စမ်းစမ်းနွဲ့(သာယာဝတီ) - ခေါက်ထီးကလေး မလုံ့တလုံ
အခန်း (၁) ၁၉၇၇ ခုနှစ် ဝန်းကျင်ကာလ “ကဲ..ဒေါ်ရွှေစင်မွန်၊ မေးစရာများ ရှိရင်.....”
တရားစီရင်ရေး အဖွဲ့ နာယက၏ ပကတိတည်ငြိမ်သော အသံက တရားခွင်ကို ထွင်းဖောက်လိုက် သည်။
အမွန်သည် ဣန္ဒြေမပျက်ရအောင် အတတ်နိုင်ဆုံးချုပ်ထိန်းရင်း ထိုင်ရာမှထကာ တရားသူကြီး အဖွဲ့ ကို အရိုအသေပြု လိုက်၏ ။
တရားလိုပြသက်သေ ထွက်ချက်ကို အဆုံးသတ်ရိုက်နေသည့် ရှေ့ဖတ်စာရေး ၏ လက်နှိပ်စက်သံ တချောက်ချောက်မှတစ်ပါး တရားခွင်သည် စောစောကထက် သိသိသာသာကြီးတိတ်ဆိတ်နေ၏ ။
အားလုံးကပင် အစိုးရရှေ့နေကြီး ဒေါ်ရွှေစင်မွန် မေးခွန်းထုတ်တော့မည် ကို အာရုံစိုက်နေကြဟန် ရှိသည်။ အမွန်သည် တရားခွင်ကိုတစ်ချက်မျှမျက်လုံးဝေ့၍ အက်ခတ်လိုက်၏ ။ ခုံတန်းလျားပေါ်တွင် ခပ်တောင့်တောင့် ထိုင်နေသော တရားခံအဘွားကြီးက လှမ်း၍ ပြုံးပြလိုက်လေရောအ မွန့်ရင်ထဲမှာ ဖျတ်ခနဲ လှုပ်သွားရပြန်လေသည်။
တရားရုံးမျက်နှာစာ စိတစ်လျှောက်မှာ ပြည့်ကျပ်နေရုံမက တရားရုံးတံခါးပေါက်များ တွင် ပါ ပြွတ်သိပ်တိုးဝှေ့နေကြသော လူထုပရိသတ်ကိုလည်း အမွန်စိတ်ပျက်လှသည်။ တရားလိုပြသက်သေ မိန်းကလေးကိုတော် တော် အနှောင့် အယှက် ဖြစ်စေသည့် ပရိသတ်။
အမွန်သည် ပျံ့လွင့်နေသော အာရုံကို အတတ်နိုင်ဆုံး စုစည်းလိုက်ကာ သက်သေမိန်းကလေး၏ မျက်နှာကို ဖျတ်ခန်စိုက်ကြည့်လိုက်သည်။
“မသီတာစိမ့်၊ အသက်ကဆယ့်ရှစ်နှစ်
နော်”
“ဟုတ်ကဲ့ရှင့်”
သီတာစိမ့်ဆိုသူမှာ အရွယ်နှင့် မလိုက်အောင် အံ့စဖွယ်ရဲတင်းလှစွာရောင် စုံဆေးဆိုးပန်းရိုက် မျက်နှာလေးကို ခပ်မော့မော့ပင့်ကာ မျက်စနှစ် ဖက်ချီ၍ မေးသမျှဖြေမည် ဆိုသည့် မျက်နှာပေးနှင့် ရှက်ရွံ့တုန်လှုပ်ဟန် ရှိုးတိုးရှန့်တန့်အမူအရာ လုံးဝမရှိ။
"တရားခံဒေါ်ခင်မေကို အရင်က သိဖူးသလား” “သိပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ် လောက်ကတည်းက ခင်မင်ရင်းနှီးလာတာပဲ”
သီတာစိမ့်သည် မေးခွန်းကို ဖြေရင်းက တရားခံဘက်ကို လှည့်၍ ပြုံးပြလိုက်သေး၏ ။ အမွန်ကလက်နှိပ်စက်ဖြင့် မှတ်တမ်းတင်ထားသည်ကို စောင့်ရင်း ဆက်၍ မေးခွန်းထုတ်လိုက်သည်။
“ရွှေနဂါးဟိုတယ်ကို ရဲကဖမ်းတဲ့ညတုန်းက မသီတာစိမ့်ရှိနေတယ်လို့ ထွက်ဆိုထားတယ်။ အဲဒီ ညတစ်ညပ် ရွှေနဂါးဟိုတယ်ကို မသီတာစိမ့်ရောက်ဖူးသလား”
"ဟင့်အင်း... အရင်ကလည်း ခဏခဏလာဖူးတာပဲ။ အန်တီမေမှာတယ်ဆိုရင် ကျွန်မတို့ လာနေကျပဲ”
ငယ်ရွယ်နုနယ်သလောက်၊ သွက်လက်ဖျတ်လတ်သလောက် တရားရုံးအတွေ အကြုံနည်းဟန် တူ၏ ။ တရားခံနှင့် ရင်းနှီးကြောင်း၊ တရားခံ၏ ဩဇာကို မလွန်ဆန်နိုင်ကြောင်း၊ ဤမျှရဲရဲတင်းတင်း ထွက်ဆိုနေခြင်းဖြင့် တရားခံအပေါ် ပို၍ ပြစ်မှု ထင်ရှားစေသည်ကို နားမလည်ရှာ။
“ကဲ..စာရေး ကြီးရေ၊ တိတိကျကျလေး ဖြစ်အောင် လုပ်ပါရှင်၊ ယခင်ကလည်း မကြာခဏ ရောက် ဖူးပါသည် ဟုတ်လား။ အဲ ... အန်တီမေ မှာ သည်ဆိုလျှင် ကျွန်မတို့ လာနေကျ ဖြစ်ပါသည်လို့ ရပြီနော်”
အမွန်သည် တရားခွင်မှာလမိုင်းကပ်စပြု လာ၏ ။ နာယကကြီးကပင်...
“ခပ်အေးအေးသာမေးပါ ဒေါ်ရွှေစင်မွန်၊ မှတ်တမ်းကို တိကျအောင် လုပ်၊ လက်နှိပ်စက်ကပြည်သူပိုင်သိမ်းတုန်းက ပါလာတဲ့ တကယ့်လက်ဟောင်းအစစ်ဗျ၊ အတော် ထိန်းရိုက်ရတာ
ဟုလှမ်း၍ သတိပေးလိုက် သည်။ တချောက်ချောက်ရိုက်နေသောလက်နှိပ်စက်ကို အမွန်က အတော် သည်းခံ၍ စောင့်နေရ၏ ။ မေးခွန်းတစ်ခုနှင့် တစ်ခု အချိန်အကြာကြီး မကွာသင့်သည်ကို သိထား တော့လည်း ရှေ့နေပီပီ ကြောင့်ကြ မိသည်။
“ရိကဖမ်းတဲ့ ညတုန်းကရွှေနဂါးဟိုတယ်ကို မသီတာစိမ့်ရောက်နေတာဟာတရားခံက မှာ လို့ပဲလား”
“ဟုတ်ပါတယ်၊ အလုပ် ဖြစ်မယ်ဆိုပြီး မှာ လို့လာခဲ့တာ”တရားရုံးစကြံမှ ပရိသတ်များ လှုပ်လှုပ်ရွရွ ဖြစ်လာသည်။ သီတာစိမ့်၏ ဆေးရောင်စုံမျက်နှာ ကလေးကမူ ဘယ်သူ့ကိုမျှ ထီမထင်သလို ပို၍ ပင်
မော့လာ၏ ။ အမွန်သာလျှင် ရင်ထဲမှာ တဒိတ်ဒိတ် ခုန်စ ပြုလာသည်။
“အလုပ် ဖြစ်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ”
သီတာစိမ့်သည် စိမ်းပြာရောင် မျက်ခွံများ ဖောင်းကြွတက်လာအောင် မျက်တောင်ရှည်များ စင်းစင်း မှေးလိုက်ကာ မထုံတတေ့ ပြုံး လိုက်သေး၏
“ဒီလိုပါ ရွှေနဂါးဟိုတယ်ကို ကျွန်မရောက်သွားတော့ ဟိုမှာ နိုင်ငံခြားဧည့်သည်တွေ နဲ့ တွေ့တယ်။ အဲဒီ ထဲက ဂရိသင်္ဘောသားလို့ ပြောတဲ့ဧည့်သည်နှစ် ယောက် နဲ့ ကျွန်မနဲ့အတူတူ အိပ်တာပေါ့”
ဟားခန် ရယ်သံများ ထွက်လာ၏ ။
အမွန့်မျက်လုံးများ ပြာခနဲ ဖြစ်ကာ တရားခွင်တစ်ခုလုံး မှုန်ဝါးသီဝေလာသည်။ ဣန္ဒြေမပျက် အောင် ချုပ်ထိန်းနေသည့်ကြားက မျက်လုံးထားစရာနေရာ မရှိတော့သလောက် အနေရခက်နေ၏ ။
အလိုက်သိသော နာယကကြီးက သက်သေ၏ ဖြေကြားချက်ကို မှတ်တမ်းတင်ရန် ကြားဝင် ကြောင်း ပေးလိုက် ၍ သာတော် တော့သည်။
“ထိုညက ရွှေနဂါးဟိုတယ်သို့ ကျွန်မရောက်သွားခဲ့ပါသည်။ နိုင်ငံခြားသားဧည့်သည်များ နှင့် တွေ ဆုံ၍စကားပြောပါသည်။ ထိုဧည့်သည်များ ထဲမှာ ဂရိသင်္ဘောသားများ ဟု ကျွန်မသိရသော .." ဟုတ်တယ်နော် မသီတာစိမ့်.."အင်း ...ဂရိသင်္ဘောသားများ ဟု ကျွန်မသိရသော နိုင်ငံခြားသား ဧည့်သည် အမျိုးသားနှစ် ယောက် နှင့် ကျွန်မအတူအိပ်၍ အလုပ် ဖြစ်ခဲ့ပါသည်။ ဟုတ်သလား..က်... ဒေါ်ရွှေစင်မွန်က မေးခွန်းဆိုလိုချက်ကို ပြည့်စုံအောင် ဆက်မေးဦး”
အရေး ထဲမှ လက်နှိပ်စက်ကလည်း တစ်မှောင့်။ လေးရနေရသည့်အထဲ စာမျက်နှာကုန်၍ စာရွက် သစ် လဲထည့်နေရပြန်သည်။ နာယကကြီးက ထွက်ချက်ကို ဒုတိယအကြိမ် ရွတ်ဆိုကြောင်းပေးနေခိုက် ပရိတ်သတ်မှာ သိသိသာသာတိုး၍ ဆူညံလာသည်။
အမွန်သည် ရပ်စောင့်နေရသော အချိန်ကာလကို လိုသည်ထက်ပို၍ ကြာလှသည်ထင်၏ ။ ထူပူနေသော မျက်နှာကို ဘယ်လိုမှမပြင်တတ်တော့ဘဲ ဤမျှကြာကြာမတ်တပ်ရပ်နေသည်မှာ
ညောင်းလွန်းလှချည်ရဲ့ ။ ဖြစ်နိုင်လျှင် မိမိကို မြေခွဲ၍ မျိုး ပစ်လိုက်စေချင်သည်။