Skip to product information
1 of 2

Other Websites

ဆလိုင်းကိုဓ - မနော၀ိညာဥ်လိပ်ပြာ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

“ အမှန်ကားထွက်တဲ့အရက်သမားပါးစပ် ”

တစ်နေ့သ၌ မြန်မာပြည်၏ မြေလတ်ပိုင်းမြို့လေးတစ်မြို့၏ .. ဈေးလေးတစ်ခုအတွင်း၌ များစွာသော ဈေးဝယ်သူ၊ ရောင်းချသူများဖြင့် လွန်စွာစည်ကားလျက် ကြက်ပျံမကျဆိုသည့် စကားကဲ့သို့ တိုးမပေါက် အောင် ရှိနေလေ၏။ မြို့လေး၏တည်နေရာမှာ ဧရာဝတီမြစ်ကြီးနှင့် မနီးမဝေးနေရာတွင် ရှိနေသည်ဖြစ်သဖြင့် ကုန်သည်လှေသားများပါ ရောင်းဝယ်ဖောက်ကားရန် လာရောက်ကြသည်ဖြစ်သည့်အပြင် မြို့လေး၏ - အလယ်ဗဟိုမှဖြတ်၍ ဖောက်လုပ်ထားသော အဝေးပြေးလမ်းမကြီး တည်ရှိနေခြင်းကြောင့် ဖြတ်သန်းသွားလာသော ကုန်တင်ကားကြီးများနှင့် ညအိပ်ရပ်နားကြသော ခရီးသွားသည်များပါ ထိုမြို့လေး၏ စည်ကား မှုကို အထောက်အကူပြုနေသည့်အလား ရှိနေလေတော့

ဈေးအတွင်း မိမိတို့ကုန်ပစ္စည်းများအား ဝယ်ယူစေရန် ခေါ်ငင် | ရောင်းချကြသံများ၊ ဝယ်သူတို့၏ဈေးဆစ်သံများနှင့် စီညံစွာထွက်ပေါ် လျက် ရှိကြလေ၏။

ထိုသို့ အသီးသီး အသက်သက်ဝင်လှုပ်ရှားနေကြခိုက် ဈေး | အရှေ့တောင်ဖက်ထောင့်အရပ်ရှိ ထမင်းဆိုင်လေးတစ်ဆိုင်သည်လည်း နံနက်အစားအက်တစ်ခုဖြစ်သော ပဲပြုတ် ထမင်းကြော် ဝက်သား၊ ကြက်သား၊ ဘဲဥ၊ ငါးကြော်နှပ် အစရှိသည့် ဟင်းလျာများဖြင့် ဖွယ်ဖွယ် ရာရာရောင်းချနေသည်ဖြစ်လေရာ စားသောက်သူများ ပြည့်နှက်စွာ အားပါးတရ ဝင်ရောက်စားသောက်နေကြသည်ကို တွေ့ရ၏။ ထမင်းဆိုင် လေး၏အမည်မှာ အဖြူခံအောက်ခံပေါ်၌ အနီရောင်စာလုံးကြီးဖြင့် “လှဆန်းယဉ်' ထမင်းဆိုင်ဟူ၍ ရေးဆွဲထားလေတော့ရာ အဝေးမှပင် ထင်ရှားစွာမြင်နိုင်ကြပြီး လက်ရာကောင်းမွန်ခြင်း၊ ဆက်ဆံရေးချိုသာ ဖော်ရွှေခြင်း အစရှိသည်တို့နှင့် ပြည့်စုံသဖြင့် လှဆန်းယဉ်ဆိုင်လေးမှာ ထိုမြို့ လေး၌ ရောင်းအကောင်းဆုံး ဆိုင်လေးတစ်ဆိုင် ဖြစ်လေတော့၏။ | ဆိုင်လေး၏ပိုင်ရှင် လှဆန်းယဉ်မှာလည်း အသားအရည်ဖြူဝင်း၍ ဇင်ရော်တောင်မျက်ခုံး သမင်မ၏မျက်ဝန်းကဲ့သို့ ဝိုင်းစက်ရွှန်းလဲ့သော ချက်ဝန်းအစုံ သေးသွယ်ဖြောင့်စင်းသော နှာတံပေါ်ပေါ်လေးနှင့်အတူ လေးကိုင်းသဏ္ဌာန် နှုတ်ခမ်းပါးလေးကို ပိုင်ဆိုင်ထားသည့်အပြင် သေးကျဉ်သောခါး၊ ဖွင့်ကားသောတင်အစုံတို့ကိုပါ ပေါင်းစပ်ထားပြီး (၂၀)ဟူသော အသက်အရွယ်ကြောင့် မြို့ခံကာလသားများပါမက ထိုမြို့

 

လေးသို့ ရောက်ရှိလာကြကုန်သော ကုန်သည်ပွဲစား ဧည့်သည်များပါ လှဆန်းယဉ်၏မေတ္တာကို ဆင်မြန်းနိုင်ခွင့်ဆုလာဘ်အား အလုအယက် လိုလားမှုကြီးမားစွာ ရှိကြကုန်လေ၏။

လှဆန်းယဉ်၏ဆိုင်မှာ စားသူမပြတ်စည်ကားပြီး လက်မလည် အောင် ရောင်းချနေရသော်လည်း ဘေးကပ်လျက် “မပျံ့ပျံ့ ထမင်းဆိုင် မှာကား စားသောက်သူပါးရှားကာ ကျိုးတိုးကျဲတဲ ခြောက်ကပ်စွာရှိနေ လေသည်ဖြစ်ရာ ပံ့ဆိုသူမိန်းကလေးနှင့် အဒေါ်ဖြစ်သူ မပူဆိုသော အမျိုးသမီးကြီးတို့မှာ လောက၏ထုံးစံအတိုင်း ချမ်းသာမြင်ပျင်း၊ ဆင်းရဲ အားရ ကြွယ်ဝမနာလို စကားကဲ့သို့ လှဆန်းယဉ်၏ဆိုင် စည်ကားစွာ ရောင်းအားသွက်နေမှုအပေါ်ကြည့်ကာ ဒေါ်ပုက မဲ့ရွဲ့ရင်း , , ,

“ ဒီကောင်မ ရောင်းရမှာပေါ့ ပံ့ပံ့ရဲ့ ... ကြည့်ပါလား သူဆိုင်ထဲကိုဝင်တာနဲ့ မျက်ခုံးရောမျက်လုံးပါ ကြာပစ်ပြီး တစ်ခါတည်း မြူဆွယ်လိုက်တာ...ဒါကြောင့် တူမထက် ဒီကောင်မောင်းထက်နေ တာပေါ့” . . . . . ။

ဟု ပစ်ပစ်နှစ်နှစ် ပြောဆိုလိုက်လေ၏။ ပံ့ပံ့လည်း ဒေါ်ပူ၏ စကားကို နှစ်သက်သဘောကျသွားသည်ဖြစ်ရာ...

“ ဟုတ်ပ ဒေါ်လေးရယ် ., ပံ့ပံ့ကတော့ မရောင်းရလည်း နေပါစေ . . .ဒင်းလိုတော့ လာသမျှယောက်ျားတကာကို ကြပစ်မဖမ်းနိုင် ပါဘူး . .ထမင်းမရောင်းပဲ လူရောင်းဖို့ပိုကောင်းတယ် " )

ဟူ၍ပြန်လည်ပြောဆိုပြန်တော့ရာ ၄င်းတို့၏ဆိုင်ချောင်း

ထောင့်၌ တစ်ဦးတည်းသာ စားသောက်နေသော စံရွှေဆိုသူ အရက် . သမားက ပံ့ပံ့တို့တူဝရီးစကားကို ရှုံ့မဲ့ပြီး ... ။

“ကြာကြောင့်မဟုတ်ဘူးဟ...သဒ္ဓါကြောင့် သဒ္ဓါကြောင်း - လာစားတဲ့လူတွေကို စေတနာထားပြီး ကြည်လင်တဲ့အပြုံးနဲ့ မိသားစု

တစ်ယောက်ကို ကြိုးဆိုသလို ကြိုတဲ့စိတ်ရင်းကြောင့် ခုလိုအကျိုးပေး - နေတာ...နင်တို့လိုမျက်နှာက ရွှေရောင်သလိုမျက်နှာထား ပါးစပ်က

ငါးရောင်းသလို ငါးစိမ်းသည်လေသံ ထွက်နေသရွေ့ကတော့ မကြာခင် | ဆိုင်တောင်ပိတ်ပစ်ရလိမ့်မယ် ”

. ဟု စံရွှေက ပြောဆိုလိုက်လေ၏။ စံရွှေ၏ပြောဆိုမှုကြောင့် ဒေါ်ပူနှင့်တူမဖြစ်သူ ပံ့ပံ့တို့မှာ အနာပေါ်သံတုတ်ကျသွားသည့်အလား မခံမရပ်နိုင်အောင် ဖြစ်သွားလေတော့၏။ ဒေါ်ပူက.. . . . “ ဟဲ. ကဇော်သမား မူးမူးရူးရူးနဲ့ ဘာတောပြောတောင်ပြော “ပြောနေတာလဲ...မျိုစရာရှိတာကို အေးအေးဆေးဆေးမျိုးစမ်း... ပါးစပ်စည်းကမ်းမရှိရင် နောင်ငါတို့ဆိုင်မလာနဲ့ " ' . . .ဟု ဒေါ်ပူကာ စံရွှေအား ဒေါသတကြီးဖြင့် ပြောဆိုလိုက်လေရာ | စံရွှေမှာ စားနေလက်စထမင်းပန်းကန်အား ရပ်လိုက်ပြီး လက်ဆေးဇလုံ

ထဲသို့ လက်နှိုက်ဆေးရင်း... .. “ မလာချင်တာတော့ကြာပြီ...အမျိုးတော်တဲ့ နင်တို့ဆိုင်မှာပဲ

အားပေးရမယ်လို့ ပြောထားလို့ ..ကြီးသိန်းအောင် ကြိမ်လုံးကြောက်ပြီး ဒီမှာလာစားခဲ့ရတာ ခုတော့ နင်တို့စကားအတိုင်း ငါလည်း ဝိနည်း

လွတ်သွားပြီ... ဆိုင်နာမည်က ပံ့ပံ့တဲ့ ဗမာစကားမှာ ဈေးရောင်း ကုန်ရောင်းလုပ်ရင် မရောင်းရပဲ ပစ္စည်းထိုင်းနေပြီဆိုတာနဲ့ ဒီပစ္စည်းတွေ ကလည်း မထွက်နိုင်တော့ဘူး တပံ့နဲ့ဖြစ်နေပြီလို့ ပြောကြတယ်. •• ဆိုင်နာမည်ကိုက မရောင်းရသေးခင် နာမည်ဖတ်ကြည့်တာနဲ့ လာဘ် လာဘမရှိတော့ဘူး...ပြီးတော့ ဆိုင်တာနဲ့ ဟင်းထည့်ထမင်းထည့် ပေးတဲ့သူက ဒေါ်တဲ့ နာမည်နဲ့ ပညတ်သွားရာ ဓာတ်သက်ပါတယ်။

ဘာနဲ့စားမှာလဲ...ဝက်သားပဲ အဆီတုံးပါမှာပေါ့၊ အသားချည်းပဲစားချင် " ကိုယ့်အသားကိုယ်လှီးစားလို့ အမြဲပူပူလောင်လောင် ဆက်ဆံတယ်..) .ကျက်သရေမရှိဘူး. . .ဆိုင်ရောင်းကြောင်းအောင် ငါတို့ဘယ်လိုပြုပြင် ကြင် ဟန်ကျမလဲလို့ မစဉ်းစားကြဘူး... သူများကို ချိုးဖဲအတင်းထုတ် ကြဖို့ပဲ လုပ်နေကြတယ်...ကြာရင် လုံ့ကနေ ပြုတ်ပြုတ်ဖြစ်မှာပဲ "

ဟူ၍ စံရွှေကပြောဆိုကာ ဆိုင်အပြင်သို့ ထွက်ခွာသွားလေတော့ ၏။ ပံ့ဖွံ့နှင့်ဒေါ်မူမှာ စံရွှေ၏ပြောဆိုသွားခြင်းကြောင့် ယမ်းပုံမီးကျ ဖြစ်သွားကြပြီး ဒေါ်ပုက...

- “ အရည်သောက်ပြီး ပါးစပ်ပုပ်ကြီးနဲ့ ခွေးပါးစပ်က နတ်စကား - ထွက်တဲ့ကောင်... မြွေပွေးမြွေဟောက် ကိုက်ပါစေတော်"

- ဟု ကျိန်ဆဲရင်း မျက်စိပျက်မျက်နှာပျက်ဖြင့် ပြောဆိုကျန်ရစ် ကြလေ၏။

“ မိန်ဗေဒါနှင့်စကားပြန်အိုကြီးတို့ရောက်လာခြင်း "

BURMES:

CLASS

အချိန်ကာလကား (၁၉၄၃)ခုနှစ် ဖက်ဆစ်ဂျပန်များ ကြီးစိုး | အုပ်ချုပ်နေစဉ်ကာလဖြစ်လေရာ မြို့လေးတစ်မြို့လုံး ဂျပန်တို့၏ အမ်ပီ

ဟုခေါ်သော ကင်ပေတိုင်တို့၏ နှိပ်စက်ညှင်းပန်းကာ ဖိနှိပ်ရက်စက်ခြင်း ဒဏ်ကို အလူးအလဲခံစားနေရသောအချိန်လည်း ဖြစ်လေ၏။

ထိုကာလ၌ မြို့လေးနှင့်အနီးပတ်ဝန်းကျင် ရွာငယ်ရွာသိမ်များ

ဆောင်ကျဉ်းပန်းတော်ဆက်၏။ မိန်းမပျိုလေးများ၏ ဘမောင်ဘွားများက မကျေမနပ်ဖြစ်ကြပါက တော်လှန်ရေးလုပ်မည့် မျိုးချစ်များဟု တံဆိပ် တပ်ကာ ကင်ပေတိုင်အကူအညီဖြင့် အစတုံးစေခဲ့၏။ ဘိုကြီး ကင်ပေတိုင် စကားပြန်ဖြစ်ခြင်းအတွက် ဖွတ်မိချောင်းဖြစ် မြစ်မင်းမချမ်းသာ ဆိုစကား ကဲ့သို့ တစ်မြို့လုံး နာကျင်စွာခံစားကြရလေ၏။ ဂျပန်မာစတာကြီးများ၏ မျက်စေ့ကျသမျှ အချောအလှလေးများအား အလွတ်မပေး မျက်နှာ ရအောင် ကြိုးစားကြံစည်ပေးခဲ့သော်လည်း ဘိုကြီးအတွက် မာစတာ ကြီးများရင်ခွင်သို့ အရောက်မဆက်သနိုင်သော ပန်းလေးတစ်ပွင့်တော့ ရှိခဲ့လေ၏။ ထိုပန်းပွင့်လှလှလေးကား လှဆန်းယဉ်ဆိုသော အမည်ရှင် ကလေးပင်ဖြစ်၏။ လှဆန်းယဉ်အား တပ်မက်စွာ အရှင်သခင်များကိုပင် တစ်ကွက်ချိန်ရင်း လှဆန်းယ့်နှင့် ပတ်သက်လိုသော ပူရိသနှစ်ဦးအား အင်္ဂလိပ်သူလျှိုစာတမ်းဆွဲကာ မပြန်လမ်းသို့ ပို့ဆောင်ပေးခဲ့ပြီဖြစ်၏။

ယခုလည်း ဘိုကြီးစိန်ဗေဒါဟု ဗမာများနာမည် ကင်ပွန်းတပ် ပေးထားသော ဂျပန်စစ်ဗိုလ်နှာမူတာနှင့်အတူ လှဆန်းယဉ်၏ဆိုင်လေး သို့ ထမင်းလာစား၏။ ထို့နောက် လှဆန်းယဉ်အား ပြုမြဲထုံးစံအတိုင်း ပိုင်စိုးပိုင်နက် ထိကပါးရိကပါးလုပ်လေ၏။ အနီးသို့ရောက်ရှိလာသော လှဆန်းယဉ်၏မျက်နှာလေးနှင့် တစ်ကိုယ်လုံးအား မီးတောက်မည့်အလား ကြည့်။ ပြီးမှ ...

' “ လူကျတာလည်း ကျတာပေါ့ ယဉ်လေးရယ်...ဘိုးကြီးနဲ့ ဟောဒီကမာစတာကြီးက ဒီတစ်မြို့လုံးမှာ အရေးအပါဆုံး တ်ဘူးလား

ဒီတော့ ကိုဘိုကြီးတို့ကို အရင်ဦးစားပေးမှပေါ့ကွယ် ”

ဟူ၍ ပြုံးစေ့စေ့မျက်နှာဖြင့် မထိတထိပြောဆိုလေသဖြင့် ၂ - လှဆန်းယဉ်မှာ ခေါင်းလေးငုံ့ကာ မျက်လွှာချထားပြီး ကျိုးနွံဟန်ပြု၍

“ ဟုတ်ကဲ့ရှင့် ..လူကအရမ်းကျဲနေလေတော့ ကိုဘိုကြီး တို့ကို ဂရုမပြုလိုက်မိတာ ခွင့်လွှတ်ပါ...ဘာဟင်းနဲ့များ သုံးဆောင်

ချင်ပါသလဲရှင့် ” . . . . . ။ - - - ဟု လှဆန်းယ့်က ချစ်ဖွယ်အပြုံးလေးဖြင့် ချိုသာစွာ မေးမြန်း | လိုက်လေ၏။ ဘိုကြီးမှာ လှဆန်းယဉ်၏ ကြည့်မဝနိုင်သောမျက်နှာလေး

ကို အာသာငမ်းငမ်းဖြင့် မျက်တောင်မခတ်တမ်းကြည့်ကာ... - “ မာစတာကြီးအတွက်ကတော့ အပေါင်းနဲ့ ပုဇွန်ထုပ်ကြော် ပြီးတော့ ဗြုပ်သီးမပါတဲ့ ဟင်းချိုတစ်ခွက်စီစဉ်ပေး... ဘိုကြီးအတွက် - ကတော့ လှဆန်းယဉ်သိတယ်မဟုတ်လား...အသဲအမြစ်ပဲစားချင်တာ

ဟဲ ဟဲ ဟဲ " - - - - - - - - - '' ဟူ၍ ရိသဲ့သဲ့လုပ်ကာ ရသရွေ့ အသားယူပြောဆိုလေ၏။ | လှဆန်းယဉ်မှာကား မလွန်ဆန်ရဲရှာပဲ ပညာရှိပီသစွာဖြင့် ဘိုကြီးအား

“ အို...စိတ်မရှိပါနဲ့ရှင်...အသည်းအမြစ်ဟင်းက ဒီနေ့ - မချက်ဖြစ်ပါဘူး ... တစ်ခြားဘာဟင်းနဲ့များ သုံးဆောင်ချင် ..."

“ ဟာ .. အဲဒါမှဂွကျတာပဲ ကိုဘိုကြီးက ယဉ်လေးရဲ့ အသည်းအမြစ်ဟင်းလေးနဲ့မှ ထမင်းမြိန်မှာမို့ ခါတိုင်းထက်စောပြီးတော့ တောင် ထွက်လာတာ.. ကောင်းပြီလေ သူမျာဦးသွားလို့ ကုန်သွားတာ

မဟုတ်တာ တော်သေးတာပေါ့...ကိုင်း ကိုဘိုကြီးအတွက် ယ့်လေးပဲ ကြိုက်တဲ့ဟင်းသောထည့်ပေး. . .ယဉ်လေးထည့်ပေးတဲ့ဟင်းနဲ့ပဲ ကိုဘိုကြီး စားမယ် " . . . . . . ။

“ ကျွန် ...ကျွန်မ ဘယ်ဟင်းကိုစီစဉ်ပေးရမလဲရှင် "

`ဟု လှဆန်းယ့်က စိတ်ရှုပ်ကာ ထစ်ထစ်ငေါ့ငေါ့လေးဖြစ်ရင်း ပြန်လည်မေးမြန်းမိလေ၏။

“ ယဉ်လေးရယ်...ခက်ပါကာကွယ် စော်လေး ကိုဘိုကြီး ကို စားစေချင်တဲ့ဟင်းပဲ ထည့်ပေးပါလို့ဆို • .ယဉ်လေးထည့်ပေးတာ ငပိရည်ပဲဖြစ်ပါစေ ကိုဘိုကြီးစားမယ် ရှင်းပြီလား ” . .

' ဟူ၍ ကိုဘိုကြီးက ကျောပိန်တွယ်တွယ်ကာ ပြောဆိုလေတော့ သဖြင့် လှဆန်းယဉ်မှာ စိတ်ပျက်လက်ပျက်ဖြင့် လှည့်ထွက်ခဲ့လေ၏။ လှဆန်းယဉ်၏ ကြောင်းလွန်းသော နောက်ကျောဖက် ကိုယ်လုံးလေး အား စားမတတ်ဝါးမတတ်ဖြင့် လိုက်လံကြည့်ရင်း နာတာက ...

“ ဘိရုမာ မိန်းကလေးနော် သိပ်သိပ်ကောင်းတယ်ရှိတယ် ဘိုကြီးနော် မာစတာ့ကို လာတွေ့ပါလို့ပြောပါ" | ဟု ပြောဆိုလိုက်လေရာ ဘိုကြီးမှာ မျက်ဖြူဆန်ပြာဖြစ်သွား ပြီး နာတာအား မျက်နှာချိုသွေးကာ ဂျပန်ရိုးရာအစဉ်လာအတိုင်း ခေါင်းငုံ့အရိုအသေပြုလိုက်ရင်း...။

“ ဟိုက် ,..မာစတာ ဒီမိန်းကလေးဟာ ကျွန်တော်နဲ့ မကြာခင်မှာ လက်ထပ်ဖို့အတွက် စီစဉ်ထားသူပါ အဲဒီအတွက် မာစတာ

ခွင့်လွှတ်စေချင်ပါတယ် "

ဟူ၍ ပြောဆိုလေ၏။ နာမူတာမှာလည်းဘိုကြီး၏ မကြုံ ' ငြင်းဆန်တောင်းပန်မှုကြောင့် စိတ်လျော့လိုက်ပြီး ... ။

““ ယောရောရှိ ...ယော့စ်ကောင်းဒယ်ကား”

ဟု ပြောဆိုလိုက်လေတော့၏။ ထိုအဖြစ်ကို ငွေသိမ်းစားပွဲ လေးနောက်မှ ကြည့်နေသော လှဆန်းယဉ်၏ဖခင်ကြီး ဦးကောင်း မြင်တွေ့သည်ဖြစ်ရာ... - သူ၏သမီးပျိုလေးအတွက် လွန်စွာရတက်မအေးနိုင်ရှာဘဲ ဦးခေါင်းကို မသိမသာ ဖြည်းညှင်းစွာခါယမ်းလိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်မိလေ၏၊ ပန်းကန်ဆေးကြောပေးနေသော ဆိုင်းအကူ ဒေါ်ဆွဲက - လှဆန်းယဉ်အား... - . . ။

“ အင်း... တူမတော့ ဒီတဏှာကောင်တွေရဲ့ လက်ကို မသက်ဆင်းမိစေဘို့ ရှေ့လျှောက်သတိထားရလိမ့်မယ်...ဒင်းတို့လို သူယုတ်မာတွေနဲ့ ငါ့တူမလေးလို သူတော်ကောင်းမလေးနဲ့ ဘယ်လို မအပ်စပ်ဖူး . . .ခွေးက လမင်းဟောင်နေသလိုတော့ ဖြစ်နေပါပြီ"

` ဟူ၍ ညည်းတွားပြောဆိုလိုက်လေတော့၏။

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)