စိုးမြင့်လတ် - ခေါင်းငုံ့လျှောက်သူနှင့် ဆိုဗီယက်ဟာသများ
ပုထုဇနောဥမ္မတကော
A Worderful Doctor - SEMYON NARINIANI
နံနက်ပိုင်း အလုပ်မဝင်ခင် တစ်နာရီလောက်တွင် ရောဂါက ဖောက်လာသည်။ နေရသည်က သိပ်မကောင်းချင်။
သူ့ယောက်ျားဖြစ်သူကို ခဏလေးနော်ဟုပြောပြီး တံခါးဘောင်ကို မှီရင်း ခဏမှိန်း နေလိုက်သည်။ ယောက်ျားဖြစ်သူက သူမကို လာတွဲထိန်းပြီး ကုလားထိုင်ပေါ် တင်ပေး လိုက်သည်။ စိတ်ထဲမှာတော့ မိန်းမဖြစ်သူအပေါ် ဝေဒနာခံနေရလို့ သနားတာက တစ်ဖက် စိတ်တိုတာက တစ်ဖက်။ သူမသည် နှလုံးမကောင်းသဖြင့် သတိထားလုပ်ပါဟု သူအကြိမ် ကြိမ်ပြောလျက်က သူ့ကိုယ်သူ ကျောင်းသူလေးတစ်ယောက်အလား ဟောဟောဒိုင်းဒိုင်း လုပ်လေ့ရှိသည်။ တစ်ခုခုလုပ်ချင်ပြီဆိုလျှင် သူ့ရောဂါကို သတိမရတော့။ ကောက်ကာ ငင်ကာ ထ,လုပ်တတ်သည်မှာ သူမ၏အကျင့်။ ခုလည်းကြည့်လေ။ မနေ့ညကဆိုလျှင် ည ၁၁ နာရီမှာ အိပ်ယာဝင်ပြီး ၁၂ နာရီမှာ ပြန်ထကာ မနက် ၄ နာရီထိ အလုပ်စားပွဲမှာ ထိုင်ကာ တစ်ညလုံး အလုပ်လုပ်နေခဲ့သည်။ စိတ်ကူးပေါ်တုန်း လုပ်ရတာဟုလည်း ဆင်ခြေ ပေးလိုက်သေးသည်။ သူမစိတ်ကူးရသော တိုက်သစ်၊ အိမ်သစ်တို့၏ စီမံကိန်းပုံစံမှာ တယ် ကောင်းသည်ကလည်း အမှန်ပင်ဖြစ်ပါသည်။ သို့သော်လည်း ထိုစိတ်ကူးဉာဏ်ကူး အကြံ ကောင်းတို့သည် နေ့ဘက်အလုပ်ချိန်တွင် မပေါ်လာကြဘဲ၊ ခုလို ညအိပ်ချိန် အိပ်ယာဝင်ချိန် ကျမှ ဘယ်ကနေ ဘယ်လိုပေါ်လာသည်ကိုတော့ သူမအနေနဲ့ ဘယ်လိုမှ နားမလည်နိုင် တာလည်း အမှန်ပင်ဖြစ်ပါသည်။
ရူးလိုက်ပါဦး၊ ဟုတ်ပြီဟု ပြောနေသော်လည်း သူ့စိတ်ကတော့မူ ဖိနပ်ဆီသို့သာ ရောက်နေ လေတော့သည်။
“တချို့လူတွေဟာ သိပ်ကံကောင်းကြတာပဲ” လူနာက အသက်ရှူရပ်လိုက်ပြီး ဆရာဝန်မကို မေးလိုက်သည်။ “ဘာကိုပြောတာလဲ ဆရာမ၊ ကျွန်မနှလုံးကို ပြောတာလားဟင်” “မဟုတ်ပါဘူး။ ရှင့်ဖိနပ်ကိုပြောတာပါ။ သိပ်လှတာပဲနော်” ။
ဆရာဝန်မသည် နားကြပ်ဖြင့်ထောက်ကာ နှလုံးခုန်သံကို နားထောင်နေဆဲပင် ဖြစ်သည်။ မျက်စေ့ကို မှိတ်၍ နားထောင်နေသော်လည်း သူမရဲ့ စိတ်ကတော့ နှလုံးဆီမှာ မရှိပါ။ စိတ်ဝင်စားဟန်လည်း မရတော့ပါ။ ဆရာဝန်မအဖို့ နှလုံးခုန်သံနှင့် ဖိနပ်လှလှသည် ယှဉ်တွဲ၍ စိတ်ထဲ၌ ပေါ်နေလေသည်။
“ဘယ်လောက်ကြာပြီလဲ”ဟု ဆရာဝန်မက မေးလိုက်သည်။ “ဘာလဲ ဒီဖိနပ်လေးကို ပြောတာလား” “မဟုတ်ပါဘူး၊ နှလုံးတုန်တာကို ပြောတာပါ" “တစ်နှစ်ခွဲလောက်ရှိပြီ” “သက်သောင့်သက်သာရော ရှိရဲ့လား" “သိပ်ရှိတာပေါ့" “ရှိဆို ရှင့်ပါးစပ်ကို ခဏဟလိုက်ပါဦး"
လူနာက ပါးစပ်ဟလိုက်သည်။ ဆရာဝန်မက လူနာ၏ လျှာကိုစစ်ဆေးကြည့်နေ သည်။
"ဒါနဲ့ ရှင်ဘယ်လောက်ပေးခဲ့ရသလဲ" ““အစိတ်ထဲပါ"
“တယ်ဈေးချိုပါလား"ဟု ဆရာဝန်မကပြောရင်း လူနာ၏ ဗိုက်ကိုစမ်းကြည့်နေ သည်။ ပထမ အသည်းကို စမ်းသည်။ နောက် သရက်ရွက်ကိုလည်း စမ်းကြည့်သည်။ စမ်းနေရင်းက ဆရာဝန်မ၏ မျက်နှာသည် တစ်စုံတစ်ရာကို ပြောသင့်မပြောသင့် ချိန်ဆ နေဟန်မျိုး ဖြစ်သွားသည်။ လူနာက ဆရာဝန်မျက်နှာကိုကြည့်၍ ရုတ်တရက် တုန်လှုပ် သွားသည်။ ရောဂါတစ်ခုခုများ ထပ်တွေ့လို့လားဟု တွေးပြီး စိုးရိမ်သွားသည်။
“အသည်းများ ယောင်နေလို့လား ဆရာမ”ဟု မေးရင်း လူနာသည် ဆရာဝန် မျက်နှာကို အကဲခတ်နေသည်။
“ဘာဖြစ်တယ်ထင်လို့လဲ ဆရာမ၊ ကင်ဆာဖြစ်နေလို့လား ပြောပါ ဆရာမ ကျွန်မ မကြောက်တတ်ပါဘူး”ဟု ပြောနေသော်လည်း လူနာ၏နဖူး၌ ချွေးများစီးကျလာ သည်။
“ရှင်ကသာ ခွင့်ပြုမယ်ဆိုရင် ကျွန်မ .. " “ဘာကိုလဲ" “ရှင့်ဖိနပ်ကို ကျွန်မစီးကြည့်ပါရစေ"
“ဟင်း" လူနာသည် ခုမှပင် စိတ်ထဲပေါ့သွားကာ သက်ပြင်းချလိုက်နိုင်သည် နောက်ပြီး သူမ၏ ညာဘက်ခြေထောက်မှ ဖိနပ်ကို ချွတ်ပေးလိုက်လေသည်။
ဆရာဝန်မသည် လူနာ၏ဗိုက်ကို မစမ်းကြည့်တော့ပေ။
ဖိနပ်ကိုသာစီးကာ အခန်းထဲ၌ ခေါက်တုံ့ခေါက်ပြန် လျှောက်ကြည့်နေပါတော့ သည်။
ထိုအချိန်တွင် လူနာ၏ အမျိုးသား ပြန်ဝင်လာသည်။ “ဆေးထိုးအပ် ပြုတ်ပြီးပါပြီ ဆရာမ”
“ကျေးဇူးပါပဲရှင်"ဟု ဆိုကာ ဆရာဝန်မသည် မီးဖိုခန်းဘက်သို့ ဝင်သွားသည် သူမ၏ ခြေထောက်တစ်ဖက်၌ လူနာ၏ သမင်ရောင်ဖိနပ်လေး၊ နောက်တစ်ဖက်၌ ဗလား
"ဆရာဝန်မက ဘယ်လိုဖြစ်တာလဲ”ဟု လူနာအမျိုးသမီး၏ ခင်ပွန်းက မေးလိုက် သည်။
“ဘယ်လိုမှ ဖြစ်တာမဟုတ်ပါဘူး၊ ကျွန်မဖိနပ်ကို ကြိုက်လို့ဆိုပြီး စီးကြည့်တာပါ” “ဒီဆရာဝန်မ ရူးများနေလားကွာ"
ထိုအခိုက် မီးဖိုခန်းဘက်မှ ဆရာဝန်မသည် ဖိနပ်တစ်ဖက် ခွာသံပေးကာ တရှပ်ရှပ် ဖြင့် ထွက်လာလေသည်။ ထို့နောက် လူနာကို ဆေးထိုးရန် ဆေးထိုးအပ်ထဲသို့ ဆေးရည်ကို စုပ်ထည့်လိုက်လေသည်။ လူနာရှင်အမျိုးသားကတော့ ကိုယ့်စိတ်ကိုယ်ချုပ်တီးသည့် အနေဖြင့် မီးဖိုခန်းထဲသို့ ပြန်ဝင်သွားလေသည်။
ဆရာဝန်မက ဆေးထိုးပြီးနောက် အပ်ကိုပြန်သိမ်းကာ လူနာအား မေးလိုက် လေသည်။
“ကဲ .. အခု ဘယ်လိုနေသေးသလဲ” “သက်သာပါတယ်” “ကျွန်မကတော့ မသက်သာဘူး” “ဘာဖြစ်လို့လဲ ဆရာမ” “ကျွန်မ မှားသွားတယ်။ မနေ့ကဝယ်လာတဲ့ ဖိနပ်ကို မကြိုက်ဘူးဖြစ်နေတယ်"ဟုပြောရင်း
လူနာ၏ဖိနပ်ကို ချွတ်ပေးရင်း သူစီးလာသော ဖိနပ်ကို ပြန်စီးနေသည်။ ထိုအခါမှ လူနာဖြစ်သူကလည်း ဆရာဝန်မ၏ ဖိနပ်ကို လှမ်းကြည့်လိုက်မိသည်။ သူမ အသက်ရှူပင်မှား
သွားမတတ်ဖြစ်မိသည်။ ထိုဖိနပ်သည် သူမ အလွန်တရာလိုချင်လှသော ဦးဝိုင်းပုံနှင့် ဖိနပ်မျိုးဖြစ်နေသည်။ ထိုဖိနပ်မျိုးကို လိုချင်လွန်းလှ၍ သူမရှာနေသည်မှာ သီတင်းနှစ်ပတ်ပင်ှိချေပြီ။ ဆိုင်တိုင်းသို့လည်း ရောက်ခဲ့ပြီးချေပြီ။ မရနိုင်တော့သည့်အဆုံးကျမှ ခုစီးထားသည့် ဦးချိန်နှင့်ဖိနပ်ကို မလိုချင့်လိုချင်နှင့် ဝယ်ခဲ့ခြင်းဖြစ်သည်။ ဒါပေမဲ့ ဆရာဝန်မကတော့ သူမ အလွန်လိုချင်နေသည့် ဦးဝိုင်းဖိနပ်မျိုးကို ရှာတွေ့ခဲ့သည်။ ထို့ပြင် အရောင်ကလည်း သူမနှစ်သက်သော အရောင်ဖြစ်နေသည်။ ဆရာဝန်မ၏ ဖိနပ်ကို တပ်မက်စိတ်ပြင်းပြခဲ့မိသော လူနာအမျိုးသမီးသည် ရှက်စိတ်ဝင်ကာ ညည်းညူလိုက်မိလေသည်။
ဆရာဝန်မက အပြေးရောက်လာပြီး “ဘာဖြစ်တာလဲ"ဟု မေးသည်။ “ဆရာမ မရယ်ရဘူးနော်” ““မရယ်ပါဘူး။ ပြောသာပြောပါ” ''ဆရာမ ဖိနပ်ကို ကျွန်မခဏလောက် စီးကြည့်ပါရစေလား”
ဆရာဝန်မသည် သူ၏ဖိနပ်ကို ချွတ်လိုက်ပြီး လူနာက စီးကြည့်သည်။ နောက်ပြီး ဆရာဝန်မက လူနာကိုတွဲထူကာ လမ်းလျှောက်ကြည့်သည်။ ပြတင်းပေါက်ဘက်ကို လျှောက် သည်။ နောက်အိပ်ရာခုတင်ဆီသို့ ပြန်လာသည်။ လူနာလမ်းလျှောက်နေပြီ။ ခြေတစ်ဖက် ၌လည်း ဦးဝိုင်းဖိနပ်နှင့် အခြားတစ်ဖက်၌ ခြေဗလာ။ ။
ခုတော့ လူနာရော ဆရာဝန်မ နှစ်ယောက်လုံး စိတ်ရွှင်လန်းလို့။ ထိုစဉ် လူနာ၏ အမျိုးသား ပြန်ဝင်လာသည်။ တံခါးဝမှနေ၍ အမျိုးသမီးနှစ်ယောက်၏ လှုပ်ရှားမှုကို ကြည့် နေသည်။ စောစောက သူမီးဖိုခန်းထဲ ဝင်သွားစဉ်က အခန်းထဲတွင် အရူးမတစ်ယောက်သာ ရှိသည်ဟု ထင်ခဲ့သည်။ ခုတော့ အရူးမက နှစ်ယောက်ဖြစ်နေချေပြီ။
“ဘာလုပ်နေကြတာလဲ”လို့ မေးလိုက်တော့ ... ။ “ကျွန်မတို့နှစ်ယောက် ဖိနပ်ချင်းလဲနေကြတာလေ”
အမျိုးသမီးနှစ်ယောက်သည် မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ ဆရာဝန်မက လူနာ၏ ဦးချွန်ဖိနပ်ကို စီးထားသည်။ လူနာက ဆရာဝန်မ၏ ဦးဝိုင်းဖိနပ်ကို စီးထားသည်။ နှစ်ဦးသဘောတူ ဖိနပ်ချင်းလဲလိုက်ကြသည်။ ဖိနပ်သစ်များနှင့် လမ်းလျှောက် ကြည့်လိုက် ကြသေးသည်။ ပြီးတော့ တစ်ယောက်နှင့်တစ်ယောက် ချိုသာရင်းနှီးခင်မင်စွာ နှုတ်ဆက် လိုက်ကြသည်။ ဆရာဝန်မက နောက်လူနာတစ်ယောက်ဆီသို့ သွားသည်။ လူနာက တံခါးကို ပိတ်ပြီး သူ့အမျိုးသားဆီ ပြန်လာသည်။ “ကျွန်မမှာ ဘာဝေဒနာမှ မရှိတော့ဘူး။ အားလုံးပျောက်သွားပြီ။ သိပ်ကို အံ့သြစရာကောင်းတဲ့ ဆရာဝန်ပဲနော်၊ ကျွန်မတော့ ဒီတစ်ခါပဲ တွေ့ဖူးတယ်”
သားတို အဖေ ကလေးဖေဖေ
Dad - VICTOR ARDOV
အလွန်တရာမှပင် စိတ်လှုပ်ရှားနေပုံရသောလူတစ်ယောက်သည် သားဖွားဆေးရုံ၏ ဧည့်ဆောင်ထဲသို့ ကသောကမျောဖြင့် ပြေးဝင်လာသည်။ လက်တစ်ဖက်က သားရေအိတ် ဖောင်းဖောင်းကြီးကို ပွေ့ထားသည်။ ပွေ့သာထားသည့်၊ သားရေအိတ်က သော့ခတ်သည့် နေရာမှာ ခပ်ဟဟ ပွင့်နေသည်။
တံခါးမှ ပြေးဝင်လာကတည်းကပင် ထိုသူသည် ပါးစပ်က ဆီမန်းပေါက်ပေါက် ဖောက်သလို ဘာတွေရွတ်လာသည် မသိ။ တစ်ချက်ကလေးမှ မနား၊ ဧည့်ခန်းက စားပွဲဝိုင်း နားရောက်တော့မှ သူ ပြောနေသည်ကို ပီပီသသ ကြားရတော့သည်။ ။
“အရပ်ကတို့ရေ လုပ်ကြပါဦး ... ဘယ်သူမှာလည်း မရှိကြပါလား၊ ဒီလောက် အရေးကြီးတဲ့ကိစ္စကိုများ ဒီအတိုင်း ပစ်စလက်ခတ် ထားရက်ကြတယ် ကာယကံရှင် တွေမှာတော့ ခေါင်းမီးတောက်နေပြီ။ ဒီလိုပဲနေကြတော့မှာလား။ ကျုပ် မိန်းမ ဆေးရုံပေါ်ရောက်နေတာ ၃ နာရီတောင်ရှိပြီဗျ။ သုံးမြွှာပူးတွေ ဘာတွေများ မွေးနေသလား သိဘူး။ ဘုရားရေ တစ်ခုခုဖြစ်နေမှတော့ ဒုက္ခပဲ။ ကျုပ်တော့ မနေတတ်တော့ဘူး၊ ဒီအချိန်ဆို သူ ဘယ်လိုဝေဒနာတွေ ခံနေရတော့မယ်ဆိုတာ ကျုပ်သိတာပေါ့။ ဒီလိုအချိန်မျိုးမှာတောင် ဒီဆေးရုံက လူတစ်ယောက်မှ မရှိဘူး။ သိကြသေးတာပေါ့ကွာ ... စောင့်သာကြည့်။
နဂါးမှန်းသိအောင် အမောက်ထောင်ပြလိုက်ဦးမယ်။ သတင်းစာထဲက “ပြည်သူ့
အော်သံ"ကနေ ဆော်လိုက်စမ်းမယ်။ ဒါတင်ဘယ်ကမလဲ ... တခြားဌာနတွေလည်း စာတင်ဦးမှ ... သိကြသေးတာပေါ့ကွာ”
ထိုအချိန်တွင်ပင် တာဝန်ကျဆရာမလေးတစ်ယောက် အခန်းထဲသို့ ပြေးဝင်လာ သည်။ ဂါဝန်ဖြူကလေးနှင့်၊ ခေါင်းပေါ်မှာလည်း ခေါ်ဆောင်းအဖြူကလေး တပ်ထားသည့် သူမမျက်နှာက တကယ့်ကို တည်တည်ငြိမ်ငြိမ်ပင်၊ ပြီးတော့... လက်ထဲမှာလည်း ရေတစ်ခွက်နှင့်။
ပြီးတော့မှ ... ကျင့်သားရနေပြီဖြစ်သော ချိုချိုအေးအေးအသံကလေးဖြင့် ဖြည်းညင်းစွာ ပြောလိုက်သည်။
“စိတ်ကိုထိန်းမှပေါ့ ... ကလေးဖေဖေရယ်" ပြီးတော့ သူမက သောက် ရေခွက်ကို ကမ်းပေးလိုက်သည်။
“ကလေးဖေဖေ"ဟုဆိုကာ ထိုသူက ကြောင်တက်တက်နှင့် ပြန်မေးလိုက်သည် “ဘယ်သူလဲဗျ ... ကလေးဖေဖေဆိုတာ” “ရှင့်ကိုပြောတာပေါ့ . . . ရေသောက်လိုက်ပါဦးရှင်"
“ကျုပ်မသောက်ချင်ပါဘူး” ဟု ပြောပြီးထိုသူက ဆရာမလေးလက်ထဲမှ ရေခွက် ကိုယူကာ တစ်ကျိုက်တည်း မော့ချလိုက်တော့သည်။ ပြီးမှ
“ဒါနဲ့ ... ခင်ဗျားက ကျုပ်ကိုဘာဖြစ်လို့ “ကလေးဖေဖေ”လို့ ခေါ်တာလဲဗျ"
“နို့ ... ရှင်က ကလေးဖေဖေ မဟုတ်လို့လား။ ရှင် ဒီအခန်းထဲလာပြီး ဒီလောက် သောကတွေ ရောက်နေမှတော့ ရှင့်မိန်းမ မွေးခန်းထဲရောက်နေတာ သေချာပြီပေါ့ ဒါကြောင့် ရှင်ဟာ “ကလေးဖေဖေ'ဆိုတာ မမှန်ဘူးလား၊ 'ကလေးဖေဖေ" မို့လို့သာ ရှင် ဒီကို လိုက်လာပြီး ဗလောင်ဆူနေတာပေါ့”
“ဟုတ်ပါတယ်... ကျုပ်မိန်းမက အထဲမှာပါ" “ကဲ... ကျွန်မပြောတာ မမှန်ဘူးလား”
“ဟိုမှာက ခုမှ ဗိုက်နာနေတုန်းနေမှာ၊ မွေးမှမမွေးသေးဘဲ ... ဘယ်လိုလုပ် ကျုပ်က 'ကလေးဖေဖေဖြစ်ဦးမှာလဲ"
“နောက်နာရီဝက်လောက်ဆို ဖြစ်တော့မှာပဲ။ ထိုင်စမ်းပါဦး ကလေးဖေဖေရယ် “မခေါ်စမ်းပါနဲ့ဗျာ... ဒီ 'ကလေးဖေဖေ'ဆိုတာကြီးကို"
“အို ... ဒါ ဘာမကြိုက်စရာရှိလဲ။ ရှင့်လို လူကောင်းသူကောင်းတစ်ယောက်ကို လူဆိုးသူခိုးလို့ခေါ်တာမှ မဟုတ်တာ။ “သားတို့အဖေ၊ ကလေးဖေဖေ”လို့ ခေါ်တာဟာ နာစရာ မရှိပါဘူး။ ဒါနဲ့ ... ရှင့်မိန်းမကို ပို့ထားတာ ဘယ်လောက်ကြာပြီလဲ"
“နှစ်ချီနေပြီ (နာရီကိုပြန်ကြည့်ပြီး) သုံးနာရီနီးပါးရှိပြီဗျ” ““
ဒီလောက်လည်း မစိုးရိမ်ပါနဲ့ရှင်။ ရှင့်မိန်းမက ကြောင်မှမဟုတ်ဘဲ။ ကြောင် ကလေးတွေ မွေးတာတောင် သုံးနာရီကြာတာပဲရှင်။ လူသားမိန်းမတစ်ယောက်ကမွေးရတာ ဆိုတော့ ... "
“ဒီတော့ ကျုပ်က ဘာလုပ်ရမှာလဲ။ စိတ်ပူရလွန်းလို့ တစ်ခေါင်းလုံးလည်း မီးတောက်နေပြီး ဆေးရုံဝင်ပို့ပြီး ရုံးရောက်လို့ အစည်းအဝေးထိုင်တော့လည်း၊ အထက် လူကြီးက မေးတာတွေ ကျုပ်မကြားတော့ဘူး၊ နားလည်းမလည်ဘူး။ ဒီတော့ သူက ကျုပ်ကို “မင်း ဘာတွေ စဉ်းစားနေတာလဲ”တဲ့။ ကျုပ်ကလည်း ကိုယ့်အတွေးနဲ့ကိုယ်ဆိုတော့ -
“ယောက်ျားလေးလား၊ မိန်းကလေးလား မသိဘူး"လို့ ဖြေလိုက်တော့၊ ဝိုင်းဟား လိုက်ကြတာလေ။ ဒါနဲ့ အရာရှိကြီးက “ဒီနေ့တော့ မင်းအလုပ်ထဲစိတ်ရောက်မှာ မဟုတ်မယ့် အတူတူ ... မင်းအမျိုးသမီးဆီသာ သွားပါတော့ကွာ"ဆိုပြီး ပြောလိုက်တယ်။
“ဒါပေမဲ့ ... ဒီမှာလည်း ရှင်လုပ်နိုင်တာ မရှိပါဘူး" “အနည်းဆုံးတော့ လိုတဲ့ပစ္စည်းတွေပို့ပေးနိုင်တာပေါ့ဗျာ... ဟော့ဒီအထုပ်
ကလေးကို ..."
““မပို့ပါနဲ့” “ဘာဖြစ်လို့လဲ" “ရှင်ယူလာတာတွေက ဟုတ်မှမဟုတ်ဘဲ" “ခင်ဗျားက ဘယ်လိုလုပ်သိသလဲ ... အထုပ်တောင်မကြည့်ရသေးဘူး” ““ကြည့်စရာမလိုပါဘူးရှင် ... ရှင်ယူလာတာ ချယ်ရီဘရန်ဒီမဟုတ်လား” “ဟုတ်ပါတယ် ။
“ခွင့်မပြုနိုင်ဘူး။ ခုအချိန်မှာ ကလေးအမေတွေကို နွားနို့တစ်မျိုးပဲ သောက်ခွင့်ပြု ထားတာ။ နောက်ပြီး ... ရှင် သခွားချဉ်တွေလည်း ယူလာတယ် မဟုတ်လား"
““ဟုတ် ... ဟုတ်” . “ဒါလည်း ခွင့်မပြုနိုင်ဘူး၊ နောက်ပြီး ငါးသလောက် ငါးပိကောင်လည်းယူလာ | ဘယ်မဟုတ်လား”
“တစ်ကောင်တည်းပါ... ကျပ်ကင်လာတာပါ"
“ရှင်သိထားဖို့က မီးနေသည်ဆိုတာ အနံ့စူးတာတွေ၊ ကျပ်ကင်ထားတာတွေ ဆားနယ်ထားတာတွေနဲ့ မတည့်သလို၊ အရက်လည်း မသောက်ရဘူး”
“ဒါဆို ... တည့်တဲ့ နွားနို့တို့၊ ဒိန်ခဲတို့ ပြန်ယူပါ့မယ်။ ဒါပေမဲ့ ကျပ်ကိုတော့