Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

စစ်ကိုင်းဦးဘိုးသင်း - ဒို့ကျေးရွာ

Regular price 2,300 MMK
Regular price Sale price 2,300 MMK
Sale Sold out

ဒို့ကျေးရွာ

          စာရေးရရန်ကိုပင် ငြီးငွေ့ဖွယ်ရှိလေတော့ပြီ။

          တိုင်းပြည်အကျိုးကို တကယ်အစစ် လိုလားသူတို့က တိုင်းပြည် နှင့်လျော်သော စာအုပ်ကောင်းများထွက်ရန်ကို လိုလားပေတော့ပြီ။ ဝမ်းသာစကားပင်တကား...။

          တိုင်းပြည်ကကား လိုလားသလား၊ တိုင်းပြည်သည် မည်ကဲ့သို့ စာအုပ်ကို လိုလားသလဲ၊ နိဗ္ဗာန်ပေါက် ကျမ်းစာအုပ်ကို လိုလားသလား၊ ထွက်ပေါ်လာရင်ကော ဖတ်နာမလော၊ ဖတ်နာသော်လည်း နားလည် ကာ ကျင့်သုံးမလား..။

          တိုင်းပြည်သည် ရယ်စရာ တဟောဟော တသောသောဖြစ်သည့် စာအုပ်ကို လိုလားသလား၊ မေထုန်မှုသဘောနှင့် စိတ်ကို ရွှင်ပျစေသည့် စာအုပ်ကို လိုလားသလား၊ တိုင်းပြည်အကြိုက် တိုင်းပြည်က နှစ်သက် သည့် စာအုပ်သည် ဘယ်လိုစာအုပ်လဲ၊ တိုင်းပြည့်အကျိုးကို တကယ် အစစ်လိုလားသူတို့၏ စာအုပ်ကို တိုင်းပြည်က နှစ်သက်၍ လိုလား မလား...။

          တိုင်းပြည့်အကျိုးကို တကယ်အစစ် လိုလားသူတို့ နှစ်သက်အလို ရှိသော စာအုပ်သည် ထွက်ပေါ်လာစေကာမူ တိုင်းပြည်သည် လိုလားနှစ်သက်ကာ ဖတ်ရှုမလား၊ ဖတ်ရှု စေကာမူ ပေါရိသာဒသည် သုတသောမမင်းကြီး၏ တရားစကားကို နာယူသကဲ့သို့ နာယူမည် လော...။

          ထိုသို့သော သဘောဖြင့် စာရေးရသည်မှာ ငြီးငွေ့ဖွယ်၊ တိုင်းပြည် လူထုအတွက် လုပ်ငန်းကောင်းလုပ်ငန်းမြတ်ကို မပျင်းမရိဘဲ လုပ်ကိုင် ခြင်း ဖြစ်နေမလား...။

          ခေတ်အလျောက် တိုင်းပြည်တိုးတက်ကြီးပွားဖို့ရန်မှာ စာအုပ် ကောင်းများစွာ လိုနေပေသည်ကို အသိအမြင် ကျယ်သောသူတိုင်း သဘောတူရမည်။ စာအုပ်ကောင်းများကို ဖတ်နာခြင်းများသလောက် တိုင်းပြည်ဖွံ့ဖြိုးလာပေသည်။ ထိုစကားကို ယုံမှားဖွယ်မသင့်ပေ..။

          တိုင်းပြည်အစစ်တကယ် အကျိုးရှိစာအုပ်ကို တိုင်းပြည်ဖတ်နာ အောင် ဆောင်ရွက်ဖို့ရန်ကား အလွန်လေးသော ကျောက်တုံးကြီးကို ချီမရန်ကဲ့သို့ ဖြစ်ခြင်းကြောင့် စာရေးခြင်းသည် သစ်ကြမ်းကို ရွေပေါ် ထိုးသကဲ့သို့ မဖြစ်နိုင်ဘဲ ရွေပေါ်ထိုးပြီးသော အထည်ဝတ္ထုကို ကော်ဖတ် စား ဆေးသုတ်သကဲ့သို့သာ ဖြစ်နေချေသော် စာရေးရခြင်းသည် ငြီးငွေ့ ဖွယ်ရာသာ ဖြစ်လာရပေတော့မည်။

          ကျွန်ုပ်သည် ခေတ်စာအုပ်များကို ရေးရာ၌ သဘာဝကိုလိုက်လျော ၍ တစ်ဆင့်ပြီးတစ်ဆင့် တိုင်းပြုပြည်ပြု ဖြစ်အောင် ခေတ်ဝတ္ထုများကို ရေးသားရာ ပုံနှိပ်ထုတ်ဝေသူများက စာဖတ်သူ၏ အလိုကျ ခေတ်ဝတ္ထု များကို မဖြန့်ချီလိုသဖြင့် ရှေးဟောင်း ဝတ္ထုသဖွယ် နန်းတွင်းဝတ္ထု၊ ရာဇဝင်ဝတ္ထုများကို များစွာ ရေးခဲ့ရပေသည်။ ။

          ထိုသို့ရေးခဲ့ရရာ၌ ခေတ်နှင့်လျော်ညီ၍ တိုင်းပြုပြည်ပြု ဖြစ်အောင် ကြံဖန်ပြီးသော် ခက်ခက်ခဲခဲနှင့် များစွာရေးခဲ့ရပေသည်။ သို့လင့်ကစား ထိုသို့ရေးရခြင်းကို ရေးသူကျွန်ုပ်သည် မနှစ်သက်ပေ။ အဘယ်ကြောင့်ဆိုသော် ဘယ်ပေထဲကလဲ၊ ဘယ်ပုရပိုက်ထဲကလဲဟု မေးကြသူတို့ များ သောကြောင့်ပင် ဖြစ်ချေသည်။

          စင်စစ် လိုရင်းကို ဖော်ပြရသည်ရှိသော် ဘာကြောင့် တိုင်းပြည် အား စာသင်ပေးသလဲ၊ စာဖတ်တတ်ဖို့၊ စာဖတ်တတ်ပြီးလျှင် စာဖတ်ဖို့ ဖြစ်ချေသည်။ သို့လင့်ကစား ကျောင်းကထွက်လာသူများသည် စာဖတ် သလား။ ရယ်စရာ၊ ဓာတ်ရှင်နှင့် ရုံပွဲကိုသာကြည့်မည်။ စာမဖတ်အား၊ ဓာတ်ရှင်နှင့် ရုံပွဲကိုသာ ငွေကုန်ခံ၍ ကြည့်မည်။ စာအုပ်ကို ဝယ်ဖတ်ဖို့ ရန် အလွန်နှမြောတွန့်တိုသည်။

          အလကား ဖတ်ပါဆို၍လည်း မဖတ်လို။

          ထိုသဘောကြောင့် တိုင်းပြည်၏ တိုးတက်ကြီးပွားခြင်းသည် တီကောင်သွားနေသကဲ့သို့ ဖြစ်၍ တိုးတက်ကြီးပွားနေသည်မှာလည်း မြေကြီးသြဇာ မရှိသောအရပ်က အသီးအနှံများကဲ့သို့ ပေါ့ပျက်ပျက် အရသာ သာလျှင် ရှိနေပေသည်။ ။

          ဥပမာဆောင်ရသည်ရှိသော် ဤသို့ ဖြစ်၏။

          ဆန်လှောင်ထားသော ကုန်သည်တစ်ယောက်သည် ဆန်ဈေးကို ကစား၍ တစ်အိတ်တွင် ငါးကျပ်အမြတ်နှင့် ဆန်အိတ် နှစ်ထောင်ကို ရောင်းရာ ၎င်းမှာ ငွေတစ်သောင်းမြတ်၏။ ထိုသူမှာ ထိုသို့သော စနစ်မျိုး ဖြင့် သိန်းချီကာ တိုက်ကြီးနှင့် ယစ်နေ၏။ ထိုသူသည် မည်သည့် ဝတ္ထုစာအုပ်၊ မဂ္ဂဇင်းကိုမျှ မဖတ်။ ဖတ်သော သူကိုပင် ကဲ့ရဲ့ သေး၏။ ဝတ္ထုစာအုပ်၊ မဂ္ဂဇင်းများ၌ ထိုသို့သော စနစ်သည် စည်ပင်သာယာ ဝပြောသည်ဆိုသော တိုင်းပြည်ကို ပင်ပန်းဆင်းရဲသောစနစ်၊ တိုင်းပြည် ကို ဖြိုလှဲသောစနစ်ဟု ကျနစွာရေးထား၏။ ထိုသို့ရေးထားသော်လည်း ထိုသဘောကို ထိုသို့သော သူများသည် လုံးဝမသိချေ။ နားမလည်ချေ။ သဘောတရားကိုလည်း ထိုသူသည် ဘာမျှနားမလည်ချေ။ ဘာကြောင့်၊ စာကိုမဖတ်သောကြောင့်။

          ယင်းသို့သော သဘောကြောင့် ထိုသို့ သော သဘောမျိုးသည် မည်မျှလောက် အပြစ်ရှိကြောင်း၊ ဆိုးညစ်ကြောင်းတို့ကို မဂ္ဂဇင်းဝတ္ထု တို့၌ ကျနစွာ ဖော်ပြသော်လည်း ထိုသူမျိုးအပေါ်၌ မည်သို့မျှ အကျိုး မပြုနိုင်ရကား ထိုသူ၏ ငွေပေါများခြင်းသည် မြေကြီးသြဇာမရှိသော အရပ်က အသီးအနှံများကဲ့သို့ ပေါ့ပျက်ပျက်အရသာ မရှိရုံမျှမက အဆိပ် ပင်လျှင် ဖြစ်နေပေသည်။

          ထိုသဘောအရ စားရေးရခြင်းသည် ရွှေပေါ်ထိုးပြီး အထည်ဝတ္ထု ကို ကော်ဖတ်စား ဆေးသုတ်ထားဘိသကဲ့သို့ တတ်သိနားလည်ပြီးသော သူများအပေါ်၌သာ အမွှမ်းတင်ရုံသာ ဖြစ်နေခြင်းကြောင့် ဘာမျှ နားမလည်သော စီးပွားရေးသမား ငွေရှင်များ အလုပ်သမားများအပေါ် ၌ တစ်စုံတစ်ရာမျှ အကျိုးမသက်ရောက်နိုင်ပေ။ ထို့ကြောင့် စာရေးရ သည်မှာ စိတ်ပျက်စရာမျှသာမှတစ်ပါး အခြားမရှိသလို တွေ့ရပေသည်။

          တစ်ကြောင်းမှာလည်း မဂ္ဂဇင်းများ၊ ဝတ္ထုများ၌ ခေတ်မီရန်၊ ခေတ် အလျောက် တိုးတက်ကြီးပွားရန် မည်မျှလောက် ကျကျနနရေးသော် လည်း ထိုရေးသောစာကို သဘောတရားကို နားလည်ရန် လိုနေသော အလုပ်သမား၊ တောင်သူများတို့သည် ဖတ်ခြင်း၊ ကြည့်ရှုခြင်း ကင်းမဲ့ သကဲ့သို့ဖြစ်၍ တစ်စုံတစ်ရာ အကျိုးသက်ရောက်နိုင်ဖို့ရန် ခဲယဉ်းနေပေ သည်။

          ထိုသို့သော သဘောအားဖြင့်လည်း တတ်သိနားလည်နေပြီးသော သူ့အတွက်သာ စာကို ရေးထားခြင်းနှင့်တူ၍ စာအုပ်ကောင်းသည် လောက် တိုင်းပြည်၌ အကျိုးမများချေ။

          စင်စစ် စာဖတ်ခြင်း၌ မည်မျှနောက်ကျနေသလဲဆိုသော် ပြဆိုခဲ့ သော သူတို့ကို ထားပါဦးတော့၊ စာတတ်ဟူ၍ လခစားလုပ်နေသောသူများသည်လျှင် တစ်ရာတွင် ငါးယောက်ခန့် စာပေဖတ်ခြင်း အလေ့၊ အကျင့်မရှိသည်လောက်ပင် ဖြစ်ချေသည်။ ၎င်းတို့သည် ဓာတ်ရှင်ကိုသာ ကြည့်မည်၊ စာအုပ်ကို ဝယ်မဖတ်။ အလကား ပေးပါမည် ဖတ်ပါဆိုသော်လည်းမဖတ်၊ ၎င်း၏ စာတတ်ခြင်းသည် လခစားလုပ်ပြီးလျှင် သူ၏ တစ်ကိုယ်ရေအတွက် စဉ်းလဲခြင်းနှင့် ဇိမ်ယစ်ရန် စီးပွားရေး ရှာဖွေရန်သာ ဖြစ်နေပေသည်။

          စာဖတ်သည် ဆိုသောသူများမှာလည်း မှော်အတတ်နှင့် ဆိုင်သော စာမျိုး၊ ကာမမေထုန်မှုကို အားပေးသောစာမျိုး၊ ကလေးများအား ပြော ကြားသည့် ဟာသဝတ္ထုကြောင်းသက်သက် စာမျိုးကိုသာ ဖတ်လိုကြခြင်း များပေသည်။

          ထိုသဘောကြောင့် တိုင်းပြည်အကျိုးပြု စာကောင်းသည် တိုင်း ပြည်အကျိုးရှိအောင် ဆွဲဆောင်နိုင်ဖို့ အတော်ပင် ခဲယဉ်းနေပေသည်။ စင်စစ်သော်ကား လူတစ်ရာလျှင် ကိုးဆယ်ခန့်သည် အသိအတတ်ပြုလုပ် နေ၍ မျက်စိမှုန်တိ မှုန်မွှားလူက အပ်နဖားထိုးသကဲ့သို့ ဖြစ်ပြီးလျှင် မြန်မာတို့၏ ခေတ်သည် လေတိုက်သလို ယိမ်းနေသော ပိပြားပင် ခေတ်ကို မလွန်သေးပေ။

          သို့သော် စာပေအားဖြင့် နို့တိုင်းပြည် အထက်တန်းရောက်ရမည်။ ခရီးရောက်အောင် မြင်းကောင်းကိုစီးလော့...၊ အရမ်းမတိုးနှင့် ဇောက်ထိုး ဖြစ်မည်။