Skip to product information
1 of 2

Other Websites

ဆရာဦးမောင်မောင်သန်း - မြန်မာနှစ်၁၃၇၇ ခုနှစ် ၇ရက်သားသမီးဆောင်ရန်ရှောင်ရန်အစီအရင်များ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ရှောင်ဖို့ကတော့ ငွေကြေးနဲ့ပတ်သက်တဲ့အမှုအခင်းဖြစ်လာ ပြီး ကိုယ့်ဆီမှာ ညအိပ်မယ့်သူကို ရှောင်ရပါလိမ့်မယ်။ ကူညီလို့ ရပေမယ့် ညအိပ်မယ်ဆိုရင် စဉ်းစားပါ။

ကားဟောင်းမဝယ်ပါနဲ့၊ အရှုပ်အရှင်းဖြစ်တတ်ပါတယ်။ စက်ပစ္စည်းဝယ်ချင်ရင်လည်း သေချာဂရုစိုက်ဝယ်ပါ။

အိမ်ဝယ်လို့ရပေမယ့် သေချာဂရုစိုက်ပါ။ ပြဿနာဟောင်း ရှိထားတဲ့အိမ်မျိုး ဖြစ်နေတတ်ပါတယ်။

ဖြစ်နိုင်ရင်တော့ ဒီနှစ်ထဲမှာ ငွေပိုငွေလျှံရှိရင် ဘဏ်မှာအပ် ထားလိုက်ပါ။ လက်ထဲမှာထားရင် အကြောင်းအမျိုးမျိုးနဲ့ ကုန် တတ်ပါတယ်။ ရွှေဖြစ်ဖြစ် ဝယ်စုရင်စုပါ။ လုပ်ငန်းထဲ ထည့်ရင် ထည့်ပါး၊ လက်ထဲမှာထားရင် သူများလာချေးတတ်ပါတယ်။

- လုပ်ငန်းသစ် စတင်ချင်ရင် ဗုဒ္ဓဟူးနေ့ မနက် (၇) နာရီ တိတိမှာ စတင်ပါ။

ပညာရေးကံတွေ တော်တော်ကောင်းနေပါတယ်။ သူများ ကတောင် ကိုယ့်ကို အတုယူရပါလိမ့်မယ်။ ကိုယ်ကသာ မပေါ့ လိုက်ပါနဲ့၊

လုပ်ငန်းခွင်ထဲမှာ ဆံင့်ကဲ တိုးတက် ပြောင်းလဲခြင်းတွေ၊ တာဝန်ပိုကြီးလာပြီး တာဝန်မြင့်မားတာတွေ ကြုံရပါလိမ့်မယ်။ လုပ်စာမေးပွဲဖြေရင်လည်း အောင်ပါပြီ။

“ချစ်တတ်သူတွေက အသက်ကြီးတဲ့ အမျိုးသမီးတစ်ယောက် ( ယောက်နဲ့ပတ်သက်ပြီး စကားပြောရင်း စိတ်သဘောထားမတိုက်

ဆိုင်မှုတွေဖြစ်တတ်လို့ စကားပြောဆင်ခြင်ပါ။ ငှက်လေးတွေ၊ | ငါးလေးတွေကို ခဏခဏ အစာကျွေးပါ။ - ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး ဘယ်ကိစ္စပဲဖြစ်ဖြစ် ( အရေးတကြီးကိစ္စတစ်ခုခုလုပ်တော့မယ်ဆိုရင် ဘုရားတစ်ဆူဆူကို အရင်သွားပါ။ ရုပ်ပွားတော်တစ်ဆူဆူရှေ့မှာ ဖယောင်းတိုင်းတိုင် ထွန်းညှိပူဇော်ပြီးမှ လိုရာကိစ္စဆီသွားပါ။ အောင်မြင်ပါပြီ။

ကျန်းမာရေးက ဆီးနဲ့ဆိုင်တဲ့ဝေဒနာမျိုးကို မဖြစ်အောင် ဂရုစိုက်ပါ။ ခါးနာတတ်၊ ခြေနာတတ်လို့ အလေးအပင် မမပါနဲ့။

ပရိမိတ္တဇာလသုတ်၊ ရတနသုတ်၊ ဓာရဏပရိတ်တော်၊ | မဟာသမယသုတ်တွေကို အဓိဋ္ဌာန်ပြုပြီး ရွတ်ဖတ် ပူဇော်ပါ။ လမ်းများများလျှောက်ပေးပါ။ ရေများများသောက်သင့်ပါတယ်။

ကာယကံရှင်ဟာ မိန်းကလေးဖြစ်နေရင် ခင်ပွန်းသည်နဲ့ မကြာခဏ ရန်မဖြစ်ဖို့ အရေးကြီးပါတယ်။ ဒါမှ အိမ်ထောင်ရေး အဆင်ပြေမှာပါ။ အိမ်မှာရှိတဲ့ အကျိုးအစုတ်အပဲ့တွေ ထုတ်ပစ်ပါ။

တစ်နှစ်လုံးယတြာက ဘုရားရှင်ကို နံနက်တိုင်း သောက် တော်ရေ၊ မျက်နှာသစ်တော်ရေ ကပ်လှူပူဇော်ပါ။ (၁၅) မိနစ်၊ နာရီဝက် ဘုရားဝတ်ပြုပါ။ ဘုရား၊ စေတီ၊ ပုထိုးတွေကို မကြာ မကြာသွားပြီး မုန့်လုံးရေပေါ်ဆွမ်းတော်ကပ်လှူပါ။ ဂြိုဟ် (၈) ခွင် ကပ်လှူနိုင်လေ ကောင်းလေပါပဲ။ ဘုရားရုပ်ပွားတော်ကို မကြာမကြာ ရွှေပြားသင်္ကန်းကပ်လှူပူဇော်ပါ။

- ထီထိုးချင်ရင် ၄၊ ၈၊ ၅၊ ၆ ဂဏန်းတွေနဲ့ ကံစပ်ပြီး

ဗုဒ္ဓဟူးနံ၊ ကြာသပတေးနံထီဆိုင်တွေမှာထိုးပါ။

ကိုယ့်နာမည်ဟာ တနင်္ဂနွေစပြီး ကြာသပတေးပိုတ်မှည့်ထား တဲ့ အေးဘုံ၊ အောင်ပန်၊ အိပိုင်လိုမျိုး ဖြစ်နေရင်တော့ လောင်း ကစားတို့၊ မူးယစ်တာတို့ ရှောင်ပါ။ စကားပြောဆင်ခြင်ပါ။ ရတနာမြတ် (၃) ပါးရဲ့အရိပ်တော်ကို ခိုလှုံပါ။ ကိုယ့်ကိုယ်ကိုယ် အသိတရားလေးနဲ့ အမြဲနေပါ။

တနင်္ဂနွေသားသမီးများ

အသက် ၁၈၊ ၂၆၊ ၃၄၊ ၄၂၊ ၅၀၊ ၅၈၊ ၆၆၊ ၇၄၊ ၈၂၊ ၉ဝ | ဆိုတဲ့ အသက်အပိုင်းအခြားတွေရောက်ပြီဆိုရင်တော့

စီးပွားရေး၊ လူမှုရေး၊ ပညာရေး အောင်မြင်လိုတဲ့ ဘယ် ကိစ္စပဲဖြစ်ဖြစ် စနေနာမည်ရှင်တွေနဲ့ ဘာမဆို တိုင်ပင်ပါ။ အကြံ ဉာဏ်ယူပါ။ ကိုယ်ကတော့ သည်းခံရပါလိမ့်မယ်။

မိတ်ဟောင်းဆွေဟောင်းတွေထဲက အင်္ဂါနာမည်ရှင်တွေဆို ရင်လည်း အကျိုးပေးပါလိမ့်မယ်။ မိတ်ဟောင်းဆွေဟောင်းထဲကပဲ ဗုဒ္ဓဟူးနာမည်ရှင်တွေဆိုရင်လည်း အကျိုးပေးပါတယ်။ ခက်ခက် ခဲနဲ့ အကျိုးပေးပါတယ်။ ချက်ချင်းမဟုတ်ပေမယ့် တဖြည်းဖြည်း တော့ အောင်မြင်တတ်ပါတယ်။ ။

ကုန်တဲ့နာမည်ရှင်တွေနဲ့ဆိုရင်တော့ ခင်လို့ရပေမယ့် စီးပွား စပ်တူလုပ်တာမျိုးဆိုရင် ကံမစပ်ပါဘူး။

“(ဒ်) ဂဏန်းကိုရှောင်ပြီး အလုပ်လုပ်ပါ။ အရေးတကြီးကိစ္စ

ဆောင်ရွက်မယ်ဆိုရင် အင်္ကျီအနီရဲရဲပြောင်ဝတ်မသွားပါနဲ့။

ရှောင်ဖို့ကတော့ သူတစ်ပါးကို အာမခံပေးခြင်းပါပဲ။ ရှောင် | ပါ။ ဘယ်ကိစ္စမှ အာမမခံပါနဲ့။ ကိုယ်တိုင်လည်း သူများကြား မညပ်အောင် သတိထားပါ။ သူများပြဿနာဟာ ကိုယ့်ပြဿနာ ဖြစ်သွားတတ်ပါတယ်။ ဒီနှစ်မှာ အိမ်ဆောက်ရင်တောင် ကြွေး တင်သွားတတ်ပါတယ်။ အိမ်နဲ့ပတ်သက်ပြီး စိတ်ညစ်ရတတ်ပါ တယ်၊

သော့ချိတ်တွေ၊ သံဟောင်းတွေ၊ သစ်ဟောင်းတွေဝင်လာရင် စိတ်ညစ်ရတတ်ပါတယ်။

ဝင်ငွေရှိပေမယ့်လည်း အကုန်အကျတွေက များနေတတ်လို့ ဘယ်လိုမှ တန်ဖိုးမရှိတဲ့ကျောက်တွေ ဝင်မလာပါစေနဲ့။ ခွေးတွေ၊

ကြောင်တွေ ဒီနှစ်မှစပြီး မွေးချင်စိတ်ပေါက်လာရင် နည်းနည်း ဆင်ခြင်လိုက်ပါဦး။

ပညာရေးနဲ့ပတ်သက်ပြီး ကောင်းပေမယ့် ကိုယ်တိုင်စိတ်က ထွက်ချင် သွားချင်လာချင်တာများနေတတ်လို့ မပေါ့ စေချင်ပါဘူး။ အပေါင်းအသင်းခင်လို့ရပါတယ်။ ကိုယ့်ပညာရေးလည်း ဂရုစိုက် ပါ။

လုပ်ငန်းခွင်ထဲမှာ ပင်ပန်းတတ်ပါတယ်။ တာဝန်ယူရမှာက တစ်မျိုး၊ ကိုယ်လုပ်နေရတာက တစ်မျိုးဖြစ်ပြီး ကြားညပ်သလို စိတ်ဖိစီးမှုများနေတတ်ပါတယ်။

| ကိုယ်ပိုင်လုပ်ငန်းရှိသူတွေက နောက်လုပ်ငန်းတွေကို ခံ

 လှမ်းချင်နေပါလိမ့်မယ်။ အဆောက်အအုံနဲ့ပတ်သက်ရင်တော့ | စဉ်းစားပါ။

လုပ်ငန်းသစ်စတင်ချင်ရင် စနေနေ့ မနက် (၇) နာရီတိတိ မှာ စတင်လိုက်ပါ။

ချစ်တတ်သူတွေကတော့ အရေးအကြီးဆုံးပြောရရင် သစ္စာ ရှိဖို့ပါပဲ။ စိတ်ကစားခြင်းတွေ ခဏခဏဖြစ်နေတတ်လို့ပါ။ နှစ်

ယောက်လုံး အနီရောင်ဝတ်ပြီး ဆုံစကားပြောတာရှောင်ပါး ငှက် လေးတွေကို ကြုံတိုင်း အစာကျွေးပါ။

အရေးတကြီးကိစ္စတစ်ခုခုလုပ်တော့မယ်ဆိုရင် ဘုရားစေတီ ( တစ်ဆူဆူကို အရင်သွားပါ။ (၇) ဆူကုန်သော ဘုရားရှင်တို့ကို ရည်မှန်းပြီး ရုပ်ပွားတော်တစ်ဆူဆူရှေ့မှာ ဖယောင်းတိုင် (၇) တိုင် ထွန်းညှိပူဇော်ပါ။ ပြီးမှသွားပါ။ -

တစ်နှစ်လုံးယတြာကတော့ အိမ်နဲ့နီးတဲ့ဘုရားကို ခြေကျင် လျှောက်သွားပါ။ ဘုရားရောက်ရင် တံမြက်စည်းလှည်း၊ အမှိုက် ကောက်ပါ။ ပြီးမှ ဘုရားရှိခိုးပါ။ တစ်လတစ်ကြိမ်ပြုလုပ်ပါ။

အိမ်မှာကတော့ မိုးလင်း မျက်နှာသစ်ပြီးတာနဲ့ ဘုရားရှင်ကို တနင်္လာနံဆွမ်းတွေနဲ့ ကပ်လှူပါ။ ကော်ဖီ၊ ကျောက်ကျော၊ ကိတ် မုန့်၊ ပြီးရင် ဂုဏ်တော်ကွန်ချာ၊ ဂုဏ်တော်စက်ဝန်း၊ ပုတီးစိပ်ပါ။ ရွတ်ပါ။ တစ်နှစ်လုံးပြုလုပ်ပါ။

ဦးခေါင်းမူးဝေလာတဲ့ထိ အစာမခံပါနဲ့။ အပူအစပ်တွေ အလွန်အကျွံမစားပါနဲ့။ တက်စာတွေ တော်တော်များများ သတိ

ထားစားပါ။

စကားပြောဆင်ခြင်ပါ။ ကြမ်းလာတတ်လို့ အိမ်ထောင်ရေး၊ | လူမှုရေး၊ အချစ်ရေးတွေမှာ မဖြစ်သင့်တာတွေ ဖြစ်လာတတ်ပါ တယ်။ | ကာယကံရှင်က အမျိုးသားဖြစ်ရင် ဇနီးသည်ကို စကား ပြောဆင်ခြင်ပါ။

ကျန်းမာရေးနဲ့ဆိုင်ရင် ဓာရဏပရိတ်တော်ကို အဓိဋ္ဌာန်နဲ့ ရွတ်ပါ။ ဆေးမကြာခဏလှူပေးပါ။ သံဃာတော်အရှင်သူမြတ်များ ကို အရုဏ်ဆွမ်းလောင်းလှူပါ။ မကြာခဏလှူပါ။

ထီထိုးချင်ရင် ၇၊ ၂၊ ၉၊ ၃ ဂဏန်းတွေနဲ့ကံစပ်ပြီး စနေနံ ( ထီဆိုင်မှာ ကံစမ်းပါ။

ကိုယ့်နာမည်ဟာ တနင်္ဂနွေစပြီး ဗုဒ္ဓဟူးပိတ်နေတဲ့ အေးလူ | အိရှင်၊ အောင်လွမ်း၊ အုန်းဝေ လိုမျိုး ဖြစ်နေပြီဆိုရင်တော့ ဘယ် | သူ့ကိစ္စကိုမှ ဘာအကြောင်းနဲ့မှ အာမမခံပါနဲ့။ ဒုစရိုက်မှန်သမျှ အကုန်ရှောင်ပါ။ နှစ်စကစပြီး သမ္ဗုဒ္ဓေဂါထာတော်ကို (၁၀၈) ခေါက် ရအောင်ရွတ်ပါ။

တနင်္ဂနွေသားသမီးများ

အသက် ၁၉၊ ၂၀၊ ၂၇၊ ၂၈၊ ၃၅၊ ၃၆၊ ၄၃၊ ၄၄၊ ၅၁၊ ၅) ၅၉၊ ၆၀၊ ၆၇၊ ၆၈၊ ၇၅၊ ၇၆၊ ၈၃၊ ၈၄၊ ၉၂၊ ၉၃ တဲ့နှစ်တွေ | ရောက်ပြီဆိုတာနဲ့

အောင်မြင်လိုတဲ့ ဘယ်ကိစ္စကိုပဲဖြစ်ဖြစ် စနေနာမည်ရှင်တွေ နဲ့ တိုင်ပင်တာတို့၊ အကြံဉာဏ်ယူတာတို့၊ အကူအညီတောင်းတာတို့ ပြုလုပ်ရတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် စနေစ၊ ကြာသပတေး ပိတ်မှည့်ထားတဲ့ တိုးမြတ်၊ ထွန်းပ တင်ပျိုလို နာမည်တွဲမျိုးဆိုရင် တော့ အကျိုးမပေးတော့ပါဘူး။ ရှောင်ပါ။

နောက်ထပ် အကျိုးပေးတာကတော့ အော်ပါ။ သည်းတော့ ခံရပါလိမ့်မယ်။ သောကြာနာမည်ရှင်တွေက အကျိုးပေးပေမယ့် ကိုယ့်အတွက် အချိန်အပြည့်မပေးနိုင်ဘဲ သွားသွားလာလာနဲ့သာ တွေ့နေရတယ်လို့ စိတ်တော့ရှည်ရပါလိမ့်မယ်။

ကြာသပတေးကတော့ ကောင်းကောင်း၊ ဆိုးဆိုး ဆက်ဆံ နေရမှာပါ။ ဗုဒ္ဓဟူး၊ တနင်္ဂနွေနာမည်ရှင်တွေနဲ့က ခင်လို့ရပါတယ်။ အရေးတကြီးကိစ္စရှိရင် ခေါ်သွားတာတို့၊ တိုင်ပင်တာတို့၊ စီးပွား စပ်တူလုပ်မှာတို့ဆိုရင် ရှောင်လိုက်ပါ။

တနင်္လာကတော့ ကိုယ့်အပေါ် စေတနာရှိပေမယ့် သူကိုယ် တိုင် မနည်းရုန်းကန်နေရတဲ့သူမျိုး ဖြစ်နေတတ်ပါတယ်။ " ၄၊ ၈ ဂဏန်းတွေကိုရှောင်ပြီး အလုပ်လုပ်ပါ။

ရှောင်ရန်ကတော့ မောက်မာခြင်းတို့၊ မာနတို့ လုံးဝဖယ်ရ ပါလိမ့်မယ်။ ဂါရဝတရား၊ နိဝါတတရားတွေနဲ့ နေရတော့မယ့်နှစ်

တွေ ရောက်လာပါပြီ။ ဘာသာတရားကို အထူး လိုက်နာကျင့်ကြံ အားထုတ်ရမယ့်နှစ်တွေ ရောက်လာပါပြီ။

ငွေကြေးကိစ္စနဲ့ပတ်သက်လာရင် ဘယ်လိုလူမျိုးနဲ့မှ မပတ်

သက်ပါနဲ့တော့။ ကြားက အာမခံပေးရင် ပိုက်ဆပ်ရတဲ့ပြဿနာ

တွေ ဝင်လာပါလိမ့်မယ်။ ချေးရင် ဆုံးပါလိမ့်မယ်။ စပ်တူလုပ်ရင် စိတ်မချရတာတွေ ဖြစ်လာတတ်ပါတယ်။ ။

ရွှေဟောင်း၊ ရွှေပျက်၊ အင်း၊ လက်ဖွဲ့ လုံးဝ ဝင်လို့မရတော့ ပါဘူး။ အိမ်ထောင်ရေးသောက၊ ကျန်းမာရေးသောက၊ ငွေသောက

ရောက်နေရသူကို ညအိပ်လက်ခံတော့မယ်ဆိုရင် စဉ်းစားပါး ကူညီလို့တော့ ရပါတယ်။ ရာဟုထောင့်အရပ်ကလာရင် ပိုဆိုးတတ် ပါတယ်။ ကိုယ်တိုင်လည်း အဲဒီအရပ်မသင့်ပါဘူး။ သွားနေကျ ဆိုရင်တောင် ဒီနှစ်မှာ ကျန်းမာရေးဂရုစိုက်ပြီးသွားပါ။

ရင်၊ ဝမ်း ကျန်းမာရေးဂရုစိုက်ပါ။ အဆာခံလို့မရသလို သွေးတက်စာတွေရှောင်ပါ။ အိပ်ရေးမပျက်ဖို့ အရေးကြီးပါတယ်။

တစ်နှစ်လုံးကုသိုလ်ပြုရမှာကမိုးလင်း မျက်နှာသစ်ပြီးတာနဲ့ ဘုရားရှင်ကို မျက်နှာသစ် တော်ရေ၊ သောက်တော်ရေ ကပ်လှူ ပူဇော်ပါ။ ပဋ္ဌာန်းဥဒ္ဒေသ နိဒ္ဒေသတော်ကို ရွတ်တတ်တတ်၊ ခရွတ်တတ်တတ် နေ့စဉ် ရွတ် ဖတ်ပူဇော်ပြီး အမျှအတန်းပေးဝေ မေတ္တာပို့ပါ။

ဒီလိုနှစ်မျိုးတွေက အလုပ်များတယ်ဆိုပြီး ရတနာမြတ်(၃) ပါးနဲ့ ဝေးနေလို့ မရပါဘူး။ နေ့စဉ် မဖြစ်မနေ အချိန်ပေးပြီး အား ထုတ်မှ ကြုံနေရတဲ့အခက်အခဲတွေ ပြေသွားမှာ ဖြစ်ပါတယ်။

ဆွမ်းတော်ကပ်တာကတော့ ကပ်နေကျအတိုင်းကပ်ပါ။ အတိုက်အခံ အရမ်းများနေတတ်လို့ ဘယ်လိုမှမခံနိုင်

တော့ဘူးဆိုရင် ၂၄ ပစ္စည်းကို အနုလုံပဋိလုံရွတ်ပါ။ အေးချမ်းလာ | ပါလိမ့်မယ်။ ဒီနှစ်ဟာ နှစ်စဝင်ကတည်းက သမ္ဗုဒ္ဓေဂါထာဖြစ်

ဖြစ်၊ သိရသ္မီဂါထာဖြစ်ဖြစ်၊ ဂုဏ်တော် (၉) ပါးဖြစ်ဖြစ် မဖြစ် မနေ နေ့စဉ် (၁၀၈) ခေါက် ရွတ်သင့်ပါတယ်။ ဖြစ်နိုင်ရင်တော့ သားစားရှောင်ကြဉ်ပါ။

ရှင်ဥပဂုတ္တရဟန္တာမထေရ်အရှင်မြတ်ကြီးကို ရည်မှန်းပူဇော် | ကန်တော့ပါ။

အရေးတကြီးကိစ္စကြုံရင် ဘုရားတစ်ဆူဆူကို အရင်သွား ပါ။ ရုပ်ပွားတော်မြတ်တစ်ဆူဆူရှေ့မှာ ဖယောင်းတိုင် (၇) တိုင် | ထွန်းညှိပြီး ပွင့်တော်မူပြီးကြကုန်သော ဘုရားရှင် (၇) ဆုကို ကြည်ညိုစွာ ကန်တော့ပူဇော်ပြီးမှသွားပါ။ အောင်မြင်ပါလိမ့်မယ်။

ရန်ကုန်မှာနေကြရင် ရေမြင်း၊ ဝက်ဝံတွေကို ခဏခဏ သွားပြီး အစာကျွေးပါ။

လုပ်ငန်းချဲ့မယ်ဆိုရင် စဉ်းစားပါ။ မကျွမ်းကျင်ရင် မလုပ်ပါနဲ့။

ကံကောင်းရက်ကိုရွေးပြီး ဆိုင်ဖွင့်ချင်ရင် စနေနေ့ မနက် (၇) နာရီတိတိမှာ စဖွင့်ပါ။

ပညာရေးကံတွေ ကောင်းပါတယ်။ .

မအောင်မြင်ဘူးသေးတဲ့ စာမေးပွဲတွေ ဖြေဆိုအောင်မြင်ရ တတ်ပါတယ်။ မတက်ရသေးတဲ့သင်တန်းတွေ တက်ရပါလိမ့်မယ်။ ရာထူးအတွက်ဆိုရင်လည်း သင်တန်းအရင်တက်ပြီးမှ လာပါလိမ့်

မယ်။

ပညာရေးကံတွေကောင်းပေမယ့် အိပ်ရေးဝဖို့တော့ လိုပါ

တယ်။

ချစ်တတ်သူတွေကတော့ ဖြစ်ပြီးသားကိစ္စတွေ စကား ဟောင်းတွေ ပြန်ပြန်ပြီးမပြောမိဖို့လိုပါတယ်။ ပြီးတော့ ရေစပ်နား လည်းဖြစ်၊ ဗုဒ္ဓဟူးနံဆိုင်လည်းဖြစ်ရင်၊ ခဏခဏသွားထိုင်ဖြစ်ရင် ပိုပြီးသည်းခံပါ။

ဒီလိုနှစ်မျိုးရောက်လာပြီဆိုရင်

ငယ်ရွယ်သူတွေဆိုရင်တော့ မိဘ၊ ညီအစ်ကို၊ မောင်နှမတွေ နဲ့ ဆန့်ကျင်ဘက်တွေဖြစ်တတ်ပါတယ်။ ပြန်မပြော နားမထောင် တွေ ဖြစ်တတ်ပါတယ်။ ထိန်းပါ။

အရွယ်ရလာသူတွေကတော့ လူမှုရေးတွေမှာ မကျေမနပ်မှု တွေများလာပြီး စိတ်ခဏခဏတိုလာပါလိမ့်မယ်။ ကိုယ့်ကိုနှိမ် သလိုခံစားလာရပြီး မိသားစုထဲမှာ တော်တော်စိတ်ကုန်လာတတ် ပါတယ်။ လုပ်ငန်းခွင်ထဲမှာဆိုရင်လည်း ကိုယ့်လောက် အလုပ် နားမလည်သူက ကိုယ့်ကိုပြန်ဆရာလုပ်လို့ ကျိတ်ပြီးခံစားနေရ တတ်ပါတယ်။ စကားမအောင်သလို ခံစားရလွန်းလို့ ဘယ်သူ့ကိုမှ စကားမပြောချင် ဖြစ်လာတတ်ပါတယ်။ အလုပ်ကတောင် ထွက် ချင်လာပါလိမ့်မယ်။ ဘာမှန်းမသိတဲ့ စိတ်ဆင်းရဲမှုတွေ ဖြစ်နေ တတ်ပါတယ်။ အဲဒါကြောင့် ရှိတာအကုန်ရောင်းချင်လာတတ် တယ်။ အိမ်ရောင်းချင်၊ ကားရောင်းချင်တွေ၊ စက်တော်ရင်း

စက်ရုံရောင်းချင်တွေ ဖြစ်လာပါလိမ့်မယ်။ အဲဒီအခါမှာ သူများက နှိမ်တတ်ပါတယ်။

ဒါ ကြောင့် ဒီလိုနှစ်မျိုးတွေမှာ ဘာသာတရားနဲ့ယှဉ်ပြီး ကိုယ့်ကိုယ်ကိုယ်ထိန်းပါ။ ကားမောင်းအထူးဆင်ခြင်ပါ။

| ခံစားနေရတာတွေဟာ အလိုလိုကျေနေတဲ့ယတြာတွေလို့ သတ်မှတ်ပြီး ဝမ်းသာလိုက်ပါ ။

မေတ္တာများများပြားပါး

ကိုယ့်စိတ်ကိုယ်ထိန်းတဲ့အနေနဲ့ အာနာပါနဘာဝနာကို နေ့ စဉ် (၁၅) မိနစ်၊ နာရီဝက် ရအောင် အားထုတ်ပါ။ ပိုနိုင်ရင် ပို ကောင်းပါတယ်။

ထီဝါသနာပါရင်တော့ ၇၊ ၆၊ ၃၊ ၅ ဂဏန်းတွေနဲ့ ကံစပ် ၂ ပါတယ်။

ဘယ်လိုကိစ္စမျိုးပဲဖြစ်ဖြစ် သော်- ဒီနှစ်ဟာ ငါ့အတွက် ရန်များတတ်တဲ့နှစ်ပါလား ဆိုတဲ့ အသိလေးနဲ့ ကျေနပ်ပါ။ ကိုယ့် အပေါ် ပြောဆိုသူတွေကို ကျေးဇူးတင်ပါ။ ယတြာချေပေးနေတယ် လို့ ပီတိဖြစ်လိုက်ပါ။

လုပ်ငန်းရှင်တွေအနေနဲ့ အောက်လူ လုံးဝမမြဲတဲ့နှစ် ဖြစ်နေ ပါတယ်။ မေတ္တသုတ်များများရွတ်ပါ။

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)