Skip to product information
1 of 2

Other Websites

ဆရာဦးမောင်မောင်သန်း - ၂၁ရာစုအင်္ဂ၀ိဇ္ဇာဆောင်းပါးများပေါင်းချုပ်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အသံပြုတတ်သော သက်ရောက်များ ကျွန်ုပ်တို့ သုံးဦးသည်...

အမျိုးပေါင်း သုံးဆယ်နီးပါးခန့် ရှိသော စားဖွယ်ဟင်းလျာများရှေ့ တွင် ခေါက်တုံ့ခေါက်ပြန် ကြည့်နေရင်း စားချင်သော ဟင်းများကို လက် ညှိုးထိုးပြလိုက်ကြ၏။ ထိုဟင်းများမှာ ကျွန်ုပ်တို့ စားနေကျ သက်သတ် လွတ်ဟင်းများသာ ဖြစ်၏။

“ဆရာ ယူဦးလေ၊ ဘာယူဦးမလဲ” “တော်ပြီ အများကြီး ဘာလုပ်မလဲ”

ကျွန်ုပ်သည် ပြောပြောဆိုဆို ထမင်းဝိုင်းပြင်ထားသော စားပွဲတွင် ဝင်ထိုင်လိုက်သောကြောင့် ဆရာထွန်းနှင့် ကိုသစ္စာတို့လည်း ဝင်ထိုင်လိုက် ကြတော့၏။

“ဇီးကုန်းခရီးကို သတိရတယ်နော် ဆရာ” “အမယ်... သူက”

လက်ညှိုးထိုး၍ လှမ်းနောက်လိုက်သော ကျွန်ုပ်၏ စကားကြောင့် ဆရာထွန်းသည် ပါးစပ်ကို လက်နှင့်ကာရင်း တစ်ကိုယ်လုံး လှုပ်ခါသွား

အောင် ရယ်၏။ ကိုသစ္စာသည်လည်း အားရပါးရ ရယ်ရင်း ဆရာထွန်းကို ကြည့်၍...

“အဲဒါကြောင့် ပြောတာပေါ့ ဆရာရဲ့၊ လူပျိုကြီး သိပ်မရိုးတော့ ဘူး။ ထမလုံမှာ ဒီတိုင်း တစ်ယောက်တည်း ပစ်ထားလို့ ဖြစ်မဖြစ် ဆရာ စဉ်းစားပေးဦး”

အားရပါးရ ရယ်ကြမောကြရင်း ထမင်း စ,စားကြတော့၏။

“မဟုတ်ပါဘူး ဆရာရဲ့၊ ကျွန်တော် ဇီးကုန်းကို သတိရတာက အကြောင်းရှိလို့ပါ”

“ဘာများတုံး ဆရာထွန်း” “ဆရာရဲ့ ကံကောင်းခြင်း သော့ချက်များ (၁)၊ (၂)ကို ဖတ်ကြပြီး

စနေသားသမီးတွေ ဆရာ့ကို ဝိုင်းနားပူနားဆာ လုပ်ကြတာလေ”

“ဪ... အင်းပေါ့၊ သူတို့ နေ့နံတွေလည်း တနင်္လာသားသမီး တွေလို ဘယ်နှစ်၊ ဘယ်အခါ ညံ့တယ်၊ ဘာလုပ်သင့်တယ်၊ ဘာညာဆိုပြီး ဝိုင်းပြောကြတာ။ မှတ်မိတယ်။ အဲဒါ ဘာဖြစ်လို့လဲ”

“ဇီးကုန်းခရီးကို သတိရရင်း ဆရာ့ကို သတိပေးတာပါ။ ဆရာက အလုပ်များတော့ သူတို့ကို ပြောခဲ့တာ မေ့နေမှာစိုးလို့”

( ဆရာထွန်း၏ စကားကို နားထောင်ရင်း ဟင်းနုနယ်ကြော်ချက် လေးများကို ယူ၍ ဒီတိုင်း စားနေလိုက်၏။ ပြီးမှ ကျွန်ုပ်တို့အား ထူးထူး ခြားခြား လုပ်ပေးသော ဆလတ်ရွက်သုပ်ကို ယူ၍ ဝါးနေရင်း...”

- “စနေဆိုလို့ အမယ်၊ ကိုသစ္စာ လူပျိုကြီး ညာတာပါတေးနဲ့ လှည့် မေးတာ၊ ကျွန်တော်က အကောင်းမှတ်လို့ သူ့နေ့နံကို သူမေးတာ တွေ့လား”

“ဟုတ်တယ် ဆရာ၊ ဒါကြောင့် မရိုးပါဘူးလို့ ကျွန်တော် ပြောနေ

သားပဲ”

ကျွန်ုပ်တို့နှစ်ဦး နောက်ပြောင်ကျီစယ်ခြင်းကို အားရပါးရ ပြုံးရင်း ထမင်းငုံ့စားနေသော ဆရာထွန်းအား ကရုဏာသက်သွားမိ၏။ သူကိုယ်တိုင် စနေဖြစ်နေ၍ မကြာခင် ရောက်လာတော့မည့် စနေသက်ရောက်အတွက် သူ့ကိုယ်သူ စိတ်ပူနေဟန် ရှိ၏၊

“ “ကဲပါ၊ ဇီးကုန်းကို ခဏထားပါဦး။ လောလောဆယ် ထမလုံကြီး | ကိုပဲ ပြောပါ့မယ်။ ကံကောင်းခြင်း သော့ချက်များ (၁)၊ (၂)တုန်းက ရေးပြ ခဲ့သလိုပဲ စနေသားသမီးတွေမှာလည်း အဲသလို ထိခိုက်တဲ့ နှစ်မျိုးတွေ ရှိတာပေါ့ ဆရာထွန်းရဲ့။

(၁၇၊ ၁၈၊ ၂၀၊ ၂၅၊ ၂၆၊ ၂၈၊ ၃၃၊ ၃၄၊ ၃၆၊ ၄၁၊ ၄၂၊ ၄၄၊ ၄၉၊ ၅၀၊ ၅၂၊ ၅၇၊ ၅၈၊ ၆၀၊ ၆၅၊ ၆၆၊ ၆၈) နှစ်တွေဟာ စနေသားသမီးတွေ ကံခေကြတဲ့ နှစ်တွေပဲ။

ဆန်းကျမ်းပညာရှင်တွေ ဆုံးဖြတ်ကြတဲ့ နှစ်တွေနဲ့ ပြောရရင် စနေသက်ရောက်၊ ကြာသပတေးသက်ရောက်၊ သောကြာသက်ရောက်တွေ ပဲ။ စနေသက်ရောက်ကတော့ ဂြိုဟ်တုချင်း ပူးတဲ့နှစ်ပဲ။ ကတ္ထုကာရကလို့ ခေါ်သလို အာမေတ်ဥဒါသိန်လို့လည်း ခေါ်ကြတယ်။ မထင်မှတ်တာတွေ ထထဖြစ်တတ်တဲ့ နှစ်လည်း ဖြစ်တယ်။ ဒါကြောင့် အများကြီး သတိထား ရတဲ့ နှစ်ပဲ။

သူများပြဿနာ ကိုယ့်ပြဿနာ ဖြစ်တတ်တယ်။ သူများကို အာမခံ မိရင် ကိုယ်ဒုက္ခရောက်တဲ့ နှစ်ပဲ။ လူငယ်ပိုင်းတွေဆိုရင် အိမ်ကအထွက် များလာတတ်တယ်။ အထွက်များလာရုံတင် မကဘူး။ အပေါင်းအသင်း မှားတတ်တယ်။ အပေါင်းအသင်းမကောင်းလို့ သူများကြောင့် ကိုယ်ပါ ခံရတတ်တဲ့ နှစ်မျိုးတွေပဲ။ စိတ်လေပြီး ထွက်နေလို့ကတော့ ထိတော့ မယ်သာ မှတ်တော့။

ဒါကြောင့် စနေဆိုရင် (၁၇)နှစ်ဟာ အတော်လေး သတိထားရ မယ်။ မိဘတွေက နားလည်ပေးရမယ်။ လမ်းကြောင်းဖြောင့်ပေးရမယ်။ ဒီလိုမှ ကလေးတွေအပေါ် နားလည်မပေးရင် အဲဒီလို နှစ်မျိုးတွေဟာ မကောင်းဘူး၊ လူကြီးတွေလည်း ဒီလိုပဲ။ သိပ်သတိထားရတယ်” ။

ဆရာထွန်းနှင့် ကိုသစ္စာသည် ကျွန်ုပ် ပြောလိုက်၊ စားလိုက် ပြုနေ သည်ကို ကြည့်ရင်း သူတို့လည်း နားထောင်လိုက်၊ စားလိုက်ကြနှင့် စိတ်ဝင်စား နေကြ၏။ ပတ်ဝန်းကျင်ဘေးတွင် ပြေးပြေးလွှားလွှား သွားသွားလာလာ

ယောက်ယက်ခတ်နေကြသော ဤဆိုင်မှ အဖွဲ့သည်ပင် ကျွန်ုပ်တို့ စကား ဝိုင်းကို စိတ်ဝင်စားဟန်နှင့် မကြာမကြာ လှမ်းကြည့်၏။

“သိပ် သတိထားရတယ်ဆိုလို့ ဒီနှစ်ထဲမှာပဲ ကလေးတစ်ယောက် ကံကောင်းလို့ဗျာ...”

ပြောနေရင်းမှ ထမင်းတစ်လုတ် ငုံစားလိုက်သောကြောင့် ဆရာ ထွန်းသည် ကျွန်ုပ်၏စကား ထွက်အလာကို စောင့်ကြည့်နေ၏။

“ကလေးက (၁၇)နှစ် နာမည်က နိုးနိုးတဲ့” “ဟာ နာမည်ကြီးကလည်း”

“အေးပေါ့ဗျာ၊ နာမည်ကိုက အဓိပ္ပာယ် မရှိဘူးပေါ့။ ကျွန်တော့် ဆီကို ပထမတစ်ခါ ရောက်တုန်းက ဒီနာမည်ကြီးကို မကြိုက်လို့ ပြောင်း ခိုင်းသေးတယ်။ သူ့အမေက ဘာပြောလဲ သိလား။ သားဦးလေးမို့ မြတ်နိုး လို့ခေါ်ရာက နိုးနိုး ဖြစ်နေတာတဲ့။ ထားပါတော့ဗျာ။ နာမည် ပြောင်းခိုင်း လို့လည်း မရ။ ရွတ်ခိုင်း၊ ဖတ်ခိုင်းရအောင်လည်း သိပ်မရွတ်တတ်၊ မဖတ် တတ်တဲ့အရွယ် ဖြစ်နေတော့ ခုနပြောတဲ့ (၁၇)နှစ်ထဲကို ဝင်ခါနီး ကပ်ပြီး ပြန်လာဖို့သာ ထပ်မှာလိုက်ရတော့တယ်။

အဲဒီ (၁၇)နှစ်ထဲကိုလည်း ရောက်ရော သူ့သူငယ်ချင်းတစ်ယောက်နဲ့ သွားရင်း ရန်ဖြစ်လို့တဲ့။ ဟိုက ဝိုင်းရိုက်မယ်လုပ်လို့ မနည်း အသက်လုပြီး ပြေးခဲ့ရတယ်။ ပြေးတာ ဆိုင်ကယ်နဲ့ဆိုတော့ အရှိန်နဲ့အကွေ့မှာ ဆိုင်ကယ် မှောက်ပြီး လူတစ်ကိုယ်လုံး စုတ်ပြတ်သတ်သွားတော့တာပဲ”

“ဟာ...”

“မဟာနဲ့ ဆရာထွန်း၊ ဒိထက်ဆိုးလို့ ဥပဒေက ဆုံးမလိုက်ရတဲ့ ကလေးတွေတောင် ရှိတယ်။ မပြောချင်လို့”

“ဒါနဲ့ ဆရာ၊ ခုမှ နိုးနိုးကို”

“ဪ.... အဲဒီ နိုးနိုးကို နာမည်ပြောင်းခိုင်းရတော့တာပေါ့။ အဲသလိုတွေ ဖြစ်ပြီးမှ သူ့မိဘတွေက အူယားဖားယား နာမည်ပြောင်းကြ တယ်။ ကလေးကိုတော့ ဘုန်းကြီးကုဋီတွေ ရေဆေးခိုင်းလိုက်တယ်။ အနည်းဆုံး (၇)နှစ်ကြိမ်ပဲ။ တစ်ခါဆေး တစ်လုံး၊ နှစ်လုံးပေါ့။ နောက်တော့ ဘုရားခေါ်သွားခိုင်း ရင်ပြင်တွေ၊ တန်ဆောင်းတွေ တံမြက်စည်းလှည်း၊ အမှိုက်ရှင်း ခိုင်းတော့မှပဲ ကလေးဟာ တော်တော်လေး ကောင်းသွား

တယ်။ သူ့စိတ်လေးတွေ နူးညံ့လာတယ်။ သူ့အမေကိုတော့ | အောင်ခြင်း ရှစ်ပါးဂါထာကိုပဲ ပုတီးစိပ်ခိုင်းရတာပေါ့။ ။

နောက်တော့လည်း သူ့ဟာသူကို အပြင်ထွက်တာ နည်းလာတယ်။ ပြောမယ်ဆိုရင် အန္တရာယ်ကင်းသွားတော့တာပေါ့ဗျာ။ ကျွန်တော်တို့ လို ချင်တာ ဒါပဲလေ။ အန္တရာယ်ကင်းပြီဆိုရင် ပညာရေးကောင်းအောင် ကြိုး စားနိုင်ပြီ။ ကလေး လိမ္မာလာမယ်။ ဒါပဲပေါ့”

ကျွန်ုပ်သည် စကားပြောရင်း စားရင်းနှင့် ဝပြီဖြစ်၍ လက်ထဆေး လိုက်၏။ ဆရာထွန်းနှင့် ကိုသစ္စာသည် စားနေဆဲ ဖြစ်၏။ ထို့ကြောင့် | ရေနွေးကြမ်းသောက်ရင်း ဆက်ထိုင်နေလိုက်၏။

“ဆရာ ဘာစားဦးမလဲ” “တော်ပြီ ရေနွေးပဲ သောက်မယ်” ။ “ဆရာ ပြောပြပါဦး။ နားထောင်ရတာ ပညာရလို့” “ဆရာထွန်းအတွက်ဆို ပြောပေးရမှာပေါ့”

နောက်လိုက်သော စကားကြောင့် ဆရာထွန်းသည် အားရပါးရ | ရယ်မောရင်း ကုလားပဲဟင်းချိုကို တစ်ဇွန်းချင်း သောက်နေ၏။ သူသည် ဤဆိုင်မှ ကုလားပဲဟင်းချိုကို အလွန် ကြိုက်၏။

“လူတစ်ယောက်ဗျာ ကြံကြံဖန်ဖန် အိမ်ပေါင်ပေးပြီး သူများကို ကူညီတာ ပြောပါတယ်။ (၃၉)နှစ်မှာ သူ့အိမ်ကို သူပေါင်ပြီး သူ့သူငယ်ချင်း ကို ငွေကူညီသတဲ့။ သူ့သူငယ်ချင်းက လုပ်ရင်းမြှုပ်သွားတော့ ကတိတွေ၊ သစ္စာတွေ မတည်သလိုဖြစ်ပြီး၊ ကြားထဲက အဲဒီလူ အိမ်ထိုးအပ်လိုက်ရ တော့တာပဲ။ ရောင်းလို့ကလည်း မထွက်တော့ အောက်ဈေးနဲ့ အပ်လိုက်ရ တော့တယ်။ အပ်လိုက်ရတဲ့ နှစ်ကတော့ (၄၁)နှစ်ထဲမှာပဲ”

“၂)နှစ်အတိုးဆိုတော့ ဘယ်နည်းမလဲ ဆရာနော်”

“အေးပေါ့ ကိုသစ္စာရဲ့၊ ဘယ်သူကရော ကူဆပ်ပေးမှာတဲ့လဲ။ အားနာတဲ့လူတို့ သွားရာလမ်းအတိုင်းပေါ့။ အိမ်ပိုင်ကနေ အိမ်ငှားဖြစ်သွား ရတဲ့ဘဝကို အဓိပ္ပာယ်မရှိ ရောက်သွားတော့တာပေါ့”

ဆုံး ဆုံး

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)