Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

စစ်ကိုင်းဦးဘိုးသင်း - သဘာ၀ရှိန်စော်

Regular price 3,500 MMK
Regular price Sale price 3,500 MMK
Sale Sold out

အခန်း (၁)

 

          ပန်းတောင်းပြည့်ရှင် ဘုရင်ကျော်စွာ၏ သာယာသောနံနက် ညီလာ ခံဖွင့် ။

          “သူကောင်းတော်ကြီးများ.....”

          “ဘုရား.....”

          “ပန်းတောင်းပြည်နှင့် ခရိုင်နယ်ပယ်အရပ်ရပ်၌ မရှိဆင်းရဲညှိုးနွမ်း ပင်ပန်းသောသူများ၊ များကြသေးသလား...”

          “ရွှေဘုန်းတော်ရှင် ဖြူစင်တော်မူလှသော စီမံအုပ်ချုပ် မင်းလုပ် တော်မူမှုဖြင့် တိုင်းပြည်တော်အတွင်း၌ မရှိဆင်းရဲသောသူများ မရှိ ကြောင်းပါဘုရား..” ။

          “နန်းရင်းဝန်ကြီးတင်သည့်အတိုင်း ညီလာခံက မှန်မမှန်ဝေဖန်၍ အသံပြုကြဗျား...”

“နန်းရင်းဝန်ကြီး တင်သည့်အတိုင်း မှန်ကန်ကြောင်းကို ထပ်လောင်း ၍ ညီလာခံသဘင်က လှလှကြီး တင်ဝံ့ပါဘုရား...”

          “အင်း...ညီလာခံတင်သံ ငါ နားပန်ဆင်ရ၍ ရေတွေ့သည့်ကြာ ကဲ့သို့ အားရတော်မူလှသည်၊ ဟဲ...ဟဲ...ဟဲ့..နားခံတော် ဘာသံလဲ။ နန်းဦးစမုတ်မှာ ရှုပ်ယှက်ခတ်နေပါကလား..”

          “မင်းကြီးထံတင်မယ်.......မိဖုရားကြီးထံတင်မယ်”

          “ခွေးမသားများ၊ ခုညီလာခံသဘင် ဆင်ယင်ကျင်းပနေဆဲ၊ မင်း ပွဲမှန်းဘာမှန်းမသိ၊ အရမ်းသဘောနှင့် တွေ့ကရာ ပြောရတာမဟုတ်၊ သွား၊ ကုပ်ကောင်းလို့ ၊ ဓားတောင်းသလား....”

          “သတ်လိုက်၊ ဆယ်ခါပြန်သေမယ်၊ ငတ်နေရတာထက် သေရ တာကောင်းတယ်....”

          “ကိုင်း၊ ကိုင်း၊ ကိုင်း၊ မင်းတို့လိုချင်တာတွေ အကုန်လုံးရစေ့မယ်။ လာလိုက်ခဲ့ကြ...” “ကျုပ်တို့ကို လိမ်ညာခေါ်ပြီး.....တန်းထဲ ချထားမှာလား.....” “မဟုတ်ပါဘူးကွယ်၊ မင်းတို့လိုသမျှ ထောက်ပံ့ပါ့မယ်” “ခင်ဗျားက ဘာအရာရှိလဲ” “ငါက ဗြဲတိုက်စာရေးကြီးပါ” “ကိုသာအောင်ဆိုတာလား” “အင်း...”

          “........တစ်နေ့က ကြီးတော်စားဖို့ ဆီတစ်ပုလင်းနှင့်ပဲကြီးစိမ်း ကလေးကို ယူလာခဲ့တုန်းက၊ သိမ်းယူသွားတဲ့ စာရေးကြီးပေါ့....”

          “ကွယ်...ခုမင်းတို့အလိုရှိသမျှကိုရရင် ပြီးတာပဲမဟုတ်လား...”

          “မဟုတ်ရင်တော့ မိဖုရားကြီးထံ ရောက်အောင် အော်ပြီးတင်မှာ ပဲ......” “အေးပါကွယ်...မင်းတို့လိုတာ ပြည့်ပါစေ့မယ်...”

          “တင်ဝံ့ ရွှေဘုန်းတော်ရှင် ဘုရား...”

          “တင်”

          “နန်းဦးစမုတ်မှာ ဗြဲများနှင့် အရပ်သားများ ပျော်ပါးစွာ ကစားနေ ကြပါဘုရား....”

          “အင်း..အင်း..အင်း တိုင်းပြည်သာယာ ဝပြောတော့ ပျော်ကြ တာပေါ့ ငါ့သားတော် ငတူးနှင့် သမီးတော်ကလေး စောနှစ် သုနာ ပရန္တတိုင်း တက္ကသိုလ်မြို့ကြီးမှာ ပညာသင်သွားကြရာ သုံးနှစ်၊ သုံးဝါ စေ့လို့ ယခုတန်ဆောင်မုန်းလကုန်တော့မယ်၊ အကြို တော်ထောက်ကြ သူကောင်းတော်ကြီးများ.....”

          “ဦးတည့် ရပ်ပါဘုရား.....” “ညီလာခံကွဲ...........”

          ဂုဏ်ဝန်မင်းနှင့် မင်းသား၊ မင်းသမီးကလေးတို့၏ အိမ်တော်ဝန် များသည် ဤသို့တိုင်ပင်ကြလေ၏။

          “အကြိုတော် ကွမ်းထောက်သွားရမှာကတော့ တယ်ပြီးဝမ်းမပါး ဘူးပေါ့ ဗျာ...”

          “ဂုဏ်ဝန်မင်းကလည်း လုပ်မနေနှင့်ဗျာ၊ ဝန်မင်းရဲ့ မင်းသားတူး ဆိုတဲ့အတိုင်း တူးရုံမက အင်မတန်မွှေနှောက်လို့ ကြောက်စရာကောင်း တယ်...”

          “ကျွန်တော့်မင်းသားက သူတစ်ပါးအကျိုးကို လိုလားပါတယ် ဗျာ....

          “လိုလားလို့ခက်တာပေါ့.....၊ ဘာမဆို အသည်များရဲ့ ဘက်က ချည်း ပဲ၊ အရင်ကတော့ ပညာမစုံအတတ်မစုံသေးလို့တော်သေး၊ ခုတော့တက္ကသိုလ်ကပြန်အတတ်လည်း ကုံကုံ၊ ပညာလည်း စုံခဲ့ရင်တော့ ရင် လေးသဗျာ....”

          “မထောင်းတာပါဘူး ဝန်မင်း၊ သူ့ကို သူ့နှမတော်ကလေး စောနှစ် က စီးနိုင်၊ နိုင်နိုင်ပါတယ်...”

          “ထိပ်ထားကလေး ရှိသေးလို့ပေါ့၊ ဘုရင်မင်းမြတ်နှင့် မိဖုရားကြီး ကတော့ သားတော်တစ်ခုပဲဗျ၊ တက္ကသိုလ်သို့သွားခါနီးမှာ ရွှေပြည်ဝန် မင်းအိမ်မှာ တစ်နေ့လုံးလောက် ဖဲကြက်တွေနှင့်နေတယ်ဗျ...”

          “ဟုတ်ကဲ့....”

          “နောက်တစ်နေ့ မိဖုရားကြီးက ရွှေပြည်ဝန်မင်းကိုတွေ့ပြီး ကြက် ဘယ်လောက်ရှိသလဲ မေးသတဲ့၊ ရွှေပြည်ဝန်မင်းကလည်း သဘောရိုး ပဲ ကြက်အကောင်ငါးဆယ်လောက်ရှိကြောင်းကို လျှောက်ထားရာ မိဖု ရားကြီးကများ လှပါကလားလို့ မိန့်တော်မူသတဲ့.....”

          “ဟုတ်ကဲ့...”

          “ရွှေပြည်ဝန်မင်းကလည်း ကြက်ဥများလိုတဲ့အခါ အလိုရှိ သလောက် ရအောင်လို့ မွေးရပါတယ်လို့ လျှောက်ထားရာ မိဖုရားကြီးက ကြက်၊ ကြက်ဥရောင်းစားရန် ကြက်မွေးတဲ့လူတွေဟာ သူဌေးဖြစ် ကုန်ပြီထင်ပါရဲ့ လို့ မိန့်တော်မူသတဲ့......”

          “ဟုတ်ကဲ့....” “နန်းရင်းဝန်ကြီးရဲ့ အိမ်လည်း သည်လိုပဲသွားပြီး နို့စားနွားမနှစ် ကောင်က နွားနို့ကို ကိုယ်တော်တူးကတောင် ဝင်ညှစ်ပေးလို့ မြမြနှင့် အတော်ပဲ အဖွဲ့ ကျသွားသတဲ့...”

          “ဟုတ်ကဲ့....”

          “နောက်တစ်နေ့မိဖုရားကြီးက နန်းရင်းဝန်ကြီးအား နို့စားနွားမ ဘယ်နှကောင်ရှိသလဲမေးရာ နန်းရင်းဝန်ကြီးကလည်း သဘောရိုးပေါ့ဗျာ၊ နို့စားနွားမသုံးကောင်းမွေးထားပါတယ်လို့ လျှောက်တာပေါ့၊ သည်တော့ မိဖုရားကြီးက နွားနို့သည်များလည်း သူဌေးဖြစ်ကုန်ပြီ၊ နွားနို့ရောင်း မယ့်လူမရှိတော့ဘူးထင်တယ်လို့ မိန့်တော်မူသတဲ့၊ ဒါဟာ မယ်တော်ချစ်၊ ခင်ဗျားမင်းသားတူးရဲ့ စက်ဗျ....”

          “ဝန်မင်းကလည်း အကောင်းသားပဲ နွားနို့ကို နန်းရင်းဝန်ကြီးရဲ့ အိမ်မှာမှ မရောင်းရရင်၊ ကြက်ဥကြက်သားကို ရွှေပြည်ဝန်မင်းရဲ့ အိမ် လိုဟာမှာမှ မရောင်းရရင် ဘယ်မှာရောင်းရမှာလဲဗျာ...”

          “ဝန်မင်းကလည်း...”

          “ကိုင်း အကြိုတော်သွားဖို့သာ လုံးပန်းကြရအောင် တပ်သား အစိတ်လောက်တော့ လောက်ပါပြီ...”

          “ဝန်မင်းရဲ့ သဘောပဲ၊ ကျွန်တော်တော့ မင်းသားတူးကို ရှိန်းတယ်။ ဝန်မင်းရဲ့ မင်းသားပဲ...” “ကိုယ့် မင်းသား အပြောရ အဆိုရကပ်တော့ ရှိန်းတာပေါ့ဗျာ...” ထိုသို့လျှင် ဂုဏ်ဝန်မင်း၊ မင်းသား၊ မင်းသမီးကလေးတို့၏ အိမ် တော်ဝန်မင်းများတို့သည် မင်းသား မင်းသမီးတို့ကို ကြိုဆိုသွားရောက်ကြ ၍ သာယာမည်သောဆိပ်ကမ်းတွင် ကွန်းထောက်စခန်း ပြုကာ နေကြလေ၏ ။ . မင်းသား မင်းသမီးတို့ကို အကြိုတော်များသည် ကွန်းထောက်ဆောက်ပြီး၍ နောက်နှစ်ရက်မြောက်နေ့၏ နံနက်ခင်းတွင် စည်ဗုံမောင်း တီးကာ လှေကြီးများနှင့်ကူးလာသော လူတစ်စုကို ထိုအကြိုတော်တို့ သည် မြင်ကြရ၍ ၎င်းတို့၏ မင်းသား မင်းသမီးများဟု ယူဆကြလေ ၏။ သို့ရာတွင် မှန်ခဲ့သော် ဘယ်ပုံဘယ်နည်းဟု စဉ်းစားကာ ရှိကြလေ၏။

          ထိုလှေကြီးသည် ဆိပ်ကမ်းသို့ ဆိုက်ကပ်မိသောအခါ မင်းသားများ၊ မင်းသမီးများတို့သည် လှေပေါ်မှ ဆင်းကြ၍ မင်းသားတူးနှင့် မင်းသမီးတို့၏ လူပျိုတော်-အပျိုတော်များသည် ဆင်းကြ၏။ ထိုအခါ ကြိုဆိုရန် လာသောဝန်များနှင့် နောက်ပါတို့သည် မင်းသားများထံ ရောက်လာ၍ တွေ့ မဆိုင် မင်းသားတူးသည် ဤသို့ ချစ်လေ၏။ “ဟာ...ဘတို့များလှပါကလား၊ ကျွန်တော်တို့ရဲ့ ပန်းတောင်းပြည် တော်မှာ ငါးရှားလို့ ဘုရင့်အစိုးရက ငါးရောင်းရန် ငါးရှာလာကြ သလား...”

          “ကိုင်း...ဝန်မင်း၊ တွေ့တွေ့ချင်း ကျုပ်တော့ သေချင်တယ်ဗျာ..”

          “ဘဂုဏ်ဝန်မင်း ဘမသေရဘူး၊ ကျွန်တော်နှင့် အရှည်ကြီးပြောရ ဦးမယ်...”

          “ကြိုဆိုဖို့လာတာပါ ကိုယ်တော်ကလေးဘုရား...” “ဒါဖြင့် မိတ်ဆက်ပေးရဦးမယ်” “ဒါက ဂုဏ်ဝန်မင်းဗျ၊ အင်မတန် သတ္တိကောင်းတယ်၊ ဆူးလေ ဆူး စူးတော့ လက်ရုံးအားကိုး လက်ဖဝါးနှစ်ဖက်နှင့် ကာကွယ်တယ်၊ လက်ကိုရော စူးလို့...”

          “မောင်ဟာနော်...”

          “ဒါက ကျွန်တော့်ကို အင်မတန်ကြိမ်းတဲ့ ကျွန်တော့်အိမ်က နန်း ရင်းဝန်ကြီးဖြစ်ချင်တဲ့ အိမ်တော်ဝန်ခင်ဗျ”

          “မောင်မောင်နော် တွေ့ကရာ...”

          “ဒါက စောနှစ်ရဲ့ အိမ်တော်ဝန်မင်းဗျား အင်မတန် ရက်စက်တယ် ဗျ၊ လူသေကို နှာခေါင်းရှုံ့ကာ မျက်စောင်းထိုးပြီး သတ်တယ်၊ ဒါပေ့ အင်မတန် တစ္ဆေကြောက်တယ်ခင်ဗျ..” ။

          “ဒါက အမှုထမ်းကောင်းကြီး ဦးရဲမြင့်ပါတဲ့နာမည်နှင့် ညီပါတယ်။ ခုတော့ ဗိုလ်မှူးရာထူးနှင့်ပေါ့၊ ဟိုတုန်းက”

          “မောင်မောင်က ပြောတော့မယ်”

          “ဂုဏ်သတ္တိဆိုတာ ချီးကျူးရတာပေါ့၊ မောဘုရင်မ ရှေ့ဆောင်ပြီး နယ်စပ်ကို စစ်နှင့်နင်းလာတော့ ကျွန်တော်လည်း ၁၅ နှစ်သား ပါသွား တယ်၊ ဗိုလ်ရဲမြင့်ပေါ့ခင်ဗျ၊ မမမိဖုရားအကြည်တော်တို့ မှတ်ထားကြ ခင်ဗျ၊ မောဘုရင်မက မြင်းပေါ်က ပေါင်ကြီးဖြူဖြူဖွေးဖွေး ပေါ်တော့ မော့ပြီး ပေါင်ကြီးကြည့်ကာ ငိုင်နေတယ်”

           “မောင်တော်တူးဟာ..”

          “မမဖျား၊ သဘာဝသတ္တိကောင်း၊ သည်တော့ မောဘုရင်မက ဓား နှင့်ရမ်းလိုက်ရာ၊ ဗိုလ်ရဲမြင့်က တိမ်းလို့သျှောင်ပြတ်သွားတယ်ခင်ဗျ။ သည်တော့မှ ကျွန်တော်က မောဘုရင်မရဲ့ မြင်းကို နောက်ကလှံနှင့် ဝင်ထောက်လို့ မြင်းဟာ လန့်ပြီးပြေးတာနှင့် မောဘုရင်မရဲ့တပ်ဟာ ပျက်သွားတယ်၊ ယခုတော့ ဗိုလ်မှူးရဲမြင့်ပါ...”

          “ကိုင်း..ဘတို့ကလည်း မှတ်ထားကြ၊ ဒါကခင်ဗျ၊ စေတုတ္တရာ ပြည်က မင်းသမီးကြီး မမကန်တော်မယ်တဲ့၊ တက္ကသိုလ်မှာတက္ကသိုလ်

          မောင်မယ် ငါးရာတို့ရဲ့ လေးစားခြင်းကိုခံရတဲ့ မင်းသမီးကြီး ကျွန်တော့် ဆရာမ ကျွန်တော်တို့က အာနီမယ်လို့ ဘွဲ့ တပ်ထားရပါတယ်”

          “မောင်တော်တူး...”

          “မမဖုရားရဲ့ အာဏာတော်ကို ဘယ်သူမှမတိမ်းဝံ့လို့ပါ၊ ဒါက ပရိမ္မပြည်က မင်းသား၊ မင်းသားရွှေတဲ့၊ ဒါက သလ္လာဝတီက မင်းသား မင်းနတ်ရှင်တဲ့၊ ဒါက ပေါက္ကံပြည်က မင်းသမီးမယ်မြညှာတဲ့၊ ကျွန် တော်တို့ တမ္ပဒီပတိုင်းကမို့ လိုက်ပို့တော်မူကြပါတယ်...”

          “ထိပ်ထားတို့ ကိုယ်တော်ကလေးတို့ ကွန်းထောက်တဲသို့ ကြွတော် မူပြီး တစ်နေ့စံတော်မူပြီးမှ ပြန်တော်မူကြပါ”