Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

ဆင်ဖြူကျွန်းအောင်သိန်း - အမနုဿတော၀ါ

Regular price 4,500 MMK
Regular price Sale price 4,500 MMK
Sale Sold out

ကြောင်း ကြော်ငြာဖြစ်၏။

ထိုကြော်ငြာမှာ တစ်လက်မလျှင် ၁၅ ကျပ်နှုန်းဖြစ်ပါက ၃၀° ဖိုးမျှသာရှိသော် လည်း လွန်စွာတာသွားလှသည်။ သုံးဆယ်ဖိုးမက သုံးရာဖိုးမက ထိရောက်လှ၏။

မယားကြီးဖြစ်သော တောသူမရိုးရိုး နုံနုံ အတတမှာ ထိုကြော်ငြာကို ဖတ်ပြီး သည်နှင့်တစ်ချက်တည်း ငိုင်သွားတော့သည်။ တောသူဟူသည် ယောက်ျားတိုင်း မယားတစ်ယောက်သာရှိ၍ မိန်းမတိုင်းလည်း လင်တစ်ယောက်သာရှိသည်ဟု ယုံကြည် ၏။

မိမိသည် မိမိ၏လင်ကိုသာ အချစ်ဆုံးဖြစ်သဖြင့် မိမိလင်မှာလည်း မိမိကိုသာ အချစ်ဆုံး ဖြစ်ရမည်ဟုထင်သည်။ ယခု အပြိုင်ပေါ်လာသောအခါ အသည်းကြေ မတတ် နာကျင်၏။ ပူဆွေးသောကတွင် မခံမရပ်နိုင်ခြင်းက ဝင်မိသည့်အတွက် မယား ကြီးမှာ ကိုကျော်ဇောတို့ ခေါ်သံပြောသံကိုမကြား၊ မေးသည်ကိုလည်း မဖြေတော့ဘဲ ငေးငိုင်နေလေတော့၏။

ပို၍သနားစရာကောင်းသည်မှာ မယားကြီးတွင် ခုနစ်ရက်သားကလေးနှင့် ဖြစ်နေ ခဲ့ခြင်းဖြစ်သည်။ မယားကြီးသည် တစ်ထိုင်တည်း အသွားကာ ကလေးကိုသာ ငုံ ကြည့်နေသည်။ ငုံ့ကြည့်နေရင်းက မျက်ရည်ပေါက်ကြီးများသည် ကလေးအပေါ်သို့ တစ်ပေါက်ချင်းကျ၏။ ကလေးငို၍လည်း ချော့ရမှန်း နို့တိုက်ရမှန်းမသိတော့။ ကလေးကို နို့တိုက်ရန် အနားမှတစ်ယောက်ယောက်က မပြောလျှင် ကလေးသည်ငို ရလွန်း၍ မောပြီးအလိုလို အိပ်ပျော်သွားရှာ၏။ နို့ကား မစို့ရရှာ။ ။

သူသည် မည်သည့်ကလေးက ငိုငို မလှုပ်တော့ချေ။ အဘယ်မျှပင် ကလေးများက ပူဆာစေကာမူ သူမသိတော့ပြီ။ ။

ကြာလျှင် ခက်ရချေရဲ့ ဟု ကိုကျော်ဇောတို့ တွေးပူမိသည်။ ထိုအတောအတွင်း ဝန်ထောက်မင်း၏ အသက်အာမခံငွေကို မိမိ၏ သဘောတူညီချက်မပါဘဲနှင့် မည်သူ့ အားမျှထုတ်မပေးရန် မယားငယ်က ကန့်ကွက်လာပြန်၏။ ကိုကျော်ဇောတို့သည် ထိုသတင်းကို မယားကြီးမသိအောင် အုပ်ထားကြရသည်။

မယားကြီးသည် ရိုး၏၊ အ၏၊ ရိုးလွန်း အလွန်း၏။ ရိုးအသူတို့ သဘောမှာ လူတိုင်းသည် မိမိကဲ့သို့ ရိုးသားဖြောင့်စင်းမည်ထင်သည်။ မရိုးမဖြောင့်သည်ကို တွေ့တော့မှသာ ထိန်းမနိုင် သိမ်းမရ ဒေါသဖြစ်တတ်ကြ၏။ ထို့ကြောင့် ကွယ်လွန် သူ ခင်ပွန်းသည် မိမိအပေါ်၌ သစ္စာရှိသူ မဟုတ်ကြောင်း သိကာမျှဖြင့် ဆွံ့ သလောက်နီးနီး  အ,သလောက်နီးနီး ဖြစ်သွားပေပြီ။

ယခုတစ်ဖန် ဤခင်ပွန်း သစ္စာမဲ့ခြင်းကြောင့်သာ သူ၏အသက်အာမခံကို ကန့်ကွက်သူပေါ်လာရခြင်းဖြစ်သည်ဟု အတွေးပေါက်သွားပါက စိတ်ဓာတ်ပျက်ပြား ခြင်းတွင် ထပ်ဆင့်၍ ရူးသွားမည်စိုးရသည်။ ။

ကိုကျော်ဇောသည် ဝန်ထောက်မင်း၏ မယားကြီးရင်ထဲတွင် မည်သို့ခံစားရ သည်ဟု မသိပါ။ ဝမ်းနည်းခြင်းနှင့် ကြိတ်မနိုင်ခဲမရဖြစ်ခြင်းတို့ ရောထွေးနေသည်ဟု သိ၏။ သို့သော် မယားကြီး၏ အဖြစ်ကို ကြည့်ကာ ဝမ်းနည်း၍မဆုံးဖြစ်နေရသည်။ ကိုကျော်ဇောက တွေး၏။

ဝန်ထောက်မင်း၏မယားကြီးသည် အိမ်ထောင်သက် အနှစ် ၂၀ အတွင်း ဆင်းရဲစုံ ကို ခံလာရ၏။ ပညာမပြည့်စုံသော လင်ကို ပညာပြည့်စုံစေရန် ကျောင်းဆက်တက်နိုင် စေရန် ပါရမီဖြည့်ပေးခဲ့သည်။ လခမတိုး ရာထူးမတက်သေးမီကြားတွင် တစ်နှစ် တစ်ယောက် မှန်မှန်တိုးလာသော ကလေးတွေနှင့်ဖက်၍ မပြည့်စုံခြင်းဒဏ်ကို ခါးစည်း ခံခဲ့၏။

ခင်ပွန်းသည် ဝန်ထောက်ဖြစ်သွားသောအခါ လခတော့ တက်လာပါသည်။ သို့သော် ရာထူးနှင့်ညီသော သုံးစွဲမှုပြုနိုင်စေရန် မယားကြီးနှင့် ကလေးများပင် ဆက် လက်ဒုက္ခခံခဲ့ရသည့်အတွက် ဝန်ထောက်ကွယ်လွန်ချိန်တွင် မယားကြီးမှာ လက် ချည်းကျန်ခဲ့သည်။ မသာစရိတ်အတွက် ချေးသူတို့ကလည်း အသက်အာမခံ ငွေ ငါးသောင်းကို မြော်မြင်ပြီး ချေးကြခြင်းဖြစ်သည်။ အမှန်ကလည်း မယားကြီးအတွက် အားကိုးစရာသည် လင်၏အသက်အာမခံဖြစ်၏။

တစ်ခုတည်းသော သည်အားထားရာကိုပင် မယားငယ်ကပင် နှောင့်ယှက်ပြန် သည်ဟု သိသွားပါက မယားကြီးခမျာ စိတ်ထိခိုက်ခြင်း အာရုံဖြင့် ရူးသွားရှာမည်ကို ကိုကျော်ဇောတို့ စိုးရိမ်သည်။ ထို့ကြောင့် အုပ်ဆိုင်းထားရသည်။

(၃) ကိုကျော်ဇောမှာ ဝန်ထောက်မင်း၏မယားကြီးတွင် တွေ့ဆုံနေရသော ဒုက္ခများကို မမြင်ရက်သဖြင့် မသွားဝံ့တော့ချေ။ “အသက်အာမခံကြေး ထုတ်ပေးကြပါဦးရှင်။ ကလေးတစ်ကျိပ်နှင့် ငတ်နေပါပြီ” ဟု ဆီးပြောတိုင်း ဖြေစရာရှာမရသဖြင့် မသွားခြင်း ဖြစ်သည်။

ယနေ့နံနက် ရုံးသို့စောစောစီးစီး ရောက်လာ၏။ ရုံးအုပ်သည်လည်း အလားတူစွာ အရောက်စောချေသည်။

 

“စောလှချည်လားဗျ”

ဟု ရုံးအုပ်ကိုအေးကျော်သည် နှုတ်ဆက်ရင်း အနားသို့ ကပ်လာကာ

“ဟိုအိမ်ကိုရောက်သေးလား။ အငယ်ကကော သူ့ကို တစ်ဝက်ပေးမှ ထုတ်ခွင့်ပြုမယ်လို့ လာမပြောဘူးလား”

ဟု မေး၏။

ကိုအေးကျော်က နှစ်ခုမေးသော်လည်း ကိုကျော်ဇောမှာ ဖြေစရာတစ်ခုတည်းသာ ရှိသည်။

“မရောက်ဘူးဗျ” “ဟာ ကျွန်တော်က ခင်ဗျား ရောက်နေတယ်ထင်လို့ဗျ။ ဟာဗျာ ခမျာမှာ ကျွန်တော် တို့ ခင်ဗျားတို့ပဲ ကူညီမယ့်လူရှိတာဗျ”

“ဟုတ်တော့ ဟုတ်ပါတယ်ဗျာ။ သွားလိုက်ရင် စိတ်မကောင်းဘူးဗျ။ အငယ်မ အကြောင်းကိုပြောရင် ပိုဆိုးသွားမှာလည်းစိုးလို့”

“အငယ်ကလည်း လည်တယ်ဗျာ။ ဝန်ထောက်မင်းရဲ့ မယားကြီးက နုသလောက် အသလောက် အငယ်က လည်တယ်ဆိုပဲဗျ။ ဟိုတစ်နေ့က ကျွန်တော့်အိမ်ကို ရောက် လာသေးတယ်” ကိုကျော်ဇောသည် “တော်တော်လှသလားဗျ” ဟု အရေးတကြီးမေးမိသည်။

“လှတယ်ဗျ၊ သူလာတဲ့ကိစ္စကတော့ သူလည်း တရားဝင်ရုံးမှာ လက်ထပ်ထားတဲ့ မယားဖြစ်တဲ့အတွက် အသက်အာမခံကြေးကို တစ်ဝက်ပေးမှသာ ခွင့်ပြုနိုင်မယ်တဲ့ဗျ”

“ဘယ်ဖြစ်မလဲဗျ၊ သူ့မှာက ကလေးတစ်ယောက်တည်းရယ်။ ပြီးတော့ သူက ဝန်ထောက်ဖြစ်မှ ရာထူးမက်ပြီး မယားငယ်ခံတာဗျ။ မယားကြီးခမျာမှာ ကောင်းတူ ဆိုးဖက်၊ ပြီးတော့ ကလေးတွေအများကြီး၊ ပြီးတော့ အငယ်မက လှလည်းလှတယ် ဆိုရင် ဒီတစ်ယောက်တောင် ဝန်ထောက်မင်းရဲ့ ကလေးအစစ် ဖြစ်ချင်မှဖြစ်မယ်”

“ဒါလည်း အမှန်ပဲဗျ။ လှလည်းလှ လည်လည်းလည်တယ်ဆိုတော့ ကျွန်တော် တို့ရဲ့ ဝန်ထောက်မင်းဆီမှာ အငယ်ခံသလို တခြားလူတွေရဲ့ အငယ်မဟုတ်ဘူးလို့ကော ဘယ်သူပြောနိုင်သလဲ”

ကိုအေးကျော်မှာလည်း ဝန်ထောက်မင်း၏မယားငယ်ကို တရေးရေးမြင်ရင်း ထင်မြင်ချက် ပေးမိ၏။

“ပြောကြမှာပေါ့ဗျာ။ ချစ်လို့ အချစ်မှာက တစ်ယောက်တည်းသာ ချစ်ရမယ်။ နှစ်ယောက် မချစ်ရဘူးဆိုတဲ့ ပညတ်ချက်မရှိလို့ချစ်တယ် ဘာညာနဲ့ပေါ့ဗျာ။ ကျွန်တော် သိသလောက်တော့ စိတ်တူသဘောတူ လက်ထပ်ကြပြီးမှ အသစ်ရှာတာတော့ အချစ် မဟုတ်တော့ဘူးဗျ။ ကာမအာသာမပြေလို့ အသစ်ရှာတာ။ ကျွန်တော်တော့ ဒီလိုပဲ