Skip to product information
1 of 1

Other Websites

ဆောင်းလုလင် - ဒေါက်တာစိုးထိုက်နှင့်အခြားကမ္ဘာမှချစ်သူများ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type

ါက်တာစိုးထိုက်၏ မိတ်ဆက်အမှာစာ .

- ကျွန်ုပ် ဒေါက်တာစိုးထိုက်သည် ဆရာဝန်တစ်ဦးပင် ဖြစ်လင့်ကစား သက် ၄၀ အရွယ်မှစ၍ ဆေးကုသခြင်းအလုပ်ကို စွန့်လွှတ်၍ ကျွန်ုပ် ဝါသနာ ငြင်းပြသောလုပ်ငန်းတွင်သာ အာရုံနှစ်၍ လုပ်ကိုင်ခဲ့လေသည်။ .

ကျွန်ုပ်သည် အသက် ၄၀ အထိသော် အစိုးရဆေးရုံများတွင် ဝန်ထမ်း ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉ဝ ပြည့်နှစ်မှစ၍ ဝန်ထမ်းအဖြစ်မှ နှုတ်ထွက်ကာ ကျွန်ုပ်စိတ်ဝင်စားသော ဝိညာဉ်လောက၊ နာမ်လောကဆိုင်ရာ လေ့လာမှုသုတေသန လုပ်ငန်းများတွင် အာရုံနှစ်၍လှုပ်ရှားခဲ့လေသည်။ 

- ကျွန်ုပ်သည်ဝန်ထမ်းဘဝတွင် အင်္ဂလန်နိုင်ငံသို့ ပညာတော်သင် ခရီး သွားရောက်ခဲ့ရသေးရာ အင်္ဂလန်နိုင်ငံရှိ ဗြိတိသျှ မနောသုတေသန' 'အသင်း ကြီးသို့ ဝင်ထွက်သွားလာခဲ့ပြီး ထိုအသင်းကြီးတွင် တစ်ဦးတည်းသော မြန်မာနိုင်ငံ သား အသင်းဝင်တစ်ဦးအဖြစ် အသင်းဝင်ရောက်ခဲ့လေသည်။ - မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီးနောက် ဝန်ထမ်းအဖြစ်မှ နှုတ် က်ပြီးချိန်တွင် မြန်မာနိုင်ငံအရပ်ရပ်ရှိ ကျွန်ုပ် လေ့လာတွေ့ရှိသမျှသော ဝိညာဉ် နနာဘာဝ၊ စုန်း၊ တစ္ဆေ၊ ကဝေ၊ ဥစ္စာစောင့်၊ လူဝင်စား၊ အစရှိသည့် နာမ်လောကဆိုင်ရာ ကိစ္စရပ်များကို လေ့လာသုတေသနပြုခဲ့ပေသည်။ ကျွန်ုပ် လေ့လာတွေ့ရှိခဲ့သော အမှုတွဲများအနက် သက်သက္ကာယခိုင်လုံသော

ဖြစ်ရပ်များကို လန်ဒန်ရှိ မနောသုတေသနအသင်းကြီးသို့ အထောက်အထား - အချက်အလက်များနှင့်အတူ ရေးသားပေးပို့ခဲ့လေသည်။ - ကျွန်ုပ်တွေ့ရှိချက်များအား အသင်းကြီးမှ အခါအားလျော်စွာ ထုတ် ဝေသော စာစောင် စာအုပ်များတွင် ဖော်ပြခဲ့ရာ ကမ္ဘာအရပ်ရပ်ရှိ ဝိညာဉ်သုတေ သနပညာရှင်များကြားတွင် ကျွန်ုပ် အမည်မှာ အတန်သင့် ထင်ရှားလျက် ရှိပေပြီ။

, LE ၁၉၉၈ ခုနှစ်တွင် ကျွန်ုပ်သည် အမှုတွဲတစ်ခုအတွက် မန္တလေးမြို့သို့ သွားရောက်ခဲ့ရာ ကျွန်ုပ်၏လုပ်ငန်းများကို စိတ်ပါဝင်စားစွာ ကူညီလုပ်ကိုင်ပေး ခဲ့သည့် လူငယ်လေးတစ်ဦးနှင့် ရင်းနှီးသိကျွမ်းခဲ့ရလေသည်။ ထိုလူငယ်သည် စာပေရေးသားရန် ကြိုးစားလေ့လာနေသောစာပေဝါသနာရှင်တစ်ဦးဖြစ်ရုံမက မနောသုတေသနလုပ်ငန်းများကိုလည်း စိတ်ဝင်စားလှပေသည်။ လူငယ်က ကျွန်ုပ် အင်္ဂလိပ်ဘာသာဖြင့် ရေးသားသော ဆောင်းပါးအချို့ကို ဖတ်ရှုခဲ့ဖူးပြီးဖြစ်သဖြင့် ကျွန်ုပ်မှာ အံ့ဩရသေးသည်။

'လူငယ်သည် ကျွန်ုပ် သွားရောက်လိုသည့်နေရာများကို သူ၏မော်တော် ဆိုင်ကယ်လေးဖြင့် လိုက်လံပို့ဆောင်ပေးရုံမက၊ ကျွန်ုပ် တွေ့ဆုံလိုသောလူများ ကို ဆက်သွယ်ပေးခြင်း၊ စုံစမ်းပေးခြင်းများပြုလုပ်သော ကျွန်ုပ်မှာ များစွာကျေးဇူးတင် မိပေ၏။ • .

. .

 နောက်ပိုင်းတွင်လည်း လူငယ်နှင့် ကျွန်ုပ်သည် အဆက်အသွယ် မပြတ်ခဲ့ပေး၊ သူရန်ကုန်မြို့သို့ ရောက်လာသည့်အခါတိုင်းလည်း ကျွန်ုပ်ထံ ဝင်

ရောက်လည်ပတ်လေ့ရှိ၏။ ကျွန်ုပ် သုတေသနပြုခဲ့သောအမှုတွဲများကို လေ့ လာဖတ်ရှု၏၊ ဖြစ်ရပ်များကိုလည်း သေချာမေးမြန်း၍ မှတ်စုတွင် မှတ်သားထား

၂၀၀၃ ခုနှစ်၏ မိုးရာသီနေ့တစ်နေ့တွင် ထိုသူငယ် ကျွန်ုပ်ထံသို့ ရောက်လာပြန်ရာ ယခုတစ်ကြိမ်တွင်မူ ကျွန်ုပ်အတွက် အံ့ဩစရာ၊ အားရစရာ လုပ်ရပ်များကို ထိုသူငယ်က ယူဆောင်လာခဲ့ပေသည်။

“ကျွန်တော် စာရေးဝါသနာပါတာကို ဆရာကြီးလည်း အသိပဲ။ အခု ကျွန်တော် တ္ထုတချို့ရေးထားပါတယ် ဆရာကြီး၊ ကျွန်တော်ရေးတဲ့ ဝတ္ထုတွေက

တော့ တခြားဟုတ်ပါဘူး ဆရာကြီးကိုယ်တိုင် လေ့လာသုတေသန ပြုလာတဲ့ - ဖြစ်ရပ်တွေကို ဝတ္ထုပုံစံနဲ့ရသပါအောင် ပြန်ရေးထားတာပါ။ ဆရာကြီး ကြည့်

ဖန်ချက်ပေးပါဦး ဆရာကြီး ကျေနပ်တယ်ဆိုရင် လူအများ ဖတ်ရှုနိုင်အောင်

စာအုပ်အဖြစ် ထုတ်ဝေချင်ပါတယ်။ စာအုပ်ထုတ်ဖို့လည်း ဆရာကြီးဆီက ခွင့်ပြု ချက်ရလိုပါတယ်” . ။ - လူငယ်က သူရေးသားပြီးစီးထားသည့် စာမူများကို ကျွန်ုပ်အား ပေး အပ်ခဲ့ပေ၏။ ။

ကျွန်ုပ်သည် ဝတ္ထုအဖြစ် ရေးသားထားသော ၎င်းတမှုများအား ဖတ်ရှု ကြည်ရာ ဖြစ်ရပ်များကို ကိုယ်တိုင်သုတေသန ပြုခဲ့သော ကျွန်ုပ်ကိုယ်တိုင်ပင် ဇာတ်ကြောင်းကို သိပြီးဖြစ်ပါလျက် ရင်ခုန်ထိတ်လန့်ခြင်း၊ အံ့သြတုန်လှုပ်ခြင်းများ ကို ခံစားရပေ၏။ ယင်းသို့ခံစားရသည်မှာ အခြားကြောင့်မဟုတ်။ ၎င်း၏ ဇာတ် ၊ လမ်းဖွဲ့စည်းပုံ ရေးသားမှုကျွမ်းကျင်ပုံများကြောင့်ပင် ဖြစ်ပေတော့သည်။ ပြီး

ဆောင်းလုလင်က အချို့ဝတ္တုများတွင် ကျွန်ုပ်အား ဇာတ်ကောင်အဖြစ် ထည့်သွင်းထားပြီး အချို့ဝတ္တုများ၌ ကျွန်ုပ်ကိုယ်တိုင် လေ့လာသုတေသန ပြုခဲ့ သည့်အတိုင်း ရေးသားထားသည်။ အချို့ဝတ္ထုများတွင် ဖြစ်ရပ်ကို ဝတ္ထုသဖွယ် သရုပ်ဖော်ရေးသားထားပေ၏။ မည်သို့ဆိုစေ ကျွန်ုပ်၏ အတွေ့ကြုံများကို ရသပါ

သောဝတ္ထုသဖွယ် တန်ဆာဆင်ရေးသားထားသည့်အတွက် ကျွန်ုပ်မှာကျေနပ် ဝမ်းမြောက်မိပေသည်။ - - -

ကျွန်ုပ်သည် မြန်မာစာဖတ်ပရိသတ်များ သိရှိရန်အလို့ငှာ ကျွန်ုပ်၏ လေ့လာတွေ့ရှိချက်များကို စာပေဖြင့် ရေးသားတင်ပြရန် စိတ်ကူးမှာ ပဆွဲကတည်း ကပင် ရှိခဲ့လေ၏။ သို့ရာတွင် ကျွန်ုပ်မှာ မအားလပ်ခြင်း၊ မြန်မာစာရေးသားရာတွင် ကျွမ်းကျင်မှုမရှိခြင်း (ကြွားဝါခြင်းမဟုတ်၊ ကျွန်ုပ်သည် အင်္ဂလိပ်ဘာသာဖြင့် ရေးသားခြင်းကိုသာ ကျွမ်းကျင်ပါသည်။) တို့ကြောင့် ကျွန်ုပ်၏ ဆန္ဒများ နှောခဲ့ ရပေ၏။ , , , , ,

ယခု ကျွန်ုပ် ခင်မင်သောလူငယ်က “ဆောင်းလုလင်”ဆိုသော ထလောင်အမည်ဖြင့် ကျွန်ုပ်၏အတွေ့အကြုံများကို ရသပါသော ဝတ္ထုသဖွယ် စီကုံးရေးသားပေးသည့်အခါ ကျွန်ုပ်၏အာသာဆန္ဒကို ဖြည့်စွမ်းပေးရာရောက် သဖြင့် ကျွန်ုပ်မှာ များစွာကျေးဇူးတင်ရပေ၏။

ဆောင်းလုလင် က အချို့ ဖြစ်ရပ်များကို နေရာဒေသ၊ ကာယကံ - ရှင်တို့၏အမည်နာမများ ပြောင်းလဲရေးသားထားပေရာ ဤသည်မှာလည်း ဗြစ် သင့်သောအချက်တစ်ရပ်ပင် ဖြစ်ပေ၏။ အချို့ဝတ္ထု၌ကား ဖchtp://www.burmesecls စေရန် စိတ်ကူးယဉ်ဇာတ်ကောင်များ ဖြည့်စွက်ထားသည်ကို တွေ့ရသည်။ ဤသည်မှာလည်း ရသဝတ္ထုအဖြစ် တင်ပြသည်မို့ ဖတ်ရှုသူများအဖို့ အသော ပို၍ ပြည့်ဝစေမည်ဟု ယူဆပါသည်။ -

ကျွန်ုပ်ကိုယ်တိုင်သာ ဤဖြစ်ရပ်များကို စာဖြင့် ရေးသားတင်ပြရလျှင် အချက်အလက်များပါသော ဆောင်းပါးရှည်ကြီးသဖွယ်သာ ဖြစ်နေမည်ဖြစ်ပြီး၊ ငြီးငွေ့ဖွယ်ကောင်းမည်အမှန်ဖြစ်ကြောင်း ဝန်ခံရပေသည်။ ဆောင်းလုလင်က စာတတ်ပရိသတ်များကို ကျွန်ုပ်တင်ပြလိုသော အကြောင်းအရာများအား ကျွန်ုပ် ကိုယ်စား ရသဝတ္ထုအနေနှင့် တင်ပြပေးသည့်အတွက် ကျေးဇူးတင်ရပါသည်။ - သို့ပါ၍ဆောင်းလုလင်ဆိုသောသူငယ် နှောက်တစ်ခေါက် ရောက်လာ၍ ကျွန်ုပ်၏ သဘောပေဖြန်းသည့်အခါ ကျွန်ုပ်က ၎င်း၏ စာပေရေးသားခြင်း အတတ်

ကို ခံ ကာ တွေ့များအဖြစ် ပုံနှိပ်ထုတ်ဝေလိုပါက ထော်ဝေနိုင်ပါကြောင်း ကျေနပ်စွာဖြင့် ခွင့်ပြုချက်ပေးလိုက်ရပါသတည်း။

- ဒေါက်တာစိုးထိုက် " `မနောဝိညာဉ်သုတေသီ -

M.B., B.S. M. Med. Sc M.P.H(London)

. “ ၁၉၈၂ခုနှစ်၊ စက်တင်ဘာလ၏ နေ့တစ်နေ့ဖြစ်သည်။

အပြာရောင်ဇိမ်ခံကားလေးတစ်စီးသည် အမေရိကန်ပြည်နယ်၊ အမှတ် ၃ အဝေးပြေးလမ်းမကြီးပေါ်တွင် လျင်မြန်စွာ ပြေးလွှားလျက်ရှိလေသည်။ " ', အအေးလွန်ကဲသော ဆောင်းရာသီကာလဖြစ်၍ ပတ်ဝန်းကျင်တစ်ခွင့်

လုံး ဆီးနှင်းခဲများဖုံးလွှမ်းကာ

ဖြစ်ကြလေသည်။ ယောက်ျားဖြစ်သူသည် အသက် ၃၈ နှစ်အရွယ်ရှိ ဒေါက်တာ - နောင် ဆိုသူဖြစ်၏။ ဒေါက်တာ မျိုးနောင်သည် နယူဟမ်ရှိုင်းယားပြည်နယ် - ပို့စ်မောက်မြို့ကလေးရှိ ́ပုဂ္ဂလိကဆေးရုံတစ်ခုတွင် လက်ထောက် ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ ,

ဇနီးဖြစ်သူ မိမိရီ မှာ အသက်၂၂ နှစ်အရွယ်သာရှိသေးပြီး ခင်ပွန်း ဖြစ်သူ၏အလုပ်ရှိရာ အမေရိကန်နိုင်ငံသို့ လိုက်ပါလာသည်မှာ မကြာသေးချေ။ = တစ်နှစ်ခန့်မျှသာရှိသေး၏။

ယခုအပတ် စနေ၊ တနင်္ဂနွေနားရက်တွင် ဒေါက်တာမျိုးနောင်က သူ၏ဇနီးချောလေးအား ကမ္ဘာကျော် နိုက်ရာဂရာ ရေတံခွန်ကြီးဆီသို့ လိုက်ပို့ ရင်း အပျော်ခရီးထွက်ခဲ့ကြခြင်းဖြစ်ပါသည်။ - ယခုခရီးစဉ်မှာ နိုင်ရာဂရာရေတံခွန်မှအပြန် ပို့စ်မောမြို့ ဆီသို့ ဦးတည် သွားရောက်နေသောခရီးစဉ် ဖြစ်လေသည်။

“ဆရာ ... ဖြည်းဖြည်းမောင်းပါ ဆရာ၊ လမ်းမှာ နှင်းတွေနဲ့ ပိတ် နေတာ။ မတော်တဆ အန္တရာယ်နဲ့ တွေ့နေပါ့မယ်”

မိမိရီက ကားကိုအမြန်မောင်းနှင်နေသည့် ခင်ပွန်းသည် ဒေါက်တာ မျိုးနောင်အား သတိပေးလိုက်လေသည်။

ဒေါက်တာမျိုးနောင်က မိမိရီကို လှည့်ကြည့်ရင်း - -

“ဆောရီး .. ရီလေး၊ ကိုကြီး လောကြီးသွားတယ်။ ဒါပေမဲ့ မစိုး နိုင်ပါနဲ့။ လမ်းက ယာဉ်တွေရှင်းနေတာပေါ့။ ဒီမှာက အသွားလမ်းနဲ့ အပြန်လမ်း ပိုင်ဖောက်ထားတာဆိုတော့ ရှေ့က လာမယ့်ကားကို စိုးရိမ်စရာ မလိုပါဘူး”

““ဒါတော့ ဒါပေါ့ ဆရာရယ်၊ ရီလေး ရင်တုန်လို့ပါ" * - မိမိရီက ကားအပြင်ဘက်ကို လှမ်းကြည့်ရင်း ပြောလိုက်သည်။ မိမိရီ သည် တစ်ဖက်မှ ယှဉ်လျက်ရှိသော လမ်းမကြီးကို လှမ်းကြည့်လိုက်ရာ ဆီးနှင်း

ဖွေးနေသော လမ်းမရှည်ကြီးကို မြွေဖြူကြီးတစ်ကောင်သဖွယ် လှမ်းမြင် ဆိုက်ရလေသည်။ ,

“ဟုတ်သားပဲ၊ ရီလေးမှာ ကိုယ်ဝန်ကြီးနဲ့ဆိုတော့ လန့်မှာပေါ့”

ဒေါက်တာမျိုးနောင်က မိမိရီ အမူအရာကိုကြည့်၍ ရယ်မောလိုက်၏။ - အင်မတန်မှ မြန်မာအမျိုးသမီးပီသသော မိန်းကလေးပေပဲ။ တကယ်တော့ မိမိရီ ကိုယ်ဝန်မှာ သုံးလသာရှိသေး၍ ပေါ်ပေါ်ထင်ထင် မရှိသေးချေ။ ကိုယ်ဝန် ရှိ အကြောင်းပြောလိုက်၍ ကိုယ့်ခင်ပွန်းဆရာဝန်ကိုပင် ရှက်နေပေသေးသည်။

- ဒေါက်တာမျိုးနောင်နှင့် မိမိရီတို့ လက်ထပ်ခဲ့သည်မှာ တစ်နှစ်ကျော် ကျော်မျှပင် ရှိပေသေး၏။ လင်မယားနှစ်ယောက်မှာ အသက်အရွယ်ချင်းလည်း ကွာခြားလှပေသည်။ ဒေါက်တာမျိုးနောင်က အသက် ၁၆ နှစ်တိတိ ပို၍ကြီး

ပေသည်။ - ဒေါက်တာမျိုးနောင်သည် မြန်မာနိုင်ငံဆေးကျောင်းမှ ဆရာဝန်ဘွဲ့ရပြီး -

သည်နှင့် အမေရိကန်နိုင်ငံတွင် ဘွဲ့လွန်ဆေးပညာရပ်တစ်ခုကို ကိုယ့်စရိတ်ဖြင့် - ကိုယ်တက်ရောက်ခဲ့လေသည်။

အမေရိကန်တက္ကသိုလ်မှ ဘွဲ့ရရှိပြီးနောက် အမိနိုင်ငံသို့ မပြန်ဖြစ်သေး ဘဲ ပို့စ်မောက်မြို့ကလေးရှိ ပုဂ္ဂလိကဆေးရုံတစ်ခုတွင် အလုပ်ဝင်နေခဲ့ခြင်း ဖြစ် သည်။ -

. ငယ်စဉ်ကတည်းက စာကြိုးစားဖို့တစ်ခုသာ အာရုံရှိခဲ့သော ဒေါက်တာ မျိုးနောင်သည် မြန်မာနိုင်ငံတွင် ဆေးကျောင်းတက်စဉ်ကရော၊ အမေရိကန် - ဆေးတက္ကသိုလ်ကြီးတွင် ဘွဲ့လွန်တက်စဉ်မှာရော ရည်းစားသနာမရှိခဲ့ချေ။

မိဘများက အသက် ၃၅ နှစ်ရှိနေပြီဖြစ်သည့် သားလိမ္မာကို သူတစ်ပါး “ နိုင်ငံမှာ `စိတ်မချဖြစ်ကာ မြန်မာနိုင်ငံသို့ ခေတ္တပြန်ခေါ်၍ သူတို့သဘောတူသော မိန်းကလေးနှင့် ပေးစားခဲ့ခြင်း ဖြစ်ပါသည်။

မိမိရီသည် ရန်ကုန်မှ ဒေါက်တာမျိုးနောင်တို့အိမ်နှင့် အိမ်နီးချင်း မိသားစု . မှ ဖြစ်သည်။ အသက် ၂၅ နှစ်အရွယ် ဒေါက်တာမျိုးနောင် မြန်မာပြည်မှ ` ထွက်လာစဉ်က မိမိရီသည် ဂါဝန်ဝတ်ကလေးမလေးတစ်ဦးမျှသာ ရှိသေးသည်။ - မိဘများက ခေတ္တပြန်လာခိုင်းကာ မိမိရီနှင့် ပေးစားမည်ဆိုမှ သူထွက်သွားစဉ်က ကလေးမလေးကို လှပချောမောသော မိန်းမပျိုတစ်ဦးအဖြစ် ပြန်လည်ဆုံဆည်းခဲ့ရ ခြင်း ဖြစ်လေသည်။ -

သည် အင်း

... 90 http://www.burmeseclassic.c

လက်ထပ်ယူခဲ့ပါသည်။ သူနေထိုင်ရာ အမေရိကန်နိုင်ငံသို့ ခေါ်လာခဲ့သည်။

- မိမိရီအနေနှင့်လည်း မိဘစကားနားထောင်သည့် မြန်မာမိန်းကလေး တစ်ယောက်ပီပီ ဒေါက်တာမျိုးနောင် နောက်သို့ လျှောင်နောက်ဆုံးပါလာ - ခဲ့သည်။ . ,

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)