ဆောင်းလုလင် - ဒေါက်တာစိုးထိုက်နှင့်မှော်မျက်၀န်းရှင်
ဒေါက်တာစိုးထိုက်၏ ပိတ်ဆက်အမှာစာ
ကျွန်ုပ် ဒေါက်တာစိုးထိုက်သည် ဆရာဝန်တစ်ဦးပင် ဖြစ်လင့်ကစား အသက်(၄၀)အရွယ်မှစ၍ ဆေးကုသခြင်းအလုပ် ကိုစွန့်လွှတ်၍ ကျွံန်ုပ် ဝါသနာပြင်းပြသော လုပ်ငန်းတွင်သာ အာရုံနှစ်၍ လုပ်ကိုင်ခဲ့လေသည်။
ကျွန်ုပ်သည် အသက် (၄၀)အထိသာ အစိုးရဆေးရုံများ တွင် ဝန်ထမ်းဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၀ ခုနှစ်မှစ၍ ဝန်ထမ်းအဖြစ်မှ နှုတ်ထွက်ကာ ကျွန်ုပ် စိတ်ဝင်စား
သော ပိညာဉ်လောက နာမ်လောကဆိုင်ရာ လေ့လာမှု သုတေ သနလုပ်ငန်းများတွင် အာရုံနှစ်၍ လှုပ်ရှားခဲ့လေသည်။ ။
ကျွန်ုပ်သည် ဝန်ထမ်းဘဝတွင် အင်္ဂလန်နိုင်ငံသို့ ပညာ တော်သင်ခရီး သွားရောက်ခဲ့ရသေးရာ အင်္ဂလန်နိုင်ငံရှိ “ဗြိတိသျှ သုတေသန အသင်းကြီးသို့ ဝင်ထွက်သွားလာခဲ့ပြီး သင်း
ကြီးတွင် တစ်ဦးတည်းသော မြန်မာနိုင်ငံသား အသင်းဝင်တစ်ဦး အဖြစ် အသင်းဝင်ရောက်ခဲ့လေသည်။
မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီးနောက် ဝန်ထမ်းအဖြစ် နှုတ်ထွက်ပြီးချိန်တွင် မြန်မာနိုင်ငံ အရပ်ရပ်၌ ကျွန်ုပ် လေ့လာတွေ့ ရှိရသမျှသော ဝိညာဉ်၊ နာနာဘာဝ၊ စုန်း၊ တစ္ဆေ၊ ကဝေ၊ ဥစ္စာ
စောင့်၊ လူဝင်စား၊ မှော် အစရှိသည့် နာမ်လောကဆိုင်ရာကိစ္စရပ် များကို လေ့လာ သုတေသနပြုခဲ့ပေသည်။ ကျွန်ုပ် လေ့လာတွေ့ ရှိခဲ့သော အမှုတွဲများအနက် သက်သေ သက္ကာယခိုင်လုံသော ဖြစ်ရပ်များကို လန်ဒန်ရှိ မနောသုတေသန အသင်းကြီးသို့ အထောက်အထား အချက်အလက်များနှင့်အတူ ရေးသားပေးပို့ခဲ့ လေသည်။
ကျွန်ုပ်၏ တွေ့ရှိချက်များအား အသင်းကြီးမှ အခါအား လျော်စွာ ထုတ်ဝေသော စာစောင်၊ စာဂုပ်များတွင် ဖော်ပြခဲ့ရာ ကမ္ဘာအရပ်ရပ်ရှိ ဝိညာဉ်သုတေသန ပညာရှင်များကြားတွင် ကျုပ် ၏အမည်မှာ အတန်အသင့် ထင်ရှားလျက်ရှိပေပြီ။ ။
၁၉၉၈ ခုနှစ်တွင် ကျွန်ုပ်သည် အမှုတွဲတစ်ခုအတွက် မန္တလေးမြို့သို့ သွားရောက်ခဲ့ရာ ကျွန်ုပ်၏ လုပ်ငန်းများကို စိတ် ဝင်စားစွာ ကူညီလုပ်ကိုင်ပေးခဲ့သည့် လူငယ်လေးတစ်ဦးနှင့် မင်းနှီး သိကျွမ်းခဲ့ရလေသည်။ ထိုတယ်သည် စာပေရေးသားရန် ကြိုးစား လေ့လာနေသော စာပေဝါသနာရှင် တစ်ဦးဖြစ်ရုံမက မ
သုတေသနလုပ်ငန်းများကိုလည်း စိတ်ဝင်စားလှပေသည်။ လူငယ် က ကျွန်ုပ် အင်္ဂလိပ်ဘာသာဖြင့် ရေးသားသော ဆောင်းပါးအဆို ကို ဖတ်ရှုခဲ့ဖူးပြီးဖြစ်သဖြင့် ကျွန်ုပ်မှာ အံ့ဩရသေးသည်။
လူငယ်သည် ကျွန်ုပ်သွားရောက်လိုသည့် နေရာများကို သူ၏ မော်တော်ဆိုင်ကယ်လေးဖြင့် လိုက်လံပို့ဆောင်ပေးရုံမက ကျွန်ုပ်တွေ့ဆုံလိုသော လူများကို ဆက်သွယ်ပေးခြင်း၊ စုံစမ်းပေး ခြင်းများ ပြုလုပ်ခဲ့ရာ ကျွန်ုပ်မှာ များစွာ ကျေးဇူးတင်မိပေ၏။
နောက်ပိုင်းတွင်လည်း လူငယ်နှင့် ကျွန်ုပ်သည် အဆက် အသွယ်မပြတ်ခဲ့ပေ။ သူ ရန်ကုန်မြို့သို့ရောက်လာသည့် အခါတိုင်း | လည်း ကျွန်ုပ်ထံ ဝင်ရောက်လည်ပတ်လေ့ရှိ၏။ ကျွန်ုပ် သုတေ
သနပြုခဲ့သော အမှုတွဲကို လေ့လာဖတ်ရှု၏။ ဖြစ်ရပ်များကို လည်း သေချာမေးမြန်း၍ မှတ်စုတွင် ရေးသားထားပေ၏။
၂၀၀၃ ခုနှစ်၏ မိုးရာသီတစ်တွင် ထိုသူငယ် ကျွန်ုပ်ထံ သို့ ရောက်လာပြန်ရာ ယခုတစ်ကြိမ်တွင်မူ ကျွန်ုပ်အတွက် အံ့သြ စရာ၊ အားရစရာလုပ်ရပ်များကို ထိုသူငယ်က ယူဆောင်လာခဲ့ပေ သည်။
“ကျွန်တော် စာရေးဝါသနာပါတာကို ဆရာကြီးလည်း အသိပဲ၊ အခု ကျွန်တော် ဝတ္ထုအချို့ ရေးထားပါတယ် ဆရာကြီး၊ ကျွန်တော်ရေးတဲ့ ဝတ္ထုတွေကတော့ တခြားမဟုတ်ပါဘူး။ ကြီးကိုယ်တိုင် လေ့လာသုတေသနပြုထားတဲ့ ဖြစ်ရပ်တွေ
ပုံစံနဲ့ ရသပါအောင် ပြန်ရေးထားတာပါ။ ဆရာကြီးဖတ်ကြည့်ပြီး ဝေဖန်ချက်ပေးပါဦး။ ဆရာကြီး ကျေနပ်တယ်ဆိုရင် လူအများ ဖတ်ရှုနိုင်အောင် စာအုပ်အဖြစ် ထုတ်ဝေချင်ပါတယ်။ စာအုပ်ထုတ် ဖို့လည်း ဆရာကြီးဆီက ခွင့်ပြုချက် ရလိုပါတယ်”
ပြီး လူငယ်က သူရေးသားပြီးစီးထားသည့် စာမူများကို ကျွန်ုပ်အား ပေးအပ်ခဲ့ပေ၏။
ကျွန်ုပ်သည် ဝတ္ထုအဖြစ် ရေးသားထားသော ၄င်းစာပူ များအား ဖတ်ရှုကြည့်ရာ ဖြစ်ရပ်များကို ကိုယ်တိုင်သုတေသနပြု ခဲ့သော ကျွန်ုပ်ကိုယ်တိုင်ပင် ဇာတ်ကြောင်းကို သိပြီးဖြစ်ပါလျက် ရင်ခုန်ထိတ်လန့်ခြင်း၊ အံ့သြတုန်လှုပ်ခြင်းများကို ခံစားရပေ၏။ ယင်းသို့ ခံစားရသည်မှာ အခြားကြောင့်မဟုတ်၊ ၄င်း၏ဇာတ်လမ်း ဖွဲ့စည်းပုံ၊ ရေးသားမှု ကျွမ်းကျင်ပုံများကြောင့်ပင် ဖြစ်ပေတော့ သည်။
၄င်းက ဝတ္ထုများတွင် ကျွန်ုပ်အား ဇာတ်ကောင်တစ် ကောင်အဖြစ် ထည့်သွင်းထားပြီး အချို့ဝတ္ထု၌ ကျွန်ုပ်ကိုယ်တိုင် လေ့လာသုတေသနပြုခဲ့သည့်အတိုင်း ရေးသားထားသည်။ ဝတ္ထု၌ကား ဖြစ်ရပ်ကို ဝတ္ထုသဖွယ် သရုပ်ဖော်ရေးသားထား၏။
မည်သို့ဆိုစေ ကျွန်ုပ်၏ အတွေ့အကြုံများကို ရပါ သော ဝတ္ထုသဖွယ် တန်ဆာဆင်ရေးသားထားသည့်အတွက် ကျွန်ုပ် မှာ ကျေနပ်ဝမ်းမြောက်မိပေသည်း၊
| ကျွန်ုပ်သည် မြန်မာစာဖတ်ပရိသတ်များ သိရှိရန်အလို့ ငှာ ကျွန်ုပ်၏ လေ့လာတွေ့ရှိချက်များကို စာပေဖြင့် ရေးသား တင်ပြရန်စိတ်ကူးမှာ မဆွကတည်းကပင် ရှိခဲ့လေ၏။ သို့ရာတွင် ကျွန်ုပ်မှာ မအားလပ်ခြင်း၊ မြန်မာစာရေးသားရာတွင် ကျွမ်းကျင် မှု မရှိခြင်း (ကြွားဝါခြင်းမဟုတ်၊ ကျွန်ုပ်သည် အင်္ဂလိပ်ဘာသာ ဖြင့် ရေးသားခြင်းကိုသာ ကျွမ်းကျင်ပါသည်)တို့ကြောင့် ကျွန်ုပ်၏ ဆန္ဒများ နှောင့်နှေးခဲ့ရပေ၏။
ယခု ကျွန်ုပ်ခင်မင်သော လူငယ်က ဆောင်းလုလင် ဆို သော ကလောင်အမည်ဖြင့် ကျွန်ုပ်၏ အတွေ့အကြုံများကို ရသ ပါသော ဝတ္ထုသဖွယ် စိကုံးရေးသားပေးသည့်အခါ ကျွန်ုပ်၏ အာသာဆန္ဒကို ဖြည့်စွမ်းပေးရာ ရောက်သဖြင့် ကျွန်ုပ်မှာ များစွာ ကျေးဇူးတင်ရပေ၏။
ဆောင်းလုလင်က အချို့ ဖြစ်ရပ်များကို နေရာ၊ ဒေသ၊ ကာယကံရှင်တို့၏ အမည်နာမများပြောင်း၍ ရေးသားထားပေရာ ဤသည်မှာလည်း ဖြစ်သင့်သော အချက်တစ်ရပ်ပင် ဖြစ်ပေ၏။ အချို့ဝတ္ထု၌ကား ဖတ်ရှု၍ ပိုအဆင်ပြေစေရန် စိတ်ကူးယဉ်ဇာတ်
ကောင်များ ဖြည့်စွက်ထားသည်ကို တွေ့ရပေသည်။ ဤသည်မှာ လည်း ရသဝတ္ထုအဖြစ် တင်ပြသည်မို့ ဖတ်ရှုသူများအဖို့ အရသာ ပို၍ ပြည့်ဝစေမည်ဟု ယူဆပါသည်။
" ကျွန်ုပ်ကိုယ်တိုင်သာ ဤဖြစ်ရပ်များကို စာဖြင့်ရေးသား
တင်ပြရလျှင် အချက်အလက်များပါသော ဆောင်းပါးရှည်ကြီး သဖွယ်သာ ဖြစ်နေမည်ဖြစ်ပြီး၊ ငြီးငွေ့ဖွယ်ကောင်းမည် အမှန်ဖြစ်
ကြောင်း ဝန်ခံရပေမည်။ ဆောင်းလုလင်က စာဖတ်ပရိသတ်များ ကို ကျွန်ုပ်တင်ပြလိုသော အကြောင်းအရာများအား ကျွန်ုပ်ကိုယ် စား ရသဝတ္ထုအနေနှင့် တင်ပြပေးသည့်အတွက် ကျေးဇူးတင်ရပါ သည်။
သို့ပါ၍ ဆောင်းလုလင်ဆိုသော သူငယ် နောက်တစ် ခေါက်ရောက်လာ၍ ကျွန်ုပ်၏သဘောထားကို မေးမြန်းသည့်အခါ ၌ ကျွန်ုပ်က ၄င်း၏စာပေရေးသားခြင်း အတတ်ပညာကို ချီးကျူး ကာ ဝတ္ထုများအဖြစ် ပုံနှိပ်ထုတ်ဝေလိုပါက ထုတ်ဝေနိုင်ပါကြောင်း ကျေနပ်စွာဖြင့် ခွင့်ပြုချက် ပေးလိုက်ရပါသတည်း။
မသူတေသိ M.B.B.S (Rgn)
M.Med. Se M.P.I ( 1) ဒေါက်တာကိုကို
ကျော်ကြီး ခေါ် ဖိုးကျော်သူ၏ ကိုယ်တိုင်ရေးမှတ်တမ်း
ကျွန်တော်ဟာ ဒီမှတ်တမ်းကို ကျွန်တော်မရှိတော့တဲ့ နောက် လူအများသိအောင် ရေးသားထားခဲ့ပါတယ်။
ကျွန်တော်မရှိတော့တဲ့နောက်ဆိုတာက မကြာခင်မှာ ( ကျွန်တော်ဟာ ကျွန်တော့်ချစ်သူ ဥစ္စာစောင့်မလေး မြနန်းမုံနောက်
ကို လိုက်သွားတော့မှာမို့ပါပဲ။ ကျွန်တော်ဟာ နန်းမုံနောက်ကို အသေထွက်နဲ့ လိုက်ရမလား၊ အရှင်ထွက်နဲ့ လိုက်ရမလားဆိုတာ
တော့ စဉ်းစားနေဆဲပါပဲ။ နန်းမုံနောက်ကို လိုက်ဖို့ရာမှာ နန်းမုံရဲ့ ဆန္ဒကလည်း အဓိကလည်း ကျပါတယ်။ နန်းမုံက သူနဲ့ ကျွန်တော် ပေါင်းရဖို့ကိစ္စကို ဘယ်လိုစီစဉ်မယ်ဆိုတာ ကျွန်တော် မသိနိုင်သေးပါဘူး။
အခု ဒီစာကို ရေးနေတဲ့အချိန်မှာ ကျွန်တော့်မျက်လုံးတွေ ဟာ မှုန်ဝါးဝါးပဲ မြင်ရတော့တယ်။ မကြာခင်မှာ ကျွန်တော့်မျက် လုံးတွေဟာ လုံးဝ ပျောက်ကွယ်သွားပါတော့မယ်။ မျက်လုံးကွယ် မယ်ဆိုတာကို ကျွန်တော် စကတည်းက ကြိုသိနေပါတယ်။
ကို ကျွန်တော်ဟာ ကျွန်တော့်ရဲ့ ဆရာကြီး စကားကို နားမထောင်ခဲ့လို့ မျက်လုံးကွယ်ရတော့မှာပါ။ ကျွန်တော့်ဆရာကြီး က ကျွန်တော့်ကို အကြိမ်ကြိမ် တားမြစ်သတိပေးတဲ့ကြားက ဆရာကြီးစကားကို နားမထောင်မိလို့ ကျွန်တော် ကျိန်စာသင့်ရပါ တော့မယ်။
ဘာပဲဖြစ်ဖြစ် တစ်နည်းတော့လည်း ကျွန်တော်ဟာ ဆရာ ကြီးစကားကို ပစ်ပယ်ဖယ်ရှားခဲ့လို့ မြနန်းပုံဆိုတဲ့ ဥစ္စာစောင့်မလေး နဲ့ တွေ့ဆုံချစ်ကြိုက်ခွင့်ရခဲ့တာပါး ပြုန်းပုံနဲ့ ချစ်ခွင့်ကြုံရတာ .. တစ်ခုတည်းနဲ့တင် ဆရာကြီးစကားကို နားမထောင်မိလို့က စာ သင့်ရတဲ့ ဝဋ်ဒုက္ခကို ကျွန်တော် ခံရဲပါပြီ။
မျက်မမြင် ဒုက္ခိတဘဝနဲ့ လူ့လောကမှာ အသက်ဆက်ရှင် နေမယ့်အတူတူ ကျွန်တော့်ချစ်သူရဲ့ သိုက်နန်းကို ကျွန်တော် လို သွားပါတော့မယ်။
ကျွန်တော့် အကြောင်းကို ခုလိုပြောပြနေတော့ ခင်ဗျာ တို့ နားရှုပ်ရင် ရှုပ်နေလိမ့်မယ်။
အစဉ်အတိုင်း တစ်ခုချင်းပြောပြမှ ကျွန်တော့်ဘဝကို သဘောပေါက်မှာပါ။
ထူးဆန်းတဲ့ ဒီအဖြစ်တွေ ဖြစ်ပျက်လာတဲ့ ဇာတ်လမ်း အစက ဒီလိုဗျ။