Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ငြိမ်းကျော် - အချစ်ဦးသို့ရွှေနားတော်သွင်းဧချင်း

Regular price 4,000 MMK
Regular price Sale price 4,000 MMK
Sale Sold out

[]

          ဆည်တော်ကန် ရေမျက်နှာပြင်ပေါ်မှ ဝေ့လာသော လေပြည်သည် ဖြူဆံစတွေ ကို ဝှေ့သွားသည်။ နဖူးပေါ်ကျလာသော ဆံနုမျှင်တွေကို ညာဘက်သို့ သိမ်း၍ ပင့်တင် လိုက်သည်။ ခေါင်းအို့တွင် ဖြူမျက်နှာသည် ကျွန်တော်နှင့်တူရူ။ သူ့မျက်ဝန်း နက်သည် ရင်ထဲသို့ နစ်ဝင်လာသလား ထင်ရသည်။ မျက်တောင်မခတ်သော ထိုအခိုက် အတန့်တွင် ကျွန်တော့်ရင်တွေ ခုန်စပြုလာသည်။ ထိုအချိန်တွင် ကျွန်တော့်ရင်ခွင်ထဲသို့ သူမျက်နှာ အပ်၍ ဝင်လာမည်ကို စိုးသည်။ မောင်ရင်တွေ ခုန်နေပါလားဟု မေးမည်စိုးသည်။ ဘာဖြစ် လို့ ရင်တွေခုန်နေရတာလဲဟု စူးစမ်းစကားဆိုမည်စိုးသည်။ ထို တွေ၊ သိုအမေးတွေ ဖြူက ပြောလာ မေးလာလျှင် ကျွန်တော်ပြောမည် ကြံရွယ်ထား သမျှသည် စုံစုံမြုပ် ခဲ့ မြုပ်၍နေလိမ့်မည်။ ဤတွင် ကျွန်တော်သည် ဖြူကို လိမ်ညာလျက်ရှိသည့် ရာဇဝင်လူ ဖြစ်နေပေဦးမည်။ ဖြောင့်ဆိုဝန်ခံရမည့် သူ၏နှုတ်ခမ်းကို သူရဿတီမစောင့်ရှောက် နိုင်တော့ပြီလားမသိ။ တုန်ခါချင်သည်။ ဖြူ သတိပြုမိလျှင် မြင်ရလိမ့်မည် ။

          “ပြောစရာရှိတယ်ဆို ပြောလေ”

          နီထွေးစိုပြည်သော နှုတ်ခမ်း လှုပ်သွားသည်ကို ငေးကြည့်နေမိသည်။ ကြည်လင် နေသောမျက်နှာကို တစ်မျိုးတစ်မည်ပြောင်းလဲသွားစေမည့် စကားလုံးတွေက နှုတ်ခမ်းအပ သို့မထွက်။ ကြောင့်ကြစိတ်ဖြင့် ကြည့်သောအကြည့်ကိုသာ ဖြူ တွေ့နေပေမည်။ သို့သော် ထိုအကြည့်ကို ဖြူခွဲခွဲခြားခြား နားလည်လိမ့်မည်မထင်။

          “မောင် ဘာကြည့်နေတာလဲ ပြောမယ်ဆို”

          သက်ပြင်းရှည်တစ်ချက် ချလိုက်မိသည်။ ပျိုမျစ်သော မျက်နှာလှကို အိုစနာနိုင် မည့် စကားတွေ ပြောဖြစ်တော့မည်ဟု အောက်မေ့သည်။ စိတ်တင်းလိုက်သည်တွင် ဖြူ အပြုံးကို မြင်ရ၏။

          “ညိုမာနဲ့ ပတ်သက်လို့ပါ”

          ပတ်သက်ဖူးသော အမည်ကို ကြားလျှင်ကြားချင်း မျက်နှာပျက်သွားလိမ့်မည် ထင်ခဲ့သည်။ သို့သော် အတွေးအထင်လွဲသွားပေပြီ။ ဖြူနှုတ်ခမ်းမှ အပြုံးသည် မရွေ့၊ မလျော့။ ပို၍ပင် ပီသလာသည်။ သွားတက်လေးကို တစ်စွန်းတစ်စ မြင်ရသည်။ ဖြူတွင် မည်သို့မျှ မထူးခြားသည်သို့ ရှိလေသည်။

          “ညိုမာနဲ့ မောင်နဲ့က ဘာမှမပတ်သက်ပါဘူးဆို၊ မောင်ပဲဖြူကို ပြောတော့”

          စကားဆုံးခါနီးတွင် မျက်ခုံးမတွန့်တတွန့် ဖြစ်သွားမှန်း လှစ်ခနဲ မြင်လိုက်ရ သည်။ လေသံမှာ ခပ်ပေါ့ပေါ့။ သို့သော် တမင်ဖော့ထားသံ ဆန်သည်ဟု သံသယဝင်နေ သည်။ ညိုမာဟူသောအမည်ကို ကြားလိုက်ရသည့်အချိန်မှစ၍ ဖြူအကြည့်သည် စေ့စပ် လာသည်။ မျက်တောင်အခတ် ပါးလာသည်ဟု ခံစားရသည်။ ချိုသောအသံကို စူးသယောင်ယောင် ကြားရသည်။ အမှန်ပင် မသိမသာ ပြောင်းလဲလာခြင်းလား။ ကျွန်တော့်အထင် သက်သက်လား။ ခွဲခြားကြည့်၍မရ။ စိတ်လှုပ်ရှားလွန်း၍ ဖြစ်ကောင်းဖြစ်မည်။

          “မောင် ပြောပြချင်တာ ကြာပြီ” င် အပြန်မှ ခ

          ဖြူနှုတ်ခမ်းတွင် အပြုံးပျောက်လေပြီလား စိုးရိမ်စိတ်ဖြင့် တစ်ချက်ကြည့်လိုက် သည်။ ဖြူသည် ပကတိအတိုင်းမဟုတ်ဟု ထင်စရာကောင်းသော တည်ငြိမ်မှုမျိုးဖြင့် ပြန်လည်ကြည့်လျက်ရှိ၏။ ၉ခါ နာပါခဲ့ “ဘာလဲကွယ် ဟင် မောင်” ခနဲ့က လက္ကဌမမြင် က မသိနားမလည်သူ၏ မေးအမေ့ကို မမြင်ရက်တော့။ အပြစ်ကင်းစင်သူ၏ အသံကို မကြားဝံ့တော့။

          “မောင် မကောင်းဘူး” “မောင် မကောင်းဘူး ဟုတ်လား။ မောင် ဘာပြောတာလဲဟင်”

          ဖြူမေးပုံမှာ ထိတ်လန့်တုန်လှုပ်လျက်ရှိသည်။ ရုတ်တရက် ပြန်မဖြေနိုင်။ နောင်တသည် လည်ဝကို ဆိုထားသည်။ မျက်လုံးကို ကန်ရေပြင်တစ်လျှောက်သို့ လတ် ထားလိုက်သည်။

          “ဟုတ်တယ် ဖြူ၊ မောင့်ကို ဖြူသတ်သွားပါ။ မောင့်ပါးကို အမြွာ က်အောင် ဖြူ ရိုက်သွားပါ”

ဖြူလက်သည် ပခုံးပေါ်သို့ အသာရောက်လာ၏။

          “အို မဟုတ်တာ မောင်ရယ်။ မောင့်မှာ ဘာအပြစ်ရှိလို့လဲ၊ အပြစ်ရှိတယ်ဆို တောင်မှ ဖြူက မောင်ပြောသလို ဘယ်တော့မှမလုပ်ဘူး။ မောင့်ကို ဘာလို့ ရိုက်ရမှာလဲ။ သတ်ရမှာလဲ ပြောစမ်းပါဦးကွယ်” ။

          နင့်ခနဲ ခံလိုက်ရသည်။ စိတ်နှလုံး တုန်လှုပ်ရခြင်း ဝေဒနာကို ရှေးက တစ်ရံ တစ်ဆစ်မျှ မခံစားစဖူး။ ပူလောင်သည်းထန်လွန်းလှသည်။

          “မောင် ပြောပြပါ့မယ် ဖြူ၊ ဒီစကားပြောပြီးရင် မောင့်ကို ဖြူခွင့်မလွှတ်ပါနဲ့။ ဖြူကြိုက်သလို စီရင်ပါ။ မောင် မညာချင်တော့လို့ပါ”

          “ပြောလေ မောင်၊ ပြောသာပြောပါ”

          ရေပြင်ကို လွန်သွားသော မျက်လုံးသည် စလင်းတောင်ခြေသို့ လွင့်ပါး နေသည်။ ပြာမှိုင်းသော တောင်ခိုးသည် တောအုပ်စိမ်းနှင့် ရောလျက်ရှိသည်။

          “ညိုမာနဲ့ မောင်နဲ့ စေ့စပ်ထားတာ အမှန်ပဲ ဖြူ”

          စကားအဆုံးတွင် ကျွန်တော်သည် မျက်လုံးကို စုံမှိတ်ထားလိုက်သည်။ ဖြူအသံ မကြားရ။ ကျွန်တော့်ရင်ထဲတွင် တင်းကျပ်လာသည်။ ဖြူစကား မကြားရ။ မွန်းလာသည်။ ဖြူသည် ကျွန်တော့်အပါးတွင် ရှိမှ ရှိပါလေစဟု အတွေးပေါက်လာသည်။ ငှက်အသွင်ဖြင့်တောအုပ်ဆီသို့ ပျံပြေးသွားပြီလား။ ငါးအသွင်ဖြင့် ရေတွင် ကူးပျောက် သွားလေပြီလား။ နဂါးအသွင်ဖြင့် မြေကိုခွဲကာ ထွက်ပြေးသွားလေပြီလား။ သို့မဟုတ် ဒေါသဖြင့် ကျွမ်းကြိုက် ကာ အငွေ့ ဖြစ်သွားလေပြီလား။ သို့ရာတွင် ဖြူရှိရာသို့ မျက်နှာ မမူရဲ။ ပျားခတ်သံကိုမျှ ကြားနိုင်စွမ်းအောင် စွင့်ထားသော နားသို့ ဖြူပင့် သက်က ဦးစွာရောက်လာ၏။ မရှေး မနှောင်းပင် ဖြစ်

          “ညာ”

          ပါးရှစ်စိတ်ကွဲခြင်းထက် အဆများစွာပြင်းထန်စေသော အံ့အားတသင့် ညည်း လိုက်သံပေတကား။ ဝမ်းနည်းကြေကွဲသော ရင်မှဖြစ်ပေါ်ရာ မြည်တမ်းသံပေတကား။ ကန်ရေပြင်နှင့် အမြင်တို့ကြားတွင် ပါးလွှာသော ရေပြင်တစ်ထပ်ခြားလျက် ရှိလေ သည်။

          ဒီနေ့ ကိုသက်နှင့် ဖြူတို့ ကိုးနာရီကျော်မှာ တွေ့ကြတယ်။ သူ့မှာ ပြောစရာ ရှိတယ်ဆိုလို့ ကျောင်းပြေးရတယ်လေ။ ဆည်တော်ကန်မှာ သွားထိုင်ပြီး စကားပြော ကြတယ်။ ငြိမ်းငြိမ်းကို မတိုင်ပင်မိတဲ့အတွက် တောင်းပန်ပါတယ်။ အဲဒီအချိန်မှာ ဖြူမမျှော်လင့်တဲ့စကားတွေ ကြားလိုက်ရတယ်။ အဲဒီစကားကတော့ သူနဲ့ညိုမာဆိုတဲ့ အမျိုးသမီးနဲ့ စေ့စပ်ထားတဲ့အကြောင်းပဲ။ ဖြူလေ ကြားလိုက်ရတာနဲ့ သိပ်တုန်လှုပ် သွား တယ်။ ဘယ်လိုဖြစ်မယ်ဆိုတာကို ငြိမ်းငြိမ်း စဉ်းစားကြည့်လေ။ ဖြူ တော်တော် ဒေါသ ထွက်သွားတယ်။ ထိုင်နေရာက ချက်ချင်း ထွက်ပြေးသွားချင်တယ်။ ဒါပေမဲ့ လိုက်လာမိ နေမှပဲ မထူးတော့ဘူး။ ဒေါသက ရင်ထဲမှာ မီးတောက်နေလွန်းလို့လား၊ ညှိုးငယ်နေလွန်းတဲ့ သူ့မျက်နှာကြောင့်လားတော့ မသိဘူး။ ရန်စကား ပြောမထွက် ခဲ့ဘူး။

          အံ့သြသွားရသည်။ ထိုနေ့က ဖြူမျက်နှာကို ပြန်လည် စဉ်းစားကြည့်သည်။ နှုတ်ခမ်းလွှာပေါ်က အရေးအကြောင်းလေးတွေ၏ အတွန့်အတက် အေအလျား ဟူသမျှ ကိုပင် ပီပီပြင်လာသည်။ ဒေါသကို ဝိုးတဝါးပင် မမြင်ခဲ့ရ။ ဖြူစာကို ဖတ်ရ တော့မှသာ ဖြူစိတ်ကို သိရသည်။ ဖုံးကွယ်နိုင်စွမ်းသော ဖြူပေတကား။ ။

          ဒါပေမဲ့ ရင်ထဲမှာ သိပ်ထိခိုက်နေလို့လား မသိပါဘူး ငြိမ်းငြိမ်းရယ်။ မျက်ရည် မကျအောင် စိတ်ထိန်းလို့ မရခဲ့ဘူး။ ဝမ်းနည်းလွန်းလို့ ငိုပစ်လိုက်မိတယ်။ ရှက်လည်း မရှက်တော့ဘူး။ ညိုမာဆိုတာ ကျောင်းပေါင်းစုံ ပြေးခုန်ပစ်တုန်းက ဖြူတို့ တွေ့ခဲ့တဲ့ အမျိုးသမီးပေါ့။ ကိုသက်နဲ့အတူ တတွဲတွဲနေတဲ့ အမှတ်နှစ် အထက်တန်းကျောင်း ကလေ။ ဖြူက သူ့ကို မေးလိုက်တယ်။ ဖြူကို သက်သက် စမ်းတာလား”လို့။ အညှာ လွယ်တယ် ထင်ပြီး စမ်းတာမဟုတ်ပါဘူး”တဲ့။ သူဖြေတယ်လေ။ သူ တကယ်ပဲ ဖြူကို ချစ်တာပါ” တဲ့။ ညိုမာ့ကို ချစ်လို့ စေ့စပ်တဲ့အထိ ဖြစ်ခဲ့တာမဟုတ်ဘူးလား” လို့ ဖြူ မေးတော့ သူခေါင်းခါတယ်။ သူ ဖြူကို ညာတာပါ။ သူ့လက်မှာ ကျောက်စိမ်းလက်စွပ်က အမြင် သာချည်း။ ညိုမာ့ကို မချစ်ရင် အဲဒီစေ့စပ်လက်စွပ်ကို သူ ဝတ်ထားပါ့မလားကွယ်။ ငြိမ်းငြိမ်း စဉ်းစားကြည့်စမ်း၊ ဖြူ တစ်ခွန်းပြောလိုက်တယ်။

          ဘယ်ဘက်လက်သူကြွယ်ရှိ ကျောက်စိမ်းလက်စွပ်ကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်မိသည်။ ထိုလက်စွပ်နှင့် စပ်လျဉ်း၍ ဝတ်ပင်ဝတ်ထားရသော်လည်း စိတ် အမှတ်အသား ထင်ထင်ရှားရှားမရှိခဲ့သည်မှာ ကြာချေပြီ။ ဖြူအမြင်အရသော် တစ်မျိုး ဖြစ်လျက်နေမည်တည့်။ ဖြူအား မျက်ရည်ပေးသောအရာ။ ထိုအကြောင်းနှင့် ထိုသို့ ရှိစဉ်က ကျွန်တော့်ရင်ထဲသို့ ဖြူအမြင် ထွင်းမဝင်ခဲ့ဟု ထင်၏။ ငိုသောဖြူအား နှစ်သိမ့် စကား မပေးနိုင်ခဲ့။ ဝေဒနာတွေ ပေးမိခဲ့ပြီဟူသောအသိသည် လည်းကောင်း၊ ကိုယ့်ကိုယ် ကိုယ် ညှဉ်းဆဲပစ်လိုက်ချင်ပြီဟု စိတ်ကူးသည်လည်းကောင်း တွေးသင့် တွေးလိုက်ရာ မတွေးဖြစ်စေခဲ့။ အခိုက်အတန့်အားဖြင့် အသက်မဲ့သူသဖွယ် ဖြစ်ခဲ့ရ လေသည်။ ဖြူရယ်၊ မငိုပါနဲ့၊ ဖြူ မျက်ရည်ကျတာ မြင်ရတော့ မောင့်ရင်တွေ သိပ်နာတယ်။ ကြေကြေကွဲကွဲကြီးလည်း ခံစားရတယ်။ တိတ်ပါ ဖြူရယ်ဟူ၍ အသံမဲ့စွာ ပြောဖြစ်နေသည်ဟု မှတ်မိနေ၏။

          လမ်းခွဲက တိုတောင်းလိုက်တာလို့။ သူ ဘာမှ ပြန်မပြောတော့ဘူး။ သူ့စိတ် ထဲမှာ ဘာတွေဖြစ်နေတယ်ဆိုတာ ဖြူ တကယ်သိချင်တယ်။ ဒါပေမဲ့ ဘယ်လိုလုပ်ပြီး အမှန်ကို သိနိုင်မလဲ ငြိမ်းငြိမ်းရယ်။ သူနဲ့ ညိုမာနဲ့ စေ့စပ်ထားတယ်ဆိုတဲ့ သတင်း သန့် သန့် ကြားရတုန်းက မေးဖူးတယ်လေ။ သူ ဖြေတယ်မဟုတ်လား။ မဟုတ်ပါဘူးတဲ့။ ဖြူ ယုံခဲ့တယ်။ သူမို့လို့ ဖြူကို ညာရက်တယ်။ သူလိမ်ထားတာကို သူ အမှန်ပြောတော့မှပဲ အမှန်အတိုင်းသိရလို့ ချီးကျူးချင်ပါတယ်။ ဖြူကို သူ ကြာကြာလိမ်ညာဟန်ဆောင် မထားတဲ့အတွက်ပေါ့။ တကယ်လို့သာ ကမ္ဘာချဉ်းအောင်များ ညာထားဦးမယ်ဆိုရင် မိဖြူ တစ်ယောက်ကတော့ အညာမိနေဦးမှာပဲနော်။ သူက ပြောတယ်။ သူ့ကို ရိုက်ပါတဲ့။ ကြိုက်သလို လုပ်ပါတဲ့။ ငြိမ်းငြိမ်း သိပါတယ်။ ဖြူ၊ သူ့ကို ဘယ်လောက်ချစ်တယ်ဆိုတာ။ ဖြစ်ရတဲ့ဒေါသက သူ့ကို မဟုတ်ပါဘူး။ ဖြူကိုယ်ဖြူပါ။ ဒီတော့ သူ့ကို နာအောင်ကျင်အောင် ဖြူ ဘယ်လာပြုရက်ပါ့မလဲ။ သူကသာ ဖြူကို တစ်သက်မပျောက်ပျက် စေမယ့် ဒဏ်ရာတွေ ဖြစ်စေခဲ့တာပါ။ ရက်စက်တယ်ကွယ်။ ကန်စောင်းမှာ ထိုင်နေကြတာ အကြာ ကြီးပဲ။ ကျောင်းဆင်းချိန်ကျမှ အိမ်ကို ပြန်တယ်။ စကားတော့ မပြောဖြစ်ပါဘူး။ ဖြူ ရင်ထဲက စကားတွေကို သူ နုတ်ယူပြီး လွှင့်ပစ်လိုက်သလို ခံစားရတယ်။ အချိန်ကုန် ခဲလိုက်တာလို့လည်း တွေးမိတယ်။ ခါတိုင်းလို သူ ခွံ့ ကျွေးတဲ့ ရှာမီ ချောကလက်ကို ဖြူ မစားတော့ဘူး။ ခေါင်းခါပြတော့ သူ သက်ပြင်းချတယ်။ အဲဒီကျတော့လည်း စိတ်မကောင်း ဖြစ်ရပြန်ရော။

          တကယ်တော့ ချောကလက်ခဲပတ်ကို ခွာနေစဉ် ဖြူ တစ်ချက်လှည့်ကြည့် သည်။ သူ့ကို ရွံ့နေကြမှန်းသိသော မျက်လုံးဖြင့်ကြည့်သည်။ ချောကလက်ကိုင် ထားသော လက်ကို သူ့နှုတ်ခမ်းဆီသို့ အကမ်းတွင် ခေါင်းခါပြသည်။ ဖြူမျက်နှာတွင် အပြုံးဟူ၍ ငွေ့ငွေ့မျှပင် မထင်။ ထို့ကြောင့် ထင်၏။ စားပါဖြူရယ်ဟု ကျွန်တော် မပြောဝံ့ခဲ့။ အတန်ကြာ ငိုင်တွေ တွေဖြစ်နေရာမှ မရည်ရွယ်လျက်နှင့် လက်ကို လှုပ် လိုက်မိသည်။ လက်ခလယ်ဖြင့်တောက်၍ပစ်လိုက်သည်ကို ဖြူ မြင်လိုက်ဟန်ရှိသည်။ ရေထဲသို့ ချောကလက်ကျသွား သံမှာ နားတွင် အတော်မြည်သွားသည်။ ကမ်းစပ်သို့ ဖြည်းဖြည်း ရိုက်သောဂယက်တွေကိုဖြူနည်းတူ ကျွန်တော် ငေးကြည့်နေမိ၏။ ထိုအချိန်တွင် ဖြူနှုတ်ခမ်းလှုပ်မည်ပြင်သည်။ ပြီး မသိမသာတုန်နေချိန်တွင် လှည့်ကြည့်မိ သည်။ မျက်ဝန်း နက်ပေါ်လွင်သော၊ ကြည်လင် ကို သော၊ ကျွန်တော့်အချစ်ကို စစေခဲ့သော ဖြူမျက်လုံးသည်မူ တစ်ဖက်ကမ်းသို့သာ။ နှင့် ကျွန်တော့်ကို ဖြူ နာကြည်းပြီလား မပြောတတ်။

          သူတစ်ပါးပစ္စည်းကို ယူထားသလို ဖြစ်နေပြီပဲ ငြိမ်းငြိမ်းရယ်။ ပိုင်ရှင့်လက်ထဲ အရောက် ဖြူ ပြန်အပ်လိုက်ပါ့မယ်။ ဆည်တော်ကန်ကအပြန်မှာ ဖြူဆုံးဖြတ်ခဲ့တယ်။ အပြန်လမ်းဟာ ခွဲခွာဖို့ကလွဲရင် တခြားဘာအဓိပ္ပာယ်မှ မရှိပါဘူးကွယ်။ အိမ်ကို ပြန်ရောက်တော့ စိတ်ညစ်စရာ ထပ်ကြုံရတယ်။ ဗိုလ်သန့်ဇင်ရောက်နေတယ်လေ။ သူနဲ့ စကားမပြော ဖြစ်ပါဘူး။ ခေါင်းကိုက်လို့ဆိုပြီး အခန်းထဲမှာ အိပ်နေလိုက်တယ်။ တကယ်အိပ်လို့ မပျော်ပါဘူး။ မာမီနဲ့ စကားပြောသံကြားနေတယ်။ တပ်ကနေ ခွင့်နဲ့ ပြန်လာတာတဲ့။ သူ့မိဘလည်း ရှေ့လထဲလောက် အလည်လာမယ်တဲ့။ တော်တော်နဲ့ မပြန်ဘူးကွယ်။ ဒက်ဒီ ရုံးကပြန်လာတဲ့အထိ နေသေးတယ်။ ညစာ စားမသွားတာပဲ ကျေးဇူးတင်ရသေး . တယ်။ နို့မဟုတ်ရင် ထမင်းဝိုင်းမှာ မျက်နှာချင်းဆိုင်နေရဦးမယ်။ အဲဒီအချိန်အထိ ရှိနေဦး မယ်ဆိုလည်း ဖြူတော့ ခေါင်းကိုက်ချင်ယောင် ဆက်ဆောင်ထားမှာပဲ။ မိဘချင်း သဘောတူတာက တူတာ တခြားပဲ။ ဖြူချစ်တာက ကိုသက် တစ်ယောက်တည်းကိုပဲ။ ဒါပေတယ်လို့ ငြိမ်းငြိမ်းရယ်။

          ဆည်တော်ကန်မှ အပြန် ခြေလှမ်းတို့သည် ကျွန်တော့်ကို ခွဲသွားမှန်းမသိခဲ့။ ဖြူစာထဲမှ စကားလုံးတိုင်း စကားလုံးတိုင်းက ကျွန်တော့်သည်းပွတ်ကို တစ်စစီ ချွေနေ သည် ထင်၏။ စာဆက်၍မဖတ်နိုင်အောင် တန့်သွားစေသည့် အကြောင်းအချက်ကို သတိပြုမိလိုက်သည်။ လွန်ခဲ့သော လေးငါးလခန့်က ဖြူပြောပြ၍ သိခဲ့ရသည်။ ဗိုလ် သန့်ဇင်နှင့်စပ်လျဉ်းရာ စကားများ၊ နှစ်ဖက်မိဘ စကားစခဲ့ကြဖူးသော်လည်း ဖြူသည် ယနေ့တိုင် အဖြေမပေးသေး။ ကျွန်တော့်ကိုမူ ဖြူ ယတိပြတ်ပြောပြလေသည်။ ကျွန်တော် သည်သာ သူ့အတွက် ခရီးဖော်၊ အချစ်၊ အိမ်ထောင်ဘက်။ ဗိုလ်သန့်ဇင်ကို မေတ္တာထားရန် စိတ်ကူးဖြင့်ပင် မရဟုပြောခဲ့သည်။ ဖြူက မည်သို့သဘောထားသည် ဖြစ်စေ၊ ဖြူတို့အိမ်သို့ ဝင်လမ်းထွက်လမ်း အခွင့်သာနေသူမှာ ဗိုလ်သန့်ဇင်။ ကျွန်တော် တွင် ထိုအခွင့်အလမ်းမရှိ။ ဖြူစာထဲတွင် ထိုသူအကြောင်း ဖတ်ရသောကြောင့် မျက်နှာတင်းသွားမှန်း ကိုယ့်ကိုယ်ကိုယ် သတိထားမိသည်။

          ဖြူဘဝကို တွေးကြည့်စမ်းပါ။ ကန်စောင်းမှာ မထိုင်ခင်အထိ သူနဲ့ညိုမာတို့ စေ့စပ်ထားတာ တကယ်ပဲလို့ သူပြောတဲ့စကားကို မကြားရခင်အထိ စိတ်ကူးထားရတဲ့ အနာဂတ်က ဖြူအဖို့ သိပ်ပြီး လှလို့နေခဲ့ပါတယ်။ ချမ်းမြေ့စရာလည်း အပြည့်ပါ။ ကြည်နူးစရာလည်း အတိပါ။ ကြားလိုက်ရတဲ့အချိန်မှာ ကိုယ့်နားကို ကိုယ်မယုံနိုင်အောင် ဖြစ်ခဲ့ရတယ် ငြိမ်းငြိမ်းရယ်။ ပျက်စီးသွားတဲ့ အနာဂတ်ကို နှမြောစိတ်နဲ့ တွေးရင်း ဝမ်းနည်း လာတယ်။ ကျကွဲသွားတဲ့ ဖန်ခွက်လှလှလေးကို နှမြောလွန်းလို့ ငိုင်ပြီး ကြည့်မိသလိုပါပဲကွယ်။ တစ်စစီ ပြန်ကောက်ဖို့တောင် မေ့သွားသလို ရင်ထဲမှာ ဟာလာဟင်းလင်း ခံစားရတယ်။ တစ်မျိုးပဲကွယ် သိလား တစ်မျိုးပဲ။ စားလို့လည်း မရဘူး။ တစ်နေရာမှာ အာရုံစိုက်ထားလို့ကို မရဘူး။ မျက်လုံးစုံမှိတ်ပြီး အိပ်ပစ်လည်း မရဘူး။ ခု ဒီစာကို ရေး နေတော့ သန်းခေါင်ကျော်လို့ နာရီပြန်တစ်ချက်ထိုးသံကြား လိုက်ရတာပဲ အတော်ကြာပြီ။ ဖြူစိတ်တွေ သိပ်ယောက်ယက်ခတ်နေတယ်။ တွေးမိ တာလည်း အစုံပါပဲ။ အစကပြန်လို့ မျက်လုံးထဲမြင်လာတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း မေးခွန်းတွေ အများကြီးမေးမိတယ်။ ဖြေနိုင်တာလည်းရှိတယ်။ မဖြေနိုင်တာလည်း ရှိတယ်။ ကိုသက်ကို ချစ်နေတာလည်း အမှန်ပါပဲ။ သူနဲ့ ခွဲလည်းမခွဲချင်ဘူး။ ကွဲလည်း မကွဲချင်ဘူး။ သူ ရက်စက်တာလည်း နာချင်တယ်။ မုန်းပစ်ချင်တယ်။ ခဏလေးဖြစ်ဖြစ် မေ့ဖျောက်ထားလို့ရရင်ပဲ စိတ်သက်သာ ရာအတော့်ကို ရမှာပါ။ ဦးနှောက်တွေ နားနား နေနေ နေလို့ မရဘူး ငြိမ်းငြိမ်းရယ်။ မင်း နားလည်လိမ့်မယ်ထင်တယ် သူငယ်ချင်းရယ်။ အသက်ရှူရတာတောင် မဝဘူးကွယ်။ ဆို့နေတယ်။

          တွေးချင့်စာနာနားလည်ခဲ့သည်မှာ အဖြစ်မှန်ကို ပြောမည်ကြံရွယ်ကတည်းက ပူလောင်သည်းထန်သော ခံစားမှုသည် ဖြူသည်းပွတ်ကို တိုက်စားသွားမည်မလွဲဟု တင်ကြိုတွက်ခဲ့သည်။ ဆောက်တည်ရာမဲ့နေသော ဖြူသဏ္ဌာန်ကို မှန်း၍မြင်နေသည်။ ထိုမျှ စူးရှကြမ်းတမ်းသောရင်တွင်းနာကို ဖြူသည် ပင်ပန်းတကြီးပယ်ဖျောက်နေရ ပေလိမ့်မည်။ အနာတရဖြစ်စေခဲ့သူ ကျွန်တော့်ကို အဆများစွာနာကြည်းသင့်လေ၏။ အထုကြီးစွာ မုန်းတီးသင့်လေ၏။ အနန္တကာလများစွာ မေ့အပ်ချေ၏။ ကျွန်တော့် တရားကို ကျွန်တော် စီရင်ရလျှင် ထိုအမေ့၊ ထိုအမုန်း၊ ထိုအနာများဖြင့်သာလျှင် ဖြစ်ပေမည်။ သို့တစေ ဖြူသည် ကျွန်တော့်ကို ချစ်မြတ်နိုးမြဲပေတကား။