ဆန်းလွင် - ထေရ၀ါဒအခြေခံအယူအဆများကိုအဆင်မြင့်နားလည်ခြင်း
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
ထေရဝါဒ အခြေခံ အယူအဆများကို
အဆင့်မြင့် နားလည်ခြင်း ရှေးဦး ဧည့်ခံစကား အကျွန်ုပ်၏ ရင်ထဲတွင် အနာဂတ် ပိုင်ရှင် ဗုဒ္ဓဘာသာဝင် လူငယ် ပရိသတ်နှင့် ပတ်သက်သော ခံစားချက် တစ်ခု ရှိခဲ့ပါသည်။ ထိုခံစားချက်၏ သဘောကို “ထေရဝါဒ အုတ်မြစ်များ အဖွင့်” စာအုပ်တွင် ပထမ တင်ပြခဲ့ပါသည်။ ထပ်မံ၍
ထိုခံစားချက် သဘောကို ပိုမို ထင်ရှားအောင် ဆိုရဦးမည် ဆိုလျှင်၊ လာမည့် | အနာဂတ်တွင် ယနေ့ မျက်မှောက် လူငယ်များသည် မိမိတို့ ယုံကြည်ကိုးကွယ် | ဆည်းကပ်သော ဗုဒ္ဓဘာသာ (ထေရဝါဒ)က လက်ခံထားသော အခြေခံ အယူအဆများ၏ သဘောအမှန်ကို ထိုးထွင်း၍ သိမြင် နားလည်သူများ ဖြစ်စေချင်သော ဆန္ဒ ဖြစ်ပါသည်။ သုတဝါအရိယာသာဝကောတွေ ဖြစ်ကြ စေချင်ပါသည်။ ထိုသို့ ဖြစ်မှသာ လူငယ်များ၏ စိတ်ထဲတွင် မိမိတို့ ယုံကြည် ကိုးကွယ်သော ဘာသာအယူဝါဒ၏ အနှစ်သာရ တန်ဖိုးနှင့် နက်နဲမှုများကို ပိုမိုတန်ဖိုးထားတတ်လာပြီးလျှင် မြတ်ဗုဒ္ဓ၏ သာသနာ အဆုံးအမတော်များနှင့် | အညီ နေတတ်ထိုင်တတ် လာပါလိမ့်မည်။ ထိုအဆုံးအမတော်များအပေါ် ယုံကြည်ကိုးစားမှု တိုးပွား လာကြပါလိမ့်မည်။ ထိုအခါ ဓမ္မကို ဘဝထဲမှာ အသုံးချတတ်သူများ ဖြစ်လာကြ ပါလိမ့်မည်။ ။
မိမိသည် ဗုဒ္ဓဘာသာဝင် ဖြစ်ရခြင်းမှာ ဘဝ အရ တော်လေဟု | နားလည် သဘောပေါက်လာကြမည်။ ထိုသို့ သဘောပေါက်လာပြီဆိုလျှင်
မိမိသည် ဦဟိတ်လား၊ တိဟိတ်လား ခွဲခြား သိမြင်လာပါလိမ့်မည်။ ထိုအခါ လူ့ဘဝကို မိမိ ရောက်လာခြင်းသည် အကြောင်းမဲ့ ရောက်လာခြင်း မဟုတ်ဘဲ၊ အကြောင်း ကိစ္စရှိ၍ ရောက်လာရခြင်း ဖြစ်သည်ကို သိနားလည်လာလိမ့်မည်။
ထိုသို့ နားလည်လာပြီ ဆိုမှသာ မိမိ လူ့ဘဝကို ရောက်လာရခြင်း၏ ဘဝ ကိစ္စ | ဘဝ ရည်မှန်းချက်ကို ပီပီပြင်ပြင် ထင်ထင်ရှားရှား နားလည်လာမခံ ဖြစ်ပါ သည်။ ။
ပထမဦးစွာ ဗုဒ္ဓဘာသာဝင် သူတော်စင် အရိယာသာဝကသည် မိမိ | လူ့ဘဝကို ဘာလုပ်ဖို့ ရောက်လာတာလဲဆိုသော အမေးပုစ္ဆာကို နားလည်အောင်
အားထုတ်ရမည်။ ထိုအချက်ကို နားလည်မှသာ ဘဝပန်းတိုင်ကို တွေ့ပါလိမ့် မည်။ လူငယ်တွေမှာ ဘဝပန်းတိုင် မသိလျှင်၊ ဘဝလမ်း ပျောက်နေပါလိမ့် မည်။ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်ကော့သည် ဘဝပန်းတိုင် ဘာမှန်း မသိ၍ ဘဝ လမ်းပေါ်မှာ စမ်းတဝါးဝါး လျှောက်သွားနေကြရသူများနှင့် တူနေသည်ဟု အကျွန်ုပ် ရင်ထဲမှာ ခံစားရပါသည်။ ။
အမှန်မှာ ဘဝလမ်းကို ရှာတွေ့ရပြီး နောက်မှာပင် လမ်းကောက် မလျှောက်ဘဲ၊ လမ်းဖြောင့် လျှောက်တတ်သူတွေ ဖြစ်အောင် နှလုံးသွင်းတည့်ဖို့ လည်း လိုသေးသည်။ နှလုံးသွင်းတည့်မှ လမ်းဖြောင့်ပါလိမ့်မည်။ နှလုံးသွင်း မတည့်လျှင် လမ်း ကောက်တတ်ပါသည်။ တစ်ခါတစ်ရံ မျက်စိလည်ပြီး လမ်းပျောက်တတ်ပါသည်။ ပြီးတော့ ဘဝလမ်းမှာ လမ်းခွဲတွေ၊ ဘေးထွက် လမ်းတွေကလည်း များပါသည်။ ထိုအခါ ဘဝလမ်း လျှောက်သူသည် အလယ် လမ်း (မဇ္ဈိမပဋိပဒါ)ကို ရှာတတ်ဖို့လည်း လိုပါလိမ့်မည်။ ။
ဗုဒ္ဓဘာသာဝင်တွေမှာ ကံနှင့်ဘဏ်သည် မကွဲပါ။ ဘဝ ကောင်းစားရေး ကို လိုက်စားခြင်းသည် ကံလမ်းဖြစ်သည်ကို သိရမည်။ ဘဝပြတ်ပြီး ဘဝ လွတ်မြောက်ရေးသည်သာ ဉာဏ်လမ်းပြစ်သည်။ ကံ သဘောနှင့် ဉာဏ် သဘောကို ကွဲကွဲပြားပြား နားလည်သင့်သည်။ ကုသိုလ်နှင့် အကုသိုလ်ကိုပင် ကွဲပြားစွာ သိသူက မများပါ။ လူငယ်တွေ ထေရဝါဒ အခြေခံ အယူအဆတွေကို သိစေချင်၍ ဤစာကို ရေးခဲ့ပါသည်။
ပိဋကတ်သုံးပုံကို နားလည်ခြင်း
ထေရဝါဒ ခေါ်သော စစ်မှန်သော ဗုဒ္ဓဘာသာအပေါ် ကျွန်မ ဖေဖေ၏ နားလည် ပုံ၊ ယုံကြည်ပုံကို ကျွန်မ နှစ်သက်ပါသည်။ နှစ်သက်သည် ဆိုခြင်းထက် အားကျ သည် ဆိုခြင်းက ပိုပြီး မှန်မည် ထင်ပါသည်။ ဆယ်တန်း မအောင်ခင်က တရားသဘောကို နားလည်ခြင်းထက်၊ ဆယ်တန်း အောင်ပြီးနောက် တရား
တော်ကို နားလည်ခြင်းသည် ပိုပြီး နက်နဲလာသည်ဟု ကျွန်မ ခံစားရပါသည်။ ကျွန်မ LCCI စာမေးပွဲကို ဝင်ဖြေပါသည်။ စီမံခန့်ခွဲမှု စာရင်းအင်း ပညာ Management Account မှာ ကျွန်မ ဒီပလိုမာ ရပါသည်။ ပြီးမှ ကျွန်မ အဝေးသင် တက္ကသိုလ်ကို တက်ချင်စိတ် ဖြစ်လာပြန်သည်။ ဖေဖေ၏ မြန်မာစာ အပေါ် ချစ်မြတ်နိုးမှု၊ ဗုဒ္ဓဘာသာအပေါ် ကြည်ညိုမှုများကို အားကျမိသဖြင့်
ကျွန်မလည်း မြန်မာစာကို အဓိက ဘာသာရပ် အဖြစ် သင်ယူပါသည်။ ဗုဒ္ဓဘာ | သာ သမိုင်း၊ ပဋိစ္စသမုပ္ပာဒ် တရားများကို သင်ရပါသည်။ ထိုအချိန်မှာ ဖေဖေ ရဟန်းဘဝသို့ ရောက်နေပါပြီ။ တစ်ခါတလေ ဆေးကုဖို့ အတွက် ဖေဖေ (ယခု ဘုန်းဘုန်း) ရန်ကုန်ကို ရောက်လာမှ မေးချင်တာတွေ မှတ်ထားပြီး မေးပါ သည်။
- ဘုန်းဘုန်းဘုရား ပိဋကတ်သုံးပုံ ဆိုတာလည်း ကြားဖူးပါတယ်။
နိကာယ်ငါးရပ်လို့လည်း ကြားဖူးပါတယ်။ တပည့်တော်ကို ပိဋကတ် သုံးပုံအကြောင်း အမိန့်ရှိပါဦးဘုရားဟု မေးမိပါသည်။ ဝ ပိဋကတ်သုံးပုံဆိုတာ ဝိနည်းပိဋကတ်၊ သုတ္တန်ပိဋကတ်၊ အဘိဓမ္မာ
ပိဋကတ်လို့ လူအများ သိထားကြတယ်။ ဒါပေမဲ့ ဒီပိဋကတ်တော်များ ရဲ့ ဂုဏ်အင်္ဂါ ထူးခြားပုံကို ရည်ညွှန်းပြီး (၁) ဒေသနာသုံးမျိုး (၂) သာသနာ သုံးမျိုး (၃) ကထာသုံးမျိုး (၄) သိက္ခာသုံးမျိုးဆိုပြီးလည်း ခွဲခြား နားလည် နိုင်တယ်။ ပဟာန်သုံးပါး ဆိုပြီးလည်း ခွဲခြား နားလည်နိုင်သေးတယ်။ • တပည့်တော် ဒီအခေါ်အဝေါ်တွေကို ကြားတောင် မကြားဖူးသေးပါဘူး
ဘုရား၊ အဲဒါ တစ်ခုစီ ရှင်းပြပေးပါမှ တပည့်တော် နားလည်ရမှာပါ ဘုရား။ o အေး... မင်းတို့ လူငယ်တွေ ထေရဝါဒ ဗုဒ္ဓဘာသာရဲ့ အခြေအမြစ်
တွေကို ကျယ်ကျယ်ပြန့်ပြန့် နားလည်စေချင်တယ်။ ဒါကဘုန်းကြီးရဲ့ စေတနာပဲကွဲ။ ကောင်းပြီ၊ ဒါဆို နံပါတ်တစ်၊ ဒေသနာသုံးပါးက စပြီး ပြောပြမယ်။ • တင်ပါဘုရား၊ တပည့်တော် မှတ်သားထားပါ့မယ်။ (ကျွန်မ မှတ်စု
ထုတ်၍ ရေးရန် ဟန်ပြင်ပါသည်။) ဝ အေး စာအုပ်ထဲမှာ ရေးမှတ်တာလည်း ရေးပါ။ အရေးကြီးတာက
ခေါင်းထဲမှာရောနှလုံးထဲမှာပါ စွဲအောင်မှတ်ပါ။ • ကောင်းပါပြီ၊ မှတ်သားထားပါ့မယ် ဘုရား။ ဝ ပိဋကတ်သုံးပုံကို ဒေသနာ အပြားအားဖြင့်၊ (၁) ဝိနည်းပိဋကတ်ကို
အာဏာဒေသနာလို့ ခေါ်တယ်။ (၂) သုတ္တန်ပိဋကတ်ကို ဝေါဟာရ ဒေသနာလို့ ခေါ်တယ်။ (၃) အဘိဓမ္မာပိဋကတ်ကို ပရမတ္ထဒေသနာလို့ ခေါ်တယ်ကွဲ • အခေါ်အဝေါ်အားဖြင့်တော့ မှတ်မိပါပြီဘုရား၊ အဓိပ္ပာယ်အနက်ကို
သိခွင့်ပြုပါဘုရား။ ၁ ဒကာမလေးက အမေး စေ့စပ်တယ်နားလည် သဘောပေါက်အောင်
မေးမြန်းတတ်တယ်။ ကောင်းပါတယ်။
- မှန်ပါတယ်၊ တပည့်တော် ခေါင်းထဲမှာ ရှင်းရှင်း နားလည်ချင်လို့ပါ
ဘုရား။ ဝ ခေါင်းထဲမှာချည်း မမှတ်နဲ့ နှလုံးစွဲအောင်လည်း မှတ်၊ဒါမှ ကြီးရင်
လည်း မမေ့တော့ဘူး။ ရှေးလူကြီးတွေကတော့ တရား တစ်ခုကို တစ်သက်လုံး မမေ့အောင် အာဂုံဆောင်တတ်ကြတယ်။ အခု ကာလမှာတော့ မှတ်တမ်းကို ပိုပြီး အားကိုးတတ်ကြတာကိုး၊ က်.. သနာသုံးပါး အကြောင်း ကို ဘုန်းကြီး ရှင်းပြမယ်။ • တင်ပါ့ဘုရား၊ တပည့်တော် နှလုံးစွဲအောင် မှတ်သားထားပါ့မယ်
ဘုရား။
ဝ ကောင်းပါပေ့ကွယ်။ ဒါဆိုရင် အာဏာဒေသနာ (ဝိနယပိဋက)
အကြောင်းက စပြောမယ်။ ဝိနည်းတွေကို အာဏာဒေသနာလို့ ခေါ်တယ်။ ဒီလို စမှတ်ပေါ့။ ဘုရားက သူ့တပည့်သာဝကများကို ဘယ်လို ပြုမူရင် အပြစ်ဖြစ်တယ်။ အာပတ်သင့်စေ။ အဲဒီလို ကျူးလွန်မိတဲ့ အပြစ်တွေ တယ်အပြစ်ဆိုရင် ဘယ်လို ကုစားရမယ်လို့ အမိန့်အာဏာ ထားခဲ့တယ်။ ဒီလို အမိန့်အာဏာနှင့် ပြဋ္ဌာန်းနိုင်တာလည်း ဗုဒ္ဓရှင်တော်မြတ် တစ်ပါးပဲ အခွင့်အရေး ရှိတယ်။ ပစ္စေကဗုာတို့၊ အဂ္ဂသာဝက၊ မဟာသာဝကကြီးများမှာ ဒီအမိန့်အာဏာမျိုး ထားခွင့် မရှိဘူး။ ဒီလို အာဏာပိုင်စစ်စစ် ဖြစ်တော်မူတဲ့ မြတ်စွာဘုရားဟာ ဝိနည်းပိဋကတ်ထဲမှာ ရဟန်းများ ရှောင်ကြဉ်ရမည့် အပြစ်
Yes များနှင့် လိုက်နာ ဆောင်ရွက်ရမည့် ကျင့်ဝတ်များကို အမိန့်အာဏာစက်နဲ့ တိတိကျကျ သတ်သတ်မှတ်မှတ် ဟောကြားထားတော်မူခဲ့တယ်။ ဒါကြောင့် ဝိနယပိဋကကို အာဏာဒေသနာလို့ ခေါ်တာပါ။ • ရှင်းရှင်းလင်းလင်း နားလည်တတ်ပါပြီ ဘုရား၊ သုတ္တန်ပိဋကတ်ကို
ဝေါဟာရ ဒေသနာလို့ ခေါ်တာကကော ဘယ်လို သဘောလဲ၊ အမိန့် ရှိပါ ဘုရား။ ၀ အေး... ကောင်းကောင်း နားထောင်နော်၊ ဝေါဟာရ ဒေသနာက
အာဏာသနာလို နားလည်ရ မလွယ်ကူဘူး။ ဝေါဟာရဒေသနာ ဉာဏ်အမြင်နဲ့ ဆိုင်တယ်။ • တပည့်တော် စူးစူးစိုက်စိုက် နာယူပါ့မယ် ဘုရား။ သည်
၁ အေး... ပေါ့ပေါ့တန်တန် နားမထောင်နဲ့၊ လေးလေးနက်နက် ဆင်ဆင်
ခြင်ခြင် နားထောင်ပေါ့။ မြတ်စွာဘုရားက သူ ရှာဖွေတွေ့ရှိပြီး ဖော်ထုတ်ခဲ့တဲ့ တရားတွေထဲမှာ အဓိက အကျဆုံးကတော့ သစ္စာတရားလေးပါး (အရိယာ သစ္စာလေးပါး)လို့ ခေါ်တဲ့တရား။ လောကရဲ့ အမှန်တရားပေါ့ကွယ်။ • မှန်ပါ၊ တပည့်တော် အရိယာသစ္စာလေးပါးကို ကြားသိထားဖူးပါတယ်
ဘုရား။ ဝ ဒုက္ခသစ္စာ၊ ဒုက္ခသမုဒယသစ္စာ၊ ဒုက္ခသမုဒယ နိရောသစ္စာ၊ ဒုက္ခ
သမုဒယနီရောဓ မဂ္ဂသစ္စာပေါ့။ • တင်ပါ၊ မှန်ပါတယ်ဘုရား။ ဝ ဒီသစ္စာလေးပါး တရားက စရိုက်အမျိုးမျိုး၊ သဘောဆန္ဒ အထွေထွေ
ရှိတဲ့ သတ္တဝါတွေ အားလုံး နားလည်အောင် ဟောကြားရတာ မလွယ် ဘူး။ သိပ်ခက်တယ်။ သတ္တဝါတွေမှာ အဝိဇ္ဇာဆိုတဲ့ မသိမှုမောဟနဲ့ တဏှာ ဆိုတဲ့ လိုချင် တပ်မက်မှု ရာဂက ဖုံးနေတော့၊ မိမိတို့ ရရှိထားတဲ့ ခန္ဓာကြီးဟာ ဒုက္ခသစ္စာကြီး ဆိုတာကို မြင်တဲ့ ဉာဏ်အမြင် ဉာဏ်မျက်စိရအောင်၊ ခန္ဓာ ငါးပါး ဒုက္ခသစ္စာကြီး အပေါ်မှာငါစွဲ ဒိဋ္ဌိရှိနေတာဟာ အမြင်မှားနေတာလို့ ကွက်ကွက်ကွင်းကွင်း ရှင်းရှင်း နားလည် သိမြင်သွားအောင် ပြောရ၊ ဟာရ တာ မလွယ်ဘူးကွဲ၊ အဲဒီလို နားလည် သဘောပေါက်အောင် ပရိသတ် နားလည်နိုင်မည့် ဝေါဟာရ၊ စကားပရိယာယ်၊ စကားလှယ်ဝေဝုစ်၊ ပုဒ်ဗျည်း ဝါကျတွေနဲ့ တန်ဆာဆင်ပြီး ဟောရတယ်။ ဒီလို ဟောနိုင်မှ ဟောတတ်မှ ဒီတရားကို သတ္တဝါအမျိုးမျိုး နားလည်နိုင်မယ် မဟုတ်လား။ • တင်ပါ၊ ဟုတ်ပါတယ်ဘုရား။ တပည့်တော် တစ်ခါတစ်ခါ ခန္ဓာ
ငါးပါးကို စဉ်းစား ဆင်ခြင်ကြည့်တယ်။ တစ်ချိန်လုံး ဖောက်ပြန် ပျက်စီးနေတဲ့ တရားပဲဆိုတာကိုလည်း သိတယ်။ ဘယ်လောက်ပဲ ကိုယ်က ပြုစု ယုယနေသော်လည်း ဘယ်လောက်ပဲ အလိုလိုက် အကြိုက်ဆောင်နေ
သော်လည်း၊ သူကတော့ ဖောက်ပြန်နေတာပဲ၊ အိုနေ၊ နာနေ၊ သေနေတာပဲ။ သေခြင်း အဆုံးရှိတဲ့ ဘဝဟာ ဘာတွေ လုပ်ခဲ့လုပ်ခဲ့၊ ဘာတွေ ရှာခဲ့ ရှား ဘာတွေ ဖြစ်ခဲ့ဖြစ်ခဲ့ သေတဲ့နေ့မှာ ဘာတစ်ခုမှ အဓိပ္ပာယ် မရှိဘူး၊ တန်ဖိုးမရှိဘူး အလကားပဲ ဆိုတာ သဘောပေါက်ပါတယ် ဘုရား။ ဒါပေမဲ့ မကောင်းမှန်း
သိလျက်နဲ့ ဒီခန္ဓာကို ဘာကြောင့် ချစ်နေသလဲ ခင်နေသလဲ ဆိုတာ အားမလို အားမရ စဉ်းစားတာ အဖြေရှာလို့ မရပါဘူး ဘုရား။ ၁ အေး... ဟုတ်တယ်၊ သတ္တဝါတိုင်း ခန္ဓာကို ခင်တယ်။ ဘဝကို
ခင်တွယ်တဲ့ တဏှာရှိတယ်။ • အဲဒါ ဘာဖြစ်လို့လဲ ဘုရား။ ာ အကျဉ်းချုပ် ပြောရရင်တော့ ငါစွဲ ဒိဠိကြောင့်ပဲ၊ သစ္စာဉာဏ်အမြင်
မစင်ကြယ်သေးလို့ပေါ့ကွယ်။ ခု ဒီလောက် သမီး စဉ်းစားပြီး မြင်တတ်တာလည်း ပရိယတ် စာပေကျမ်းဂန်တွေ ဖတ်ထားလို့ ကြားဖူးနားဝ ရှိလို့ပေါ့။ မြတ်စွာဘုရားဟာ ဝေါဟာရ အရာမှာ အတုမရှိ နိုင်နင်းကျွမ်းကျင်
တော်မူတယ်။ ဒါကြောင့် မြတ်ဗုဒ္ဓက သုတ္တန်ပိဋကတ်မှာ သတ္တဝါအမျိုးမျိုးရဲ့ သိနိုင်တဲ့ အသိဉာဏ်နဲ့ ကိုက်ညီအောင် ဝေါဟာရ စကား အသုံးအနှုန်း အမျိုးမျိုးနဲ့ တန်ဆာဆင်ပြီး ဟောကြားတော်မူတယ်။ • ဟုတ်တယ်နော် ဘုရား၊ ဓမ္မပဒမှာ ပေးထားတဲ့ ဥပမာတွေက သိပ်
ကောင်းတာပဲ၊ သိပ်ပြီး နားလည်ရ လွယ်တာပဲနော်။ ၁ ဟုတ်တယ်၊ လောကကို သိတော်မူတဲ့ မြတ်စွာဘုရားဟာ ဥပမာ
( ဥပမေယျ စကား အမြောက်အမြားကို လောကီလူသားများရဲ့ အတွေ့ အကြံထဲက ရုတ်တရက် ဖျတ်ခနဲ ထုတ်နုတ်ပြီး ဖော်ပြလိုက်တဲ့အခါ နှာရသူ သတ္တဝါ ဝေနေယျ အများရဲ့ ဉာဏ်အမြင်ထဲမှာ တရားရဲ့သဘော အဓိပ္ပာယ်ကို ရှင်းခန် လင်းခနဲ ထင်မြင်ပြီး ချက်ချင်းပဲ နားလည် သွားတတ်ကြတယ်။ ဒါကြောင့် ဒီသုတ္တန်ပိဋကတ်ကို ဝေါဟာရဒေသနာလို့ ခေါ်တာပါ။ • ဒိတစ်ချက် သိလိုက်ရတာပဲ တပည့်တော်မ စိတ်ထဲမှာ အဖိုးတန်
လိုက်တာလို့ ခံစားမိပါတယ်ဘုရား။ နောက်တစ်ခု၊ ပရမတ္ထဒေသနာရဲ့ သဘောကို ရှင်းပြပါဦးဘုရား။ ။ ၁ ပရမတ္ထတရား ဆိုတာ လောကရဲ့ စစ်မှန်တဲ့ တရားတွေ အင်္ဂလိပ်
လိုတော့Absolule reality ကို ခေါ်တာပဲ။ ဗုဒ္ဓမြတ်စွာဘုရားက လောက တစ်ခုလုံးကို ခြုံပြီး ဒီစစ်မှန်တဲ့ အမှန်တရားတွေကို အကြွင်း သိတော်မူတယ်။ အဲဒီလိုသိတော်မူတဲ့ ဉာဏ်ကို သဗ္ဗညုတဉာဏ်လို့ ခေါ်တာ | ပဲလေ။ အဲဒီလို သူကိုယ်တိုင် သဗ္ဗညုတဉာဏ်နဲ့ ထိုးထွင်း သိမြင်းတော်မူတဲ့
ပရမတ္တတရားတွေကို အဘိဓမ္မာ ပိဋကတ်မှာ ကျယ်ကျယ်ဝန်းဝန်း အကြွင်း အကျန် မရှိ၊ ပြည့်စုံစွာ ဖော်ထုတ်ပြီး ဟောကြားတော်မူခဲ့တယ်။ ဒါကြောင့် အဘိဓမ္မာ ပိဋကတ်ကို ပရမတ္ထဒေသနာဆိုတဲ့ အမည်နဲ့လည်း ခေါ်တာ ဖြစ်တယ်။ • အဘိဓမ္မာဆိုတာသဟ်နဲ့လည်း အတူတူပဲလား ဘုရား၊ အဘိဓမ္မာရဲ့
အနက်နဲ့ သဂြိုဟ်ရဲ့ အနက်ကိုလည်း အမိန့်ရှိပါဦး ဘုရား။ ( ၁ အဘိဓမ္မာ ဆိုတာက အဘိ= ထူးသော၊ ဓမ္မတရား၊ ထူးသောဉာဏ်နဲ့
သိအပ်သော တရားလို့ မှတ်ထားပါ။ သင်္ဂဟ= သင်္ဂြိုဟ်ဆိုတာက အကျဉ်းအားဖြင့် ရေတွက်ခြင်းဆိုတဲ့ သဘောပါ။ အဘိဓမ္မာ ပိဋကတ်မှာ
ဟောကြားထားတဲ့ စိတ်စေတသိက်၊ ရုပ်၊ နိဗ္ဗာန်ဆိုတဲ့ တရားသဘောတို့ကို အကျဉ်းအားဖြင့် ရေတွက် ဖော်ပြတဲ့ ကျမ်းကို သင်္ဂြိုဟ်ကျမ်းလို့ ခေါ်တာပါပဲ။
- ဒါဆို အကြောင်းအရာကတော့ အတူတူပဲလား ဘုရား။ ဝ အကြောင်းအရာ ကူပါတယ်။ ဖော်ပြပုံချင်း အကျဉ်း အကျယ်ပဲ
ကွာခြားတယ်လို့ ဆိုရမှာပေါ့။ • ဒေသနာသုံးရပ်မှာ ပရမတ္ထဒေသနာ ဖြစ်တဲ့ အဘိဓမ္မာပိဋကတ်ဟာ
ပိုပြီး နက်နဲမှာပေါ့နော် ဘုရား၊ ဝ အဘိဓမ္မာ ပိဋကတ်ဟာ နက်နဲခြင်း လေးမျိုးနဲ့ နက်နဲတယ်လို့ ပညာရှင်
များက အသိအမှတ် ပြုထားကြပါတယ်။ • တပည့်တော် သိခွင့်ရှိအောင် အမိန့်ရှိပါဦး ဘုရား။ o အဘိဓမ္မာ ပိဋကတ်မှာ နက်နဲခြင်း လေးမျိုး ရှိတယ်လို့ ပညာရှိများ
လက်ခံထားတယ်။ (၁) ဓမ္မဂမ္ဘီရ = ပါဠိ ဝေါဟာရ စကားအသုံးအနှုန်း နက်နဲခြင်း (၂) အတ္ထ ဂမ္ဘီရ - အနက်အဓိပ္ပာယ်၏ နက်နဲခြင်း (၃) ဒေသနာဂမ္ဘီရ = ဟောကြားပုံ အစီအစဉ်၏ နက်နဲခြင်း (၄) ပဋိဝေဓ ဂမ္ဘီရ = ပါဠိ အနက်တို့ကို ထိုးထွင်း သိနိုင်သော ဉာဏ်၏
နက်နဲခြင်း လေးမျိုးလို့ မှတ်ထားပေါ့ကွယ်။
- တပည့်တော် မှတ်မိပါပြီ ဘုရား။ ဒါနဲ့ အရှင်ဘုရား အမိန့်ရှိခဲ့တာက
သနာသုံးမျိုး၊ သာသနာသုံးမျိုး၊ ကထာသုံးမျိုး၊ သိက္ခာသုံးပါး။ ပဟာန်သုံးပါးဆိုပြီး ပြောခဲ့တယ်လို့ မှတ်ထားပါတယ်ဘုရား။ ပိဋကတ်သုံးပုံကို သာသနာသုံးမျိုးနဲ့ ဘယ်လို ခွဲခြားထားပါသလဲ ဘုရား။ ဝ အိမ်း မှတ်ရလွယ်အောင် ပြောရင် (၁) ဝိနယ ပိဋကကို ယထာပရာဓ
သာသနာလို့ ခေါ်တယ်။ (၂) သုတ္တပိဋကကို ယထာနုလောမ သာသနာလို့ ခေါ်တယ်။ (၃) အဘိဓမ္မပိဋကကိုတော့ ယထာ ဓမ္မသာသနာ တဲ့ဘွဲ့။ မှတ်ပြီးပလား။ • ပြီးပါပြီ ဘုရား။ o ကဲပြန်ပြောစမ်း။ • ယထာပရာဓ သာသနာက ဝိနည်း၊ ယထာနုလောမ သာသနာက
သုတ္တန်၊ ယထာ ဓမ္မသာသနာက အဘိဓမ္မာပါဘုရား။ ဝ အေး ဟုတ်ပြီ။ကဲ အကျယ်ကို ပြဦးမယ်။ တစ်က ဘာတဲ့ • ယထာပရာဓသာသနာပါဘုရား။ ဝ ကောင်းပြီး၊ အဲဒါ ဝိနည်းကို ခေါ်တာနော်။
တင်ပါဘုရား။ ။ O မြတ်စွာဘုရားက ဝိနည်းပိဋကတ်ထဲမှာ ပါတဲ့ ထိုထိုဝိနည်း စည်းကမ်း
ဥပဒေတို့ကို ကျူးလွန် ဖောက်ဖျက်တဲ့ ရဟန်းတို့ကို အမှုန့် လျော်စွာ ထိုက်တန်သော အပြစ်ကို ပြ၍ ဆုံးမတော်မူသည်။ ထို့ကြောင့် ဝိနည်းပိဋကတ် ကို ယထာပရာဓ သာသနာလို့ ခေါ်တယ်။ (ယထား လျော်စွာ၊ ပရမံ အပြစ်၊ သာသနာ အဆုံးအမ) အမှုန့် လျော်စွာ အပြစ်ကိုပြပြီး ဆုံးမထားတဲ့ တရား လို့ မှတ်ရမယ်။ • ယထာနုလောမသာသနာကို ရှင်းပြပါဦး ဘုရား။ ဝ အဲဒါ သုတ္တန်ပိဋကတ်ကို ခေါ်တဲ့ နာမည် တစ်မျိုးပေါ့။ ဒီမှာ အမျိုးမျိုး
အပြားပြားသော ဝါသနာ စရိုက်ရှိသူ သတ္တဝါအပေါင်းတို့ကို သူတို့ရဲ့ အတွင်းအဇ္ဈတ္တ ဓာတ်ခံနှင့် ကိုက်ညီအောင် သဗ္ဗညုတဉာဏ်တော်နှင့် နှိုင်းချိန် ပြီး ဆုံးမတယ်။ လမ်းညွှန်ပြတော်မူတယ်။ ဒါကြောင့် သုတ္တန်ဒေသနာကို
ယထာအနုလောမသာသနာလို့ ခေါ်ရတယ် (ယထာ လျော်စွာ အနုလောမ သင့်သော လျော်သော မဆန့်ကျင်သော၊ သာသနာ အဆုံးအမ သဘောကျ ရဲ့လား။
- သဘောကျပါပြီ ဘုရား။ ၁ သဘောကျဖို့ အရေးကြီးတယ်။ မင်းတို့ ခေတ်လူငယ်တွေ ဘဝင်ကျပြီး
လက်ခံဖို့ အရေးကြီးတယ်။ • ယထာဓမ္မသာသနာကို ရှင်းပြပါဦး ဘုရား။ ဝ လောကဆိုတာ ဘာလဲ သိလား သမီး။ • သတ္တလောက၊ သင်္ခါရလောက သြကာသလောကဆိုတာ ကြားဖူး
ပါတယ်။ လောကဆိုတာ စကြဝဠာ အနန္တကို ခေါ်တာ မဟုတ်လား ဘုရား။
။ ဝ ဟို အဲဒါ ဗုဒ္ဓဘာသာအမြင် မဟုတ်ဘူး။ ရေ၊ မြေ၊ တော၊ တောင်၊
နေလ နက္ခတ္တဇရာတွေကို ပေါင်းပြီး ရုပ်လောက၊ နာမ်လောကလို့ ခေါ်နေကြတာက ပညတ်လောက၊ ပုထုဇဉ်တွေ သိနေတဲ့ အခေါ်ရှိ သမုတိ
လောကကွဲ။ ပရမတ် အမြင်မှာတော့ လောကဆိုတာ ခန္ဓာငါးပါး ရုပ်နာမ် နှစ်ပါးကို ပြောတာ။ တကယ် အရှိတရားက မန္ဓာငါးပါး (ရူပက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာသင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာ) ဒါကိုပဲ ချုံ့ပြီး ရုပ်နာမ်နှစ်ပါး လို့လည်း ခေါ်ရတယ်။ အဲဒီ ရုပ်နာမ်နှစ်ပါး၊ ခန္ဓာငါးပါးကို သမီးရဲ့ ဉာဏ်ထဲမှာ ဖယ်ကြည့် နုတ်ကြည့်စမ်း၊ လောကမှာ ဘာကျန်သလဲ။
- သုညပဲ ကျန်မှာပါ ဘုရား။ ။ | ဝ အေး ဟုတ်တယ်။ ဤလောကမှာ ထင်ရှားရှိတာက ရုပ်နာမ်နှစ်ပါပဲ။
ပုဂ္ဂိုလ်သတ္တဝါ၊ ယောက်ျားမိန်းမ၊ သူပဲငါပဲ ဆိုတာတွေက အရှိတရား တွေ မဟုတ်ဘူး။ အခေါ်ရှိ ပညတ်တွေ၊ ဒီပညတ်ရှိ သမုတိသစ္စာတွေကိုပဲ ပုထုဇဉ်တွေက အရှိတရားတွေလို့ ထင်နေကြတယ်။ ဒီပုဂ္ဂိုလ်သတ္တဝါတွေဟာ အရှိတရား အမှန်တရားတွေ မဟုတ်ဘူး၊ ရုပ်နာမ်ဓမ္မကသာ အစစ်အမှန် အရှိတရား ဖြစ်တယ်လို့ သဘာဝရှိအတိုင်းတိုင်း သိမြင် နားလည်အောင် ဆုံးမတော်မူခဲ့တယ်။ အဲဒီလို ဆုံးမခဲ့တဲ့ အဘိဓမ္မာပိဋကတ်ကို ယထာဓမ္မ သာသနာလို့ ခေါ်တာပါ။ (ယထာဓမ္မ= တရားသဘော အစစ်အမှန်၊ သာသနာ အဆုံးအမ) သဘောကျပြီလား။ ။