Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

စစ်ကိုင်းဦးဘိုးသင်း - လူရည်ထက်

Regular price 2,800 MMK
Regular price Sale price 2,800 MMK
Sale Sold out

မြတ်အကျင့်သာ၊ ယိုးစရာ

          ဦးဘမြို့ သည် အိမ်သားတစ်စုနှင့် ရွှေစက်တော်ပွဲတော်သို့ တပျော် တပါးသွားရောက်ကြ၍ ခြေတော်ရာနှစ်ဆူတွင် အိမ်သူအိမ်သားများနှင့် ရွှေချခြင်း၊ ဖူးမြော်ခြင်းတို့ကို ပြု၏။ တန်ဆောင်းဆောက်ရန်အတွက် လည်း ငွေတစ်ထောင်လှူခဲ့၏။ ထို့နောက် လယ်ကိုင်းကျောင်းတော်ရာ သို့သွားရောက်ခဲ့၍ များစွာသော မြန်မာဗုဒ္ဓဘာသာတို့၏အလေ့အတိုင်း ပူဇော်ပြီးသော် တပျော်တပါး ပြန်ခဲ့လေ၏။

          ဦးဘမြို့တို့သည် အိမ်သို့ပြန်ရောက်၍ ငါးရက်မြောက်သောနေ့ နံနက်ခင်း၌ ၎င်း၏ သမီး ဘီအက်စီ ဘီအီးဒီ မြင့်မြင့်၊ အထက်တန်း ဆရာမသည် နံနက်ခင်းကော်ဖီသောက်ပြီးနောက် ကော်ဖီပန်းကန် လက်ဖက်ရည်ပွဲများကို ရိုက်ခွဲပစ်ပြီးလျှင် စိတ်ဖောက်ပြန်သွားပြီးသော် ဆဲဆိုကြိမ်းမောင်းကာ အကြမ်းပတမ်းတို့ကို ပြုမူလေတော့၏။

          ဦးဘမြို့သည် မြင့်မြင့် ချက်ချင်းစိတ်ဖောက်ပြန်သွား၍ အခန်း တစ်ခု၌ထားပြီးသော် ခေတ်မီဆေးဆရာဝန်ကြီးနှင့် ကုသလေ၏။ သို့ရာ တွင် မြင့်မြင့်၏ဝေဒနာမှာ တိုး၍သာလာ၍ ဆရာဝန်ကြီးသည် လက် လျှော့ပြီးလျှင် ရန်ကုန်စိတ္တဇဆေးရုံသို့ပို့ရန် အကြံပေးရလေတော့၏။

          ဦးဘမြို့ကား ထိုသို့ မိမိ၏သမီးချစ် ခေတ်ပညာတတ်ကို မျက်နှာ လွှဲခဲပစ်ဆိုသကဲ့သို့ ပြုရတော့မည်ဖြစ်နေ၍ တတ်နိုင်သမျှ မြန်မာတို့၏ ထုံးစံဆိုသလို သတင်းစုဆောင်းကာ ဆေးသမားကျော်အမျိုးမျိုးနှင့် ကုသ ရန် ကြိုးစားနေလေ၏။ ။

          မြင့်မြင့်သည်ကား အတော်ပင် ခေတ်မီသည်ဟု ဆိုမည်လား။ စာဖတ်သူများနှင့် ဤလူရည်ထက်ဝတ္ထုကိုတွေ့သောသူများအား ဤသို့ တောင်းပန်ပါ၏။ ။

          ထိုဝတ္ထုသည် သူပြော လူပြောအရ ရေးခြင်းမဟုတ်ပါ။ အမှန် အစစ် ဖြစ်ပျက်နေခြင်းလည်း မဟုတ်ပါ။ သဘောအရ ဖြစ်ပျက်တတ်ခြင်း ကို မူထား၍ အပျော်အပါးဖတ်ရန်အတွက် သက်သက်မျှသာဖြစ်သောကြောင့် မိမိတို့ ဖြစ်ပျက်တွေ့ကြုံနေရခြင်းနှင့် တိုက်ဆိုင်နေလျှင် သဘော ကိုရှေးရှု၍ သည်းခံပါဟု လေးလေးမြတ်မြတ်နှင့်ပင် တောင်းပန်ပါ၏။

          မြင့်မြင့်သည် မိမိ၏မိဘများနှင့် ရွှေစက်တော်လယ်ကိုင်းကျောင်း တော်ရာသို့ လိုက်ပါသွားသော်လည်း ဒေသန္တရဗဟုသုတနှင့် အပျော် အပါး သက်သက်မျှသာဖြစ်၍ ဤသို့စိတ်ကစားမိ၏။

          ခြေတော်ရာ၊ လယ်ကိုင်းကျောင်းတော်ရာ စသည်တို့သည် လူမျိုး အလိုက် ပျော်ပါးရန်၊ အချင်းချင်းတွေ့ဆုံကာ အပေါင်းအသင်းဖြစ်ရရန်၊ ခေတ်အလျောက် လူများအလုပ်အကိုင်ရရှိရန် မျက်စိမြင်သူများက ဖန်တီးထားဟန်သာပါတကား။ “တို့လူမျိုးဟာ ခေတ်မမီသေးဘဲ သိပ် နောက်ကျနေ သေးပါတကား။ အနောက်နိုင်ငံပညာရှိကြီးများရဲ့ ဝါဒကို စာသင်ကျောင်းများတွင်ထည့်သွင်းကာ သင်ကြားပေးသင့်တယ်၊ ခု ပြဋ္ဌာန်းထားသောစာအုပ်များဟာ ခေတ်မမီတော့” ဟူ၍လည်း မြင့်မြင့် သည် စဉ်းစားမိသူဖြစ်သေး၏။

          ထိုမြင့်မြင့် ဘီအက်စီ ဘီအီးဒီသည် လူသေသော် ဘဝဆုံးပြီ။

          တိရစ္ဆာန်အထီးအမတို့ရှိ၍ တိရစ္ဆာန်များပေါက်ပွားသည်။ ယောက်ျားနှင့် မိန်းမတို့ရှိ၍ လူပေါက်ပွားသည်ဟု အယူရှိလေသည်။ ၎င်း၏မိဘမှာ ဗုဒ္ဓဘာသာကျောင်းဒကာများပင်ဖြစ်သော်လည်း မြင့်မြင့်သည် ဗုဒ္ဓ ဘာသာ၌ မည်ကဲ့သို့သဘောထားသည်ဟု ခန့်မှန်းနိုင်ရန် အတော်ပင် ခဲယဉ်းနေပေသည်။

          မြင့်မြင့်မှာ စိတ်ဖောက်ပြန်နေသော ရောဂါရ၍ ဂိုဏ်းဆရာအမျိုး မျိုးများ၊ ပယောဂကုသော ဘုန်းတော်ကြီးအကျော်များနှင့် ကုသသော် လည်း မြင့်မြင့်မှာ ကြမ်းသည်ထက်ကြမ်းလာ၍ ကုသသူဆရာများသာ လျှင် အရှက်ရ၍ ပြန်ကြရလေ၏။

          ပယောဂကု၌ အကျော်အမော်ဟု ထင်ရှားသော ဆရာကြီးဦးကော သည် ပျောက်က ငွေတစ်ထောင်ပေးရမည်စာချုပ်နှင့် ကုသရာတွင် ဆရာကြီးဦးကာကို အဝတ်မကပ်သောလုံးကြီးပေါက်လှ ခေတ်ပညာ တတ်မြင့်မြင့်သည် တွဲသတ်၍ ဦးကော၏ ဆေးလွယ်အိတ်ကို လွှင့်ပစ် သဖြင့် ဦးကောလည်း သန္တာလန်ကာ ပြန်ပြေးရလေ၏။

          ထို့နောက် နှစ်ဆယ့်ငါးရက်မြောက်သောနေ့၏နံနက်တွင် မြင့်မြင့် သည် တစ်မူထူးခြားလာ၍ ရေချိုးချင်သည်ဆို၍ ၎င်း၏ အထိန်းမသည် ရေချိုးပေးရ၏။ ထို့နောက် မိန်းမတို့၏သဘာဝအတိုင်း သနပ်ခါးလိမ်း ပြီးသော် ၎င်း၏ကိုယ်ကို အလှဆင်သ၍ လုံကွင်းများ၊ အင်္ကျီများ စသည် တို့နှင့်ကို အထူးသဖြင့် တင့်ပကာပြုပြင်နေလေ၏။

          ဦးဘမြို့တို့ ဇနီးခင်ပွန်းသည်လည်း ယနေ့ အတော်ပင် ထူးလှပါ ကလား၊ အရူး ချက်ချင်းပျောက်သွားပလား၊ စာအုပ်များကိုပင် တောင်း၍ စာကြည့်နေပါကလားဟု ဝမ်းသာရမလို ဖြစ်နေ၏။

          မြင့်မြင့်ကို စိတ်ဖောက်ပြန်နေ၍ ဂိုဏ်းဆရာများ၊ ပယောဂဆရာ များနှင့် ကုစားရာ ဆရာများ၏အစွမ်းဟုဆိုမလား၊ သို့မဟုတ် တစ်နည်းနည်းသောလှည့်စားမှုဟုဆိုမလား မြင့်မြင့်ထံ စုန်းမက ပူးကပ်သည်ဆို၍ မြင့်မြင့်၏ပါးစပ်မှ ဤသို့ ထွက်လေတော့၏။

          “အသင်တို့နှင့် ဘာမျှမဆိုင်၊ ငါနှင့် မိမြင့်မြင့်သာ ဆိုင်တယ်။ အသင်တို့နေသာတယ်၊ အသင်တို့ကို ငါဘာမှမနှောင့်ယှက်၊ ငါ့ကိုလည်း အသင်တို့ လာပြီး မနှောင့်ယှက်နှင့်၊ မိမြင့်မြင့်ကို သင်တို့ ဘာမှမသိသည်ကောင်မမှာ ငါ ပညာတတ်ဟု မာနထောင်ပြီး မိဘကိုပင် မလေးစားဘဲ ငွေရှင်အရင်းရှင်ပီပီ အင်မတန်မောက်မာတယ်၊ ကျွန်မဟာ အထည်ဆိုင်တစ်ဆိုင်မှာ လုံကွင်းတစ်ထည်ကို ရှစ်ကျပ်နှင့်ဆစ်နေရာ ဈေးတည့်မလိုလုပ်နေတုန်းမှာ မြင့်မြင့်က ငွေတစ်ဆယ်ပေးပြီး ငါငွေရှင်၊ အမွဲစုတ်နှင့် သည်လုံကွင်းဟာ မတန်ဆိုတဲ့သဘောနှင့် ပြောင်ပြောင်ပဲ ဝယ်သွားတယ်၊ ဒါ့ကြောင့် လူနှင့်လူဟာ ဘယ်လို ဘယ်လိုဆိုတာကို ကျုပ် အကြောင်းပြထားတယ်၊ ဘယ်နည်းနှင့်မှ ချမ်းသာခွင့်မပေးနိုင်၊ အသင်တို့လာစမ်းရင် ပရမ်းပတာဖြစ်ပြီး အရှက်ကွဲရုံသာရှိမယ်၊ ရပ်တန်း ကရပ်ကြ၊ သပိတ်တန်းကျသွားရင် ပိတ်မိပြီး မရှူနိုင်မရှိုက်နိုင်ဖြစ်ကုန်မယ်”

          ထိုသို့ ဖြစ်နေ၍ ဦးဘမြို့တို့မှာ အတော်ပင် စိတ်မချမ်းမသာဖြစ် နေရာတွင် ဆိုင်းမဆင့်ဗုံမဆင့်ဘဲနှင့် မြင့်မြင့်သည် စာဖတ်သူတို့သိ ရသည်အတိုင်း ရောဂါကင်းမဲ့သူ လူ့စိတ်ကောင်းရှိသူကဲ့သို့ ဖြစ်နေ၍ အလွန့်အလွန်အံ့အားသင့်ကာ ရှိနေသည်တွင် ၎င်းတို့၏ အိမ်ရှေ့တွင် ကားကလေးတစ်စင်းသည် ရောက်လာကာ ရပ်လေ၏။ ထိုကားပေါ်မှ လူပျိုလူရွယ်ကလေးနှစ်ယောက်သည် ဆင်းလာ၏။ ၎င်းတို့မှာ ဟန်နှင့် ပန်နှင့်သောသူမှာ မောင်မျိုးဆွေဖြစ်၍ တိုင်းရင်းရက်အဝတ်များနှင့် ရိုးရိုးသောသူမှာ ဘိုးတုတ်ဖြစ်၏။

          မောင်မျိုးဆွေသည် မြင့်မြင့်နှင့်သူငယ်ချင်းဖြစ်၍ ချစ်သူ သူငယ်ချင်းဖြစ်၏။ ဘိုးတုတ်မှာကား မြင့်မြင့်ကို မသိချေ။ ၎င်းတို့သည် မြင့်မြင့် စိတ်ဖောက်ပြန်ခြင်းအကြောင်းကို လုံးဝမသိချေ။ ၎င်းတို့နှစ်ယောက်သည် အခွင့်တောင်း၍ ဦးဘမြို့တို့ထံဝင်ရောက်ကာ ရိုသေသမှုနှင့် နှုတ်ဆက် ၏။ ဦးဘမြို့လည်း နေရာထိုင်ခင်းနှင့်ပင် ကောင်းစွာ ဝတ်ပြု၏။ မြင့်မြင့် သည်ကား ၎င်း၏သူငယ်ချင်းမျိုးဆွေကို ဘယ်အခါမဆို ပျူပျူငှာငှာနှင့် နှုတ်ဆက်ခဲ့သော်လည်း ယခုမူကား ဣန္ဒြေနှင့် ထီးတည်းကြီးပြု၍ သင့်တင့်ရာက မကြည့်သယောင်နှင့်ရှိလင့်ကစား ဘိုးတုတ်ကိုမူကား စိုက်၍ ကြည့်နေသလို ဖြစ်နေ၏။

မောင်မျိုးဆွေသည် ခေတ်တွင်ငံသောသူတစ်ယောက်ဖြစ်သည့် အတိုင်း ဤသို့စကားစတော့၏။

          “ကျွန်တော် မမြင့်မြင့်ရဲ့ သူငယ်ချင်း မောင်မျိုးဆွေပါ...”

          “အော်... မယ်မြင့်က ခဏခဏပဲ အရင်ပြောဖူးပါတယ်၊ ဘတို့ နေထိုင်ကောင်းကြပါရဲ့လား”

          မယ်မြင့်မှာ ရွှေစက်တော်က အပြန်ဟု စကားချီပြီးလျှင် အနည်းငယ် ဦးဘမြို့သည် စကားစမိလျှင်ပင် မြင့်မြင့်သည် စကားဖြတ်၍ ဤသို့ အသံမာမာနှင့် စကားဆိုတော့၏။

          “သည်စကားများကို ဘယ်သူကမေးလို့ ပြောသလဲ၊ တိတ်ပါ.. ရှေ့ကိုမဆက်ပါနှင့်၊ ဒါပဲ”

          မျိုးဆွေသည် “အလို.. မြင့် ဘယ်လိုစကားကို ဆိုလိုက်ပါသလဲ ဟင်.. ဘာဖြစ်နေသလဲ၊ ဘကပြောနေသလို စိတ်ဖောက်ပြန်နေသလား” ဟု စဉ်းစားမိတော့၏။ ဘိုးတုတ်သည်ကား ထိုကဲ့သို့ တစ်ခါ ဖူးမျှ ဗဟု သုတနည်းသည့်အတိုင်း မတွေ့ဖူး၊ မမြင်ဖူး၊ မကြားဖူးသဖြင့် အံ့အားသင့် ကာ “ဟင်-ဘယ့်နှာလဲ၊ ရူးများနေသလား” ဟု စဉ်းစားသလို ရှိနေပေ တော့၏။

          မြင့်မြင့်သည် ဤသို့စကားဆိုတော့၏။

          “ကိုမျိုးဆွေ ပြန်တော့၊ ခုကို ပြန်တော့၊ ဘယ်ကဘယ်လို လူကို ခေါ်လာသလဲ၊ ခုပြန်”

          “အလို၊ မယ်မြင့်..... ဘာပြောသလဲ၊ အားနာစရာ” “နာနိုင်ပေါင်..၊ ဘယ်က ဘယ်လိုလူကို ခေါ်လာရသလဲ” “မောင်က ဘာလုပ်သလဲ” “ကျွန်တော် ခြံသမားပါ”

          “ဟာ-ဟ-ရယ်ချင်တယ်၊ ဘီအက်စီ တစ်ယောက်ဟာ ခြံသမား လား၊ ကိုင်း.. ရှင်ပြန်တော့”

          ဘတုတ်ကား မြင့်မြင့်သည် တကယ်အစစ် ရူးနေပြီ။ သနားစရာ ပါလား၊ ဖြစ်မှဖြစ်ရပလေဟု အလွန်သနားမိ၏။ သနားမိသည့်အတိုင်း ရူးနေသောသူကို နှောင့်ယှက်ရာကျမည်ကြောင့် အလွန်သနားကြင်နာသောစိတ်နှင့်ပင် “ကိုင်း... ကိုမျိုးဆွေ ပြန်ရအောင်ဗျာ” ဟုဆို၏။ မျိုးဆွေ လည်း ထ၍ပြန်တော့မည်အပြုတွင် မြင့်မြင့်၏ပါးစပ်မှ ဤသို့ ဖောက်ပြန် ၏။

          “မောင်.. မြင့်မြင့်ကို သနားပြီး မပြန်ပါနှင့်၊ စက်ဆုပ်ရွံရှာပြီးပြန်ပါ။ မြင့်မြင့်ကို ဘာကြောင့် မသနားရမှာလဲ၊ မြင့်မြင့်ဟာ ဘယ်လိုအကျင့်ဆိုး လို့ စက်ဆုပ်ရွံရှာရမှာလဲ”

          မြင့်မြင့်၏အမေ ဒေါ်ကြိုင်ကား မျိုးဆွေမြင်သာအောင် “ဒါဟာ မြင့်မြင့်ရဲ့ စကားမဟုတ်၊ မြင့်မြင့်ထံလာပူးသော စုန်းမရဲ့ စကားပါ” ဟု စာရေးပြ၏။ ဘတုတ်ကား ဆက်၍ ထိုသို့ ပြောပြန်၏။

          “မြင့်မြင့်ကိုသာလျှင် မဟုတ်၊ သတ္တဝါတိုင်းကို သနားရမှာပါ။ လောကမှာ အကျင့်ဆိုးသူ အကျင့်ကောင်းသူတို့ဟာ လောကရဲ့ တန်ဆာ ပလာတွေပါ၊ ဒါကြောင့် မြင့်မြင့်ကို သနားပြီး ပြန်ရမှာပဲ၊ မြင့်မြင့်ကိုသနားလို့ မြင့်မြင့်မှာ နစ်နာစရာ မရှိပါဘူး၊ ကိုင်း... ကိုမျိုးဆွေ ပြန်ရ အောင်ဗျာ”

          “မြင့်မြင့်ကိုသနားလို့ မြင့်မြင့်မှာ မနစ်နာသော်လည်း ကျွန်မမှာ တော့ ရင်ဘတ်ကို မီးနှင့်မြိုက်သလို ပူပါတယ်” “ဘယ်က ကျွန်မလဲ... ခင်ဗျာ” “ကျောင်းဒကာ ဦးဘမြို့ ပြောပြလိုက်ပါရှင်” | ထိုအခါ ဦးဘမြို့ သည် မှော်ဆရာ၊ ပယောဂဆရာများ၊ ဂိုဏ်းဆရာ များတို့နှင့် မိမိ၏သမီး ရူးနေခြင်းကို ကုလာခဲ့ရ၍ အကြားအမြင်များ လာသဖြင့် စုန်းမ၏စကားများနှင့် စုန်းမက ပြုစားထားခြင်းသဘော တို့ကို ပြောပြလေရာ ဘတုတ်သည် ဤသို့ ပြောလေ၏။