Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

ဆင်ဖြူကျွန်းအောင်သိန်း - နတ်မောက်သူပုန်တဲ့ဟေ့

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out

နတ်မောက်သူပုန်တဲ့... ဟေ့

ကွက်တုံးဖြင့်ဖြစ်၏။

သည်မျှဖြင့်ကား ဦးကျော်စွာ စိတ်မဝင်စား။ ထိုသူ၏ အင်္ကျီလက်မောင်းမှ တံဆိပ်များကို ထင်ထင်ရှားရှား မြင်ရလေလေ ဦးကျော် စွာ စိတ်ဝင်စားလေလေဖြစ်ရ၏။

“ဟိုဘက်က အလံထူထားတဲ့ မဏ္ဍပ်က..”

ဦးကျော်စွာ၏ စကားမဆုံးသေးမီ အမေးခံရသူက တဟားဟားရယ် ၏။

 ဦးကျော်စွာမှာ ထိုသူ၏မျက်နှာကို အထိတ်တလန့်ကြည့်မိ၏။ အဘယ် ကြောင့် ရယ်ပါလိမ့်။

“ရန်ကုန်သားကြီးက အခုတော့ ကျုပ်ကိုမမှတ်မိတော့ဘူးပေါ့လေ ဟဲဟဲ”

နှုတ်ဆက်သူက ရင်းနှီးစွာ နှုတ်ဆက်ပြောဆိုသော်ငြား ဦးကျော်စွာ မမှတ်မိ။ ရယ်ကျဲကျဲသာ လုပ်နေရ၏။ စေ့စေ့ကြည့်ပါ၏။ ဝါးတားတားပင် မထင်လာ။ ။

“ခင်ဗျားတို့အိမ်ခြေရင်းက ဒေါ်ဘုမသား ငကြွက်လေဗျာ”

သည်အခါကျတော့မှ အင်္ကျီမရှိသော မည်းမှောင်ပြောင်ချောနေသော ရင်ဘတ်ပေါ်သို့ သွားရည်တရွှဲရွဲကျနေသော ငကြွက်၊ ယင်တဟိန်းဟိန်းနားနေ

သော အနာကို ဖုန်မှုန့်တွေဖြူးနေသော ငကြွက်၏ငယ်ရုပ်သည် ပေါ်ပေါက်လာ ခဲ့ကာ ပခုံးကို ဆုပ်ညှစ်လိုက်ရ၏။

“ဒါလောက်အကြာကြီးကွဲနေမှတော့ ဘယ်မှာ ရုတ်တရက်မှတ်မိပါ လြာတော့မလဲကွာ။ စိတ်မရှိနဲ့ကွာ... နော်”

“ဘယ်က စိတ်ရှိရမှာလဲဗျာ။ ကျုပ်တို့ဖြင့် ခင်ဗျားရောက်လာတယ် ကြားလို့ ဝမ်းသာနေကြတာဗျား။ ခုနကတောင် ခင်ဗျားတို့အိမ် ခဏဝင်ခဲ့တော့ မြို့ဘက်ခဏသွားတယ် ခင်ဗျားအမေက ပြောလိုက်လို့၊ ကျုပ်တို့ ချောင်းထဲ လည်း လွှတ်လိုက်ပါဦး မှာခဲ့သေးတယ်”

ရှပ်အင်္ကျီအိတ်ထဲမှ စီးကရက်ဘူးဆွဲထုတ်နေဆဲ ဦးကျော်စွာ၏ လက် သည် ရပ်တန့်သွားသလို၊ မျက်လုံးများလည်း ဝင်းပလာကာ

“ချောင်းထဲ ဟုတ်လား”

အလောတကြီးမေးပြီးမှ ဆက်လက်မေး၏။

 

“ဟို တဂေါ်ဂေါ်အော်နေတဲ့ မဏ္ဍပ်အကြောင်းမေးမလို့ စိတ်ကူးနေ တာကွ။

ကဲ... ပြောစမ်းပါဦး။ ငါ့ကို ဘာပြုလို့ ချောင်းထဲဖိတ်တာတုန်း၊ ငါးဖမ်း ဖို့လား”

 

မေးအပြီးတွင် စီးကရက်ဘူးမည်းမည်းပြားပြားကြီးကို ဖွင့်လျက် ဦးကြွက်ရှေ့သို့ ကမ်းပေး၏။

 

“ခင်ဗျာ စီးကရက်သောက်ရတာ အားမရပါဘူးဗျာ။ ကျုပ်မှာ ပါပါ တယ်”

 

ဦးကြွက်က မီးတရဲရဲနှင့် ပြောင်းဖူးဖက်ဆေးလိပ်ကို မြှောက်ပြမှ စီးကရက်တစ်လိပ်ကို မီးညှိပြီး

 “ပြောစမ်းပါဦးကွ”

 ဟု ဦးကျော်စွာ ထပ်မေး ၏။

 “အဲဟို အလံလွှင့်ထားတဲ့မဏ္ဍပ်အကြောင်းမပြောခင် ပထမဆုံး ခင်ဗျာ ဘေးနားကို လှမ်းကြည့်လိုက်စမ်းပါဦး” ဦးကြွက်သည် ပြောပြောဆိုဆိုဖြင့် ဦးကျော်စွာ ကျောဘက်ရှိ ချောင်းတိမ်စပ်ကို လက်ညှိုးထိုးပြသဖြင့် ယောင်တိယောင်နလှည့်ကြည့်မိသော ဦးကျော်စွာမှာ''ကနဲ အော်မိ၏။ ကျောဘက် သို့ လှည့်ကာ ရပ်မိပြီးသားဖြစ်လျက် ပါးစပ်အဟောင်းသား ဖြစ်နေလေသည်။

စမ်းရှိသောနေရာတွင် ဆောင်းကာလကျမှ ကြက်သွန်စိုက်၍ ချောင်း တိမ်တွင်မူ ယာယောင်ယောင်၊ ကိုင်းယောင်ယောင်သာ လုပ်နိုင်ခဲ့ခြင်းမှအပ အသုံးမဝင်ခဲ့သော ယင်းချောင်းထဲတွင် စပါးလယ်ကွက်များကို အနီးကပ် တွေ့မြင်ရသောကြောင့် ဦးကျော်စွာ တအံ့တဩဖြစ်ရလေပြီ၊ ရေပြည့်လှောင် ထားသော လယ်ကွက်များထဲမှ စိမ်းမှောင်သောကောက်ပင်များသည် ဦးကျော် စွာအား ရင်ကော့ပြသကဲ့သို့ ရှိနေ၏။

 

“နှစ်ပေါင်းသုံးဆယ်ရဲ့ ဟိုဘက်က မျက်စိနဲ့ကြည့်ရင် မျက်လုံးပြူးသွားမယ်နော်”

 

ဟူ၍ သရော်နေသလိုလိုလည်း ရှိ၏။

ဦးကြွက်က ဟဲခနဲတစ်ချက်ရယ်လိုက်ပြီး

 “အဲဒါဟာ အင်းကုန်း ကျေးရွာ၊ ရွှေဝါမြေရှေ့ပြေးသမဝါယမအသင်းရဲ့ အောင်သီးအောင်နှံတွေပဲဗျ”

ပြောသည်။

“ဘယ်လောက်များလဲကွ .. ဟေ”

 

“ဒီနှစ်တော့ စပါးဧက ၅၀၊ နှမ်းဧက ၂ဝ၊ ခရမ်းချဉ်နှစ်ဧက၊ ငရုတ် တစ်ဧကနဲ့ ခရမ်းသီးတစ်ဧက လုပ်မယ်လျာထားသဗျ”

“အမယ် မနည်းပါကလားဟ။ ဘာတွေလဲ၊ ရာကျော်တွေလား”

ဦးကြွက်ပြုံးလိုက်သည်။ ။

“ငွေတိုး ၁၅ ဧက၊ မနော်ဟရီ ၁၅ ဧက၊ ရွှေဝါထွန်း ၁၄ ဧကနဲ့ ရွှေဝါလေး တစ်ဧက စိုက်ပြီးသွားပြီလေ။ အခု တဗွီဗွီတဂေါ်ဂေါ်ကြားနေတာက နောက်ဆုံးကျန်တာလေးတွေ ပြိုင်ပွဲလုပ်ပြီး ပိတ်မလို့ဗျ။ အသင်းဝင် ကျေးရွာ အုပ်စုက ကောက်စိုက်သမတွေပြိုင်မှာပေါ့ဗျာ”

ဦးကျော်စွာသည် ခေါင်းတညိတ်ညိတ်ဖြစ်လျက် အနီးရှိ လယ်ကွက် များကို ကြည့်မဝသောအကြည့်ဖြင့် ကြည့်ရာက ဦးကြွက်၏ရှပ်အင်္ကျီမှ ကြည်ပြာရောင်အောက်ခံ စက်ဝိုင်းဖြူအတွင်းမှ ဆည်တာဘောင်ကဲ့သို့သောပုံနှင့် ပေါက်ချွန်ဂေါ်ပြားပုံပါရှိကာ အပေါ်တွင် ဆည်လုပ်အားပေး” စာကြောင်း။ အောက်ဘက်တွင် နတ်မောက်မြို့နယ်” ပါရှိသော တံဆိပ်ကို စိုက်ကြည့်မိ၏။ သည်ဦးကြွက်ကို ဦးကြွက်ဟု မသိမီကပင် သည်တံဆိပ်ကို ဦးကျော်စွာ စိတ်ဝင်စားခဲ့သည်မဟုတ်လား။

“မင်းကအခု၊ အဲအဲ.. ဒါက ဘယ်တပ်ကတံဆိပ်လဲကွ။ ဘာတပ်လဲ။ မင်းက အဲဒီမှာလုပ်သလား”

“မဟုတ်ပါဘူးဗျာ”

ဦးကြွက်သည် သူ့ပခုံးကို သူ့ကြည့်ရာက ကျော ဘက်သို့ လက်ညှိုးထိုးပြရင်း

“ဟိုဘက်မှာဗျာ၊ ရေယိုဘက်ကဆည်ကို ဆည်ဖို့ ကြတုန်းက တံဆိပ်ပါဗျာ။ ကန်တော်ဆည်”

ဟု ဖြေသည်။

 

“ဆည်ဟုတ်လား။ မိုးမှ မရွာတာ၊ ဆည်လုပ်တော့ဘာလုပ်မှာလဲ”

“ရွာတဲ့အခါလည်း ရှိပါသေးတယ်ဗျာ။ အဲဒီအခါမှာ ရေတွေ အလ ဟဿမဖြစ်အောင် စုစည်းသိုလှောင်ပြီး အသုံးချရတာပေါ့ဗျာ။ ခင်ဗျားကသာ ရန်ကုန်မှာနေလို့ ဘာမှမသိတာဗျ။ ကျုပ်တို့မြို့နယ်မှာ ဆယ်နှစ်အတွင်း စပါးထွက်ဖူလုံရေးဆိုတဲ့ စီမံချက်နဲ့ ဆည်တွေတည်တာ နှစ်ဆယ်တောင်ရှိသွား ပြီဗျ။ လာပါဗျာ၊ ကျုပ်တို့ကောက်စိုက်ပြိုင်ပွဲလည်း လိုက်ခဲ့ပါဦး။ ဟိုကျမှရေနွေးသောက်ရင်း အေးအေးဆေးဆေး ပြောကြတာပေါ့”

 

ဦးကြွက်က ရှေ့ဆောင်ကာရွာဘေးအတိုင်း ကပ်မြှောင်ကာ လျှောက် ခဲ့ပြီးနောက် ချောင်းတိမ်ထဲသို့ ထိုးဆင်းလာကြသည်။ သူတို့လျှောက်လာသည့် လမ်းတစ်လျှောက်တွင် လယ်ကွက်များစီရီနေ၏။ လယ်ကွက်များ၏ ဟိုဘက် ဘေးတွင် ကြည်လင်သော ချောင်းရေများ တသွင်သွင်စီးဝင်နေသည့် လက်လွှဲ မြောင်း” ကြီးသည် တမျှော်တခေါ်ကြီး ရှည်လျားပါဘိ။ “ဟ-မနည်းပါလားကွ” ဟိုခုန်သည်ကျော် လိုက်ပါလာရင်း ဦးကျော်စွာကပြောသည်။ “ကျုပ်တို့ ခုနကရပ်ပြီး စကားပြောနေခဲ့တဲ့နေရာက မန်ကျည်းပင် ကုန်း မြောက်ကွင်းလေဗျာ၊ အခုနေရာက ပေါက်ပင်အိုင်ကွင်း။ ဟိုမဏ္ဍပ်ထိုးထား တဲ့နေရာက အင်းကုန်းအရှေ့ကွင်းတဲ့။ အဲဒီလို မြေကိုခွဲထားသလို တာဝန်ကို လည်း အဖွဲ့ သုံးဖွဲ့ ခွဲပြီးပေးထားတယ်”

ကောက်စိုက်ပြိုင်ပွဲ ကျင်းပမည့်လယ်ကွက်မှာ ရှေးစနစ်အရ သုံးယောက် စိုက်၊ အတန်းလိုက်စိုက်စနစ်အရ ခြောက်ယောက်စိုက်စာခန့် ကျယ်ဝန်းပေ လိမ့်မည်။ တာလွှတ်မည့်နေရာများကို အလံကလေးများ စိုက်သူကစိုက်၊ ငါးပင်ကျော်ကြိုးတန်း - တန်းစိုက်ခြင်းဖြင့် အသင့်ပြင်သူကပြင်၊ ချက်ပြုတ် ကြော်လှော်သူကကြော်နှင့် အလှူလတ်တစ်ခုနှယ် စည်ကားနေပေသည်။

မဏ္ဍပ်အရှေ့ဘက်မှ လက်လွှဲမြောင်းသည် ရေကြည်ရေအေးများ တသွင် သွင်စီးလျက် ပြေးလွှားနေ၏။ ဦးကျော်စွာအဖို့မူ အရာရာသည် အသစ်အဆန်း ဖြစ်နေ၏။ ဦးကြွက်သည် ဦးကျော်စွာအား လူကြီးအချို့နှင့် မိတ်ဆက်ပေးပြီး နောက် ဦးကျော်စွာဘေးတွင် ဝင်ရောက်ထိုင်လိုက်ရာက အမယ်အိုတစ်ယောက် အား လက်ညှိုးညွှန်ပြ၏။

“ကျုပ်တို့ကျေးရွာအုပ်စုမှာတော့ ထိပ်တန်းကောက်စိုက်သမကြီးပေါ့ဗျာ ပြိုင်ပွဲတိုင်း ပထမပဲ”

“ဟိုမိန်းကလေးတွေကကောကွာ” ကြည်ပြာရောင်ထဘီ၊ အဖြူလက်စကဆင်တူနှင့် မိန်းမလှကလေးတချို့ ရွံ့ ထဲတွင် တစွက်စွက်နင်းကာ ပျိုးစည်းများရွှေ့ပြောင်း သယ်ပို့နေရာ သို့ မေးပြကာ ဦးကျော်စွာမေးမိ၏။

“ကျောင်းဆရာမကလေးတွေလေ။ ကျုပ်တို့ အင်းကုန်းကျေးရွာအုပ်စု"

“ဟုတ်လား”

ကျောင်းဆရာမဟူသည် မြေဖြူမှုန့်ပေရေသည်ကို မမှုငြား၊ ရွှံ့ ကိုကား သေမတတ်ကြောက်လိမ့်မည် ယုံကြည်နေဆဲဖြစ်သော ဦးကျော်စွာမှာ ထပ်မံ အံ့သြရပြန်၏။

“ကျုပ်တို့မြို့နယ်မှာ ဆယ်နှစ်အတွင်း ရိက္ခာဖူလုံစေရမယ်။ ရိက္ခာ အတွက် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ရမယ်ဆိုတဲ့ သန္နိဋ္ဌာန်နဲ့ ရေသာရှိမယ်၊ မြေသာရှိမယ်ဆိုရင် သစ်ပင်ပေါ်လည်းတက်စိုက်မှာပဲ။ တောင် ပေါ်လည်း တက်စိုက်မှာပဲဗျ။ အဲဒါကြောင့်လည်း ကျုပ်တို့ရဲ့ ရဲဘော်ကြီး ဗိုလ်ရာပြတ်တောင် စခန်းသာ” သမဝါယမဆိုပြီး ၁၀၅ ဧကရှိတဲ့ ရှေ့ပြေးသမ ဝါယမယာကြီးတစ်ခုကို ဦးစီးလုပ်နေပြီလေ။ ခင်ဗျား သတင်းစာထဲ တွေ့မှာပေါ့”

“ဟင် ... ဗိုလ်ရာပြတ် ယာလုပ်နေတယ်ဟုတ်လား”

သည်တစ်ခါ အံ့သြရခြင်းကား ဦးကျော်စွာ တင်ပျဉ်ခွေပျက်ရသည် အထိဖြစ်တော့သည်။ တစ်ပြိုင်တည်းပင် ထောင်ထောင်မောင်းမောင်း ထွားထွား ကျိုင်းကျိုင်းနှင့် ရိုးသားသည့်အသွင်ပေါ်သည်နှင့်အမျှ လုပ်မိလျှင် နောက် မဆုတ်တတ်သော ရဲဘော်ရာပြတ်၏ ရုပ်သွင်သည် ဦးကျော်စွာ၏ အာရုံ၌ ပေါ်လာ၏။

“ဒါဖြင့် သူ့ရဲဘော်ကြီး ဗိုလ်မိုးကြိုး၊ အဲ ဗိုလ်စံတင်ကော” “ရွာမွန် ဦးစံတင်လာဗျ”

ပိန်ပိန်ပါးပါးနှင့် ငြိမ်သက်အေးချမ်းလှသော ဗိုလ်စံတင်၏ရုပ်ကို အာရုံ ထဲတွင် ဖမ်းယူနေရသဖြင့် ဦးကျော်စွာ ခေါင်းညိတ်ရုံသာညိတ်နိုင်၏။

“ယာသမားပဲဗျာ ရွာမွန်မှာယာလုပ်နေတာပေါ့။ တစ်ခါတစ်ခါလည်း

ဆင်ဖြူကျွန်းအောင်သိန်း နတ်မောက်ကို လှည်းနဲ့ရောက်လာတာမြင်ရပါတယ်”

 

“ဪ... ဪ... နေပါဦး၊ ဗိုလ်ဘဆိုင်တို့၊ ဗိုလ်ချစ်မောင် တို့ကော”

 

“ဗိုလ်ချစ်မောင်က ကျောင်းဆရာဘဝက ပင်စင်ယူလိုက်ပြီး သမဝါယမ ဆေးခန်းမှာဥက္ကဋ္ဌလေ။ ဗိုလ်ဘဆိုင်ကတော့ မြေးကလေးတစ်ယောက်နဲ့ ဆင်း ဆင်းရဲရဲနေရတယ်။ မြို့ပေါ်မှာပါပဲ”

“အင်း”ရှည်ကြီးဆွဲကာ ညည်းတွားရင်း အတန်ကြာ ငေးမောနေပြီးမှ ဦးကျော်စွာ ခပ်အုပ်အုပ်ကလေးပြောသည်။

“နိုင်ငံအတွက် လက်နက်ကိုင်ဖို့လိုတဲ့ အချိန်တုန်းက လက်နက်ကိုင်ခဲ့ ကြသလို နိုင်ငံအတွက် ထွန်နဲ့ တံစဉ်ကိုင်ဖို့လိုလာပြန်ပြီဆိုတော့လည်း အင်း.. နေပါဦးကွ၊ သူ့စခန်းသာက ဘယ်မှာလဲကွ”

သူ့စကားတွေ ထွေးယှက်သွားသဖြင့် ဦးကြွက် နားမရှင်းလိုက်ပါ။

“ဗိုလ်ရာပြတ်ကို မေးတာပါကွာ။ သူ့စခန်းသာဆိုတာက ဘယ်နားမှာ လဲလို့”

“လေးအိမ်ဘူတာ နားမှာပါ။ သိပ်မဝေးပါဘူး”

အတိတ်ရှေးကြောင်းတို့သည် ဦးကျော်စွာရှေ့သို့ ရုတ်ခြည်း ရောက် လာကြသည်။ စစ်ပြန်ရဲဘော်များ ဖရိုဖရဲပြိုကွဲမသွားစေရန် ပြည်သူ့ရဲဘော် တပ်ဖွဲ့ ဖွဲ့စည်းခြင်း၊ စစ်ရေးမပြရ၊ ယူနီဖောင်းမဝတ်ရဆိုသော နယ်ချဲ့သမား အစိုးရ၏အမိန့်ကို ပြည်သူ့ရဲဘော်များ ဖီဆန်ခဲ့ခြင်း၊ စစ်အတွင်း တပ်မတော် သုံးရပ်တွင် သက်စွန့်ဆံဖျားပါဝင်အမှုထမ်းခဲ့သော ရဲဘော်များအား နယ်ချဲ့ သမားက ဖမ်းဆီးနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ပုလိပ်သပိတ်၊ အမှုထမ်း ပေါင်းစုံသပိတ်ကြီး၊ ဘုရင်ခံဆာဒေါ်မန်စမစ် ဝမ်းကိုက်ပြီး ထွက်ပြေးရခြင်း၊ ဆာဟူးဘတ်ရန့်စ်၏ ကမ်းလှမ်းချက်ကို ဖဆပလက လက်ခံ၍ ဗိုလ်ချုပ် အောင်ဆန်းခေါင်းဆောင်သော အစိုးရအဖွဲ့ ဖွဲ့စည်းခြင်း၊ တစ်နှစ်အတွင်း လွတ်လပ်ရေးရရပါစေ့မယ်ဆိုတဲ့ အာမခံချက်မရရင် ဇန်နဝါရီ ၃၁ ရက် နောက်ဆုံးထားပြီး ရာထူးကထွက်မယ်ဟု ဗိုလ်ချုပ်အောင်ဆန်း ကြေညာခြင်း၊

“ခင်ဗျာ မဝါနုလည်း ဒီရွာမှာရောက်နေတယ်ဗျ”

အသင့်ပြင်ထားကြ၊ လုံးဝလွတ်လပ်ရေးမရရင် ချမယ်။ ဗိုလ်ချုပ် ခေါင်းဆောင်သောအဖွဲ့ ဘိလပ်သွားခြင်း။ ။

“တိုင်းပြည် လွတ်လပ်ရေးရမှ မင်္ဂလာဆောင်ဖို့အရေး စဉ်းစားကြစို့ဆို တဲ့ ခင်ဗျာ မဝါနုလေ”

“ဟေ.. ဘာကွ၊ မဝါနု ဟုတ်လား”

အိပ်ပျော်နေစဉ်တွင် ခုတင်ပေါ်မှ လိမ့်ကျသူအလား ယခုမှ ဦးကျော် စွာ မေးလိုက်နိုင်သည်။ ဦးကြွက် ရယ်မောလိုက်၏။

“ဟောဗျာ ကျုပ်က ခင်ဗျားကြားတယ် ထင်နေတာဗျ” ဦးကျော်စွာလည်း ရောယောင်ပြုံးလိုက်ကာ “ကြားတော့ ကြားတယ် ကွ။ စိတ်က တခြားကိုရောက်နေတော့ အဓိပ္ပာယ် မသဲကွဲဘူး။ မိမိရရ မဆုပ် ကိုင်လိုက်နိုင်ဘူးပေါ့” ဟု ညင်သာစွာပြောဆိုလိုက်မိသည်။

“မင်းပြောတဲ့အထဲမှာ မဝါနုဆိုတဲ့ နာမည်ပါသလား” “အစစ်ပေါ့ဗျာ၊ ပါတာပေါ့” “အခု သူ ဒီရွာမှာ ရောက်နေတယ် ဟုတ်လား”

“ဟုတ်ပါ့ဗျာ။ အဖော်မမှီ အပျိုကြီးတစ်ကိုယ်တည်းပါပဲ။ ဒါပေမဲ့ သူ များကမွေးတဲ့ တူသံယောဇဉ်၊ မြေးသံယောဇဉ်တွေကတော့အများကြီးပေါ့ဗျာ”

ဒေါ်ဝါနုအမည်ကို ကြားရစက ဦးကျော်စွာ ရွှင်လန်းသည်။ မျက်နှာ နုပျိုလျက်တက်ကြွသည်။ သို့ဖြစ်ငြား ယခုထက်တိုင် အပျိုကြီးဘဝဖြင့်ပင် ရှိသေးကြောင်း သိရသည့်အခါတွင်ကား ဦးကျော်စွာမျက်နှာသည် ညှိုးနွမ်း လာရသည်။ ရင်ထဲတွင်မူ အပြစ်တစ်ခုကျူးလွန်မိသူ၏ ခံစားမှုမျိုးဖြင့် ဝမ်းနည်း ဆို့နင့်လာခဲ့ပေတော့၏။

 

နေခြည်သည် သာယာအေးရွာပေါ်မှ လျင်မြန်စွာ ဆုတ်ခွာသွားလေပြီ။ နွားကျောင်းသားက ခဲဖြင့်ပေါက် တုတ်ဖြင့်ပစ်သောကြောင့်သာ စားကျက်ကို