Skip to product information
1 of 12

စိတ်ကူးချိုချိုစာပေ

ဆန်းလွင် - အနာဂါတ်ကြိုစာပေအနုပညာသဘောမှန်၀ါဒသစ်နှင့်ကဗျာဒဿန

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out

ချက်သည် စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုပင် ဖြစ်သည်။

စီးပွားရေး တိုးတက်ဖွံ့ဖြိုးရေးဟူရာတွင်လည်း စက်မှုထွန်းကားခြင်းပင် ဖြစ်သည်ဟု ယူဆလျက် ရှိကြလေသည်။

“ယင်းခေါင်းဆောင်တို့သည် စက်မှုလက်မှု ထူထောင်ရေး ကို ဆောင်ရွက်သောအခါ၌မူကား အမေရိကန် ပြည်ထောင်စု၊ ဥရောပ စက်မှုနိုင်ငံများနှင့် ဂျပန်နိုင်ငံ စသော (အရင်းရှင်) နိုင်ငံများ၏ နမူနာကိုမယူကြဘဲ ကိုယ့်နည်းကိုယ့်ဟန်များဖြင့် သာ ဆောင်ရွက်တတ်ကြပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံ ခေါင်းဆောင် တိုင်းသည် စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုကို လျင်မြန်သော အရှိန် အဟုန်ဖြင့် ဆောင်ရွက်နိုင်မည့် နည်းလမ်းသည်လည်း ဆိုရှယ် လစ် နည်းလမ်းသာ ဖြစ်သည်ဟုလည်း ခံယူ ကျင့်သုံးတတ် ကြလေသည်။ အရင်းရှင်ဝါဒကို ငြင်းပယ်၍ ဆိုရှယ်လစ်ဝါဒ ကို နှစ်သက်လက်ခံကြခြင်းသည် ကိုယ်ကျင့် တရားအကြောင်း ကိစ္စနှင့် စီးပွားရေး အကြောင်း ကိစ္စနှစ်ရပ်ကြောင့် ဖြစ်ပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ လက်ခံကျင့်သုံးသော ဆိုရှယ်လစ်ဝါဒသည် အမြတ်ထုတ်ခြင်းကင်း၍ တရားမျှတခြင်းကို အခြေခံသော လူ့အဖွဲ့ အစည်း တစ်ရပ်ကို တည်ဆောက်နိုင်ရန်ပင် ဖြစ်၏။ သို့ဖြစ်သောကြောင့် အဆင်အခြင်ကင်းသော ပရမ်းပတာ ရောင်းဝယ်ဖောက်ကားမှုအစား စီမံကိန်းချ၍ ဆင်ဆင်ခြင်ခြင် ဆောင်ရွက်ခြင်း၊ အမြတ်ထုတ်၍ စွန့်စားယှဉ်ပြိုင်ကာ တိုင်း တစ်ပါးကို ကျူးကျော်လိုမှုများကို ဆန့်ကျင်သည့် စက်မှုနိုင်ငံ ထူထောင်ခြင်းမျိုးကိုသာ ဖွံ့ဖြိုးဆဲနိုင်ငံတိုင်းလိုပင် ရည်မှန်းချက် ထား၍ ဆောင်ရွက်နေကြပါသည်။ အာရှ၊ အာဖရိက၊ လက် တင်အမေရိက၊ အရှေ့အလယ်ပိုင်းနိုင်ငံတိုင်းသည် အထက်ပါရည်မှန်းချက်ထားကြရာ၌ တူညီကြပါသည်။ ယင်းရည်မှန်း ချက်ကို အကောင်အထည်ဖော်ရာမှာသာ ကိုယ့်နည်းကိုယ့်ဟန် ဖြင့် ဆောင်ရွက်တတ်ကြလေသည်”

 

                  ဖွံ့ဖြိုးဆဲ လူ့အဖွဲ့အစည်းများ၏ သဘောမှန်များ

 

၁၄။ ဖွံ့ဖြိုးဆဲ လူ့အဖွဲ့ အစည်းဆိုသည်မှာ အကျဉ်းအားဖြင့် ဆင်းရဲ၍ ခေတ်နောက်ကျသော အဖွဲ့              အစည်းကို သင့်အောင် ခေါ်သော စကားရပ် ဖြစ်သည်။ '

၁၅။ ဖွံ့ဖြိုးဆဲ လူ့အဖွဲ့အစည်းများ၏ ယေဘုယျလက္ခဏာ (သဘောသရုပ်)များမှာ အောက်ပါအတိုင်း ဖြစ်သည်။ ဖွံ့ဖြိုးဆဲ လူ့ အဖွဲ့ အစည်းတိုင်းသည်..၊

 - ဝင်ငွေနည်းသည်။

- လယ်ယာကုန်ထုတ်လုပ်ငန်းကို အဓိက အခြေစိုက်ကြသည်။

- လုပ်အားအခြေစိုက် ထုတ်ကုန်အားကိုး စက်မှုမျိုးသာ ရှိသည်။

- လူဦးရေ အတိုးနှုန်းမြန်ပြီး ထုတ်လုပ်မှု အလုပ်ခွင်ရှားပါးသည်။ ထို့ကြောင့်...

- အလုပ်လက်မဲ့ များသည်။

- ရသမျှဝင်ငွေ (လုပ်ခ)သည် စားရုံဖြင့်ကုန်သည်။

- ခေတ်မီအတတ်ပညာ နည်းသစ်များ ချို့တဲ့သည်။

- ကျန်းမာရေး အဆင့်နိမ့်ကျသည်။

- ဖွံ့ဖြိုးပြီး စက်မှုနိုင်ငံကြီးများ၏ အကူအညီပေးမှုအပေါ် ပို၍ မှီခိုနေရသည်။

 

- ကြွေးပိသော စီးပွားရေးဝန်ထုပ်ဖိအားကို ခံနေရသည်။

- ကမ္ဘာ့ဈေးကွက်တွင် အနှိမ်ခံအဆင့်ဖြင့်သာ ကူးသန်း ရောင်း

ဝယ်ရသည်၊ မယှဉ်ပြိုင်နိုင်။

- အထွေထွေ အကျပ်အတည်းများကြောင့် ပြည်တွင်း မငြိမ်သက်မှု များသည်။ ။

- အချို့ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပြည်ပစွက်ဖက်မှုဒဏ်၊ စီးပွားရေး အရေးယူပိတ်ဆို့မှု ဒဏ်များကိုပါ ခံနေရသည်။

- ကမ္ဘာ့စီးပွားရေး အကျပ်အတည်းများ ကြုံလာသောအခါထိုဒဏ်ကို ထိုဖွံ့ဖြိုးဆဲတို့ အများဆုံးခံရသည်။

- အလုပ်ကို အကြောင်းပြု၍ တောသူတောင်သားများ မြို့ပြသို့ ရွှေ့ပြောင်းမှုနှုန်း များသည်။

- ဖွံ့ဖြိုးပြီးနိုင်ငံများ၏ စီးပွားရေး ကျော်နင်းမှုနှင့် ယဉ်ကျေးမှုထိုးဖောက်ကျော်နင်းမှုကို ခံစားရသည်။ ၁၆။ ဖွံ့ဖြိုးဆဲ လူ့အဖွဲ့ အစည်းများ၏ အကျိုး ဆိုသည်မှာ အထက်ဖော်ပြပါ အထွေထွေ အကျပ်အတည်း အခက်အခဲများကိုကျော်လွန်ရေးပင် ဖြစ်သည်။

၁၇။ “လူ့ဘောင်သစ် တည်ဆောက်ရေးဆိုသည်မှာ ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ အနာဂတ် မျှော်လင့်ချက် (ရည်မှန်းချက်) ဖြစ်သည်။

၁၈။ “အနာဂတ်ကြိုသဘောမှန်ဝါဒသစ်သည် ဖွံ့ဖြိုးဆဲလူ့အဖွဲ့အစည်းများ ပက်ပင်းကြုံနေသော အထက်ပါ အခက်အခဲ၊ အကျပ်အတည်းမှ ကျော်လွန်ထွက်မြောက်ရေးအတွက် လည်း

ကောင်း၊ “လူ့ဘောင်သစ် တည်ဆောက်ရေး” မျှော်လင့်ချက်များ ရှင်သန်နိုးကြားလာရေးအတွက် လည်းကောင်း အနာဂတ်တွင် ပိုမိုကောင်းမွန်သော ဘဝအစစ်အမှန် (သစ္စာ) တရားများကိုအနုပညာခံစားသူ ပရိသတ်၏ နှလုံးသား၌ တမ်းတအောင် ကြည်နူးနှစ်သိမ့်အောင်၊ ယုံကြည်သက်ဝင်အောင်၊ ဆန်းသစ်၍ ရှင်သန်လှုပ်ရှားတက်ကြွသည့် နည်းနိဿယ (ဒိုင်းနမစ် ပုံစံ) ဖြင့် ထင်ရှားအောင် ဖော်ကျူးသော အနုပညာ လုပ်ငန်းလုပ် ဟန် ဖြစ်သည်။

                 အနာဂတ်ကြို သဘောမှန်ဝါဒ၏ ခံယူချက်

 

၁၉။ ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ အမျိုးသားတိုးတက်ရေး (စီးပွားတိုး တက်ဖွံ့ဖြိုးရေး) သည် ထိုလူ့အဖွဲ့ အစည်းများ၌ ကျယ်ပြန့်သော စက်မှုဘဝသစ်ကို (မည်သည့်နည်းလမ်း၊ စနစ်ဖြင့် ဖြစ်စေ) တည်ဆောက်နိုင်မှုအပေါ်တွင် တည်သည်ဟု ဤဝါဒ က ခံယူသည်။

၂၀။ နိုင်ငံရေး တည်ငြိမ်မှု မရှိသော်လည်း တိုးတက်ကြီးပွားသော အီတလီလိုနိုင်ငံကို ကြည့်ခြင်းဖြင့် လည်းကောင်း၊ နိုင်ငံရေး တည်ငြိမ်မှုရှိပြီး တိုးတက်ကြီးပွားလိုကြသော အရှေ့ဥရောပ (ဆိုရှယ်လစ်) နိုင်ငံများကို ကြည့်ခြင်းအားဖြင့် လည်းကောင်း လူ့ဘောင် အဖွဲ့ အစည်း တစ်ခုတွင် ကျယ်ပြန့်သော စက်မှု ဘဝကို ထူထောင်နိုင်ခြင်းမှာ ထိုလူ့အဖွဲ့ အစည်းများအဖို့ မရှိ မဖြစ် လိုအပ်သော ခေတ်မီအတတ်ပညာနည်းနာများ (Technical Know-how) ကို အလုံအလောက်ရရှိခြင်း၊ ထို အတတ်ပညာ ဆန်းများဖြင့် တည်ဆောက်မှသာ မိမိတို့ ဘဝ မုချတိုးတက်ကြီးပွားမည်ဟူသော ယုံကြည်မျှော်လင့်ချက်ကို ခိုင်မာမြဲမြံစွာ ထားရှိနိုင်ခြင်းနှင့် ရိုးသားစွာ မဖြစ်မနေ ဇွဲလုံ့လ ဖြင့် ဝိုင်းဝန်းကြိုးပမ်းကြခြင်းကြောင့်သာ ဖြစ်သည်ဟုလည်း ရှုမြင်သုံးသပ်ပါသည်။

 

၂၁။ ဖွံ့ဖြိုးဆဲနိုင်ငံများ၌ စက်မှုဘဝသစ် ဖြစ်ပေါ်အောင် တည်ဆောက်သောအခါ တည်ဆဲမတိုးတက်ရသည့်အကြောင်းများ၊ အခြေအနေများ၊ အရှိတရားများ၊ သဘောသဘာဝများ အားလုံး ကို ပြောင်းလဲစေရသည်။ ဖျက်သိမ်းသင့်သည်ကို ဖျက်သိမ်းစေ ရသည်။ ရွှေ့ဆိုင်းသင့်သည်ကို ရွှေ့ဆိုင်းစေရသည်ဆိုသော “ပြောင်းလဲခြင်း သဘောမှန်များ” ကိုလည်း အစစ်အမှန် (သစ္စာ) တရားများပင် ဖြစ်သည်ဟု ဤအနာဂတ်ကြို သဘောမှန်ဝါဒက ခံယူသည်။ ။

 ၂၂။ အဟောင်းနှင့်အသစ် ပြောင်းလဲဖြစ်ပေါ်ရာတွင် သဘာဝအရဖြစ်တတ်သော အခက်အခဲများ၊ အတားအဆီးများ ကြုံရသော အခါ ၎င်းကို ယုတ္တိအမြင်ဖြင့် ဆင်ခြင်သုံးသပ်အပ်သော အနု ပညာရှင်၏ ပဋိဘာန်ဉာဏ်ကွန့်မြူးမှုဖြင့် လူသားများက ထိုအခက်အခဲများကို ရင်ဆိုင်ရဲအောင်၊ ကြံ့ခိုင်သော စိတ်ဖြင့်ကျော်လွှားနိုင်အောင် အနာဂတ်ကြို စာပေအနုပညာ သဘော မှန်ဝါဒသစ်က ထင်ရှားစွာ ဖော်ကျူးမည် ဖြစ်ပါသည်။ သို့

သော်လည်း လူ့ပယောဂကြောင့်ဖြစ်သော အကျင့်ပျက်မှုများ၊ ဆုံးရှုံးနစ်နာမှုများကိုမူကား လူအများ မုန်းအောင်၊ မသတီအောင်၊ ရှက်တတ်အောင် အနုပညာရှင်၏ ရိုးဖြောင့်သော စိတ်စေတနာမှန် (မွန်မြတ်သော ယောနိသော မနသိကာရ)ဖြင့် သံဝေဂဖြစ်ဖွယ်၊ ထိတ်လန့်ဖွယ်၊ တုန်လှုပ်ဖွယ် ရသပါသော ဖန်တီးချက်များဖြင့် ဤအနုပညာသစ်ကို ဖော်ထုတ်ရမည်ဖြစ်သည်။

 ၂၃။ ဤအနုပညာဝါဒသည် အမျိုးသားဟန် လက္ခဏာကိုသာ

ဆောင်ယူသည်။ လူ့အဖွဲ့ အစည်းတစ်ရပ်၏ ပကတိရေမြေသဘာဝနှင့် ဓလေ့ထုံးစံတန်ဖိုးများကို ကိုယ်စားပြုကြောင်း” (အပိုဒ်-၁၁) ဖော်ပြခဲ့ပြီးဖြစ်ရာ ဤအမြင်တွင် အမျိုးသား အချင်းချင်း စိတ်ဝမ်းကွဲစေသည့် အမျိုးသားအချင်းချင်း နှိပ် စက်ကလူ ပြုမူလိုသည့်အခါ လက်နက်အဖြစ်သုံးမည့် မည် သည့် ရန်လိုသည့်အမြင် (ဝါဒ၊ အယူအဆ) မျိုးကိုမှ (အဂတိ ကင်းသော အယူအဖြစ်) လက်ခံမည် မဟုတ်ချေ။ အဒေါသစေတနာကိုသာ အလှတရား” အဖြစ် ခံယူသည်။

 ၂၄။ ကျန်းမာသောကိုယ်သည် အပြစ်အနာကင်းသကဲ့သို့ ကျန်းမာသော စိတ်သည်လည်း အပြစ်အနာကင်းသော စိတ်ပင် ဖြစ် သည်။ အပြစ်အနာကင်းသောစိတ်က မွေးဖွားလာသော အနု ပညာ သန္ဓေသားသည်လည်း (မျိုးရိုးလိုက်သော အနာကင်း သည်ဖြစ်၍) ကျန်းမာသန်စွမ်းသော အနုပညာ ဖြစ်သည် ဟူ၍ဤဝါဒက လက်ခံယူဆသည်။

 ၂၅။ ကျန်းမာသန်စွမ်းသူသည် မိမိစားသုံးသည်ထက် ပို၍ ထုတ်လုပ်နိုင်သည်။ ကျန်းမာသန်စွမ်းခြင်း မရှိသောသူသည် မိမိ ထုတ်လုပ်သည်ထက် ပို၍ စားသုံးသည် ဟူသော ဘဝ၏ အမှန်တရားကို အနုပညာဖန်တီး ထုတ်လုပ်ခြင်း၌လည်း ထိုနည်းအတိုင်းပင် ဖြစ်သည်ဟု ဤအနုပညာဝါဒက ရှုမြင်

ပါသည်။

၂၆။ စိတ်ကျန်းမာသော အနုပညာရှင်များသာလျှင် တင်္ခဏုပ္ပတ္တိဉာဏ်၊ ပဋိဘာန်ဉာဏ် ရှင်သန်ထက်မြက်ရကား ထိုသို့သော အနုပညာရှင်မျိုးသည်သာ အဆင့်မြင့် အတတ်ပညာများ အပေါ်တွင် အခြေခံထားသော အနာဂတ် စက်မှုဘဝသစ်တွင် ထွန်းပလာမည့် “စက်မှုအနုပညာသစ်”

(New IndustrialArt) ၏ နက်ရှိုင်းကျယ်ဝန်းလှသည့် သဘောများကို ရှာဖွေ ဖော်ထုတ်နိုင်သည်။ ကြံစည်ဖန်တီးနိုင်သည်ဟု နားလည်သည်။

၂၇။ စက်မှုအနုပညာသစ်ကို ကြံစည်ဖန်တီးနိုင်သော အနုပညာရှင်သည် စားသုံးသူ ပရိသတ်၏ အကြိုက်များစွာကို ဖန်တီး ထုတ်လုပ်ကာ စက်မှုဘဝသစ်၏ တိုးတက်ထွန်းကား ကြီးပွား မှုကိုပါ ဦးဆောင်သူ၊ တွန်းတင်သူအဖြစ် မိမိ၏ ကိုယ်ရည် ကိုယ်သွေးကို ထုတ်ဖော်ပြသနိုင်သည်။ (ဂျပန်ကားများ၊ ဟွန် ဒါဆိုင်ကယ်များ၊ ဆီကိုနာရီ၊ တယ်လီဗီးရှင်းများ နိုင်ငံတကာ ဈေးကွက်တွင် လူကြိုက်များနေခြင်းမှာ ပစ္စည်းပိုကောင်း၍ မဟုတ်၊ ၎င်းတို့အလှကို ဖန်တီးရာတွင် ထက်မြက်ခြင်းကြောင့် လူကြိုက်များနေသည်ကို သတိပြုသင့်ပါသည်။)

                       အမှန်တရားအသစ်များနှင့် အနုဘာဝအသစ်များ

 ၂၈။ ဖွံ့ဖြိုးဆဲနိုင်ငံများ၌ အမျိုးသားတိုးတက်ရေး စီမံဆောင်ရွက်ချက်များကို အစပျိုးသည်နှင့် ထိုနိုင်ငံများ၏ ပင်မစီးပွားရေး အခြေခံဖြစ်သော လယ်ယာမြေပေါ်သို့ စက်မှုဘဝ စတင်ရောက်ရှိလာမည် ဖြစ်ပါသည်။ ထိုအခါ အများစုဖြစ်သော ီလယ်သမား (ကျေးလက်နေ ပြည်သူများ) မှာလည်း (မြို့နေ စက်ရုံ အလုပ်သမားများကဲ့သို့) စက်များနှင့် ဆက်စပ်သော အတွေ့အကြုံသစ်များ ရရှိလာမည် ဖြစ်ပါသည်။ စက်မှုဘဝ သစ်က လူမှုဆက်ဆံရေး ဘဝသစ်ကိုပါ ဖန်တီးဖြစ်ပေါ်စေ မည် ဖြစ်ပါသည်။ ပတ်ဝန်းကျင် အခြေအနေသစ်များကကျေးလက်ဘဝ၏ ခံစားချက်အသစ်များကို ပြောင်းလဲဖြစ် ပေါ်စေမည် ဖြစ်ပါသည်။