Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

ဇင်မျိုး - နည်းပညာအရှင်သခင်စတိဗ်ဂျော့ဘ်

Regular price 4,500 MMK
Regular price Sale price 4,500 MMK
Sale Sold out

ရန်စစ္စကိုတောင်ပိုင်းတွင် တည်ရှိ၍ ၁၉၆၀ ပြည့်နှစ်ကာလ အစော ပိုင်းလောက်တွင် ကွန်ပျူတာအင်ဂျင်နီယာပညာရပ် လျင်မြန်စွာ ဖွံ့ဖြိုး သွားရာနေရာဖြစ်သည်။ ၁၉၅၇ တွင် ဆိုဗီယက်က စပွတ်နစ်ကို အာကာသသို့ လွှတ်တင်ခဲ့ပြီးနောက် အမေရိကန်သည် အာကာသပြိုင်ပွဲ တွင် ပါဝင်လာခဲ့ကာ ပြည်ထောင်စုငွေကြေး ဒေါ်လာဘီလျှံပေါင်းများ စွာကို ခေတ်မီကွန်ပျူတာပညာရပ် တိုးတက်စေရန် နည်းပညာကုမ္ပဏီ များတွင် သွန်ချသုံးစွဲခဲ့သည်။

                  ထိုလုပ်ငန်းများထဲတွင် ဝီလျှံရှောကလေ တည်ထောင်ခဲ့သော ရှောကလေ ဆီမီးကွန်ဒတ်တာ (တစ်ပိုင်းလျှပ်ကူး) ကုမ္ပဏီလည်း ပါ ဝင်သည်။ ဝီလျံရှောကလေသည် ထရန်စစ္စတာ တီထွင်သည့်အတွက် ၁၉၆၅ တွင် ရူပဗေဒပညာရပ်ဆိုင်ရာနိုဘယ်ဆုကို ရရှိခဲ့သည်။ အခြား နာမည်ကျော် လုပ်ငန်းတစ်ခုမှာ ၁၉၃၉ တွင် ပါလိုအယ်လို၌ တည်ထောင် ခဲ့သော ဟူးလက်ပက်ကတ် (Hewlett Packard) ဖြစ်သည်။ HP ကုမ္ပဏီသည် အင်ဂျင်နီယာများကို ပစ္စည်းများရောင်းချပေးသော အင်ဂျင် နီယာကုမ္ပဏီတစ်ခု ဖြစ်သည်။ ဆီလီကွန်တောင်ကြားသည်ကား မက် မွန်းခြံများ ပြန့်ကျဲနေသည်နှင့်ပင် တူနေတော့သည်။

လော့စ်အယ်တိုတွင် ကြီးပြင်းလာခိုက် စတိဗ်ဂျော့ဘ်သည် အိမ်နီး ချင်း၏ ကားဂိုဒေါင်ထဲတွင်ပြည့်နေသော လျှပ်စစ်ပညာကို စူးစမ်းလို စိတ် မြင့်မားလာလေသည်။ ဖခင်က သူ့အား Heathkits များနှင့် မိတ်ဆက်ပေးသည်။ Heathkits များသည် သူ့ကို အလွန်ဆွဲဆောင်ထား

လေသည်။ Heathkit သည် Heath ကုမ္ပဏီ၏ ထုတ်ကုန်များဖြစ် သည်။ ဝယ်သူကိုယ်တိုင်က တပ်ဆင်နိုင်ရန် ပစ္စည်းအစုံ (Kit) ဖြင့် ရောင်းချသောကြောင့် ၎င်း၏ ထုတ်ကုန်များကို Heathkit ဟုခေါ် သည်။ အသံနှင့်ဆက်သောပစ္စည်းများ၊ အပျော်တမ်း ကွန်ပျူတာများ၊လျှပ်စစ်စမ်းသပ်ပစ္စည်းများ၊ ရေဒီယိုပစ္စည်းများ စသည်တို့ကို Heath ကုမ္ပဏီက ထုတ်လုပ်သည်။

“အဲဒီ Heathkitတွေဟာ ပစ္စည်းတွေတပ်ဆင်ထားပုံကို အသေး စိတ် လမ်းညွှန်တွေနဲ့ လာတာပါ။ ပစ္စည်းအစိတ်အပိုင်း အားလုံးကို ရှင်းရှင်းလင်းလင်း တပ်ဆင်ထားတာ ဖြစ်ပါတယ်။ အရောင်အမှတ် အသားတွေလည်း ပါဝင်ပါတယ်။ အဲဒီ Heathkitကို ကိုယ်တိုင် လုပ် ကြည့်လို့ရတယ်။ Heathkitဟာ ကျွန်တော့်ကို အကြောင်းအရာမျိုးစုံ သိအောင် လုပ်ပေးပါတယ်။ ကုန်ချောတစ်ခုရဲ့ အတွင်းပိုင်းမှာ လုပ်ထား တာတွေကို နားလည်စေပါတယ်။ လည်ပတ်ပုံ သီအိုရီကိုပါ ထည့်ပေး ထားတာမို့ အလုပ်ဖြစ်ပါတယ်။ ဒီတစ်ခုကိုမြင်တာနဲ့ နောက်တစ်ခုကို လိုက်လို့ရတာကတော့ Heathkit ရဲ့ အရေးအပါဆုံးအပိုင်းလို့ ဆိုရ မှာပါ။ ဆန်းဆန်းပြားပြားအရာတွေ မဟုတ်ပါဘူး။ တယ်လီဗွီးရှင်း ကိုမြင်ရင် ဒီလို တယ်လီဗွီးရှင်းမျိုးကို ဖြစ်အောင်လုပ်နိုင်မယ်လို့ ထင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်ကတော့ လုပ်နိုင်မယ်ထင်တာပါပဲ။ Heathkit အညွှန်းစာရင်းထဲမှာ ဒါမျိုး တစ်ခုခုတော့ ပါတတ်ပါတယ်။ တယ်လီဗွီးရှင်းလုပ်နိုင်အောင် ကျွန်တော်ကတော့ တခြား Heathkit နှစ်ခုကို လုပ်ခဲ့ပြီးပါပြီ။ လူ့ပတ်ဝန်းကျင်မှာပေါ်လာတဲ့ အရာဝတ္ထုတွေ ဆိုတာ လူတွေ အဲဒီအရာဝတ္ထုပစ္စည်းရဲ့ အတွင်းပိုင်းကဟာတွေကို မသိကြဘဲ အလိုလိုပေါ်လာကြတာ မဟုတ်ပါဘူး။ လူကလုပ်လို့ ဖြစ် လာတာတွေဖြစ်လို့ အရာဝတ္ထုတွေနဲ့ ပတ်သက်ရင် ပိုမို ရှင်းရှင်းလင်းလင်း ဖြစ်လာပါတယ်။

ဒါဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအဆင့်ကို အင်မတန် မြင့် မားစေပါတယ်။ စူးစမ်းတာ၊ လေ့လာတာတွေကနေ လူ့ပတ်ဝန်းကျင် က အလွန်ရှုပ်ထွေးတဲ့ အရာဝတ္ထုပစ္စည်းတွေကို အပြင်ပန်းအားဖြင့် နားလည်လာနိုင်ပါတယ်။ ကျွန်တော့်ရဲ့ ကလေးဘဝဟာ အဲဒီနည်းနဲ့ အမှန်ပဲ ကောင်းခဲ့တာပါ”

                                                                         ၁၉၉၅၊ ဧပြီ၊ ၂၀ စမစ်ဆိုနီးယန်း အင်တာဗျူး

                                                                         computer world

 

                                 ဟုမ်းစတက်အထက်တန်းကျောင်း

 

မစ္စတာမက်ကော်လမ်၏ လျှပ်စစ်သင်တန်းတွင် စတိဗ်သည် ကောင်းစွာ အသိအမှတ်ပြုခံရသည်။

ဟုမ်းစတက် အထက်တန်းကျောင်းကို ရောက်လာသည့်အခါ သူ သည် နာမည်ကြီး လျှပ်စစ်ပညာသင်တန်းတွင် စာရင်းသွင်းလိုက်သည်။ မက်ကော်လမ်သည် နောက်ပိုင်းတွင် သူ၏ တပည့်အကြောင်းကို ပြန်ပြောပြသည်။ တစ်ခါတွင် စတိဗ်သည် HP ပူးတွဲ တည်ထောင်သူ ဘီလ်ဟူးလတ်ထံသို့ ကိုယ်တိုင်ဖုန်းဆက်ကြောင်း၊ သူ၏ အိမ်စာအတွက် အပိုပစ္စည်းများ လိုချင်ကြောင်း၊ HP စက်ရုံတွင် နေ့ဘက်၌ အလုပ်လုပ် ချင်ကြောင်း ဖုန်းဆက်ပြောသည်ဟု မက်ကော်လမ်က ပြောပြသည်။ စတိဗ်၏ တီထွင်မှုစွမ်းရည်များမှာ သူ့ဘဝ အစပိုင်းလောက်ကတည်းက ပင် ထင်ထင်ပေါ်ပေါ် ဖြစ်လာနေလေပြီ။

ဟုမ်းစတက်စာသင်ကျောင်းတွင် စတိဗ်သည် ဘီလ်ဖာနန်ဒက်ဇ် နှင့် သူငယ်ချင်းဖြစ်ခဲ့သည်။ ဖာနန်ဒက်ဇ်သည် စတိဗ်ကဲ့သို့ပင် လျှပ် စစ်ပညာကို စိတ်ဝင်စားသည့် စတိဗ်၏ အိမ်နီးချင်းဖြစ်သည်။ အခြား ကွန်ပျူတာဝိဇ္ဇာချာတိတ်ဖြစ်သော စတီဖန်ဂေါ့ဇနီယက်နှင့် သူ့အား ပထမဦးဆုံး မိတ်ဆက်ပေးသူမှာ ဘီလ်ဖာနန်ဒက်ဇ် ဖြစ်သည်။ ဝေါ့ဇနီယက်သည် စတိဗ်ထက် အသက်ကြီးသည်။ လူတိုင်းက သူ့ကို ဝေါ့ဇ်ဟူ ၍သာ ခေါ်သည်။ စတိဗ်နှင့် ဒေါ့ဇ်တို့သည် ၁၉၆၉ တွင်ဆုံတွေ့ခဲ့ကြ သည်။ ထိုစဉ်က စတိဗ်မှာ အသက် ၁၄ နှစ်ဖြစ်ပြီး ဝေါ့ဇ်က ၁၉ နှစ် ဖြစ်သည်။ ထိုအချိန်တွင် ဒေါ့ဇ်သည် ဘီလ်ဖာနန်ဒက်ဇ်နှင့်အတူ ကွန် ပျူတာဘုတ် အငယ်စားတစ်ခုကို တည်ဆောက်လျက်ရှိပြီး သူတို့က ထိုကွန်ပျူတာကို “ခရင်မ်ဆိုဒါ ကွန်ပျူတာ”ဟု ခေါ်ခဲ့ကြသည်။ ဝေါ့ဇ် က စတိဗ်ကို ခရင်မ်ဆိုဒါကွန်ပျူတာအား ပြသသည်။ စတိဗ်သည် ကွန်ပျူတာကို အတော်လေး စိတ်ဝင်စားသွားပုံရသည်။ သည်

“ကျွန်တော်လုပ်ထားတဲ့ ဒီဇိုင်းအမျိုးအစားကို လူတွေနားလည် အောင်ရှင်းပြဖို့ အမှန်ပဲ ခက်ခဲပါတယ်။ ဒါပေမဲ့ စတိဗ်ကတော့ ချက်ချင်း နားလည်သွားပါတယ်။ ဒီတော့ ကျွန်တော်က သူ့ကို သဘောကျသွား ပါတယ်။ သူက ပိန်ခြောက်ခြောက်၊ ကျစ်လျစ်သန်မာပါတယ်။ အင်အား အပြည့်ပုံစံနဲ့ပါ။ အဲဒီတုန်းက စတိဗ်က အထက်တန်းကျောင်းတက်နေ ဆဲ ဖြစ်ပေမဲ့ စတိဗ်နဲ့ ကျွန်တော်ဟာ ချက်ချင်း ရင်းနှီးသွားကြပါတယ်။

 

ကျွန်တော်တို့ လျှပ်စစ်ပညာအကြောင်း ပြောကြတယ်။ ကျွန်တော်တို့ ကြိုက်တဲ့ ဂီတအကြောင်းပြောတယ်။ ကျွန်တော်တို့လုပ်ခဲ့တဲ့ နောက်ပြောင် ကျီစယ်မှုတွေအကြောင်း အပြန်အလှန် ပြောခဲ့ကြတယ်”

 

                                                                                             iwOZမှ စတိဗ်ဂေါ့ဇ်နီယက်

 

နောက်ပိုင်းတွင် ဒေါ့ဇ်နှင့် စတိဗ်တို့သည် နောက်ပြောင်ကျီစယ်မှု အမျိုးမျိုး လုပ်ခဲ့ကြသည်။ အထက်တန်းကျောင်း အဆောက်အအုံတစ်ခု တွင် ကြီးမားသောလက်ခလယ် ထောင်ထားပုံကို ရေးဆွဲကာ ကျီစယ် နောက်ပြောင်ခဲ့ကြသည်။

ဟုမ်းစတက်အထက်တန်းကျောင်းမှာပင် စတိဗ်သည် ခရစ်အန်း ဘရန်နန်နှင့် ဆုံတွေ့ခဲ့တာ ဖြစ်ပါသည်။ ဘရန်နန်သည် သူ ပုံမှန်တွဲဖြစ် သော ပထမဦးဆုံးကောင်မလေး ဖြစ်သည်။

နှစ်နှစ်ခန့်အကြာတွင် ဒေါ့ဇ်နှင့် စတိဗ်တို့သည် သူတို့၏ ပထမ ဦးဆုံး စွန့်စားတီထွင် ဖက်စပ်လုပ်ငန်းကို စတင်လုပ်ကိုင်ကြတော့သည်။ ၁၉၇၂ ခုနှစ်တွင် ဖြစ်ပါသည်။

အမေရိကန် တက္ကသိုလ်နယ်မြေများတွင် ဖုန်းကြားဖြတ်ခိုးနား ထောင်ခြင်းများသည် လူပြောအများဆုံး အကြောင်းအရာ ဖြစ်နေသည်။ သူတို့သည် အစောဆုံး ကွန်ပျူတာဟက်ကာများ ဖြစ်သည်။ AT &T ၏ အဝေးခေါ်ဖုန်း ခလုတ်လွှဲကိရိယာကို တစ်ပတ်ရိုက်လှည့်စားနိုင် သည့် ကိရိယာငယ်များကို သူတို့လုပ်နိုင်ခဲ့ကြလေသည်။ ထိုကိရိယာ ငယ်များကို “ဘူးပြာများ” ဟုခေါ်သည်။ သူတို့သည် ဘူးပြာများကို သုံးကာ AT&T ဖုန်းကွန်ရက်မှတစ်ဆင့် အခမဲ့ ဖုန်းပြောဆိုခဲ့ကြသည်။

ဝေါ့ဇ်က ထိုအကြောင်းကို ဆောင်းပါးတစ်ပုဒ်တွင် ဖတ်ခဲ့ရတာ ဖြစ်ပြီး၊ ဆောင်းပါးကို စတိဗ်အား ပြခဲ့သည်။ သူတို့နှစ်ဦးသည် တုပ တည်ဆောက်ရန် ကြိုးစားသည်။ ဒေါ့ဇ်နှင့် စတိဗ်တို့ လုပ်ထားသော ဘူးပြာများသည် အံ့အားသင့်စရာကောင်းအောင် အလုပ်ဖြစ်ခဲ့ကြသည်။ ကူးပြာများကိုရောင်းချရန် စတိဗ်က ဦးစွာ အကြံရသည်။ ဝေါ့ဇ်နှင့် စတိဗ်သည် ဘာကလေတက္ကသိုလ်၏ အိပ်ဆောင်များထဲတွင် တစ်ခန်း ဝင်တစ်ခန်းထွက် ဘူးပြာများကို လိုက်လံရောင်းချခဲ့ကြသည်။ ဝေါ့ဇ် သည် ဘာကလေတက္ကသိုလ်ကျောင်းသားဖြစ်သည်။ စိတ်ဝင်စားသော

ကျောင်းသားများကို ရောင်းချပေးသည်။ သို့ရာတွင် ဤအလုပ်မှာ တရား မဝင်တော့ ရဲဖမ်းမိခါနီးတွင် နှစ်ဦးစလုံးသည် ဘူးပြာများ လိုက်လံ ရောင်းချခြင်းကို ရပ်နားလိုက်ကြသည်။

 

ရိဒ်ကောလိပ်

 

နောက်နှစ်တွင် စတိဗ်သည် အထက်တန်းပညာရေးပြီးဆုံး၍ ကောလိပ်တက်နိုင်သည့် အရွယ်ကို ရောက်လာသည်။ ပျော်စရာကောင်း သော ရိဒ်ကောလိပ်တွင်တက်ရန် သူ ဆုံးဖြတ်လိုက်သည်။ ရိဒ်ကော လိပ်သည် အော်ရီဂွန်တွင် အခြေစိုက်ထားသော ပုဂ္ဂိုလကပိုင် ဘက်စုံ ပညာရေးကောလိပ်ဖြစ်သည်။ သို့ရာတွင် ရိဒ်ကောလိပ်ကျောင်း စရိတ် သည် ဈေးကြီးလွန်း၍ ပေါလ်နှင့် ကလဲရာတို့သည် ကျောင်းစရိတ် မတတ်နိုင်ရှာဘဲ ရှိသည်။ သို့ရာတွင် စတိဗ်၏ အမေရင်းကို ပေးထား သည့် ကတိအတိုင်း၊ သူတို့သည် သား၏ အဆင့်မြင့်ပညာရေးအတွက် တစ်ဘဝလုံးစာ စုဆောင်းငွေများ အားလုံးလောက်ကို သုံးစွဲခဲ့ကြရလေ သည်။

စတိဗ်သည် ရိဒ်ကောလိပ်တွင် တရားဝင် နှစ်လသာနေခဲ့သည်။ ခရစ္စမတ်မတိုင်ခင် ကောလိပ်ကနေထွက်လိုက်သည်။ ကျောင်းထွက်လိုက်သဖြင့် သူမတက်ချင်သောအတန်းများကို လေ့လာခွင့်ရသွားလေသည်။

“၆ လ ကြာပြီးတဲ့နောက်မှာ စာသင်ခန်းထဲမှာ တန်ဖိုးဆိုတာကို မမြင်ရပါဘူး။ ကျွန်တော့်ရဲ့ ဘဝကို ဘာလုပ်ချင်တာလဲဆိုတာလည်း မတွေးတတ်ပါဘူး။ ကျွန်တော့်ဘဝရဲ့ ပြဿနာကို ကောလိပ်က ဘယ် လို ဖြေရှင်းပေးမလဲဆိုတာလည်း မသိပါဘူး။ ဒီကောလိပ်မှာ ကျွန်တော့် ရဲ့ မိဘတွေ သူတို့ရဲ့ တစ်ဘဝလုံးစုဆောင်းထားတဲ့ ငွေတွေအားလုံးကို ကျွန်တော် သုံးစွဲခဲ့ပါတယ်။ ဒီလိုနဲ့ ကျွန်တော် ကျောင်းထွက်ဖို့ ဆုံးဖြတ် လိုက်တာဖြစ်ပါတယ်။

ကျောင်းထွက်လိုက်တာဟာ အားလုံးအဆင်ပြေသွားစေမယ်လို့ ယုံကြည်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းကတော့ နည်းနည်းလန့်နေတယ်။ ဒါပေမဲ့ ပြန်သုံးသပ်လိုက်ရင် ဒါဟာ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်တွေ ထဲမှာ အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ ကျောင်းထွက်ချိန်မှာ ကျွန်တော်ဟာ ကျွန်တော် စိတ်မဝင်စားတဲ့ အတန်းတွေကို ရပ်ပြီး လေ့လာနိုင်ပါတယ်။ စိတ်ဝင်စားတဲ့ အတန်းတွေကိုလည်း လေ့လာခွင့် ရပါတော့တယ်။

စိတ်ကူးယဉ်မဆန်လှပါဘူး။ ကျွန်တော့်မှာ အိပ်ဆောင် မရှိပါ ဘူး။ ဒါကြောင့် သူငယ်ချင်းတွေရဲ့ အခန်းတွေထဲက ကြမ်းပြင်ပေါ်မှာ အိပ်ခဲ့ရပါတယ်။ စားစရာ ဝယ်ဖို့ ၅ ဆင့်နဲ့ အပေါင်တင်ထားတဲ့ ကိုကာ ပုလင်းတွေကို ပြန်သွင်းခဲ့ရပါတယ်။ ဟဲခရစ်နား ဘုရားကျောင်းမှာ တစ်ပတ်ကိုတစ်ခါလောက် အစားအသောက်ကောင်းလေး စားရအောင် ကျွန်တော်ဟာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း မြို့ကနေ ၇ မိုင် လမ်း လျှောက်ခဲ့ရပါတယ်။ အဲဒါလေးကိုတော့ သဘောကျမိခဲ့ပါတယ်။

၂၀၀၅၊ ဇွန် ၁၂ စတန်းဖို့ဒ်

ဘွဲ့နှင်းသဘင်မိန့်ခွန်း