Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

ဆင်ဖြူကျွန်းအောင်သိန်း - မြစ်တို့၏သဘော

Regular price 3,000 MMK
Regular price Sale price 3,000 MMK
Sale Sold out

(၁)

“အို သားမျက်နှာ မကောင်းပါလား”

ခါတိုင်းလို အိမ်ရှေ့မှ အော်ကြီးဟစ်ကျယ် အသံမပေးဘဲ တိတ် ဆိတ်စွာ ပြန်ရောက်လာသော ကျော်ကျော်ကို ကြည့် ကာ မခင်ရီ ရင်ထဲတွင် ထိတ်ခနဲဖြစ်သွားသည့်အတွက် လုပ်လက်စအလုပ်ကို အသာချထားပြီး တိုးတိုးတိတ်တိတ် လှမ်းကြည့်ရင်း ခပ်လှမ်းလှမ်းမှ မသိမသာ လိုက်လာသည်။

ကျော်ကျော်မျက်နှာမှာ ပန်းသီးတစ်လုံးလို နီရဲနေ၏။

သူက လွယ်အိတ်ကို ပစ်ချကာ ခုတင်ပေါ်သို့ ဆောင့်ထိုင်ချသည်။ ပြတင်းပေါက်ဘက်သို့ စူစူကလေး ငေးကြည့်နေ၏။ အလင်းရောင်ကို ဘေးတိုက်ထိုင်နေသဖြင့် ချစ်စရာနှုတ်ခမ်းကလေးမှာ စူတူတူကလေး ဖြစ်နေ၏။

မခင်ရီသည် အသံမပေးဘဲ တံခါးဝတွင် ခပ်ကွယ်ကွယ် ရပ်နေ သည်။

ကျော်ကျော်သည် နေ၏။သူ့ပါးပြင်တစ်လျှောက် မျက်ရည် လုံးကလေးများ လျှောဆင်းလာသည်။ လူကမူ ငြိမ်သက်နေ၏။

ကျော်ကျော်ကို ချောင်ကွယ်မှကြည့်ကာ စိုးထိတ်နေရသူ မခင်ရီမှာငိုချင်လာသည်။ ဆရာက ရိုက်လိုက်လို့လား၊ ဘတ်စ်ကားပေါ်မှာ ခိုက်ရန် ဖြစ်ပွားလို့လား၊ ထိခိုက်နာကျင်လာလို့လား၊ ရန်ဖြစ်လာသလားဟု မိမိဘာသာ တိုးတိုးတိတ်တိတ် ကျိတ်၍မေးရင်း ရင်တုန်နေသည်။

ကျော်ကျော်သည် မခင်ရီ ကိုသန်းနိုင်တို့၏ သားထွေးဖြစ်၏။ အသားဖြူဖြူကျစ်ကျစ်နှင့် ချစ်စရာကောင်းသည်။ ၁၃ နှစ်အရွယ်မို့ မြူးတူးလန်းဆန်းသည်။ မခင်ရီတို့လင်မယား၏ မျက်ရွဲဖြစ်၏ ။ အသက် ဖြစ်၏။

သို့မို့ကြောင့် သား ကျောင်းကပြန်လာတာ မြင်ကာမျှဖြင့် ထလာ သည်။ လုပ်လက်စအလုပ်ကို ချထားခဲ့၏။ သားကတော့ အသံမပေး နှုတ်မဆက်ဘဲ မောငိုကြွေးနေသည်။ ဘာဖြစ်လာသလဲ။

ကျော်ကျော်သည် သာသနာပြု ကျောင်းတစ်ကျောင်းတွင် ခြောက်တန်း၌ စာသင်သည်။ အိမ်နှင့် နှစ်ဖာလုံမျှသာ ဝေးသဖြင့် ခြေကျင် ပြန်သည့်အခါ ပြန်၏။ ဘတ်စ်ကားကြုံလျှင်လည်း ဘတ်စ်ကားဖြင့် ပြန်တတ်သည်။ အသွားတွင်မူ များသောအားဖြင့် အဖေ့ကားဖြင့်။

မခင်ရီအတွက် စိုးရိမ်စရာအချက်တစ်ခုတိုးလာပြန်၏။လမ်းသရဲ တွေနဲ့များ တွေ့ လာသလား။

ပူပန်တတ်သူအတွက် ပူပန်စရာတွေသာ ထွက်ထွက်လာ၏ ။

မခင်ရီသည် သက်ပြင်းတစ်ချက် ချမိသည်။ သားကိုကြည့်ကာ နွမ်းနယ်လာ၏။ အခန်းနံရံကို မှီတွယ်ထားရသည်။

ကျော်ကျော်သည် ထရပ်၏။ ခပ်တောင့်တောင့် ထရပ်ခြင်းဖြစ် သည်။ နောက်တွင် မျက်နှာကို ခပ်ကြမ်းကြမ်း ပွတ်ပစ်ကာ အခန်းပြင်သို့ ထွက်လာ၏။ ယခုတော့ သူ့မျက်နှာက တင်းမာနေသည်။

သူသည် မိခင်ကို မမြင်။ ဧည့်ခန်းဘက်သို့ မြန်မြန်လျှောက်သွား သည်။ မီးဖိုထဲသို့ ဆက်လျှောက်သွားပြန်၏။

မခင်ရီမှာ သက်မ မောမောချလိုက်ပြီး သားနောက်သို့ လိုက်လာ သည်။

ကျော်ကျော် ထမင်းစားခန်းထဲမှ ပြန်ထွက်လာသဖြင့် ဧည့်ခန်း ထဲတွင် မိခင်နှင့် မျက်နှာချင်းဆိုင်မိကြ၏။

“သား” “ဒယ်ဒီ ဘယ်အချိန် ပြန်လာမယ်ပြောလဲ မာမီ”

ခုနက တိတ်ဆိတ်စွာ ငိုကြွေးခဲ့ပြီး ယခုတော့ သူ့အသံက မာလှ သည်။

“မပြောဘူးသား၊ ကိစ္စထူး မရှိဘူးထင်ပါတယ်ကွယ်”

“ဖုန်းမလာဘူးလား မာမီ” “မလာဘူး သား၊ ကိစ္စထူးမရှိလို့ ဖုန်းမလာတာပေါ့ သားရယ်”

မခင်ရီသည် ကျော်ကျော်နားသို့ ရွှေ့ကာ မခြောက်သေးသော မျက်ရည်ကြွင်းကို သုတ်ပေးရာက မေး၏။

“သား နေမကောင်းဘူးလား”

 “ကောင်းပါတယ် မာမီ”

ယခု သူ့အသံက ပျော့လာပြန်ပြီ။ မော့ကြည့်နေသော မျက်လုံး ထဲတွင် မျက်ရည်စို့လာပြန်ပြီ။

“ဒါဖြင့် ဘာဖြစ်တာလဲ သားရယ်၊ မျက်နှာလည်း မကောင်းပါလား ကွယ်၊ အဝတ်လည်း မလဲရသေးဘူး၊ဘတ်စ်ကားနဲ့ ပြန်ခဲ့လို့ စကားများ လာတာလား”

“မဟုတ်ပါဘူး မာမီ”

“သားကြိုက်တဲ့ငါးဖယ်ကြော်ထားတယ် သားရဲ့၊ အဝတ်အစားလဲ ရေချိုးပြီး ထမင်းစားနှင့်လေ၊ သား မနက်က ထမင်းစားတာနည်းတယ် မဟုတ်လား၊ ဆာလှရောပေါ့”

 

ကျော်ကျော်သည် မခင်ရီအားသာ မော့ကြည့်နေ၏။ မခင်ရီပြော တာတွေကို သူ စိတ်မဝင်စားသော သဘော။

“သား အဝတ်လဲချေလေ” ကျော်ကျော်မှာ မကြားသလို နေ၏။ မိခင်အားသာ မော့ကြည့် နေပြီး “မာမီ” ဟု အသံအက်ကလေးဖြင့် ခေါ်သည်။

“သား၊ ဘာလဲ သားရယ်”

ကျော်ကျော်၏ နှုတ်ခမ်းကလေးတွေ လှုပ်ရွနေ၏။ မျက်လုံးထဲ တွင် မျက်ရည်တွေ ပြည့်လာ၏။ ဘာပြောမည်မသိ။ စကားလုံးများ ထွက်မလာ။ မခင်ရီအား မော့၍သာ ကြည့်နေ၏။

သား၏ရင်ထဲတွင် ဘာတွေခံစားနေရသည်ဆိုတာ မခင်ရီ မသိ ပါ။ မထွက်ဝံ့ဝံ့ ထွက်ဝံ့ဝံ့ဖြစ်နေသော သား နှုတ်ခမ်းကို ကြည့်ရတာ တရွဲရွဲတလည်လည် မျက်ရည်ပြည့်အိုင်လာသော မျက်လုံးကို ကြည့်ရ တာနှင့်ပင် ရင်ထဲသို့ လာရသည်။

“သားရယ် သား ဘာပြောချင်လို့လဲကွယ်”

 

“မာမီ” “သား” “သားရဲ့ ဒယ်ဒီဟာ ကြာကူလီကြီးဆို”

 

“ဟင်”

ဒါကို သား သိသွားပြီ၊ သား သိသွားပြီ။

 

မခင်ရီ၏ အတွင်းစိတ်ဝယ် နာကျင်စွာ အော်ဟစ်သံများ ဆူညံ သွား၏။

မခင်ရီမှာသားကို မျက်လုံးပြူး၍ ကြည့်နေမိစဉ် သားက မေး၏။

“ဒယ်ဒီဟာ ကြာကူလီကြီးဆိုတာ ဟုတ်သလား မာမီ၊ ဟင် ဟင် ပြောပါ မာမီ”

 

ကျော်ကျော်က မခင်ရီ၏လက်ကို ကိုင်လှုပ်သည်။

“ဟင် မာမီ၊ ဟင်”

မခင်ရီ မဖြေနိုင်။ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ဒါကို မခင်ရီ မဖြေနိုင်။ အထူးသဖြင့် ဖအေကို ချစ်သောသားအား ဖအေ၏ ဂုဏ်ကို ညစ်နွမ်းစေမည့်အဖြေကို မခင်ရီ မပေးနိုင်။

ယခု အဖြေတောင်းနေပေပြီ။

သည်ကိစ္စနှင့် ပတ်သက်လျှင် ကျော်ကျော်ရှေ့တွင် မပြောမိရန် သတိထားခဲ့ကြသည်။ သို့သော် သူ သိသွားလေပြီ။

“ဟုတ်သလား မာမီ၊ မဟုတ်ဘူးနော် မဟုတ်ဘူး”

ကျော်ကျော်ပါးပေါ်သို့ မျက်ရည်ပေါက်တွေလိမ့်ဆင်းလာပြန်၏။ ကျော်ကျော်၏ ညင်သာသော ရှိုက်သံသည် နားမခံသာဖွယ်ဖြစ်၏။

“သား သိပါရစေ မာမီရယ်”

 

“သားကို ဘယ်သူက ပြောလို့လဲကွယ်”

မခင်ရီက သားငယ်ကို ရင်တွင်တွေ့ လိုက်ကာ ခေါင်းကို ယုယ ပွတ်သပ်ရင်း ကွေ့ရှောင်ကာ ပြန်မေးသည်။

 

“စတက်တို့ ဂျော့ဖိုးတို့ ဟင်နရီတို့၊ အို တစ်ကျောင်းလုံးက ပြောကြတယ် မာမီ။ ဒါပေမဲ့ သား မယုံဘူးမာမီ၊ သားရဲ့ ဒယ်ဒီဟာ ဒီလိုလူမဟုတ်ဘူးလို့ ပြန်ပြောတာကို သူတို့က ဟုတ်တယ်ဆိုပြီး ဇွတ်ပြောတော့ သား ဆွဲထိုးလိုက်တယ်”

 

“အို သားရယ်၊ ဘာပြုလို့ ဒီလိုလုပ်ရတာလဲကွယ်၊ ဘယ်သူ ဘာပြောပြော မဟုတ်ရင် ပြီးတာပဲ မဟုတ်လားလို့”

 

“သားက မဟုတ်ပါဘူး ပြောရဲ့ သားနဲ့ သူတို့က ဟုတ်တယ် စွတ်တိုးပြောတာကိုး မာမီရဲ့”

 

“ဘယ်သူလဲ သားရယ်၊ တော်တော်များ နာသွားသလား”

 

ကျော်ကျော်သည် မိခင်အား မျက်ရည်ကြားမှ မော့ကြည့်နေ၏။

“မာသာကြီးက ဘာပြောလဲ”

မခင်ရီက စိုးရိမ်သံကလေး နှော၍ မေးပြန်သည်။

“ဟင်နရီပါ မာမီ၊ သူ သူ နှုတ်ခမ်းကွဲ ကွဲသွားတယ်၊ သူ သူ သွားတိုင်လို့ သား သား အရိုက်ခံ ခံ”

 

ကျော်ကျော်မှာ အမေ့ရင်ခွင်ကို မျက်နှာအပ်ကာ ရှိုက်ကြီးတငင် ငိုလေ၏။

မခင်ရီမှာ သားငယ်၏ကျောကိုပွတ်ပေးလျက် ငေးမောနေမိသည်။ ဟိုဝေးသောနေရာသို့ထိအောင် ငေးမောနေ၏။

စိတ်အာရုံဝယ် အကြောင်းအရာတွေ၊ သတင်းပလင်းတွေ ရှုပ်ထွေး နေသည်။ ပွေလိန်နေသည်။ တစ်ခုနှင့်တစ်ခု ချိတ်တွဲ၏။ တစ်ခုက တစ်ခုကို ရှက်ရှယ်၏။ တစ်ခုတည်း သီးခြားလွင့်မျောနေ၏။ ဟိုဘက် အိမ်က ဝန်ထောက်ကတော်၏ ရယ်မောသံများ၊ ဟိုဘက်တိုက်က သူဌေးကတော်၏ တီးတိုးသံများ၊ တစ်ဖက်အိမ်မှ မဲ့ရွဲ့ သော မျက်နှာများ၊ ဟိုမှသည်မှ နှာခေါင်းရှုံ့သံများ။

မခင်ရီသည် တစ်ခုစီ ဆွဲထုတ်သည်။ တစ်သန့်စီ ရှင်းပစ်သည်။ အဆုံးတော့ ခင်ပွန်းသည် ကိုသန်းနိုင် မိန်းမကိစ္စနှင့် မရှင်းမရှင်းဖြစ် သည်ဆိုတာ အဖြေထွက်၏။

သို့ကြောင့် သက်မချမိသည်။

သူမသည ။ ကျော်ကျော်သည် ဘယ်လောက်ကြာကြာများ မေးနေခဲ့သည်မသိ။ မခင်ရီ၏ နား၌ ကြားလာရသောအချိန်ဝယ် ကျော်ကျော်သည် မေမေ့ ရင်ခွင်၌ မရှိတော့။

ကျော်ကျော်က မခင်ရီနှင့် မျက်နှာချင်းဆိုင်တွင် ရပ်နေ၏။ သူ့ပါးဝယ် မျက်ရည်အလျဉ်က မပြတ်သေး၊ ရှိုက်သေးဆဲ။

 

“ဟုတ်တယ်မဟုတ်လား မာမီ၊ ဟုတ်လို့သာ မာမီ မဖြေတာပေါ့”

မခင်ရီမှာ လှုပ်ရှားသွားသည်။

 “အို အို၊ ဒီလိုမပြောနဲ့ သားရယ်”

“ပြောမယ် မာမီ ပြောမယ်၊ မာမီပါးစပ်က ဟုတ်ပါတယ် ဝန်မခံ ပေမယ့် မာမီအမူအရာက ဟုတ်တယ်လို့ ဝန်ခံနေတာ သားသိပါတယ် မာမီရယ်”

“မဟုတ်ဘူး၊ မဟုတ်ဘူး” ကျော်ကျော်၏ အရှိုက်သည် တန့်သွားချေ၏။ ကျော်ကျော်သည် မခင်ရီအား ပြူးကြည့်နေ၏။

 

 “မဟုတ်ဘူး၊ သူတို့တစ်တွေဟာ သားကို မနာလိုလို့ ပြောကြတာ။ သားရဲ့ ဒယ်ဒီဟာ လူကြီးလူကောင်းတစ်ယောက်ပါကွယ်၊ သူ့အလုပ် သူ့ဂုဏ်ကို ထိခိုက်စေမယ့် ဒါမျိုးကို ဘယ်တော့မှ မလုပ်ဘူး”

“တကယ်နော် မာမီ”

ညှိုးနေသော ကျော်ကျော်မျက်နှာလုံးလုံးကလေးမှာ ပြုံးရွှင်လာ ၏။ မိခင်အားဖက်၍ နဖူးကို မွှေး၏။ ထပ်ခါထပ်ခါ မွှေး၏။ မခင်ရီ မှာ သားကို အလိုက်သင့် ပြန်ဖက်ရင်း ပြုံးရွှင်လာသည်။

“မာမီ လိမ်တာ မဟုတ်ဘူးနော်”

“သားကို မာမီ ဘယ်တုန်းက လိမ်ခဲ့ဖူးလို့လဲကွယ်”

 “ဒယ်ဒီဟာ သူတို့ပြောသလို မဟုတ်ဘူးနော်” “မဟုတ်ပါဘူးကွယ်”

 

 “ဒါဖြင့် ဟင်နရီကို ဆွဲထိုးတာ သား မှန်တယ်နော် မာမီ”

 “ကဲကဲ အဝတ်လဲချေဦးလေ သား မမ ပြန်လာရင် ဆူနေဦးမယ်”

မခင်ရီသည် စကားလွှဲပြောလိုက်ကာ ထရပ်သည်။

 “သား မုန့်စားချင်တယ် မာမီ၊ ထမင်းတော့ ဒယ်ဒီနဲ့မှ စားမယ်”

 

“မကြည်ညွန့်ကို မာမီ အပြင်ခိုင်းထားလိုက်မယ်လေ၊ သား အဝတ်လဲချေဦး ဟုတ်လား”

“ရက်စ် မာမီ၊ ရက်စ် ရက်စ်”

ကျော်ကျော်သည် ခုန်ပေါက်ပြေးထွက်သွား၏။

သူသည် အင်မတန် ဝမ်းသာသွားသည်။ ကျေနပ်သွား၏။ အခန်း ထဲမှ သီချင်းသံသည်ပင် ချက်ချင်း လွင့်ပျံ့လာသည်။

 မခင်ရီမှာမူ ပြုံးရမည်လား၊ မဲ့ရမည်လားမသိ။ ကျော်ကျော်ကို လှမ်းကြည့်အပြီး သက်ပြင်းတစ်ချက် ခိုးရှိုက်၍ ထမင်းစားခန်းထဲသို့ ဝင်ခဲ့၏။

သည်လို ခိုး၍ခိုး၍ သက်ပြင်းရှိုက်ရသည်မှာ မခင်ရီအတွက် လုပ်ရိုးလုပ်စဉ်တာဝန်ဖြစ်နေခဲ့သည်မှာ ကြာပြီ။ ကိုသန်းနိုင်နှင့် လက်ထပ် ပြီး သုံးနှစ်အကြာမှ စတင်သည် ဆိုနိုင်၏။

ကိုသန်းနိုင်နှင့် မခင်ရီတို့သည် ငယ်ငယ်ရွယ်ရွယ်နှင့် လက်ထပ် ခဲ့ကြသည်။

မင်္ဂလာဒုံသူ မခင်ရီက စော်ဘွားကြီးကုန်းတွင် ခြံထွက်အသီး အရွက်များ ထွက်ရောင်းစဉ် လမ်းမှန်သမျှသို့ရောက်သော ကိုသန်းနိုင်နှင့် မေတ္တာလှယ်ကြသည်။ ခိုးပြေးတာတွေ၊ ရုံးတက်လက်မှတ်ထိုးတာတွေ ပေါ်ပင်မဖြစ်သေးသော ထိုခေတ်တွင် ကိုသန်းနိုင်နှင့်မခင်ရီတို့ ထွက်ပြေး ကာ ရုံးတွင် လက်မှတ်ထိုးခဲ့ကြ၏။

ကိုသန်းနိုင်မှာ ထိုအချိန်က အရှေ့တိုင်းကော်မရှင် အေးဂျင့်၌ သာမန်စာရေးကလေးမျှသာ ဖြစ်သည်။

မခင်ရီ၏မိဘများသည် ကုန်သည်ပွဲစားထက် လခစားကို အထင် ကြီး၏။

ကုန်းဘောင်ခေတ်နောက်ပိုင်းမှ စတင်စွဲကပ်လာသောမင်းမှုထမ်းကိုမှ အထင်ကြီးစိတ်သည် ကျွန်ခေတ်၌ ထိပ်တက်နေခဲ့ရာ ကိုသန်းနိုင် အတွက် မခင်ရီ၏ မိဘနှင့် မသင့်မြတ်စရာ မရှိခဲ့ချေ။

မခင်ရီ၏ မိဘအိမ်တွင် နေထိုင်ရသဖြင့် သည်အချိန်လောက် ပျော်စရာကောင်းသောအချိန် မခင်ရီအတွက် မရှိခဲ့ပေ။

စစ်ဖြစ်ခါနီးတွင် ကိုသန်းနိုင် ရာထူးတက်သည်။ ကော်မရှင်စား ကိုယ်စားလှယ်ရာထူးသို့ ဖြစ်၏။

မခင်ရီသည် မရှေးမနှောင်းပင် ကျိတ်၍ သက်ပြင်းရှိုက်တတ်သော ပညာကို ရလာသည်ဆိုက မမှား။

ကိုသန်းနိုင်သည် ကုမ္ပဏီတကာ၊ ရုံးတကာ၊ အလုပ်ဌာနတကာသို့ မော်တော်ဆိုင်ကယ်တစ်စီးဖြင့် လျှောက်သွားသည်။ ကိစ္စမှာ ရုံးတွင်း၌ ပြီးစီးခဲ့လျှင် အကြောင်းမဟုတ်၊ ကိုသန်းနိုင်မှာ သက်ဆိုင်ရာ အလုပ် ရှင်များ၊ မန်နေဂျာများ၏ အိမ်သို့ပါ မနက်မရှောင် ညမရှောင် ဝင်ထွက် ရပြန်ရာ မိန်းမများနှင့် ဆုံရသည်။

ဥရောပတိုက်သူတို့၏ ဖိုမဆက်ဆံရေးစည်းကမ်းက ခပ်လျှော့ လျှော့။ ကိုသန်းနိုင်က ခပ်ချောချောနှင့် မခင်ရီသက်ပြင်းရှိုက်ရလေ၏။

ဥရောပသူတို့၏ ယဉ်ကျေးမှုကို ကိုးကွယ်သော မြန်မာမတို့၏ ဖိုမဆက်ဆံရေးမှာကား ပို၍ လျော့ရဲပြန်ရာ မိန်းမကျချင်စရာ ရုပ်ရှိသူကို မှ လင်လုပ်မိသူ မခင်ရီ ရင်မောရသည်မှာ မဆန်း။

စစ်အတွင်း၌ သူတို့အားလုံး ဝါးခယ်မဘက်သို့ ပြေးဝင်ခိုလှုံကြ သည်။ ။

အစစအရာရာ ရှားပါး၏။ သို့သော် မခင်ရီ စိတ်ချမ်းသာ၏။ ရှားပါးကျပ်တည်းသော ခေတ်ထဲ၌ သားဦးကလေးကို မွေးဖွားရစေကာမူ မခင်ရီ သက်မ မချခဲ့ရပေ။

သားဦးကလေး ဆုံးပါးပြီးနောက်၊ ဂျပန်အပြေး၊ ကက်စဘီ