Skip to product information
1 of 3

Other Websites

ဆရာတော်ဘဒ္ဒန္တ၀ေပုလ္လ - ဆရာ့ခြေရာ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရသည် အမိန့်ကြေညာစာအမှတ် ၁/၂၀၀၁ ဖြင့် ဘွဲ့တံဆိပ်တော်များကို ဆက်ကပ်လှူဒါန်းခဲ့ရာ အကျွန်ုပ် ဝေပုလ္လာရာမဆရာတော်သည် နိုင်ငံတော်အစိုးရမှ လှူဒါန်းပူဇော်ကန်တော့လိုက်သော မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့ | တံဆိပ်တော်ကို ရင်မှာပိုက်၍ ခရစ်နှစ် ၂၀၀၁-ခုနှစ်၊ မတ် (၁၀) ရက်၊ သက္ကရာဇ် ၁၃၆၂ခု၊ ၊ တပေါင်းလပြည့်ကျော် (၂) ရက်၊ စနေနေ့ ည (၉) နာရီအချိန်ခန့်တွင် အကျွန်ုပ်နေထိုင်ရာ | သီတင်းသုံးရာ ပြည်မြို့၊ ဝေပုလ္လာရာမကျောင်းတိုက်သို့ ဆိုက်ရောက်လာခဲ့ပါတော့သည်။

အကျွန်ုပ် အမြဲနေထိုင် သီတင်းသုံးတော်မူရာ သာသနာ့ဝေပုလ္လကာရီသိမ်တော် | အတွင်း ဘုရားစင်ဘေး ခေါင်းရင်းပိုင်းမှာ မဟာသဒ္ဓမ္မဇောတိကဓဇဟူသော ဘွဲ့တံဆိပ်

တော်နှင့်ပတ်သက်သော အဆောင်အယောင်များ၊ ဓာတ်ပုံများ၊

| အပ်ကျသံလျှင် မကြားသိရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေပါတော့သည်။ ရန်ကုန် ဘွဲ့တံဆိပ်တော် အလှူခံတော်မူပြီး တပေါင်းလပြည့်ကျော်(၂)ရက် စနေနေ့ညက အကျွန်ုပ် ကျောင်းပြန်ရောက်ပြီး တစ်ညလုံး ကျိန်းစက်၍ မရခဲ့ပါ။

အကျွန်ုပ်သည် လွန်ခဲ့သော လပေါင်းများစွာကစ၍ အိပ်ရာခုတင်ပေါ်တွင် မအိပ်စက်တော့ဘဲ ထိုင်နေကျ ရှေးဆရာတော်ကြီးများ သီတင်းသုံးလေ့ သုံးထရှိခဲ့သော ကြိမ်ကုလားထိုင်ကြီးပေါ်မှာပင် ညစဉ် ညတိုင်း ထိုင်နေလိုက် အိပ်စက်လိုက်နှင့် နေသား တကျဖြစ်နေပြီးဖြစ်၍ ယခုလည်း ထိုကုလားထိုင်ကြီးပေါ်မှာပင် ထိုင်လိုက် ထလိုက်နှင့် တစ်ညလုံး အိပ်စက်မပျော်ဘဲ ဘွဲ့တံဆိပ်တော်နှင့်ပတ်သက်၍ အတွေးရေလျဉ်ကြောမှာ နစ်မျောနေပါတော့သည်။ ခေါင်းရင်းတွင်ချထားသော ဘွဲ့ တံဆိပ်တော်ကို ကြည့်လိုက်၊ မိမိကိုယ်ကို မိမိပြန်ကြည့်လိုက်၊ ကုန်လွန်ခဲ့ပြီးသော အနှစ် (၃၀) ကျော်ခန့်က ဆရာသမား များကို မျက်စိထဲမြင်ယောင်လိုက်နှင့် တစ်ညလုံး အတွေးသံသရာလည်ခဲ့ရပါတော့သည်။ တစ်ချက် တစ်ချက် ဘွဲ့တံဆိပ်တော်အား ထားရာနေရာကို မျက်စိကရောက်သွားလိုက်၊ မိမိကိုယ်မိမိပြန်ကြည့်လိုက် စိတ်ထဲမှာ အတွေးအမျိုးမျိုး၊ စဉ်းစားမှုအမျိုးမျိုး၊ ဝေဖန်မှု အမျိုးမျိုးတို့ အစီအရီ ဖြစ်ပေါ်၍ နေပါတော့သည်။

ပထမဆုံးသိန်းပေါင်းများစွာ အကုန်ခံ၍ နိုင်ငံတော်အစိုးရမှ ကြီးကျယ်ခမ်းနားစွာ ဂုဏ်ပြုပူဇော်ကန်တော့ပွဲ ကျင်းပပုံများကိုလည်းကောင်း၊ ဒုတိယ ပဲခူးတိုင်းဒေသကြီး

အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ တိုင်းမှူး ဗိုလ်ချုပ် တင်အေး အမှူးပြု၍ ပဲခူးမြို့ သာသနာ့ဗိမာန်တော်ကြီးတွင် ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ သီလရှင် လူပုဂ္ဂိုလ်များအား ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ကြီးကျယ်ခမ်းနားစွာ ဂုဏ်ပြုပူဇော် များကိုလည်းကောင်း အကျွန်ုပ်၏ စိတ်အစဉ်မှာ တဖြည်းဖြည်း မြင်ယောင်

ထို့ပြင် ရန်ကုန်မြို့နှင့် ပြည်မြို့အကြား သာယာဝတီမြို့တွင် ခလရ(၃၅)တပ်ရင်းမှ အရာ ရှိ၊ အရာခံ၊ အကြပ်၊ တပ်သား၊ ရဲဘော်၊ ရဲမေများ၊ သာယာဝတီမြို့၊ သုံးဆယ်မြို့ အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များ၊ သာယာဝတီမြို့နယ် သစ်ထုတ်လုပ်ရေး အရာရှိဝန်ထမ်းများစုပေါင်း၍ ကြီးကျယ်ခမ်းနားစွာ စည်ကားသိုက်မြိုက် စွာ ဂုဏ်ပြုပူဇော်ခဲ့ခြင်းကိုလည်းကောင်း၊ ထို့ပြင် မင်းလှမြို့ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မင်းလှမြို့ ခလရ(၁)အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သား၊ ရဲဘော်၊ ရဲမေတို့ စုပေါင်း၍ ကြီးမားသော ပူဇော်ကန်တော့မှု အခမ်းအနားများ ကိုလည်းကောင်း၊ အုတ်ဖိုမြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အုတ်ဖိုမြို့ ခမရ(၆) အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သား၊ ရဲဘော်၊ ရဲမေတို့ စုပေါင်း၍ ခမ်းနားထည်ဝါစွာ ပူဇော်ကန်တော့ကြပုံတို့ကိုလည်းကောင်း၊ ထို့ပြင် အင်းမမြို့ အမှတ်(၆၆)ခြေမြန် တပ်မဌာနချုပ် တပ်မမှူးကြီး ဗိုလ်ချုပ်အောင်မင်း၏(ဇနီး) ဒေါက်တာ ဒေါ်ဝေဝေသာတို့ အမှူးပြုသော တပ်မ(၆၆)ဌာနချုပ်ရှိ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သား ရဲဘော်၊ ရဲမေတို့၏ ကြီးမားသော ပူဇော်ကန်တော့ပွဲ အခမ်းအနားကိုလည်းကောင်း၊ အကျွန်ုပ် ဝေပုလ္လာရာမဆရာတော်၏ မျက်လုံးအစုံတွင် တရေးရေး တရိပ်ရိပ် မြင်ယောင် နေမိတော့၏။

ထို့ပြင် ပြည်မြို့မှ တပည့် ဒကာ ဒကာမများက မော်တော်ယာဉ် အစီးပေါင်း (၆၀) ကျော်တို့ဖြင့် သိကြား၊ နတ်၊ ဗြဟ္မာများ ရာဇာဝင်း ဒေဝါဝင်းများ ခင်းကျင်း၍ စည်တော်များရွမ်း၍ ဝတ်အသင်းပေါင်းစုံတို့ဖြင့် တင့်တင့်တယ်တယ် တန်ဆာဆင်၍ လှပတင့်တယ်စွာပြု၍ ခမ်းနားကြီးကျယ်စွာ ကြိုဆိုပင့်ဆောင်ပုံများကိုလည်းကောင်း၊ ရွှေတောင်မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအဖွဲ့ဝင်များ၊ ရွှေတောင်

ချည်မျှင်နှင့် အထည်စက်ရုံမှူးကြီးနှင့် ဝန်ထမ်းများ၊ ခလရ(၁၄) အရာရှိ၊ အရာခံ၊ အ တပ်သား၊ ရဲဘော်၊ ရဲမေများ၊ ပြည်မြို့ အဝင် ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်မှ ဗိုလ်ကြီးခင် အမှူးပြုသော အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သား၊ ရဲဘော်၊ ရဲမေများ စုပေါင်းညီ ကြီးကျယ်ခမ်းနားစွာ ကြိုဆိုကြပုံ ပူဇော်ကန်တော့ကြပုံတို့ကိုလည်းကောင်း၊ မျက်စိထဲတွင် | တရေးရေး မြင်ယောင်မိပါတော့၏။

အကျွန်ုပ် ဆရာတော်သည် ခရီးလမ်းတစ်လျှောက် တပည့် တပန်းများ ဒကာ ဒကာမများက ခမ်းခမ်းနားနား ကြိုဆိုဂုဏ်ပြု ချီးကျူးကြသည်တို့ကို တရိပ်ရိပ်ဖြင့် အတွေး

အာရုံတို့တွင် တွေးထင်နေခိုက် ရုတ်တရက် ရွှေဥမင်လိုဏ်ဂူတောရ ပဓာနနာယက ဆရာတော်ကြီးအား မျက်စိထဲတွင် ကွက်ကွက်ကွင်းကွင်း မြင်ယောင်လာပြီး လွန်ခဲ့သော နှစ်ပေါင်း(၃၀)ကျော်ခန့်က ရွှေဥမင်တောရဆရာတော်ကြီး မိန့်ကြားခဲ့သော ဩဝါဒကထာ များကိုပင် စိတ်အစဉ် သောတနားအစဉ်တွင် ရုတ်တရက် ကြားယောင်မြင်ယောင်မိ ပါတော့၏။

အကျွန်ုပ် ဆရာတော်၏ စိတ်အစဉ်တို့သည်လည်းကောင်း၊ အတွေးအာရုံတို့သည် လည်းကောင်း ကုန်ဆုံးခဲ့ပြီးသော လွန်လေပြီးသော အနှစ်(၃၀)ကျော် ကာလသမယ ပြည်မြို့အနီး ရွှေဥမင်လိုဏ်ဂူတောရကျောင်း၏ ပဓာနနာယက ဆရာတော်ကြီးထံသို့ ပြန်လည်၍ရောက်ရှိလာခဲ့ပုံ၊ ရွှေဥမင်တောရဆရာတော်ကြီး၏ ထံတော်မှောက်၌ သမ တရား ဝိပဿနာတရားအပါအဝင် ပဋိပတ်တရားအကျင့်နှင့်ပတ်သက်၍ နည်းနာနိဿယ အဖြာဖြာတို့ကို ခံယူသင်ကြားနေပုံကိုလည်းကောင်း၊ ကျေးဇူးကြီးလှသော ရွှေဥမင်တောရ ဆရာတော်ကြီးထံတွင် နေ့စဉ် စာဝါတက်ပုံတို့ကိုလည်းကောင်း၊ ဩဝါဒပေးပုံတို့ လည်းကောင်း၊ ဆုံးမသွန်သင်ပုံတို့ကိုလည်းကောင်း၊ ဗုဒ္ဓနိမိတ်ယူပုံယူနည်း

ကောင်း အကျွန်ုပ် ဆရာတော်၏ စိတ်အစဉ်၊ နှလုံးသား အစဉ်တို့တွင် ယနေ့ ယခုပင် ဖြစ်ပျက်နေသည်အလား ယခုနေ့တွင် ဖြစ်ပေါ်ခံစားမိနေသည့်အလား တရေးရေး တဖြည်းဖြည်း တရိပ်ရိပ် တထိတ်ထိတ် မြင်ယောင်လာပါတော့သည်။

အချိန်ကာလကား ခရစ်နှစ် ၁၉၆၇-ခုနှစ်မှ ၁၉၇၂-ခုနှစ်အတွင်း ဖြစ်ပါသည်။ ညစဉ် ညတိုင်းလိုလိုပင် ရွှေဥမင်တောရဆရာတော်ကြီးသည် အကျွန်ုပ်အားခေါ်၍ ပဋ္ဌာန်း | ဝတ်ရွတ်စဉ်များအားဆိုစေခြင်း၊ ဓမ္မပဒဂါထာတော်များအား ရွတ်ဆိုစေခြင်း၊ မေတ္တာ ပို့နည်းများ၊ တရားထိုင်နည်းများ၊ အဓိဌာန်ပြုဆောက်တည်နည်းများ၊ ဓုတင်ဆောက်တည်ပုံ

ဆောက်တည်နည်းများအား သင်ကြားပြသပေးပါသည်။ ရွှေဥမင်တောရဆရာတော်ကြီး ထံတွင် အဂ္ဂိရတ် ဖိုဆွဲပေးခြင်း၊ မီးသွေးဝယ်ပေးခြင်း၊ ဓာတ်ပစ္စည်းဝယ်ပေးခြင်း၊ လုံထည့် ပေးခြင်း၊ ဇော်မံပေးခြင်း လုပ်ပေးရပါသည်။ ညဘက်ရောက်ပါလျှင် ရွှေဥမင်ဆရာ

တော်ကြီးအား နင်းနယ်ပေးရခြင်း၊ နှိပ်နယ်ပေးရခြင်း၊ တတောင်ဆစ်နှင့် ကြိတ်ပေးရခြင်း စသော ဝတ်ကြီးဝတ်ငယ်ကိစ္စများ လုပ်ပေးရင်းနှင့် တစ်ခါတစ်ရံ ဆရာတော်ကြီးအိပ်ရာ ဘေးတွင်ပင် အိပ်ပျော်သွားတာလည်း ရှိခဲ့ပါသည်။ အိပ်မောကျခဲ့တာလည်း ရှိခဲ့ဖူးပါသည်။

တစ်နေ့(ထိုနေ့ဆိုသည်ကို ယနေ့ထက်တိုင် အကျွန်ုပ် ဆရာတော်၏ ရင်ထဲ နှလုံးအိမ်ထဲတွင် စွဲမြဲစွာမှတ်မိနေခဲ့ပါသည်။ ထိုနေ့ကား တန်ဆောင်မုန်းလပြည့်နေ့ ညပိုင်း ဖြစ်ပါသည်။ ရွှေဥမင်တောရဆရာတော်ကြီးသည် အကျွန်ုပ်အား(ဝေပုလ္လ)ဟု ဘွဲ့နှင့်မခေါ် ပါဘဲ (မင်းလေး) ဟု အမြဲခေါ်ဝေါ်သုံးစွဲခဲ့ပါသည်။ ထို(မင်းလေး) ဆိုသော ဆရာတော်ကြီး ခေါ်တော်မူသော နာမည်လေးအား အကျွန်ုပ်လည်း ကျေနပ်အားရစွာ နှစ်သက်မြတ်နိုးစွာ လက်ခံကျေနပ်ခဲ့ပါသည်။ ဆရာတော်ကြီးသည် ငါ့အား တပည့်အရင်းကဲ့သို့ တန်ဖိုးထား ၍သာ ငါ့အား ဘွဲ့ကိုမခေါ်ဝေါ် မသုံးစွဲဘဲ(မင်းလေး)ဟု ခေါ်ခြင်းပါလားဟု ကျေနပ်မိ

ပါသည်။ အကျွန်ုပ်အားလည်း တခြားတခြား ဦးဇင်းတွေထက် တခြားတခြားသော တပည့် တွေထက် ပိုမိုချစ်ခင်ခြင်း၊ ပိုမိုအခွင့်အရေး ပေးခြင်းခံခဲ့ရဖူးပါသည်။

(တစ်နေ့)ဖြစ်သော အကျွန်ုပ်၏ရင်ထဲ နှလုံးသားထဲတွင် အမြဲမှတ်မိနေဖူးသော တန်ဆောင်မုန်းလပြည့်နေ့ ညဘက်တွင် ရွှေဥမင်တောရဆရာတော်ကြီးသည် အကျွန်ုပ်အား ခေါ်၍ သိမ်တော်ပေါ်သို့တက်ကာ ကောင်းကင်နက္ခတ် အသွားအလာတို့ကို သင်ကြားပြသ ပေးတော်မူပါသည်။ အရှေ့ဘက်က တက်လာသော နက္ခတ်များကို လေ့လာရခြင်း၊ မှတ်သားထားရခြင်း၊ အနောက်မိုးကုတ်စက်ဝိုင်းသို့ ဝင်တော့မည့်နက္ခတ်များ၊ မွန်းတည့် နေသည့် နက္ခတ်များ၊ လနှင့်စန်းယှဉ်နေသည့် နက္ခတ်များအား တစ်ညလုံး ပြသပေးတော် မူခဲ့ပါသည်။

` ဆရာတော်ကြီး၏ ကျောင်းပေါ်သို့ရောက်လျှင်လည်း အစောပိုင်းက ကောင်းကင် အမြင်နက္ခတ်များအား စာအုပ်ထဲတွင် ပုံစံနှင့်တကွ ရေးမှတ်သားရပါသည်။ ရေးရင်း မှတ်သားရင်းနှင့် ဆရာတော်ကြီးခြေရင်းဘေးတွင်ပင် အိပ်ပျော်သွားခဲ့ရပါသည်။ မိုးလင်း၍ အရုဏ်ဆွမ်းစားပြီးအချိန်တွင်ကား ရွှေဥမင်တောရဆရာတော်ကြီးသည် အကျွန်ုပ်အား သူ့ကျောင်းသို့လာပါရန် ဒကာတစ်ယောက်အား အခေါ်ခိုင်းလိုက်သောကြောင့် အကျွန်ုပ် လည်း ရုတ်တရက် အရေးတကြီး ဆရာတော်ကြီးထံသို့ ထွက်လာခဲ့ပြီး ဆရာတော်ကြီး ရှေ့တွင် ကျုံ့ကျုံ့ထိုင်ပြီး ကန်တော့လိုက်ပါတော့သည်။

ဤတွင် ဆရာတော်ကြီးက ... ။

“ဟဲ့ .. မင်းလေး ယခု ငါပြောမည့်စကားကို မင်း အလေးအနက်ထားပြီး နာယူစေချင်ပါတယ်ဟု မိန့်ပါတယ်” ဟု မိန့်ပါသည်။ သင်

“မှန်ပါဘုရား ဆရာတော်ကြီး မိန့်မှာချက်ကို တပည့်တော်လိုက်နာနေပါတ

ဘုရား အမိန့်ရှိတော်မူပါ ဘုရား” ဟု လျှောက်ထားလိုက်ပါသည်။ ဤသို့တွင် ရွှေဥမင်

တောရဆရာတော်ကြီးက ဤသို့မိန့်ပါသည်။ ကို ဆရာတော်ကြီး ...

“ညက မင်း ငါ့အနားမှာပဲ အိပ်ပျော် သွားခဲ့တယ်၊ ဒါနဲ့ဆိုရင် ငါမှတ်မိသလောက် ခြောက်ခါ ခုနစ်ခါလောက်တော့ရှိပြီကွ၊ ဒီ ကျောင်းပေါ်မှာ မင်းလာအိပ်တိုင်း လာအိပ်တိုင်းဟာ ညဘက်ချွေးထွက်တယ် အိုက်စပ်နေတယ်၊ မင်းလေးရဲ့ ဦးခေါင်းကို ကိုင်ကြည့်တော့လည်း တစ်ကိုယ်လုံးဟာ ပူပြင်းနေတော့တာပဲကွာ၊ မင်းလေးတစ်ကိုယ် လုံးဟာ တေဇောဓာတ် မီးဓာတ်တွေ အားကြီးနေတာ ငါသတိပြုမိတယ်”

ကျွန်ုပ်က ... ။ “အမိန့်ရှိပါဘုရား တပည့်တော်နာခံလျက် ရှိပါတယ်ဘုရား” ဟု ဆရာတော်ကြီး ...

“အခုတော့ မင်းလေးက ငယ်ငယ်ရွယ်ရွယ်ရှိသေးတာကိုးကွ၊ မင်းလေးရဲ့ ကိုယ်က တေဇောဓာတ်တွေ ဒီလောက်အားကြီးနေရင် တစ်နေ့ မင်း ဝါတော် သိက္ခာတော်ရ လာတာနှင့်အမျှ တန်ခိုးကြီးတဲ့ပုဂ္ဂိုလ်၊ အသိဉာဏ်ကြီးရင့်တဲ့ပုဂ္ဂိုလ်၊ လူအများ မင်းစိုးရာဇာ များက အထူးပူဇော် ကန်တော့ခံရတတ်တယ်ကွ၊ ဒီတော့ မင်းလေးကို ငါပညာရပ်တစ်ခု သင်ပေးမယ်ကွာ၊ မင်းကျင့်နိုင်ပါမလား” အကျွန်ုပ် ...

။ “ဆရာတော်ကြီးက သင်ကြားပေးအပ်ပါက တပည့်တော်ရိုသေစွာ လေးစားစွာ ကျင့်ဆောင်အားထုတ်ပါမည်ဘုရား”

ဆရာတော်ကြီး ...

“တို့ဆရာတော်ကြီးများ အစဉ်အဆက် လွန်ခဲ့သော နှစ်ပေါင်း နှစ်ရာကျော်ခန့်က ကျင့်ကြံပွားများအားထုတ်ခဲ့တဲ့ သတ္တဌာန နဝဌာန ကျင့်စဉ်ကို မင်းလေးကို ငါသင်ကြား ပေးမယ်ကွ၊ ဒီအကျင့်က ရှေးဆရာတော်ကြီးတွေရဲ့ အဆိုအရတော့ (သတ္တဌာန ကျင့်စဉ်)လို့လည်း ခေါ်တယ်ကွ၊ မောနေယျအကျင့်ကို ကျင့်ခဲ့သော လူဝိဇ္ဇာဓိုရ် မောနေယျ ဆရာကြီး ဦးထွန်းအောင်တို့၊ ယက္ကန်းစင်တောင်ဆရာတော်ကြီး ဦးဩဘာသတို့၊ ဒုတိယ ယက္ကန်းစင်တောင်ဆရာတော်ဟု အမည်ခံသော ဣစ္ဆာသယ ဣသိနာဂ သံသိပ္ပံဘွဲ့ခံ ဇင်ချုံး ဦးဥက္ကံသ ဆရာတော်ကြီးတို့၊ အောင်တော်မူ ဆရာထယ်တို့ကတော့ ဗုဒ္ဓဂုဏ်တော်(၉)ပါး

အား သတ္တဌာနအကျင့်နှင့်တွဲ၍ ကျင့်ကြံအားထုတ် ပေါက်မြောက်ခဲ့ဖူးသောကြောင့် ဒီအကျင့်ကို သတ္တဌာနအကျင့်၊ နဝဌာနအကျင့်လမ်းလို့ ခေါ်တယ်ကွ” ဖြည့်

“ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော် (၉) ပါးအား မိမိရဲ့ ခန္ဓာငါးပါး ရုပ်နာမ် တရားတွေမှာ ကိန်းဝပ်တည်နေအောင် ဂုဏ်တော်(၉)ပါးတို့အား မိမိရဲ့ ဟဒယဝတ္ထု အသည်းနှလုံးအိမ်မှာ တည်တံ့ကိန်းဝပ်နေအောင် ဦးနှောက်ထဲမှာ ကိန်းဝပ်တည်နေ အောင် ကျင့်ဆောင်အားထုတ်တဲ့နည်းပဲကွ၊ တစ်နည်းပြောရရင်လည်းကွာ သတ္တဌာနအကျင့်လမ်း၊ နဝဌာနအကျင့်လမ်းဖြင့် ဂုဏ်တော်(၉)ပါးအား သက်တော်ထင်ရှား ဗုဒ္ဓမြတ်စွာဘုရား နိမိတ်ပေါ်အောင် ဗုဒ္ဓနိမိတ်မျိုး မနောဒွါရိကတွင် ထင်မြင်လာအောင် ကျင့်ကြံပွားများ အားထုတ်တဲ့ နည်းပဲကွ” ။

“ဒီသတ္တဌာနဂုဏ်တော်အကျင့်လမ်းကို ကျင့်ကြံအားထုတ်လို့ အောင်မြင်ခဲ့ပါက မိမိရဲ့ မနောဒွါရမှာ သက်တော်ထင်ရှား ဗုဒ္ဓနိမိတ်များ၊ ဓမ္မနိမိတ်များ၊ သံဃနိမိတ်များ၊ ဗုဒ္ဓဓာတ်၊ ဓမ္မဓာတ်များ၊ ဂုဏ်တော်များ တည်လာပါလိမ့်မယ်ကွ၊ မိမိရဲ့ ဟဒယဝတ္ထု နှလုံးအိမ်ထဲမှာလည်း ဗုဒ္ဓနိမိတ်များ၊ ဂုဏ်တော်(၉)ပါးဓာတ်များ တည်မြဲလာတာနှင့်အမျှ

မင်းရဲ့ ခန္ဓာငါးပါး ရုပ်နာမ်တရားတွေဟာ ဗုဒ္ဓဂုဏ်တော်(၉)ပါးတို့ တည်မြဲလာ ခိုင်မြဲလာ သည့် ခန္ဓာစေတီတည်ပြီးသော ခန္ဓာစေတီထိုက်ပြီးသားဖြစ်လို့မို့ မင်းတန်ခိုးကြီးလိမ့်မယ်၊ ဘုန်းကြီးလိမ့်မယ်၊ ပညာကြီးလိမ့်မယ်၊ မင်းစိုးရာဇာများ၊ လူအများက မင်းကို ပူဇော် ကန်တော့လာကြလိမ့်မယ်၊ (၇) ရက်သားသမီးများက ပစ္စည်းလေးပါးတို့ဖြင့် မင်းကို ပူဇော်လှူဒါန်းလာကြလိမ့်မယ်ကွာ၊ ရှေးရှေးသော ဆရာကြီးများ ဆရာတော်ကြီးများ ကလည်း ဒီသတ္တဌာန၊ နဝဌာနကျင့်စဉ်ကို အားထုတ်တော်မူကြပြီး ပညာအမျိုးမျိုး၊ အတတ်အမျိုးမျိုး၊ သိဒ္ဓိအမျိုးမျိုးတို့ကို အောင်မြင်ပြီးစီးသွားကြတယ်ကွဲ၊ မင်းလေးက တေဇောဓာတ်အားများတဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့ အတွက် ဒီသတ္တဌာန၊ နဝဌာနအကျင့်လမ်းဟာ မင်းလေးနှင့် အလွန်ကိုက်ညီလိမ့်မယ်လို့ ငါထင်တယ်ကွာ၊ မင်းလေး ဘယ့်နှယ်လဲ”

ကျွန်ုပ်က ...

“မည်သို့မည်ပုံ ကျင့်ကြံ အားထုတ်ရမည်ဆိုတာကို သာ ဆရာတော်ကြီး အမိန့်ရှိတော်မူပါဘုရား၊ ဆရာတော်ကြီးမိန့်ကြားမည့် ထိုသတ္တဌာန၊ နဝဌာနအကျင့် လမ်းစဉ်ကြီးကို ရိုသေလေးစားစွာ ကျင့်ဆောင်လိုက်နာပါမည်ဘုရား” ဟု လျှောက်ထား

လိုက်လေရာ •••

ရွှေဥမင်တောရဆရာတော်ကြီးသည် အကျွန်ုပ် ဝေပုလ္လာရာမဆရာတော် လောင်းလျာအား ဂုဏ်တော်ကိုးပါးကို သတ္တဌာန၊ နဝဌာနလမ်းဖြင့် ကျင့်ကြံအားထုတ်ပုံ အစမှ အဆုံးတိုင်အောင် အောက်ပါအတိုင်း ဟောကြားခြင်း သင်ကြားပေးခြင်းပြုခဲ့ပါသည်။

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)