Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

စစ်ကိုင်းဦးဘိုးသင်း - လောကမျက်ရစ်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type

လောကမျက်ရစ်

          ပေါက္ကံပြည် စေရကျော်ထင်မင်းတရားကြီးသည် တရားနှင့်အညီ မင်းပြု၏။ ထိုမင်းတရားကြီးကို တိုင်းသူပြည်သားတို့သည် အသက်ပေး ၍ချစ်ခင်ကြ၏။

          ပေါက္ကံပြည် စေရကျော်ထင်မင်းတရားလက်ထက်တော်၌ ပြင်ပ အမြင်အားဖြင့်... ပညာရှိများ မဆိတ်သည်အတိုင်း ပညာရှိတို့သည် အလွန်ထင်ရှား၏။ ထိုသို့ပညာရှိများ ထင်ရှားသည့်အတိုင်း ပေါက္ကံပြည်တော်ကြီး၌ လူနေမြင့်ကြပြီးသော် အထင်အားဖြင့် မရှိဆင်းရဲကင်းကြ ကုန်၏။ မြစ်အရှေ့ဘက်ရှိ တိုင်းပြည်များနှင့်... သင်းတွဲပြည်ကြီးက လောကနတ်ပြည် သည်ပေါက္ကံပြည်ဟုပင် ယိုးမှတ်ကြလေ၏။

          မြောက်ဘက်တစ်ခွင်မှ တိုင်းပြည်တို့ကလည်း ပေါက္ကံပြည်ကြီး သည် ပဒေသာပင်တည်ရှိရာ ပြည်ကြီးဟု အထင်အယူရှိကြလေ၏။

          စေရကျော်ထင်မင်းတရားကြီးသည်လည်း တရားသဘောကို

          လောကအက်တစ် ပြည်ကြီးလည်း အလွန့်အလွန် နှစ်သက်တော်မူလေ၏။

          စေရကျော်ထင်သည် အခါတစ်ပါးသော် တိုင်းခန်းလှည့်လည် တော်မူ၍ တစ်ခုသောဇနပုဒ် ရေမိုးသင့်ရာနေရာတွင် စခန်းချရပ်တော်မူ နေရာ သက်ကြီးတစ်ယောက်သည် မင်းကြီး၏ တည်းတော်စခန်း၏ ရှေ့တွင် ဖြတ်သန်းသွားသည်ကို မြင်တော်မူ၍ မင်းချင်းတစ်ယောက်အား ထိုသက်ကြီးအိုကို လိုက်ပြီးလျှင် ပင့်စေလေ၏။

          စေရကျော်ထင် ဘုရင်မင်းမြတ်သည် ထိုသက်ကြီးအိုသည် ဘုရင် မင်းမြတ်၏ တည်းတော်သို့ ရောက်လတ်သော် ထိုသက်ကြီးအိုအား မြင့်မြတ်သော နေရာကိုပေး၍ မိမိမူကား နိမ့်သောနေရာကနေ၏။

          ထိုအခါ သက်ကြီးအိုလည်း အရှင်မင်းမြတ် ဤသို့မပြုစကောင်း၊ လောကသည် ပြုံးပါသတတ်” ဟုဆို၏။ ဘုရင်မင်းမြတ်သည် “အဘိုး လောကတရားတည်နိုင်သရွေ့ တည်သော လူလိမ္မာတို့၏သဘာဝ၌ ဂုဏ်ကြီးသောသူ၊ အသက်ကြီးသောသူတို့ကို ရိုသေသမှုပြုသည် လူတို့ ပြုအပ်သော ဝတ္တရားကောင်းတွင် အဓိကပါဝင်လေသည်။ ဂုဏ်တကူ ဂုဏ်တို့တွင် လောကီသားတို့၌ အသက်ကြီးမြင့်ခြင်းဂုဏ်သည် ထိပ်က ဖြစ်ချေသည်။ အကြောင်းတစ်မူကား ကိလေသာ မကုန်သောသူတိုင်းလောက်ပင် သေခြင်းသဘောကို ကြောက်ခြင်းကြောင့်ပါတည်” ဟု ဆိုလေ၏။

          ထိုသက်ကြီးလည်း ဘုရင်မင်းမြတ်၏စကားကို မချေပနိုင်၍ ဘုရင်မင်းမြတ်ပေးသောနေရာ၌ ခပ်ပေါ့ပေါ့ပြုကာနေလေ၏။ ဘုရင်မင်း မြတ်လည်း နိမ့်သောနေရာကနေလျက် “ဤသို့ပြောဆိုသဖြင့် စကားပေါ် လွင်ကာ နေလေတော့ပြီ။

          “အဘိုး၏ အသက်သည် မည်မျှရှိပါပြီလဲ” အရှင်မင်းကြီး၊ ကျေးတော်မျိုး၏ အသက်သည်ကား တစ်ရာနှစ် ရှိပါပြီ”

          “အချင်းတို့ အံ့ဖွယ်ရှိစွတကား၊ အဘိုးအတွက် ဝမ်းစာကို အဘယ်သို့ ရပါသနည်း”

          “အရှင်မင်းကြီး၊ ကျေးတော်မျိုးကား အရှင်မင်းကြီး၏ ဘိုးတော် လက်ထက်တော်၌ စစ်အမှုထမ်းသား တစ်ယောက်ပါတည်း။ အရှင်မင်း ကြီး၏ ခမည်းတော်လက်ထက်တော်တွင် မြောက်ခွင်မှ တောင်ရေကျ သကဲ့သို့သော တရက်တပ်သည် ပြင်းထန်စွာတိုက်ခိုက်လာသောအခါ ကျေးတော်မျိုးတို့ တပ်ဦးကနေ၍ အမှုထမ်းခဲ့ပါသည်။”

          “မကြောက်သလော အဘိုး”

          “စစ်တိုက်ခြင်းသည် ကိုယ်၏ အကျိုးစီးပွားမဟုတ်၊ စီးပွားရှာဖွေ ခြင်းမဟုတ်၊ တိုင်းပြည်အတွက် ကိုယ်ကျွမ်းကျင်ရာနှင့် အမှုထမ်းခြင်း ကြောင့် ကြောက်စရာမရှိသည့်အတိုင်း.. မကြောက်ပါဘုရား”

          “စစ်မှုထမ်းရခြင်းသည် အသက်နှင့်အမှုထမ်းရခြင်းကြောင့် သေခြင်းနှင့် အလွန်နီးကပ်နေသည် မဟုတ်ပါလား”

          “သေခြင်းနှင့် ဝေးသောသူသည် ပဋိသန္ဓေနေရသော သတ္တဝါတို့၌ မရှိပါဘုရား၊ စစ်မှုထမ်းခြင်းသည် သေတတ်သော် ကျေးတော်မျိုးသည် အသက်တစ်ရာ့ငါးနှစ် မရှိတန်ရာပါဘုရား”

          “အချင်းတို့ မင်္ဂလာရှိပေစွ၊ တွေ့ရခြင်းတော်ပေစွ၊ စကားဝေးသွား ပြီ၊ ဆက်တော်မူပါဦး အဘိုး”

          “ကျေးတော်မျိုးတို့သည် မိမိတို့ထက် ဆယ်ဆမက အင်အားကြီး မားသော တရက်တပ်ကြီးကို တွန်းလှန်လိုက်ပြီးနောက် ပေါက္ကံပြည် သည် အေးချမ်းသာယာလာ၍ ကျေးတော်မျိုးတို့သည် တိုင်းပြည်က သိတတ်သောဝမ်းစာနှင့် အေးအေးအမှုတော်ကို ထမ်းလာခဲ့ရရာ အသက် ခြောက်ဆယ်ကျော်၍ အနားယူရန် ဘုန်းတော်ဘုရားကြီးထံ တင်လတ်သော် ဘုန်းတော်ကြီးဘုရားသည် အခွင့်ပြု၍ ပင်စင်စာအတွက် ဆား တစ်ကျင်း ကျေးတော်မျိုး၏တစ်သက်တာတွင် သနားလိုက်ပါသည်။ ၎င်းကို မည်သည့်အကြောင်းနှင့်မျှ၊ မည်သူကမျှ ကျေးတော်မျိုး အသက် တည်နေသ၍ ကာလပတ်လုံး မသိမ်းရဟု အမိန့်တော်သတ်မှတ်ထား ပါသည်။ ။

          “ဟုတ်ကဲ့ အဘိုး၊ လုံလောက်ပါ၏လား” “လိမ္မာသူ၌ ဝမ်းစာသည် လုံလောက်နိုင်ပါသည်” “အဘိုးမှာ သားသမီးမြေးမြစ် မရှိပါသလော”

          “ရွှေဘုန်းတော်ရှင်။ စစ်သူကြီး၊ စစ်ဗိုလ်မှူး၊ စစ်မှူးတို့မှာ အရောင် အဝါနှင့် အာဏာနှင့် ဉာဏ်နှင့်အမှုထမ်းပါသည်။ ကျေးတော်မျိုးတို့ စစ်သည်များမှာကား ရင်ဘတ်ကို ဒိုင်းလုပ်၍ အမှုတော်ကို ထမ်းရပါ သောကြောင့်... နောက်ဆံတင်းခဲ့သော် စွန့်စားဝံ့မည်မဟုတ်ပါ၍ အိမ် ထောင်မပြုခဲ့ပါ” “အော် အနားယူတော့ကော”

          “ကိုယ်နှင့် ရွယ်တူကိုလည်း ရွတ်တွေမို့ မလိုချင်၊ ငယ်ရွယ်သူကို လည်း သမီးအရွယ် မြေးအရွယ် ဖြစ်နေခြင်းကြောင့် တိရစ္ဆာန်သဘော သက်ရောက်မည်ကို စိုး၊ ထို့ကြောင့် တစ်ကိုယ်တည်းပဲ နေလာပါသည်”

          “ဟုတ်ကဲ့၊ ဘယ်လို အကျင့်သီလများကို ထိန်းပါသလဲ”

          “လူတို့ကျင့်အပ်သော တရားငါးပါးတွင် လေးပါးကို အထိုက် အလိုက် ထိန်းပါသည်။

          “အမယ်တစ်ပါးကို မထိန်းပါသလဲ” “သူရာမေရိယတစ်ပါးကို မထိန်းပါ” “အဘယ့်ကြောင့်” “အရက်ကိုဖြစ်စေ၊ ထန်းရည်ကိုဖြစ်စေ၊ ခေါင်ရည်ကိုဖြစ်စေ မသောက်သော် လေထိုးခြင်းစသောရောဂါသည် ကပ်ရောက်လာခြင်း ကြောင့် ဤသည်တို့ကိုတော့ သောက်ပါသည်။ သောက်ခြင်းဖြင့် ဇိမ်ရှိ သည်ဟုလည်းထင်ပါသည်။ တစ်ခါတလေ တောကြောင်သားနှင့်များ သောက်ရတော့ အထူးကို နှစ်သက်ပါသည်။

          ဘုရင်မင်းမြတ်သည် ထိုသက်ကြီးအား ထိုသို့ပြောဆို မေးမြန်းပြီး နောက်... ရိုသေစွာ ရှိခိုးဦးချ ကန်တော့လိုက်လေ၏။ ထိုအခါ မှူးမတ် များက အရက်သမားကို ကန်တော့ရာသလောဟု တင်ကြကာလ ဘုရင် မင်းမြတ်လည်း ငါသည် အရက်ကိုဦးချ၍ မကန်တော့၊ သူ၏တိုင်းပြည် အတွက် စစ်မှုထမ်းသောဂုဏ်နှင့် သူ၏ရင့်သော လူ့ဘဝတွင် အသက်ကို ကန်တော့သည်ဟု ဖြေတော်မူလေ၏။

          ထို့နောက် ဘုရင်မင်းမြတ်သည် ပညာရှိများကိုခေါ်၍ ဤသို့ ပြောဆို နေတော်မူလေ၏။

          “ပညာရှိကြီးတို့၊ ဤသက်ကြီးအိုအား နေပြည်တော်သို့ ပင့်ချီ၍ ပူဇော်ထားရသော် မတော်ဘူးလား”

          “မသင့်ကြောင်းပါ ဘုရား” “ဘာကြောင့်လဲ အရက်သောက်တတ်၍လား” “မဟုတ်ပါဘူး ကျေးတော်မျိုးများ အမြင်စူးရှပြီးပါ ဘုရား” “အကြောင်းကိုဆိုဗျာ” “ဤသက်ကြီးအား နေပြည်တော်သို့ဆောင်၍ ချီးမြှောက်သည်ရှိ သော် ဤသက်ကြီးသည် နေရာအရပ်၏ ဥတုသဘောချင်း ခြားနားခြင်း ရှေးဦးစွာ ဒဏ်ကိုခံရလိမ့်မည်။ ထို့နောက် အနေအထိုင် အသွားအလာ အအိပ်အနေတည်းဟူသော ၎င်း၏ သဘာဝဆန့်ကျင်ဘက်ဒဏ်ကို ထိုသက်ကြီးသည် ခံရလိမ့်မည်။ ထို့နောက် ထိုသက်ကြီး၏ အစားအ သောက်တည်းဟူသော ကွဲပြားခြားနားမှုဒဏ်ကို ခံရပေလိမ့်မည်။”

          “အင်း”

          “ထိုသို့သော သဘောကြောင့် ရင့်စွာသော သစ်ပင်ပန်းပင်တို့ကို သဘောခြင်းမမျှသောနေရာတွင် ရွှေ့စိုက်ဘိသကဲ့သို့ ရှိချေရကား နေပြည်တော်သို့ပင့်ချီကာ ချီးမြှင့်ပူဇော်ခြင်းအားဖြင့် ထိုသက်ကြီး၏ အသက်ကို ဆုံးဖြတ်သကဲ့သို့ရှိရာရောက်မည်ကြောင့်ပါ ရွှေဘုန်းတော်ရှင်ဘုရား။”

          ဘုရင်မင်းမြတ်သည် ထိုသို့သော လျှောက်တင်ချက်ကိုသဘောကျ တော်သောကြောင့် ထိုသက်ကြီးအား သူ၏နေရာအရပ်မှာပင် တင့်အပ်လျောက်ပတ်စွာ တည်နေနိုင်ရန် များစွာသော အသပြာတို့နှင့် ပူဇော်အထူး ကို ပြုခဲ့လေ၏။

          အခါတစ်ပါးသော် စေရကျော်ထင်ဘုရင်မင်းမြတ်သည် တစ်ခု သော ဇနပုဒ်၌ မိလက္ကူများနှင့် ရောနှောကာ အကျိုးရှိစကားများကို ပြောဆိုနေစဉ်တွင် ပွဲတော်တည်အံ့သောအချိန်၌ သူတောင်းစားတစ် ယောက်သည် သူ၏ နံနက်စာအတွက် စွန့်ကြဲပါဟု တောင်းခံ၏။

          ထိုအခါ... ဘုရင်မင်းမြတ်သည် သူ၏ ပွဲတော်စာကို ကိုယ်တော် တိုင်ထည့်၍ သူတောင်းစားအား ပေးမည်ဟု သူတောင်းစား၏ ခွက်မည်း ကို လှမ်းယူသောအခါ ခွက်၏ ညစ်မည်းမသန့်ရှင်းပုံကို မြင်ရသဖြင့် ဤသို့ဆို၏။

          အမောင်.. သင့်ခွက်သည်ကား မသန့်ရှင်း။ ငါ၏ စိတ်ကို ငုံ့၍ တွန့်စေသည်။ ထို့ကြောင့် သင့်ခွက်ကို သင်ပြန်ယူ၍ သင့်ဘယားအိတ် တွင် ထည့်စေလော့...”

          ထိုသို့ မင်းကြီးသည် မိန့်တော်မူပြီးသောအခါ... စားတော်ကဲအား ရွှေလင်ပန်းနှင့် အမဲဟင်းလျာစသော စားဖွယ်သောက်ရာတို့ကို ပြင်စေ၍ သူတောင်းစားအား ပေးလေ၏။

          သူတောင်းစားသည် မင်းကြီး၏မနီးမဝေး၌ ၎င်း၏ နံနက်စာကို မင်းကြီးမြင်အောင် ယူလေ၏။

          ကိုယ်ရံတော်မှူးမတ် အကြီးအကဲသည် မင်းကြီးအား ဤသို့ တင် လျှောက်လေ၏။

          ရွှေပြည့်ရှင်ဘုရား၊ လောက၌ ထိုက်တန်ခြင်းကိုသာ ပေးကမ်းစွန့် ကြံရာပါသည်။ ဤသူဖုန်းစားအား ဤကဲ့သို့စွန့်ကြဲပေးကမ်းခြင်းသည် လူနူနှင့် နတ်သမီး တရတည် မိန်းမလှ မိန်းမမြတ်က ပေးစားသကဲ့သို့ပါ ဘုရား”

          ထိုအခါ ဘုရင်မင်းမြတ်လည်း ဤသို့မိန့်တော်မူလေ၏။ ငါ၏ အကျိုးကို လိုလားသော အမတ်ကြီး။ သင်၏ ဥပမာကား အပ်သယောင် နှင့် မဟပ်ချေ။ လူနူအား မိန်းမလှ မိန်းမမြတ်ကို ဆုနှင်းချေသော် လူနူ ကားအရတော်စွဟု ဝမ်းသာပေမည်။ မိန်းမမြတ်ကား ကြောက်၍သာ သဘောတူရမည် မနှစ်သက်ပေ။ ထို့ကြောင့်ဤအပြုအမူသည် သင်ဆို သည့်အတိုင်းသင့်မလျော်၏။ သို့သော် ထိုမိန်းမသည် လူနူအား နှစ်သက် သည်ရှိသော် ထိုအပြုအမူသည် သင့်လျော်မည်သာတည်း။ ယခု ငါ သူတောင်းစားအား ပွဲတော်စာ ချီးမြှင့်ပေးကမ်းရာ၌ ပွဲတော်စာနှင့် ရွှေလင် ပန်းက... မနှစ်သက်သလော၊ ဝမ်းနည်းလေသလော။ သူတောင်းစား သည် ကိလေသာကာမဂုဏ်၌ ယစ်နေသူတည်း။ သူသည် ကောင်းနိုး ရာရာ၊ မြိန်နိုးရာရာ အာဟာရကို အလိုရှိပေမည်။ ကာမဂုဏ်သားတို့၏ သဘာဝအလျှောက် ရွှေလင်ပန်းနှင့်လည်း သူသည် အလိုရမ္မက်ကို လိုက် စားခြင်းဖြင့်လည်းကောင်း၊ တင့်တယ်မှုကို သာခြင်းဖြင့်လည်းကောင်း စားလိုပေလိမ့်မည်။ သူ၏အလိုရှိခြင်းသည် သူ၌အပ်သည် မအပ်သည် ကို မစဉ်းစားရာ၊ ငါပေးသောသူ၌ကား သူ၏တင့်တယ်သော အလိုကို ဖြည့်ခြင်းဖြင့် အပ်ချေသည်။