ဆရာတော်ဘဒ္ဒန္တနေမိန္ဒ - လူတိုင်းအတွက်ဓမ္မလက်ဆောင် ၂
နိဒါန်းစကား
လူတိုင်းအတွက် ဓမ္မလက်ဆောင် အမှတ်(၁)၊ အမှတ်(၂) စသည် ခွဲပြီး ရိုက်နှိပ်ရခြင်း၏အကြောင်းရင်း
လူ့ဘောင်, လူ့ဘဝ, လူ့လောကမှာ ပလိဗောဓဒုက္ခက များလေတော့ စာဖတ်စာကြည့် အချိန်မရှိက များကြပါ၏။ စာအုပ်က ထူနေရင် စာအုပ်ကိုကြည့်ရင်း ပင်ပန်းဖွယ်ရှိ၏။ ထို့ကြောင့် အမှတ်(၁)၊ (၂) ခွဲခြားလိုက်ရခြင်း ဖြစ်ပါ၏။
ဘာသာရေးစာပေဆိုတာ စီးပွားရေး, ကြီးပွားရေးနဲ့ မပတ်သက်ဘူးလို့ ထင်ကြမိသူတွေချည်းပါပဲ။ တကယ်တမ်း ဆန်းစစ်လေ့လာရင် ပတ်သက်မှုများစွာ ရှိပါ၏။
မြတ်ဗုဒ္ဓက လူဖြစ်လာပြီဆိုကတည်းက တာဝန်၊ ဝတ္တရား ကိုယ်စီရှိကြပါ၏ဟု သုတ်ပါထေယျပါဠိတော် သိင်္ဂါလောဝါဒ သုတ်မှာ မိန့်ဟခဲ့ပါ၏။
မိဘဝတ္တရား (တာဝန်)၊ သားသမီးဝတ္တရား (တာဝန်)၊ ဆရာဝတ္တရား (တာဝန်)၊ တပည့်ဝတ္တရား (တာဝန်) စသည်ပေါ့။ ၎င်းသုတ်မှာ တွေ့ရှိရပါ၏။ လိမ္မာမှု၊ ယဉ်ကျေးမှုတွေဟာ ဘာသာရေးကို အခြေခံသလို တိုးတက်ရေး၊ ကြီးပွားရေးဆိုတာ လည်း ဘာသာရေးကို အခြေခံလျက်ပါ။
စာအုပ်စာပေကို တန်ဖိုးမထားတဲ့ခေတ်ဆိုတော့ စာအုပ် စာပေက ပေးလာမည့်အသိဉာဏ် မိမိမှာ မရှိတာ သေချာပါ၏။ ဘာသာရေး လေ့လာဆည်းပူးမှု နည်းပါးလျှင် ထိုနည်းတူစွာ မှတ်သင့်ပါ၏။ ဘယ်လို ပြောရမလဲ၊ စာအုပ် လက်ဆောင်ကို ငွေတစ်ထောင်လောက် မမက်ဘူးပြောရမလား။ တန်ဖိုးမထား တတ်ဘူးပြောရမလား။ လူတစ်ယောက် အကြိုက်တစ်မျိုးဆို တော့ လူတစ်ထောင်ဆိုရင် အကြိုက်တစ်ထောင် ရှိသွားမှာပေါ့ နော်။
အရာဝတ္ထုပစ္စည်းမှန်သမျှ တန်ဖိုးရှိကြတာချည်းပါပဲ။ သုံးတဲ့သူက တန်ဖိုးမထားရင် တန်ဖိုးမများတော့ဘူး။ မသုံး တတ်ရင် အသုံးမတဲ့တော့ဘူးပေါ့။ ဒါဘယ်သူ၏အပြစ်လဲ။ ဘယ်သူ၏ အမှားလဲ စဉ်းစားစေလိုပါ၏။ အသုံးအဆောင် ပစ္စည်းမှန်သမျှ တန်ဖိုးရှိကြသလို သုံးတဲ့သူမှန်သမျှ တန်ဖိုးရှိ ကြဖို့ လိုအပ်ပါ၏။
ဥပမာ- လုံချည်တစ်ကွင်း သိမ်းမထား၊ ထိန်းမထားရင် ပျက်စီးသွားသလိုမျိုးကို ဆိုလိုပါ၏။ သုံးတဲ့သူက အသုံးမကျရင် ပျက်စီးလွယ်ခြင်းသဘော မျက်မှောက်ခေတ် နေရာတိုင်း တွေ့ နိုင်ပါ၏။
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ-ဟူသော ဒေသနာတော်ကို ကြည့်မယ်ဆိုရင် အလှူတကာတို့တွင် တရားအလှူသည် အမြတ် ဆုံးဟု ဆိုထားပါ၏။ အမြတ်ဆုံးတရားကို ဆည်းပူးမှ အမြတ် ဆုံးလူဖြစ်မည်ဟု သဘောပေါက်သင့်ပါ၏။
| စာအုပ်စာပေ ဖတ်ရှုလေ့လာခြင်းသည် ငွေကြေးကုန်ကျ မှု နည်းပါးပြီး ပစ္စုပ္ပန်ရော သံသရာပါ ကောင်းကျိုးများနိုင်ပါ၏။ မနှမြောတဲ့သူ မတွန့်တိုတဲ့သူ လောကမှာ မရှိပါဘူး။ အိတ် သွင် ဖာမှောက်ကို ဆိုလိုပါ၏။
ဒါကြောင့် အချိန်ယူပြီး စာအုပ်စာပေ ဖတ်ရှုလေ့လာ ကြပါ၊ ဆည်းပူးမှတ်သားကြပါဟု အားလုံး အားလုံးရဲ့ အကျိုးကို မျှော် နှိုးဆော်လိုက်ပါသတည်း။
ဘဒ္ဓန္တနေမိန္ဒ သာသနဇောတိပါလဓမ္မာစရိယ စာချကထိက၊ တိုက်အကျိုးတော်ဆောင်
စိတ်အကြောင်းသိကောင်းစရာ
အာရမ္မဏီ စိန္တေတီတိ စိတ္တံ၊ ဝိဇာနာတီတိ အ။ ဟုဋီကာဆရာများ၊ အဋ္ဌကထာဆရာများ ဖွင့်ဆိုထားသည့် အားလျော်စွာ ကြံတတ်သောကြောင့် စိတ်မည်၏။ ကြံစည် တယ်ဆိုတာ အာရုံသိခြင်းသဘောကို ဆိုလိုသည်။
တစ်နည်းအားဖြင့်ပြောရရင် ပြေးလွှားသွားလာနေသော သူတစ်ယောက်နှင့် ဥပမာတူ၏။ အမြဲတမ်း မနားတမ်း လှုပ်ရှား နေသောသဘောကို ဆောင်၏။ စိတ်မှာ အမြဲတမ်းယှဉ်တွဲ ဖြစ်
လေ့ရှိသော ကုသိုလ်, အကုသိုလ် သဘောတရားများ ရှိ၏။ ဒီသဘောတရားများကို အဘိဓမ္မာသင်ဖူးလေ့လာဖူးသော သူများသာ ပိုင်ပိုင်နိုင်နိုင်သိနိုင်၏ သိခွင့်ရှိ၏။
စာပေအရပြောရရင် အဘိဓမ္မတ္ထသင်္ဂဟကျမ်းဝယ် စေတသိက်ပိုင်း၌ ကုသိုလ်တရား အကုသိုလ်တရားများ ဖေါ်ပြ ပါရှိ၏၊ ထို့ကြောင့် စေတသိက်တရားများ ဖြစ်၏။
စေတသိက်ဟူသည်
စေတသိ ဘဝါ စေတသိကာ၊ စေတသိ- စိတ်၌။ ဘဝါ- ဖြစ်ကုန်သော တရားတို့။ စေတသိကာ၊ စိတ်၌ဖြစ်ကုန် သော တရားတို့၊ (ဝါ) စေတသိက်တို့။
စိတ်၌မှီတွယ်ပြီး အကောင်းအဆိုးအာရုံ၏ အရသာ ကို ခံစားခြင်း သဘောရှိ၏။ ဒါပေမဲ့ လောကလူတွေ သိထားတာ သိနေကြတာကတော့ စိတ်ပဲ။
စိတ်ကတော့ စိတ်ပါပဲ၊ အကောင်းအဆိုးဖြစ်အောင် ခြယ်လှယ်ခြင်း၊ ဖန်တီးခြင်းပြုလုပ်နေတာ နောက်ကွယ်က စေတသိက်ပါပဲ မသိသေးသူများ သိသာရုံမျှ ဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။
စိတ်၏ဆန်းကြယ်ပုံကို ကြည့်ကြစို့
ယနေ့ခေတ်ဟာ သိပ္ပံခေတ်ပါ၊ သိပ္ပံ အတတ်ပညာ လည်း ဘယ်ကလာသလဲ? ဆန်းစစ်ကြည့်လျှင် လူတစ်ဦး တစ်ယောက်၏ စိတ်က လာတာပါ။
ယနေ့ခေတ် အသုံးအဆောင် အဝတ်အစား အဆန်း အပြားတွေ ဘယ်ကလာလဲ? ဆန်းစစ်လိုက်တဲ့အခါ လူတစ်ဦး တစ်ယောက်၏စိတ်က လာတာပါ။ ဆန်းကြယ်တဲ့ပန်းချီပုံကား အဆန်းအပြားတွေ တွေ့ဘူး မြင်ဘူးကြမှာပါ။ ပန်းချီပုံကား ဆန်းပြားတာ ဆန်းကြယ်တာထက် စိတ်က ပိုပြီးဆန်းပြား ဆန်းကြယ်ပါတယ်။
စာရေးသူ ငယ်ငယ်က စာထဲမှာ သတ္တဝါအနန္တပုဒ်၏ သဘောသွားကို ကောင်းကောင်း နားမလည်ခဲ့ပါဘူး။ အမြင် အသိ မရှင်းခဲ့ပါဘူး။ Discovery ကြည့်လိုက်မှ သတ္တဝါအနန္တ ဆိုတဲ့စာပုဒ်ကို ရှင်းသွားတော့တယ်။
အဓိပ္ပါယ်က သတ္တဝါတွေဟာ မရေမတွက်နိုင်အောင် များပြားလွန်းတယ်၊ ဆန်းကြယ်လွန်းတယ်။ ဒီဆန်းကြယ်မှုကို လည်း ဘယ်သူက ပြုသလဲ၊ စိတ်ကပဲ သတ္တဝါအမျိုးမျိုးဖြစ်အောင် ဖန်တီးပေးလိုက်တာပဲ၊ ဆန်းကြယ်အောင် ဆန်းပြားအောင် တီထွင်ပေးလိုက်တာပဲ။ လောကကြီးရဲ့ အဆန်းအပြား မှန် သမျှဟာ လူတစ်ဦးတစ်ယောက်စိတ်ကပဲဖြစ်ပေါ် လာတာပါဟု မှတ်သင့်ပါသည်။
ဗုဒ္ဓဘာသာဝင်များ သိသင့်တာကိုမသိ ဖြစ်နေပါတယ်။ ဗုဒ္ဓဝါဒဗုဒ္ဓ၏ အယူအဆ လေ့လာကြည့်ရင် စိတ်ကိုပြုပြင်တဲ့ ဝါဒ၊ တစ်နည်းပြောရရင် စိတ်ကို မိမိလိုရာရအောင်၊ ရောက်
အောင် ထိန်းသိမ်းတဲ့ဝါဒ။ ယခုခေတ်က ရုပ်ကိုပြုပြင်တဲ့ဝါဒ၊ ရှိုးဝါဒ၊ မော်ဒယ်ဝါဒခေတ်ဖြစ်နေကြပြီ။ ဗုဒ္ဓဝါဒ, ဗုဒ္ဓအယူအဆ နဲ့ ယှဉ်ကြည့်လျှင် ပြောင်းပြန်ဖြစ်နေပြီ။
ဗုဒ္ဓက စိတ်အေးချမ်းအောင် တည်ဆောက်တဲ့ဝါဒ၊ ယခုခေတ် လူတွေလုပ်နေတာ လိုက်နေတာတွေက စိတ်ညစ်ရ တဲ့ဝါဒ၊ ဗုဒ္ဓဘာသာ ဗုဒ္ဓဘာသာနဲ့ ဗုဒ္ဓကို ညာနေကြတဲ့သူ တွေများနေကြပြီ၊ ညာနေသမျှ ငြီးငြူမှုမပြတ် ဖြစ်နေကြဦး မည်ဟု စာရေးသူမှ သတိပေးချင်ပါသည်။
ငြီးလှူဟူသည် စိတ်ဆင်းရဲ ကိုယ်ပင်ပန်းခြင်းကိုဆိုလို သည်၊ စိတ်၏သဘောကို စစ်ဆေးကြည့်လျှင် စိတ်အကြောင်း စိတ်၏သဘော မသိသူ နားမလည်သူများကို မိမိစိတ်ကပဲ ဗလောင်းဗလဲဖြစ်အောင် ဆင်းရဲခြင်းတွေ ပူပန်ခြင်းတွေဖြစ်
အောင် လုပ်ဆောင်လျက်၊ ပြောဆိုလျက် ကြံစည်လျက်ရှိနေ သည်ကို တွေ့မြင်ရပါသည်။
အမှားကိုလည်း အမှန်ထင်အောင် အမှန်ကိုလည်း အမှားထင်အောင်၊ အရှိကိုလည်း မရှိထင်အောင် မရှိကိုလည်း အရှိထင်အောင် လုပ်ဆောင်လျက်ရှိနေပါသည်။ ။
စိတ်ဆိုတာ စာပေအရ တကယ်ရှိပါတယ်၊ သို့သော် တကယ်မြင်ရတဲ့အရာ, ကိုင်ပြလို့ရတဲ့အရာမျိုး မဟုတ်ဘူး။ လူတစ်ဦးတစ်ယောက်နာမည်၊ ပစ္စည်းတစ်ခုနာမည်လို ခေါ် ဝေါ်ဖြစ်အောင် မှည့်ထားတာမျိုးလည်း မဟုတ်ဘူး။
မင်း ငါ့စိတ်ကို စမ်းနေတာလား၊ သတ္တိရှိရင် ငါ့ထိကြည့် ပါလားဆိုသော စကားလုံးတွေဟာ မရှိကို အရှိထင်အောင် လုပ်ထားတာပါ။ ငါဆိုတာ တကယ်ရှာလျှင် တကယ်မရှိဘူး။ နားလည်လွယ်အောင် သုံးနှုန်းထားတာပါ၊ ပုထုဇဉ်လူတွေဆို တာ အတော်ကို ခက်ပါတယ်။ ဘာပြုလို့လဲ ကိုယ်လုပ်တာ ကိုယ်ပြောတာ ကိုယ်ကြံစည်တာမှ ဟုတ်တယ်လို့ထင်နေလို့ပဲ။
“ပုထု ကိလေသေ ဇနေတီတိ ပုထုဇ္ဇနော” ဟု အဋ္ဌကထာဆရာတို့ ဖွင့်ဆိုကြ၏။
ပုထု၊ များစွာကုန်သော။ ကိလေသေ၊ ကိလေသာ တို့ကို။ ဇနေတိ၊ ဖြစ်စေတတ်၏။ ဣတိ၊ ထို့ကြောင့်။ ပုထုဇ္ဇနော၊ ပုထုဇဉ်မည်၏။ များစွာကုန်သော ကိလေသာ (စိတ်ညစ်နွမ်း ခြင်းသဘော)တို့ကို ဖြစ်စေတတ်သောကြောင့် ပုထုဇဉ်မည် ပါသတဲ့။
သုဒုဒ္ဓသံ သုနိပုဏံ၊ ယတ္ထကာမနိပါတိနံ။ စိတ္တံ ရက္ခထ မေဓာဝီ၊ စိတ္တံ ဂုတ္တံ သုခါဝဟံ။
ဓမ္မပဒ-၁၈ သုဒုဒ္ဒသံ၊ အလွန်မြင်နိုင်ခဲစွာထသော။ သုနိပုဏံ၊ အလွန်သိမ်မွေ့စွာထသော။ ယတ္ထကာမနိပါတိနံ၊ မျိုးနွယ် နိမ့်မြင့် သင့်မသင့်ကို မချင့်တွက်ဘဲ အမှတ်မရှိ ကာမဂုဏ်
အာရုံ၌ ကျက်စားလေ့ရှိထသော။ စိတ္တံ၊ စိတ်ကို။ မေဓာဝီ၊ ပညာရှိသည်။ ရက္ခထ၊ စောင့်ထိန်းရာ၏။ ဂုတ္တံ၊ စောင့်၍ လုံသော။ စိတ္တံ၊ စိတ်သည်။ သုခါဝဟံ၊ ချမ်းသာကိုဆောင် တတ်၏။
စိတ်ဆိုတာ မြင်နိုင်ခဲတဲ့ အရာဝတ္ထု၊ အလွန်သိမ်မွေ့နူး ( ညံ့တဲ့အရာဝတ္ထု၊ မြင်မြင်သမျှ ကောင်းလျှင်လိုချင်၊ လှလျှင် လိုချင်တတ်သော သဘောရှိတဲ့စိတ်ကလေးကို ပညာရှိပီပီ စောင့်ထိန်းပါ၊ အောင့်အည်းထားပါ၊ စောင့်ထိန်းနိုင်, အောင့် အည်းနိုင်တဲ့စိတ်ကလေးက သင့်ကို ချမ်းသာအောင် ဆောင် ရွက်ပေးနိုင်ပါတယ်လို့ ဆိုလိုခြင်း ဖြစ်သည်။
ကောက်နုတ်ချက်ကို ဖော်ပြပါဆိုလျှင် မေဓာဝီပုဒ်ကိုပဲ စာရေးသူက ဖော်ပြချင်ပါသည်။ ။
ဘာကြောင့်လဲ? စိတ်ကို ထိန်းသိမ်းနိုင်တယ်ဆိုတာ ပညာရှိမှ အသိဉာဏ်ရှိမှ ပညာမဲ့ အသိဉာဏ်မဲ့နေလျှင် မီး ခန္ဓာကိုယ်ဟာ စိတ်၏တမန်သည်ဘဝ ရောက်မှန်းမသိချောက် နေသလို ခိုင်းမှန်းမသိ အခိုင်းခံနေကြသူတွေဖြစ်နေမှာ သေချာ
| ပါတယ်။ စာဖတ်သူတို့ကိုယ်တိုင်လည်း အဖြေရှာကြည့်သင့် | ပါတယ်။ အဖြေရှာတဲ့နေရာမှာ ဗုဒ္ဓစာပေနှင့်ညီလျှင် အမှန်ပဲ
ပေါ့။ မညီလျှင် မှားကောင်း မှားနိုင်ပါ၏။ ဤကား ဓမ္မသဘာဝ အလိုတည်း၊ လောကသဘာဝအလိုနှင့်တော့ ပုံသေပြောလို့ ရနိုင်မည် မဟုတ်ပေ။
အချို့က ဗုဒ္ဓစာပေကို ကြည့်ရုံနဲ့ ငြီးငွေ့ကြတာ ရှိကြ | ပါတယ်။ ဗုဒ္ဓစာပေကိုဖတ်လျှင်ပဲ စိတ်ဓာတ်ကျသလို ဖြစ်သွား ကြတာ တွေ့နေရပါတယ်။ ဒါလည်း ဖြစ်နိုင်လောက်ပါတယ်၊ အရက် မကြိုက်သူတစ်ယောက် အရက်သောက်သလို ဖြစ်သွား လို့ ရှိမှာပါ။
လောကအာရုံ လောကအတွေ့တွေဟာ ငယ်ငယ်က တော့ ဟုတ်သယောင်ယောင်ပဲ၊ ကြီးလာလေ ကြာလာလေ ဘာတစ်ခုမှ ဟုတ်တာ မတွေ့ရဘူး။ မဟုတ်တာတွေနဲ့ လုံးထွေး ပြီး ဖြတ်သန်းနေကြတာပဲ။ လောကအာရုံကို အဟုတ်ထင်နေ တာလည်း စိတ်ပဲ၊ လောကအတွေ့ အမှန်ထင်နေတာလည်း စိတ်ပါပဲ။
ပါပသို့ ရမတိ မနော၊ ဓမ္မပဒ
မနော၊ စိတ်သည်။ ပါပသို့၊ မကောင်းမှု၌။ ရမတိ၊ မွေ့လျော်၏။ (ဝါ) ပျော်၏။
စိတ်ဟာ မကောင်းတဲ့နေရာ မကောင်းတဲ့အလုပ်မှာ မွေ့လျော်ပျော်တဲ့သဘောရှိတယ်လို့ ဆိုလိုခြင်း ဖြစ်သည်။