Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

ဆရာဦးလှထွန်း(နာဂသိန်မြန်မာစာ) - သတ္တမတန်းလက်တွေ့လေ့ကျင့်စာစီစာကုံးများ

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

ရိုးရာပွဲတော် တို့နွှဲပျော်

မောင်ဇော်ဝဏ္ဏမောင်မောင်

ကျွန်ုပ်တို့မြန်မာနိုင်ငံတွင် လပေါင်းဆယ့်နှစ်လရှိသည်။ ရှေးမြန်မာမင်း လက်ထက်ကပင် ပွဲတော်များ လစဉ်လတိုင်း ကျင်းပခဲ့ကြသည်။ မိမိတို့၏ ဓလေ့ ရိုးရာပွဲတော်များကို မပျောက်ပျက်အောင် ထိန်းသိမ်းခဲ့ကြသည်။ မြန်မာ့ရိုးရာ ပွဲတော်တို့တွင် ရိုးရာယဉ်ကျေးမှုပွဲတော်များ၊ ဘာသာရေးနှင့်ဆိုင်သော ပွဲတော်များ၊ စစ်ရေးနှင့်ဆိုင်သောပွဲတော်များ စသည့်ဖြင့် ပါဝင်သည်။ ရိုးရာ ယဉ်ကျေးပွဲတော်များ အနက် ကျွန်ုပ်အနှစ်သက်ဆုံး ရိုးရာယဉ်ကျေးမှု ပွဲတော်မှာ သင်္ကြန်ပွဲတော်ဖြစ်သည်။

သင်္ကြန်ပွဲတော်သည် ဆယ့်နှစ်ရာသီပွဲတော်များအနက် တန်ခူးလ၏ ပွဲတော်ဖြစ်သည်။ “သင်္ကြန်” ဟူသော စကားသည် သင်္ကန္တဟူသော ပါဠိစကားမှ ကူးပြောင်းလာခြင်းဟု အဓိပ္ပာယ်ရသည်။ နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်ကိုကြိုဆို သောအားဖြင့် ကျင်းပသောပွဲတော် ဖြစ်သည်။

သင်္ကြန်ပွဲတော်ဟု ခေါ်ဆိုရခြင်းမှာ ရေပက်ကစားခြင်း တစ်မျိုးတည်းသာ မဟုတ်ပေ။ ဘေးမဲ့လွှတ်ပွဲများ၊ စတုဒီသာကျွေးပွဲ များ စသည် ဖြင့် ကုသိုလ်ရေးပွဲတော် များကိုလည်း ကျင်းပလေ့ရှိသည်။ သင်္ကြန်ပွဲတော်များကို အကြိုနေ့၊ အကျနေ့၊ အကြတ်နေ့ ၊ အတက်နေ့ ၊ နှစ်ဆန်းတစ်ရက်နေ့ဟူ၍ ငါးရက်ကျင်းပပေးသည်။ အချို့သောနေ့များတွင် အကြတ်နေ့ကို နှစ်ရက်ထား၍ ခြောက်ရက်ကျင်းပပေးသည်။ သို့ဖြစ်ရာ သင်္ကြန်ပွဲတော်သည် ရိုးရာပွဲတော်များ အနက် အကြာဆုံးကျင်းပပေးသော ပွဲတော်ကြီးဖြစ်သည်။

သင်္ကြန်ပွဲတော်ကို လူတိုင်းက တောင့်တကြသည်။ သင်္ကြန်ပွဲတော် ကျင်းပမည့်ရက်ကို စောင့်မျှော်ကြသည်။ ထိုသို့ တောင့်တခြင်းမှာ ရည်ရွယ်ချက်အမျိုးမျိုး ရှိသည်။ အချို့က သင်္ကြန်ရေသဘင်ပွဲတော်ကို ဆင်နွှဲလို၍ တောင့်တခြင်းဖြစ်သည်။ အချို့က ပျော်ပွဲရွှင်ပွဲများတွင် ပါဝင်လို၍ တောင့်တကြခြင်းဖြစ်သည်။ အချို့က ကုသိုလ်ရေးများပြုလုပ်ရန် စောင့်မျှော်ကြခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူတို့၏ တောင့်တမှုများ၏ တစ်ခုတည်းသော ဦးတည်ချက်မှာ နှစ်သစ်ကို ကြိုဆို ခြင်း ဖြစ်သည်။

ပွဲတော်ကျင်းပချိန်ဖြစ်သော တန်ခူးလ မိဿရာသီသည် နွေရာသီတွင် ပါဝင်သည်။ ထို့ကြောင့် လူသားအပေါင်းတို့သည် ပူပြင်းမှုဒဏ်ကို ပြင်းထန်စွာ ခံစားကြရသည်။ ထို့ကြောင့် လူသားအပေါင်းတို့ မျှော်လင့်စောင့်စားနေကြသော သင်္ကြန်ပွဲတော်သည် ရာသီဥတုနှင့် သင့်တင့်လျောက်ပတ်လှသည်။ "

ရေသဘင်ပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ အမျိုးမျိုးရှိသည်။ ရေသည် အေးမြကြည်လင်သည်။ ထို့အတူ ရေဖြင့်ပက်ဖျန်းခံရသူတို့၏ စိတ်နှလုံး သည်လည်း အေးမြကြည်လင်စေရန် ရည်ရွယ်သည်။ ရေသည် အပူမီးကို ငြိမ်း စေနိုင်သည်။ ရေကစားသူတို့၏ ရင်ထဲရှိသောလောဘမီး၊ သောကမီး စသည့် ဒုက္ခများ ငြိမ်းအေးစေရန် ရည်ရွယ်သည်။ ရေသည် အညစ်အကြေးကို သန့်စင်စေ သည်။ ရေသဘင်ပွဲ ဆင်နွှဲသူတို့သည် နှစ်ဟောင်းက ပြုခဲ့သော မကောင်းမှုအညစ် အကြေးများကို ရေဖြင့်သန့်စင်ပြီး နှစ်သစ်ကို ဖြူစင်စွာနှင့် ကြိုဆိုရန် ရည်ရွယ်သည်။ ထိုသို့ မွန်မြတ်သော ရည်ရွယ်ချက်များ ထားရှိခြင်းကြောင့် သင်္ကြန်ပွဲတော်ကို နှစ်သက်ပါသည်။

သင်္ကြန်အကြိုနေ့တွင် မဏ္ဍပ်များကို စတင်ဖွင့်လှစ်၍ ရေသဘင်ပွဲကို ဆင်နွှဲ ကြသည်။ သင်္ကြန်မကျမီကတည်းက ဝယ်ယူထားသော ပြွတ်တံ၊ ရေခွက်တို့ဖြင့် လမ်းသွားလမ်းလာများကို ပက်ဖျန်းရသည်မှာ ပျော်စရာကောင်းလှသည်။ မိမိပက် လိုက်သော ရေးအေးအေးကြောင့် ရေပက်ခံရသူ၏ အပူမီးများ ငြိမ်းအေးသွားသည် ကိုတွေ့ရင်း ကြည်နူးပီတိဖြစ်ရသည်။ သို့ဖြစ်၍ ပျော်စရာကောင်းလှသော သင်္ကြန်ရေ သဘင်ပွဲတော်ကို ကျွန်တော်မနှစ်သက်ဘဲ မနေနိုင်ပါ။

သင်္ကြန်ပွဲတော်တွင် ရေကစားခြင်းကိုသာမက အလှူဒါနပြုပွဲများကိုလည်း တစ်နိုင်ငံလုံးတွင် အနှံ့အပြားကျင်းပကြသည်။ ကျွန်ုပ်တို့မြန်မာလူမျိုးများသည် အလှူဒါနပြုရာ၌ အလွန်ရက်ရောသော လူမျိုးဖြစ်သည်။ သင်္ကြန်ရက်များအတွင်း ကြာဆံဟင်းခါး၊ ရွှေရင်အေး စသည်တို့ဖြင့် စတုဒီသာ ကျွေးပွဲများကို ပြုလုပ်ကြ သည်။ မည်သူမဆို လာရောက်စားသောက်နိုင်သော စတုဒီသာမဏ္ဍပ်များသည်မြန်မာလူမျိုး၏ စေတနာသဒ္ဓါတရား ထက်သန်မှုကို ဖော်ပြနေသည်။

ပျော်ပျော်နေတတ်သော မြန်မာတို့၏ အကျင့်အတိုင်း စတုဒီသာကျွေးမွေး သော မုန့်လုံးရေပေါ်များတွင် ငရုပ်သီးစိမ်းထည့်၍လည်းကောင်း၊ မည်သည်မျှ မထည့်ဘဲ မုန့်လုံးအတိုင်းလည်းကောင်း၊ စတုဒီသာ လာရောက်စားသောက်သူများ ကို ကျီစယ်ကြသည်။ ငရုတ်သီးစိမ်းမိသူတို့သည် အပြုံးမပျက်ဘဲ သတိထား၍ ဆက်လက်စားသည်။ ဤသို့ဖြင့် သင်္ကြန်ပွဲတော်သည် ဒါနကုသိုလ်ပြုသည့်ပွဲတော် လည်း ဖြစ်သည်။ သင်္ကြန်တွင် ရွှေဝါရောင်ပိတောက်ပန်းများပွင့်သည်။

ထို့ပြင် ဘုရားကျောင်းကန်များ၌ ဥပုသ်ဆောက်တည်ခြင်း၊ တရားအား ထုတ်ခြင်းများပြုကာ နှစ်သစ်ကို သီလဖြင့် ကြိုဆိုသူများလည်း ရှိသည်။ ဤသို့ဖြင့် ဘုရား၊ ဘုန်းကြီးကျောင်းတို့တွင် သူတော်စင်များသည် တံမြက်လှည်းခြင်း၊ ဘုရား ရေသပ္ပာယ်ခြင်း စသည့်ကုသိုလ်ကောင်းမှုများ ပြုကြသည်။

သင်္ကြန်ပွဲတော်၏ နှစ်သက်ကြည်နူးဖွယ်ရာ အချက်တစ်ချက်ကား သက်ကြီးရွယ်အိုပွဲပင်ဖြစ်သည်။ လူငယ်လူရွယ်ကလေးများသည် သင်္ကြန်ပွဲတော် ရက်များအတွင်း သက်ကြီးရွယ်အိုများအား လက်သည်းညှပ်ပေးခြင်း၊ ခေါင်းလျှော် ရေချိုးပေးခြင်းတို့ဖြင့် ကုသိုလ်ယူသည်။ ထို့ပြင် သက်ကြီးရွယ်အိုတို့အား လူငယ် များက ရိုသေစွာကန်တော့သော မြင်ကွင်းမှာ မြန်မာ့ယဉ်ကျေးမှုကို ထင်ဟပ်စေ သည်။ သို့ဖြစ်၍ ခါသင်္ကြန်ပွဲတော်သည် ဒါနတဝေဝေ၊ ရေတွေက တရွှဲရွှဲနှင့်ပျော်စရာလည်းကောင်း ကုသိုလ်ကောင်းမှုများလည်း ပြုနိုင်သော ပွဲတော်ဖြစ်သဖြင့် သင်္ကြန်ပွဲတော်သည် လူသားတိုင်းက တောင့်တသောပွဲဖြစ်သည်။

ထို့ပြင် မြန်မာလူမျိုးတို့သည် လူသားအချင်းချင်း အပေါ်တွင်သာ ကူညီ သော လူမျိုးမဟုတ်၊ တိရစ္ဆာန်များအပေါ်တွင်လည်း သနားကြင်နာတတ်သော လူမျိုး ဖြစ်သည်ကို သင်္ကြန်ပွဲတော်တွင် သိရှိနိုင်သည်။ နှစ်ဆန်းတစ်ရက်နေ့တွင် သားငါးတိရစ္ဆာန်တို့ ဘေးမဲ့လွှတ်သည်မှာ သင်္ကြန်ပွဲတော်၏ အလှတစ်ပါး ဖြစ် သည်။

သို့ဖြစ်ရာ သင်္ကြန်ပွဲတော်သည် မြန်မာ့ရိုးရာပွဲတော်များအနက် ပျော်လည်း ပျော်၊ ကုသိုလ်လည်းရသည့် ပွဲတော်ဖြစ်သည်။ သင်္ကြန်ပွဲတော်တွင် မြန်မာတို့၏ ချစ်စရာ စိတ်ထားစေတနာနှင့် ဒါနအလှတို့ဖြင့် ပြည့်လျှမ်းနေသဖြင့်လည်း သင်္ကြန် ပွဲတော်သည် ကျွန်တော်အပါအဝင် မြန်မာပြည်သားတိုင်းက လိုလား တောင့်တ

သော ရိုးရာယဉ်ကျေးမှုပွဲတော် တစ်ခုပင်ဖြစ်သည်။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)