက်တွေ့လုပ်ဆောင်ကြည့်ခြင်း - တိကျပါ

၁။ သင့်ရည်မှန်းချက်ကို ချရေးပါ။

ဥပမာ(က)။ “အလုပ်ထဲမှာ အောင်မြင်ရန်”

ဥပမာ(ခ)။ “ကိုယ်အလေးချိန် ကျရန်”

 

၂။ “ဘယ်အချိန်မှာ ငါအောင်မြင်ပြီလဲ ဆိုတာဘယ်လိုသိမှာလဲ” လို့ သင့်ကိုယ်သင် မေးပါ။ သင့်ရည်မှန်းချက် အောင်မြင်ပြီဆိုတာ သင် သိမယ့်အချိန်ကို ဖော်ပြပါ။ ဥပမာ(က)။ ငါ့အလုပ်ရှင်ကငါ့ကို ဒါရိုက်တာ အဖြစ် ရာထူးတိုးပေးလိုက်ပြီလို့ ပြောတဲ့အချိန် မှာ အလုပ်ထဲမှာ အောင်မြင်ပြီဆိုတာ ငါသိ သွားပြီ။ ဥပမာ(ခ)။ ခါးနံပါတ် ၈ ဂျင်းဘောင်းဘီကို ဝတ်နိုင်လောက်အောင် ကိုယ်အလေးချိန်လျော့

သွားတဲ့အခါမှာ သိပြီ။

 

၃။ ရလာတဲ့အချက်အလက်ကို အသုံးပြုပြီး သင့်ရည်မှန်းချက်ကို ပြန်ပြင်ရေးပါ။

 ဥပမာ(က)။ “ဒါရိုက်တာအဆင့်အထိ ရာထူး တိုးပေးခြင်း ခံရရန်”

ဥပမာ(ခ)။ “ခါးနံပါတ် ၈ ဂျင်းဘောင်းဘီဝတ်နိုင်ရန်”

 

၄။ စိတ်နှိုင်းယှဉ်ချက်လုပ်ဖို့အတွက် သင့်ရည်မှန်း

ချက် အောင်မြင်တဲ့အခါ ရရှိမယ့် ကောင်းကျိုး နှစ်ခုနဲ့ ရည်မှန်းချက်ပြည့်ဝဖို့ ကြိုးစားရာမှာ ကြုံတွေ့ရမယ့် အခက်အခဲ နှစ်ခုအကြောင်းကိုစဉ်းစားပါ။ ဥပမာ...

ကောင်းကျိုး။ ငွေများများပိုရှာနိုင်မယ်။ ကုမ္ပဏီ မှာ ပိုပြီးသြဇာရှိလာမယ်။ အခက်အခဲ။ လုပ်ဖော်ကိုင်ဖက်ကလည်း အဲဒီ ရာထူးနေရာကို လိုချင်နေတယ်။ အထက် လူကြီးလိုချင်တာ ဘယ်လိုအရည်အချင်းမျိုးဖြစ်မလ် အသေအချာမသိဘူး။

 ၅။ ပထမကောင်းကျိုးနဲ့စပြီး အဲဒီအတွေ့အကြုံကို ရလာခဲ့ရင် ဘယ်လိုဖြစ်လိမ့်မလဲဆိုတဲ့အကြောင်း စာတစ်ကြောင်း၊ နှစ်ကြောင်း ချရေးပါ။ ပြီးရင် ပထမအခက်အခဲအကြောင်း စာတစ်ကြောင်း၊ နှစ်ကြောင်း ချရေးပါ။ ဒုတိယကောင်းကျိုးနဲ့ အခက်အခဲအတွက် ပထမအတိုင်း လုပ်ဆောင်ပါ။

သင်အခု ဘယ်လိုခံစားရပါသလဲ။ သင့်ရည်မှန်း ချက်အောင်မြင်ဖို့ အခွင့်အလမ်းကောင်းရှိတယ်လို့ သင်ထင်ရင် ဝမ်းမြောက်အားတက်ပြီး ခိုင်မာတဲ့ ဆုံးဖြတ်ချက်ချထားနိုင်မှာပါ။ စိတ်နှိုင်းယှဉ်ခြင်းက သင့်ကို နောက်တစ်ဆင့် တက်လှမ်းဖို့ အပြည့်အဝ အထောက်အကူ ပြုပါတယ်။