Skip to product information
1 of 1

Other Websites

ဆောင်းလုလင် - ၀ိညာဥ်လှောင်အိမ်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type

အပိုင်း - ၁ -

အ-ကာလ ညသန်းခေါင်ယံ အချိန်ဝယ် လူသေအ လောင်းများကိုစွန့်ပစ်ရာဖြစ်သည် သင်္ချိုင်းမြေသည် ချောက်ချား ဖွယ်ကောင်းအောင် တိတ်ဆိတ်ငြိမ်သက်နေပေသည်။

မြို့နှစ်မြို့ဆက်သွယ်ထားရာ ခရီးဝေးသွား လမ်းမကြီး နှင့်မနီးမဝေးတွင်ရှိသောသုသန်မြေသည်ကာအရံမဲစွာ၊ စောင့် ရောက်သူမဲစွာတည်ရှိနေပေ၏။ -

ညနှစ်နာရီခန့် အချိန်ဝယ် သင်္ချိုင်းကုန်းထဲသို့မည်းမည်း သဏ္ဌာန်တစ်ခုတိတ်ဆိတ်စွာ ချည်းကပ်လာလေသည်။ မည်းမည်း သဏ္ဍာန်သည် ပခုံးပေါ်တွင် ထုတ်ကြီးတစ်ခုကို ထမ်းကာ မကြာခင်က သဂြိုလ်ထားသော အကူတစ်လုံးရှေ့တွင် ရပ်လိုက် ၏။ သူပခုံးပေါ်တွင်လွယ်လာခဲ့သော ထုတ်ကြီးကို အုတ်ဂူ ဘေးသို့ ပစ်ချလိုက်လေသည်။

သူသည် ဘေးဘီပတ်ဝန်ကျင်သို့ ငဲ့စောင်းလှည်ပတ် ကြည်ရင်း အနှောက်အယှက်တစ်စုံတရာမမြင်ရသည်အခါ ခုတ် ဂူကိုစ၍ဖောက်သည်။

သိုက်ညဖြစ်၍ ကောင်းကင်တစ်ခုလုံး မဲမှောင်နေကာ တိမ်တိုက်များဖုံးကွယ်ထားသည် ကောင်းကင်ပြင်တွင် ကြယ်က

လေးတစ်လုံးပင်မရှိချေ။ သုသန်တစပြင်ထဲမှ အုတ်ဂူကိုသွင်း

ဖောက်သည် အတွက် ထွက်ပေါ်လာသော အသံသည် ချောက်ချား ဖွယ်ကောင်းအောင် တိတ်ဆိတ်နေသောဝန်းကျင်ဝယ် မကောင်း ဆိုးဝါးအော်ညည်းသံတစ်ခုလို ထွက်ပေါ်လာလေသည်။

သင်္ချိုင်းကုန်းထဲဝယ် လှည်လည်ကျက်စားနေသော ခွေး တစ်ကောင်သည် ထိုမြင်ကွင်းကို မြင်တွေ့ကာ စူးစူးဝါးဝါး ထိုး ဟောင်ရင်း သံရှည်ဆွဲ၍ အူက်လေသည်။ ထိုခွေး၏ အူသံကို ကြားရသော ဝေးလံသည်အရပ်မှခွေးများသည်လိုက်၍ကြလေ ရာ သုသန်တစပြင်သည်ခွေးအူသံများဖြင့်ဖုံးလွှမ်းသွားလေ၏။

အုတ်ဂူကိုထွင်းဖောက်နေသော ယောက်ျားသည် နဖူးမှ ချွေးများဒီဒီးကျလာသည်ထိ ပေါက်ချန်ကိုအားကုန်လွှဲရင်း ခုတ် ဂူ၏ ခြေရင်းဖက်နံရံကို ထွင်းဖောက်လျှက် ရှိလေသည်။ ခဏ အကြာ တွင် မြုပ်နှံသဂြိုလ်ထားသည်မှာ သုံးရက်သာရှိသေး၍

ကောင်းစွာမချောက်သွေ့သေးသောအုတ်ဂူနံရံသည် အတွင်းဖက် သို့လှိုက်ကာ ပဲကျသွားလေ၏။ -

က အတွင်းက်သို့ပဲကျသွားသော အုတ်ကျိုးခုတ်ပဲ များကိုကြည့်ရင်း တော်ထဲမှ ပေါက်ချွန်းကို ဘေးသို့ပစ်ချလိုက် သည်။ သူသည် အကူကျိုးပေါက်သွားမှပင် ကြောက်စိတ်များ ဝင်လာ၏။

ငါ-ငါကူကိုဆက်ဖောက်ရမလား၊ အထဲမှာသူ့အလောင်း ကြီးရှိတယ်။ အမလေး-သူဟာ သူပြောသလိုဖုတ်ဝင်နေပြီလား မသိ၊ ဖုတ်ဝင်ပြီးထလာရင်ငါဘယ်လိုရင်ဆိုင်ရမလဲ။ ဟုဒ်ပါ

ဘူး၊ သူဖုတ်ဝင်မှာမဟုတ်ဖူး၊ အစကတည်းက သေကို မသေ တာ၊ ကောင်မက ဉာဏ်က ခပ်များများရယ်၊ သူသေမယ်ဆို တာကြို သိနေလို့ ငါ့ကို မှာထားခဲ့တာကြည် ပါလား။

သူသည် ဗောဇဝါဖြစ်ကာ အုတ်ဂူကိုဆက်ဖောက်ရ ကောင်းနိုး၊ လှည်ပြန်သွားရကောင်းနိုးနှင့် ရပ်၍ စဉ်းစားနေ မို၏။

- နောက်တော့ သူတစ်ခုစဉ်းစားမိပြန်သည်။ သူကအုတ် ဂူကိုထွင်းဖောက်၍ သူမကို မခေါ်ခဲ့ရင်ကော၊ သူမက နေမှာ

လား၊ သူ့ဟာသူဖုတ်ဝင်ပြီးထလိုက်လာမှာပေါ့၊ အဲဒီအခါကျမှ ပိုဆိုးလိမ့်မည်။ သူမသည် သူ့ကိုအုတ်ဂူထဲကလာမယူရကောင်း လားဆိုကာ တစ်သက်လုံးဒုက္ခပေးလို့ဆုံးတော့မည်မဟုတ်။

ခေါ်သွားမှ၊ ခေါ်သွားမှ၊ ဒါမှ သူမအန္တရာယ်ကကင်း မည်။ သူ့ကိုလည်း အုတ်ဂူထဲကဆွဲခေါ်ထုတ်ပေးတဲ့ကျေးဇူးနဲ့ အမြဲတမ်းအနိုင်ကျင့်ဗိုလ်ကျနေရာက သက်သာခွင့်ရမည်။ 

သူက မထူးတော့ သည် အတူတူ ဂူထဲမှအမျိုးသမီးကို ဆွဲထုတ်ခေါ်ယူရန်ဆုံးဖြတ်လိုက်လေ၏။

သူက အုတ်အကျိုးအပဲ့များကိုဖယ်ရှားကာ အုတ်ဂူထဲမှ အခေါင်းကို ဆွဲထုတ်လိုက်သည်။ လေးလံသော အခေါင်းသည် တော်တော်နှင့်တွေ့ပါမလာချေ။ သူသည် အားကုန်စိုက်ထုတ်ကာ ကျွန်းသားအခေါင်းကို တဖြည်းဖြည်းချင်းဆွဲထုတ်ယူလေသည်။

ခဏအကြာတွင် လူသေအလောင်း ထည် ထားသောအ ခေါင်းကြီးသည် ပြင်ပသို့ လုံးလုံးရောက်ရှိသွားလေ၏။

သူက သံတူရွင်းဖြင့်ကလန့်ကာ အခေါင်းတွင်ရိုက်ထား သော သံများကို ဆွဲခွာလိုက်သည်။ ထို့နောက် တူရွင်းဖြင့် ကလော်၍ ဖွင့်လိုက်ရာ အခေါင်းအဖုံးသည် မြေပေါ်သို့လန်ကျ သွားလေ၏။ ။

သူက အခေါင်းထဲမှ အလောင်းကြီးကို မရဲတရဲကြည်  လိုက်လေသည်။ မိန်းမအလောင်းသည် အလွန်အမင်းပုံစံမပျက်

ယွင်းသေးပဲ အခေါင်းထဲ၌ရှိနေ၏။ သူမ၏ မျက်နှာပေါ်တွင်မူ  ကန့်လန့်ဖြတ်အနာကြီးက သွေးစများချောက်ကပ်ကာ အသား များပြဲလန်ရက်သားရှိနေလေသည်။ ကားတိမ်းမှောက်စဉ်ကျခဲ့

သောဒဏ်ရာဖြစ်ပေ၏။ သူမသည် မသေခင်က အလွန်လှသော မိန်းမတစ်ယောက်ဖြစ်ခဲ့ပါသည်။ 

သူသည် မိန်းမအလောင်းကို စိုက်ကြည့်နေပေသည်။ မိန်းမအလောင်း၏ပါးစပ်ထဲမှ သားငန်ရည်များ စီးကျနေသည်။ မျက်လုံးထဲမှလည်း မျက်ခွံများပိတ်ထားသည့်ကြားမှ ဆည်များ ထွက်ကျနေပေ၏။ သူသည် မိန်းမအလောင်းကို စက်ဆုပ်စွာ စိုက်ကြည်နေပေသည်။ သူသည်မိန်းမအလောင်းကို စိုက်ကြည် ရင်း သူမကိုလာ၍ ကယ်တင်မိသည်မှာ မှားလေပြီလား-ဟု နောင်တရစွာ တွေးနေမိပြန်သည်။

 သူစိုက်ကြည့်နေစဉ်မှာပင် မိန်းမအလောင်း၏ မျက်ခွံ များ ပွင့်လာသည်ကို သူမြင်လိုက်ရသည်။ အလောင်းကြီးသည်

မျက်လုံးများပွင့်လာကာ သူ့ကိုစိုက်ကြည့်နေသည်ကို သူမြင်နေ  ရသည်။

ထို့နောက် အလောင်းကြီးသည် အခေါင်းထဲမှ ငေါက် ကနဲထထိုင်လိုက်သည်ကို မြင်လိုက်ရပြန်၏။

သူသည် ကြောက်လန့်မှု ဖြင့် ဆတ်ကနဲတုန်သွားကာ နောက်သို့ဆုတ်လိုက်မိသည်။ 

* မကြောက်ပါနဲ့တဲ့၊ ကိုယ်မိန်းမကိုယ်တောင် ပြန် ကြောက်နေရသေးလား သတ္တိခဲရဲ့ "

အလောင်းကြီးက သူ့ကိုပြောလိုက်လေသည်။

* ဟီ- ဟီ- ဟီ- နောက်ဆုံးတော့ နင် ငါ့ကိုလာပြီး ခေါ်ရတာပဲမဟုတ်လား နန္၊ ဟီ၊ ဟီ၊ ဟီ၊ ခေါ်စမ်း၊ ငါ ကိုအ ခေါင်းထဲကပွေ့ထုတ်စမ်း၊ ဟဲ-နန္ဒ ပြောနေတာမကြားဘူးလား၊ အောင်မယ်လေး၊ သုံးရက်လုံးလုံး အခေါင်းထဲမှာသေချင်ယောင် ဆောင်နေရတာ ကိုယ်တွေလက်တွေချိနဲ့နေပြီတဲ့၊ ဟဲ-အကောင် နန္ဒ၊ ငါ့ကိုပွေ့ချီစမ်း၊ ဘဲနဲ့ အချိန်ဖြုန်းနေရသတုန်းဟဲ၊ ငါ့ကို နင့်ပခုံးပေါ်ထမ်းပြီး အိမ်ခေါ်သွားပါတော့ ငတုံးရဲ့ ”

* အား ... ” သူကကြောက်လန့်စွာ မသဲမကွဲရေရွတ်လိုက်မိသည်။ 

အိပ်တန်းတက်နေသော ငှက်များသည် အိပ်တန်းမှ လန့်နိုးကာ ဝေါကနဲ ပျံထွက်ပြေးသွားကြပေသည်။ သူနှင့် အလောင်းကြီးတို့ အပြန်အလှန် ပြောနေသော စကားများကို ကြားလိုက်ရ၍ ထင်သည်။

သူသည် မိန်းမ၏အမိန့်ကိုမလွန်ဆန်နိုင်စွာ မိန်းမအား ပခုံးပေါ်သို့ ပွေ့တင်လိုက်သည်။ မိန်းမသည် သူ့ပခုံးပေါ်တွင် မှောက်ရက်အနေအထားအတိုင်းရောက်ရှိသွားလေ၏။

သူသည်မိန်းမကို ထိုပုံစံအတိုင်းထမ်းခေါ်ခဲ့ကာသချိုင်း မြေထဲမှထွက်ခဲ့လေသည်။

အလောင်းများကိုဖော်စားလေ့ ရှိသော ခွေးအတကောင် သည်ထိုမြင်ကွင်းကိုကြည်ကာ စူးစူးဝါးဝါးထိုးဟောင်ရင်း အမြီး ကုပ်၍ထွက်ပြေးသွားလေသည်။

မှောင်မဲတိတ်ဆိတ်သောလမိုက်ညထဲတွင် သင်္ချိုင်းကုန်း ထဲမှ အလောင်းကြီးကိုထမ်း၍ ထွက်ခွာလာသောလူတစ်ယောက် ကို မည်သည် သက်ရှိလူသားကမှသတိမပြု မိလိုက်ကြချေ။

လေအတိုက်တွင် ယိမ်းနွဲ့လှုပ်ရှားနေသော သစ်ပင်ကြီး များကသာ ထိုအဖြစ်အပျက်ကို အချင်းချင်းတီးတိုးသတင်းပို့နေ သည် သဖွယ် သစ်ရွက်ချင်းထိခတ်အော်မြည်သံများ ပေါ်ထွက် နေပေ၏။

* ဟား-ဟား-ဟား- နောက်ဆုံးတော့ နင်ငါ့ကိုလာမှ ခေါ်ပဲမနေနိုင်ဘူးမဟုတ်လား၊ ခေါ်သွားစမ်း၊ ငါ ကိုအိမ်အထိ

ခေါ် သွားစမ်း၊ နင်ဟာ ထုံးစံအတိုင်း ငါခိုင်းသမျှအလုပ်တွေ လုပ်ပေးရမယ်၊ ငါ့ကိုလူတွေမမြင်အောင် ဝှက်ထားပေးရမယ်။ ကြားထားတဲ့ မိန်းမလျာ

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)