Skip to product information
1 of 2

Other Websites

စံဇာဏီဘို - ဆယ့်နှစ်ရာသီအချစ်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

          ကျွန်ုပ်သည် အချစ်နှင့်ပတ်သက်သော အကြောင်းအရာများကို တစ်ပါးသူအား အကြံပေးခြင်း၊ ဆွေးနွေးခြင်း၊ ဟောပြောခြင်း ပြု၍ အသက်မွေးသူ ဖြစ်သည်။ အချစ်ဟူသောအရာကို ကျွန်ုပ် ဤသို့ နားလည်သဘောပေါက်သည်။

“အချစ်သည် ချိုမြိန်သည်။

အချစ်သည် ခါးသီးသည်။

အချစ်သည် ပျော်ရွှင် ရယ်မောခြင်းကို ဖြစ်ပေါ်စေသည်။

အချစ်သည် ကြေကွဲ ငိုကြွေးခြင်းကို စေစားသည်။

အချစ်သည် ဘဝကို လှပရှင်သန်စေသည်။

အချစ်သည် ဘဝမျှော်လင့်ချက် အလုံးစုံကို တစ်စစီ ပျက်စီးစေသည်။

 

          နှလုံးသားကိုယ်စီ ပိုင်ဆိုင်ကြသော လူသားတို့သည် ချစ်တတ်သည်။ အပြန်အလှန် ချစ်ကြသည်။ ချစ်သူဘဝသို့ ရောက်ကြသည်။ နှလုံးသားကို အရင်းတည်၍ ချစ်ကြလင့် ကစား ..

          “ချစ်တိုင်း မညား ...”

           ဟူသော ဆိုရိုးစကားကြီးတစ်ခုသည် လူသားတိုင်းအတွက် တစ်စုံတစ်ရာသော အတိုင်းအတာအထိ မှန်ကန်နေဆဲဖြစ်သည်။

          ချစ်သူတို့ အကြား၌လည်းကောင်း၊ အိမ်ထောင်သည်တို့ ကြား၌လည်းကောင်း၊ ဘီလူးနှင့် လူ လက်ထပ်၍ မရ။ ဘီလူးက လူကို စားမည်၊ နက္ခတ်ချင်း မတည့်။ သူ၏ မွေးနံ သည် မိမိ မဟာဘုတ် အောက်တန်း၌ ရောက်နေသည်။ မဟာဘုတ်၏ လင်ဂြိုလ်၊ မယားဂြိုလ်တို့ မရဏ ရောက်နေ သည်။ ဇာတာ၏ လဂ်သမသတ်တွင် စနေဂြိုလ် တည်၍ လဂ်သမသတ် မြွေခွေး လင်သေ မုဆိုးမ ဖြစ်မည်။ တနင်္လာနှင့် အင်္ဂါတစ်အိမ်တည်း ပူးမြင်ရာ ဖောက်ပြားတတ်သည်။ ကျားနှစ် မွေးသော ကျားမဖြစ်၍ ဒုက္ခပေးမည်။ ဓမ္မာ၊ သောက၊ အင်းဝ၊ ရာဇာ အနေအထားဖြစ်နေသည်။ မိမိနှင့် နေ့ချင်းတည့်လင့် ကစား မိဘနှင့်မတည့်... စသည်. . . စသည်တို့ကြောင့် မပေါင်း ရ၊ မပေါင်းဖြစ်သော ချစ်သူများ ဒုနှင့်ဒေး။ အသက်အရွယ် ကွာခြားမှုများ၊ ဂုဏ်ပကာသန ဝန်းကျင် ကွာဟမှုများကြောင့် ချစ်သူဘဝမှ အိမ်ထောင်ဖက်ရန် ရှေ့တိုး မဝံ့ရဲခြင်း၊ လက်မထပ်ရဲခြင်း၊ လက်မထပ်ရ၊ အိမ်ထောင် မပြုကြရခြင်းများ ဖြစ်လေ့ရှိသည်။ အချို့သည်လည်း ချစ်သူ ရှိလျက်နှင့်ပင် ကိုယ့်ချစ်သူနှင့် နေ့၊ နက္ခတ်၊ ဇာတာ မတည့်၍ လမ်းခွဲကာ ဗေဒင်အလိုအရ တည့်သောသူကို ဇွတ်မှိတ်၍ အိမ်ထောင်ပြု ကြသည်။

          ထိုကဲ့သို့ ရိုးရာဗေဒင် နည်းပညာများအရ မတည့်ကြ လင့်ကစား ပျော်ရွှင် ချမ်းမြေ့စွာ ရာသက်ပန် ရိုးမြေကျ အောင် ပေါင်းသင်းနေထိုင်သွားသော အိမ်ထောင် မြောက်မြားစွာ ရှိသည်။ နေ့ချင်း၊ နက္ခတ်ချင်း ဗေဒင် ကိန်းအရ တည့်လင့်ကစား မသင့်မမြတ်ဖြစ်၊ လမ်းခွဲ၊ လက်တွဲဖြုတ်ကြသော အိမ်ထောင်များလည်း အများ အပြားရှိသည်။

          အချို့သည်လည်း မိမိနှလုံးသား မိမိနားမလည်။ မိမိ အချစ်ကို မိမိ မသိ။ ချစ်သူလက်တွဲသူရှိပြီးမှ နှလုံးသားမှ အချစ်စစ်သည် ပေါ်ထွက်လာသည်။ ချစ်သူလက်တွဲထားသူ နှင့် ဖြစ်ရခြင်း၊ လူပြောင်းရခြင်း၊ ပေးထားခဲ့ဖူးသော ကတိ စကားများ၊ ဆုံးဖြတ်ချက်များကို ပြန်လည် ပြင်ဆင် ပြောင်းလဲ ခြင်းတို့ ပြုကြရသည်။

          “ချစ်သူတိုင်း ညား၍... ညားသူတိုင်း မြဲစေရန်”ကျွန်ုပ် သည် အလွန်လိုလားသောသူ ဖြစ်သည့်အားလျော်စွာ လူသားအားလုံး မိမိနှလုံးသားမှ စီးဆင်းလာသော အချစ်ကို သိစေလိုသည်။ မိမိချစ်သူ၏ အချစ်ကိုလည်း နားလည် သိရှိစေလိုပေသည်။

          လုပ်ငန်းအတွေ့အကြုံအရလည်းကောင်း၊ ဆရာတို့ထံမှ လေ့လာ ဆည်းပူးခဲ့သည်တို့မှလည်းကောင်း၊ ဖတ်ရှုဖူးသော ကျမ်းဂန်စာပေများအရလည်းကောင်း၊ အချစ်ရေး၊ အိမ်ထောင် ရေးရာ ကိစ္စာအဖြာဖြာတွင် ရှေးဟောင်းလောကီပညာ အခြေခံ ဖြစ်သည့် ကမ္ဘာသုံးရာသီခွင်များကို အသုံးပြုဆောင်ရွက်၍ ဟောပြော၊ အကြံပေးခြင်းသည် အမှန်ကန်ဆုံး၊ အထိရောက် ဆုံးနှင့် အကျိုးအရှိဆုံးဖြစ်ကြောင်း တွေ့ရှိရပါသည်။

          ဤနည်းကို လက်တွေ့အသုံးပြုအကြံပေးကာ လက်တွေ့ အသုံးချသော ချစ်သူစုံတွဲများ၊ အိမ်ထောင်သည်များ၏ လမ်းကြောင်းသည် သာယာ၊ ဖြောင့်ဖြူးလှကြောင်းတွေ့ရှိရသည်။ နှလုံးသား တစ်ခုနှင့် တစ်ခု၊ လူသား တစ်ဦးနှင့် တစ်ဦး ပေါင်းစပ်မှုအား ရာသီခွင်များမှတစ်ဆင့် လေ့လာနိုင်သည်။ ဤနက်နဲခက်ခဲလှသော ဆယ်နှစ်ရာသီအချစ် နည်းပညာကိုဖော်ကျူးရာတွင် ဗေဒင်ပညာ အခြေခံ့မရှိသူမှ အစ နားလည် စေရန် ကျွန်ုပ် စီစဉ်တင်ပြအပ်ပေသည်။

          ဤစာအုပ်သည် ဗေဒင်ပညာရှင်များအတွက် ရည်ရွယ်သော ကျမ်းစာအုပ် တစ်အုပ် မဟုတ်ပါ။ အများပြည်သူ ဖတ်ရှုရန်အတွက်သာ ဖြစ်ပါသည်။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)