Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

စစ်ကိုင်းဦးဘိုးသင်း - ဒါကြောင့်ချစ်တာ

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out

အခန်း (၁)

          တင်မောင်မြင့်သည် တက္ကသိုလ်သို့ရောက်သည့်နှစ်ကစ၍ပင် ၎င်းတို့၏ အိမ်ဝိုင်းထဲမှာ ကောက်ရိုး ရိုးဖြတ်များကိုဝယ်၍ စုပုံထား ပြီးသော် သိပ္ပံမှ မှိုမျိုးစေ့ကိုဝယ်၍ မှိုစိုက်လေသည်။ သို့သော် ထိုကောက် ရိုးပုံမှ မှိုမျိုးစေ့နှင့်စိုက်၍ ပေါက်လာသော မှိုများကိုမစား၊ ရောင်း၍လည်း မစား၊ သဘာဝအတိုင်း ပစ်ထားလေသည်။

          ထို့နောက် တစ်နှစ်ကြာသော် ၎င်း၏ကောက်ရိုးပုံမှာ ထပ်ကာ ထပ်ကာ ပုံထားပြီးသော် ရေဖျန်းထားသဖြင့် အလွန်ဆွေးပြီးလျှင် မှိုများ သည် များစွာပေါက်လာလေတော့ပြီ။ ထိုနှစ်မှာကား တင်မောင်မြင့်တို့၏ မှိုပေါက်သောအချိန်၌ မှိုဟင်းနှင့် ထမင်းစားရသည့်ပြင် တင်မောင်မြင့် ၏ အမေသည် မှိုရောင်း၍ ငွေတစ်ရာ့ငါးဆယ်ရလေတော့ပြီ။

          တင်မောင်မြင့်သည် စာမေးပွဲ အောင်စာရင်းထွက်လာသောအခါ နှစ်ဘာသာ ဂုဏ်ထူးနှင့်ပင် အောင်မြင်လေတော့ပြီ။

          ထိုအခါ ၎င်းသည် အလွန်ဝမ်းသာသည့်သဘောနှင့် ၎င်း၏အိမ်ဝိုင်းထဲတွင် ဘိတ်စံပယ်ရုံကြီး သုံးရုံကို ပြုပြင်ကာ ရေပေးသဖြင့် စံပယ် ပွင့်များသည် ခပ်စောစောပင် ပွင့်ကြသဖြင့် စံပယ်ပွင့်ဖိုးလည်း တစ်နေ့ မှာ သုံးကျပ်လောက်ရလာတော့ပြီ။ ။

          တင်မောင်မြင့်သည် ၎င်းတို့၏ဒသမတစ်ငါးဧကရှိ အိမ်ဝိုင်း ကလေးထဲတွင် ခြံပြုစုနေလေတော့ပြီ။ ၎င်းတို့၏ အရပ်မှာလည်း ရေမြောင်းကလေးတွင် ရေအစဉ်မပြတ်ကာထွက်ရှိသဖြင့် တင်မောင်မြင့်၏ လုပ်ကိုင်ပုံသည် နည်းလမ်းမကျစေကာမူ တင်မောင်မြင့် ပြုစုသော ခြံ ကလေးသည် စိုစိုပြည်ပြည်နှင့် တော်တော်ပင် လှပနေလေပြီ။

          ထိုခြံကလေးက ကောက်ရိုးမှိုအပြင် စံပယ်ပွင့်၊ ပစ္စည်းပန်းညို တို့လည်း ထွက်နေလေတော့ပြီ။

ထိုနှစ် မေလ သုံးဆယ်ရက်နေ့တွင် ဥရောပတိုင်းသားတစ်ယောက် သည် တင်မောင်မြင့်ထံ နေ့လယ်အချိန်တွင် ရောက်လာ၍ နှုတ်ဆက်ပြီး သော် ဤသို့ ပြောဆိုနေကြလေ၏။ “မင်း ကျွန်ုပ်၏အထက်တန်းကျောင်းမှာ အထက်တန်းဆရာလုပ်ပါ” “မလုပ်ချင်ပါ” “လခ အသားတင် သုံးရာ့ငါးဆယ်ပေးပါ့မယ်” “မလုပ်ချင်ပါ” ။ “လခ နည်းလို့လား”

          “ခင်ဗျား တစ်လမှာ သုံးထောင့်ငါးရာပေးရင်တောင် ကျွန်တော် မလုပ်ပါ”

          “အိုး.. ဘာကြောင့်လဲ”

          “မပြောချင်ဘူးဗျာ”

           “ပြောသာပြောပါ၊ ကိစ္စမရှိပါဘူး”

          “ခင်ဗျားတို့ ဗမာပြည်က အင်္ဂလိပ်စာကို အင်မတန့် အင်မတန်ကြီး အမွှမ်းတင်နေတော့ အင်္ဂလိပ်စာ သင်ကြားရေးကို သူငယ်တန်းက စတင်ကာဗန်းပြပြီး စာသင်ကျောင်းကို တည်ထောင်နေတယ်၊ အဲသည် လို တည်ထောင်နေပြီး ခင်ဗျားတို့ရဲ့ ဈေးကွက်နောက်လိုက်နိုင်ငံဖြစ် အောင် ကျင့်ဆောင်နေတာကို ကျွန်တော် သိတယ်ဗျာ” “အို.. ဒီလို မဟုတ်ပါဘူး၊ ကိုတင်မောင်မြင့် အထင်လွဲနေပါပြီ”

          “ကျွန်တော့်ကို ငွေနှင့်လာပြီး ဗန်းပြကာလှည့်စားလို့ မရဘူး ကျွန်တော်ဟာ ဗယာကြော်တစ်ကွင်းနဲ့ ထမင်းတစ်နပ် စားနိုင်တယ်။ တိုင်းရင်းရက်ထည်ကြမ်းနှင့် မင်္ဂလာအခမ်းအနားကို ဝင်ဝံ့တယ်၊ ပကာ သနလိုတဲ့လူ မဟုတ်ဘူး”

          “အထင်နှင့် အယူအဆ လွဲနေပါပြီ”

          “မလွဲပါဘူးဗျာ၊ ခင်ဗျားတို့ စာသင်ကျောင်း ထောင်ပြီး ကလေး တွေ အား ဘာသာရေးကို သင်ပေးကာ အင်မတန် မွန်မြတ်ကာ အေးချမ်း သာယာစေနိုင်တဲ့ ဗုဒ္ဓဘာသာ မိရိုးဖလာ အယူဝါဒကို ဖျက်နေတယ်။ လူမျိုးရေး စိတ်ဓာတ်ညံ့အောင်လုပ်ပြီး ခင်ဗျားတို့ ဥရောပတိုက်သား ဆိုတဲ့ တရားမဲ့ လူတွေကို အထင်ကြီးအောင်လုပ်ကာ နောက်လိုက်နိုင်ငံ ဖြစ်အောင် လုပ်နေတယ် မဟုတ်လား၊ ကျွန်တော်ကတော့ ဘွင်းဘွင်းပဲ”

          “ဟာ... ခင်ဗျားယူဆသလို မဟုတ်ပါဘူး”

          “တစ်ကို စုံခံမငြင်းပါနဲ့ဗျာ၊ ကျွန်တော်ဟာ အထက်တန်းကျောင်း မှာလည်း နေခဲ့ပါတယ်။ တက္ကသိုလ်မှာလည်း နေခဲ့ပါတယ်။ သိတယ် အမေကျော် ထွေးတော်ကို လွမ်းနေတဲ့ ကျောင်းသားတွေ ပေါက်ပွားလာ ပြီး စာသင်ကျောင်းများနှင့် တက္ကသိုလ်တွေမှာတောင် မပြောချင်ဘူးဗျာ၊ နိုးနေသူကို မနှိုးချင်ပါဘူး”

          “ဟာ... အထင်လွဲနေပြီ၊ ကျွန်ုပ်တို့ မြန်မာလူမျိုးများကို ခေတ်မီ လာအောင် သဘောနဲ့များစွာ ကူညီစောင့်ရှောက်ထောက်ပံ့လာတယ်”

          “ခင်ဗျား သည်စကားကို ကျွန်တော့်ကိုပြောတာ အံ့သာ၊ ကျွန်တော်ဟာ အကန်း မဟုတ်ဘူး။ အကန်းတွေသာ အမေကျော် ထွေးတော်လွမ်း ပြီး နိုင်ငံခြားက ဆွဲဆောင်တဲ့ ဝါဒနောက်ကို လိုက်ချင်လို့ အမွန်အမြတ် ထင်နေတယ်။ ဒါဟာ စစ်အေးတိုက်ပွဲမှာ လက်နက်ချပြီး နောက်လိုက် လုပ်ဖို့ရန် သစ္စာဆိုနေတာဗျ၊ ခင်ဗျားလာမဆွယ်နဲ့”

          “ခင်ဗျား မအိုးနှင့်။ ခင်ဗျားတို့ မဟာမိတ်ဆိုတဲ့တပ်တွေ ဗမာပြည် သို့ ဗမာများ အကူအညီနှင့် ပြန်ဝင်လာတော့ ဂျပန်တစ်ယောက်မျှ မရှိ တဲ့ မြို့တွေ၊ ရွာတွေကို မီးတိုက်ဖျက်ဆီးပစ်တာက သက်သေပြနေတယ်။

          ဟောသည်မှာ ကျွန်တော်တို့ နှစ်ထပ်အိမ်ကြီးမှာ ပြာကျသွားလို့ ခုတ် ကုပ်ကလေးနှင့်နေရတယ်”

          နိုင်ငံခြားသား ကျောင်းအုပ်ကြီးသည် တင်မောင်မြင့်ကို ဆွယ်၍ မရသောကြောင့် ၎င်း၏ကားကလေးနှင့် ပြန်လေတော့၏။

          နောက်တစ်နေ့ ညနေသော် တင်မောင်မြင့်သည် ၎င်း၏ခြံကလေး ထဲ၌ ပြုစုဖွယ်ရာများကို ပြုစုနေ၏။ ၎င်း၏အမေသည် ပန်းညိုများ၊ ပစ္စည်းပန်းများတို့ကို စည်းနေ၏။ ပန်းသည်မကြီးသည် ပွင့်လုနီး၊ ပွင့် တော့မည် အာတော့မည်ဖြစ်သည့် စံပယ်ဖူးများကို ခူးနေ၏။

          ထိုသို့ သည်တွင် အလွတ်ကျောင်းတစ်ကျောင်းမှ ဆရာမ ဒေါ်မြနှစ် သည် တင်မောင်မြင့်ထံသို့ ရောက်လာ၏။ ဒေါ်မြနှစ်သည် တင်မောင်မြင့် ထက် တစ်နှစ်စော၍ ကျောင်းထွက်ကာ အလွတ်ကျောင်းတစ်ကျောင်း တွင် ကျောင်းဆရာမလုပ်နေသော ဘီအေမဖြစ်၏။

          “ထိုင်ပါဗျာ” “ရှင် ခုဘာလုပ်မယ် စိတ်ကူးနေသလဲ” ပါ “သည်မှာ အလုပ်လုပ်နေတာပဲ။ ပန်းညိုပင်တွေ စိုက်၊ ပစ္စည်းပင်တွေစိုက်၊ စံပယ်ပင်တွေ ပြုစုနေတယ်”

          “ကျွန်မတို့ ကျောင်းမှာ အလုပ်ဝင်လုပ်ပါ။ ကျွန်မ ကျောင်းအုပ် ကြီးနဲ့ စကားစပ်ထားပါတယ်”

          “အဝတ်ဖွပ်သည်မသားဟာ ကျောင်းဆရာအလုပ်နှင့် မတန်ဘူး ဗျ။ ဒိုဘီလုပ်ဖို့ဆို ဟုတ်ပါသေးတယ်၊ တော်လည်း တော်တယ်။ ကျွန်တော် သိတတ်ပါတယ်ဗျာ”

          “ရှင့်နှယ်ရှင်”

          “ဒါပဲဗျာ ကျွန်တော်နှင့် ကျောင်းဆရာအလုပ်ဟာ မတန်ဘူးဗျ မလုပ်ချင်ပါဘူး”

          “ရှင်စဉ်းစားရှင်၊ ရှင်လုပ်မယ်ဆိုရင်တော့ နက်ဖြန် စကားပြန်ရှင်”

          “ခု စကားပြန်လိုက်တာပဲ၊ ကျွန်တော် မလုပ်ပါဘူး”

          ဒေါ်မြနှစ်သည် တင်မောင်မြင့်၏ ထောင့်မစေ့သော စကားအရ ပြန်သွားလေ၏။

          ဒေါ်မြနှစ်သည် အိုင်အေတွင် နှစ်နှစ်၊ ဘီအေတွင် နှစ်နှစ် ဝင်ခဲ့ ရ၏။ ၎င်းသည် တင်မောင်မြင့်ကို အိုင်အက်စ်စီ၊ ဘီအက်စ်စီ၊ ဘီအေတို့ ၌ နှစ်ချင်းအောင်လာ၍ အများက ချီးမွမ်းစကားပြောကြသောအခါအောင်ပေတယ်လို့ အလကားပါရှင်၊ အဝတ်ဖွပ်သည်သား မစွံပါဘူးဟု ဆိုခဲ့၏။ ထိုသို့ဆိုသော စကားသည် လေထဲ၌ ပျံ့နှံ့သွား၍ တင်မောင်မြင့် ၏ နားသို့ ရောက်သွား၏။

          ထိုသို့သော သဘောကြောင့် တင်မောင်မြင့်သည် ဤသို့သော စကားကို ဒေါ်မြနှစ်အား ပြောလိုက်လေသလား၊ အကယ်၍ ဟုတ်ခဲ့သော် တင်မောင်မြင့်ကို ခေတ်နှင့်အညီ သုံးထိုက်သော လူတစ်ယောက်လား၊ တင်မောင်မြင့်သည် ထိုသို့သော သဘောကြောင့် ဤကဲ့သို့ ပြောလိုက် ချေသော် ပြောထိုက်သလား။

          ဒေါ်မြနှစ်သည် တက္ကသိုလ်မယ်ဘဝတွင် အတော်ပင် ထင်ရှား သော အမျိုးသမီးတစ်ယောက်ဖြစ်သည်။ ၎င်းသည် တင်မောင်မြင့်အား သမဂ္ဂရွေးကောက်ပွဲတွင် ၎င်းတို့၏ဘက်က မဲပေးရန် သွေးဆောင်ရုံမျှ မက မဲဆွယ်သောသဘောနှင့် ကိုယ်တိုင်လည်း တပ်အပ်ကျပြော၏။ ထိုအခါ တင်မောင်မြင့်က ကျွန်တော်ဟာ မဲပေးဖို့တက္ကသိုလ်မှာ တစ်လ တစ်ဆယ့်ငါးကျပ်ပေးပြီး လာနေတာမဟုတ်၊ အတတ်ပညာ သင်ကြားခံ ယူဖို့ လာနေတာဟု ပြတ်ပြတ်ပြော၏။

          အခြားသူများကလည်း ထိုစဉ်အခါက လာရောက်သွေးဆောင် ပြောဆိုကြ၏။ တင်မောင်မြင့်လည်း ထိုကဲ့သို့ ပြောဆို၍ အေးအေးပင် နေလိုက်၏။ ထိုသို့သော သဘောကြောင့် တင်မောင်မြင့်သည် ကျောင်း သားဘဝတွင် အခြားတက္ကသိုလ် မောင်-မယ်များနှင့် အစေးမကပ်ချေ။ သို့ရာတွင် အားကစားကို လေ့လာသော ကျောင်းသားတို့ကား တင်မောင်မြင့်သည် ဘောလုံးကန် အလွန့်အလွန်တော်သောကြောင့် ၎င်းကို ဆက်ဆံခြင်းပြုကြကုန်၏။

          တင်မောင်မြင့်သည် ဘောလုံးကန်လိုက်သော်လည်း ထိုအသင်း အပင်းတို့နှင့် ဖော်ရွေစွာ သွားလိုက်၊ စားလိုက်၊ အပျော်လိုက်နှင့် ပေါင်း သင်းဆက်ဆံခြင်းကိုကား မပြုချေ။

          ယခု တင်မောင်မြင့်သည် ဝိဇ္ဇာသိပ္ပံဒီဂရီကို ယူလာခဲ့သောသူ ဖြစ်သည်။ သူသည် ခေတ်အလျောက် စာသင်သားတို့၏သဘောအရထောင့်မကျိုး၊ အရေးအရာ မဝင်သောသူတစ်ယောက်ကဲ့သို့ ဖြစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့ သော သဘောကြောင့်ဖြစ်၏။