Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ငြိမ်းကျော် - မိုးမသောက်မှောင်မိုက်အရိပ်မပြေးမီ

Regular price 3,500 MMK
Regular price Sale price 3,500 MMK
Sale Sold out

မိုးမသောက် မှောင်မိုက်အရိပ်မပြေးမီ

          မီမီသွယ်၏သွားရေးလာရေးကိစ္စများအတွက် ကူညီခဲ့ကြ သော ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံကူးလက်မှတ် စိစစ်ရေးဌာန စိတ်မှ မိတ်ဆွေများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ဌာနနှင့် ဆက်သွယ်ရေးဌာနရှိ မိတ်ဆွေများ၊ လူဝင်မှုကြီးကြပ်ရေးဌာနမှ မိတ်ဆွေများကို ကျေးဇူးတင်ပါသည်။

          ထို့ပြင် မြောက်ဘက် တောင်ကုန်းဒေသသို့ ခရီးထွက်စဉ် စားရေး သောက်ရေး၊ လေ့လာရေးနှင့် ကျန်းမာရေးကိစ္စများကိုပါ ကူညီခဲ့သော အစ်မကြီး ယုဝတီဂျင်းဖောမယ်ကိုလည်း ကျေးဇူး တင်ပါသည်။

          မီမီသွယ်၏ ကျန်းမာရေးအတွက် တတ်အားသရွေ့ပြုစု ကြသော ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် မင်္ဂလာဒုံစစ်ဆေးရုံတို့ရှိ သမားတော်ကြီးများ၊ ဆရာဝန်၊ ဆရာမများကိုလည်း ကျေးဇူး တင်ပါသည်။

          အထူးသဖြင့် ဒေါက်တာမောင်မောင်ညို၊ ဒေါက်တာမောင် မောင်သန်း၊ ဦးကျော်ခင်နှင့် ဦးမြသန်း (နိုင်ငံခြားရေးဝန်ကြီး ဌာန) တို့ကို ကျေးဇူးတင်ရှိပါကြောင်း။

[၁]

          ချမ်းမြေ့ခြင်းနေခြည်သည် အနောက်ပြတင်းမှန်ချပ်များကို ထွင်းကာ ရွှေအိုရောင်အသွေးဖြင့် ဝင်ရောက်လာသည်။ ကိုယ်ပေါ်တွင် နွေးထွေးမှု အထိအတွေ့ကို ဆွတ်ရုံမျှပင် မခံစားရ။ သို့တစေ ရင်ထဲတွင်မူ ခံစားရမှန်း တစ်ဖန် သိ၍နေပေသည်။ ထို့ပြင် နှလုံးသွေးအခုန်က ပုံမှန်ထက် အတန်ငယ် မြန်လျက်ရှိသည်ထင်၏။ အိပ်ရာမှနိုးသည် နိုးခြင်းတွင်ပင် သူ့ရုပ်သွင်သည် မျက်လုံးအိမ်သို့ဝေ့လာ၏။ သူ့အသံကို ကြားယောင်လာသည်။ သူ့သဏ္ဌာန် သည် အာရုံတွင် အလုံးစုံသော နိမိတ်ပုံအဖြစ်သို့ပြောင်းလဲလာ၏။ တစ်ခဏ အတွင်း သူသည် ကျွန်တော့်ရင်ထဲမှ ကွယ်ပျောက်သွားပြန်လေသည်။

          ပြတင်းဘက်သို့ မျက်နှာမူလိုက်သည်။ သစ်ရွက်ကိုင်းခက်တချို့ လှုပ် နေသည်။ မှန်သားပေါ်တွင် ပါးလွှာသောအရိပ်တွေ ရွေ့လျားနေ၏။ သိပ်သည်းခြင်း နည်းပါးလွန်းသောကြောင့် မှန်ရိပ်ရှိရာသို့ လျှောက်သွား၍ နီးလာသည်နှင့်အမျှ ကိုင်းခက်ရွက်ရိပ်တွေက ပျပျသာ ထင်လေတော့သည်။

          ဆောက်တည်ရာမရသော လေပြည်သည် ပြတင်းအဖွင့်တွင် တစ်ချက် ငွေလာ၏။ နွေဦးညနေခင်းသည် တည်ငြိမ်လျက်ရှိ၏။ အဆစ်အကောက် များသော အလက်တို့၌ ရွက်ရင့်စိမ်းတွေ ဝေဝေမှိုင်းမှိုင်း။ ကတ္တီပါပင်၊ ဧကရာဇ်ပင်နှင့် ပိန္နဲပင်တွေကြားမှ ဆင်းလာသောနေရောင်သည် ကြည့်ဆဲ တွင် တစ်စတစ်စ ဖျော့ကျလာ၏။ သက်ပြင်းတစ်ချက် ရှူလိုက်မိခိုက်သွေ့ခြောက်သော မြေရနံ့ကို မှတ်မှတ်ရရဖြစ်သွားသည်။ ထိုအခါ မျက်လုံး သည် အဝေးသို့ ငေးမိချင် ဖြစ်ရပြန်သည်။ ထိုအေ ထိုအကြည့်မျိုးကို သတိကြီးစွာထား၍ ကိုယ့်ကိုယ်ကိုယ် ပိတ်ပင်ထားခဲ့သည်မှာ ကြာလှချေပြီ။ ယခုသော် မျက်လုံးအလိုကို ကျွန်တော်လိုက်ပါမိချေပြီဟု ထင်၏။ စိမ်းညိုသော၊ တောင်ကုန်းနိမ့်မြင့်ထူထပ်သော၊ မြေငွေ့ တွေဆိုင်းသော အနောက် မိုးကုပ်စက်ဝိုင်းတစ်လျှောက်သို့ မျက်လုံးရောက်လေ၏။ တိမ်အလင်းရောင် ပြန်ဖြင့် ပီပီပြင်ရသမျှ နေရာတိုင်းတွင် ရင်မောစရာတွေ ပြည့်နေသည်ဟု ကျွန်တော် ခံစားရသည်။ သို့ရာတွင် ဖြေသာသည်။

          ခွဲခွာသွားခဲ့သူ၏ တမ်းတသံကို ကျွန်တော် ကြားရလေပြီ။

          ပြန်လည်ဆုံစည်းရန်လာတော့မည့် သူ့ခြေသံကို ကျွန်တော်ကြားရ လေပြီ။

          ပျော်မော မောရသော ထိုအမောမျိုးဖြင့်ကား မောစမ်းပါစေတော့။

***

          ကတ်ပြားတွေကို အမှတ်စဉ်အလိုက်စီပြီးတော့မှ သတိရသည်။ မရူ နှင့် လီဆူး ကတ်ပြားတွေကို ထည့်မစီမိ။ အံဆွဲဗီရိုပေါ်တွင် တင်ထားသည့် အတိုင်း ရှိနေသည်။ ကိုယ့်ကိုယ်ကိုယ် စိတ်ထဲမှ ပြုံးမိချေသည်။ မေ့တတ်

          လျော့တတ်နေပါပြီကောဟု တွေးမိချေ၏။ စေ့စပ်သေချာသော ကျွန်တော် သည် အယောင်အမှားတွေပင် ဖြစ်နေပြီကိုးဟု ရယ်ချင်လာသည်။ မြန်မာ၊ ပျူ၊ လီဆူး ဘာသာစကားအသီးသီးရှိ တစ်နှစ်သုံးလေးကိန်းဂဏန်းခေါ်ဝေါ်ပုံ စကားလုံးတွေကို နှိုင်းယှဉ်ရေးသားမည့် ကျွန်တော့်ဦးနှောက်တွင် အာရုံတစ်ခု ခုဝင်ရောက်နေကြောင်း ကိုယ်တိုင်သိလေသည်။ စိတ်မဖြောင့်သော ကိုယ့် အဖြစ်ကို အားမလိုအားမရ ပြန်ပြီးမြင်ရလေ၏။ ကတ်ပြားသုံးလေးဆယ်ကို ပြန်လည်စီရမည်မှာ လက်ဝင်လှသည်တော့ မဟုတ်။ တစ်ခဏအတွင်း ပြီးမည်ဖြစ်သော်လည်း စိတ်ပျက်ခြင်းနှင့် ကိုယ့်ကိုယ်ကိုယ် လှောင်ပွဲဖွဲ့ လိုခြင်းကြောင့် ကတ်ပြားဘူးကို ချလိုက်သည်။ လှမ်းယူပြီးသား ကတ်ပြားတွေကို ဘူးပေါ်တွင် ဖျတ်ခနဲပစ်တင်လိုက်သည်။

          “ညောင်းသွားပြီလား၊ သားထိုင်နေတာ ကြာလှပြီပဲ၊ ခဏတစ်ဖြုတ်လမ်းလေးဘာလေး လျှောက်လိုက်ဦးလေ”

          ဘုရားခန်းဘက်မှ အသံလာရာသို့ လှည့်ကြည့်လိုက်သည်။ အစဉ် သဖြင့် ပြုံးနေသည်ဟုထင်ရသော ကြီးကြီးမေ၏မျက်နှာကို ကြည့်လိုက်စဉ် က အမှတ်မဲ့ နဖူးပေါ်ရှိ အရေးအကြောင်းလေးတွေနှင့် ပါးရေတွန့်စမျက်နှာ ကို ယခုမှ သတိပြုမိလေသည်။ ဖြူသောအသားရောင်ကြောင့် ရှိရင်းအသက် ထက် ဆယ့်ငါးနှစ်လောက်လျော့ပြီး လေးဆယ်သာသာခန့်ရှိမည်ဟု ထင်ရ ၏။ အကယ်၍ ကျွန်တော့် အိမ်ထောင်ရေးပြဿနာ မပေါ်ပေါက်ခဲ့လျှင် ယခုသို့ပင် အရွယ်ကျဦးမည်မထင်။ သောကတို့မည်သည် တစ်နွယ်ငင်လျှင် တစ်စင်ပါတတ်၏တကား။

          “ကြီးကြီးမေ... ကော်ဖီသောက်တော့မလား၊ ကျွန်တော် ဖျော်လိုက် မယ်လေ”

          “စောပါသေးတယ်၊ ခုမှ ကိုးနာရီပဲရှိသေးတာကိုး၊ ပုတီးငါးပတ် ကျန် သေးတယ်၊ သား လမ်းလျှောက်လိုက်ဦး၊ ထမင်းစားပြီးကတည်းက ထိုင် လိုက်တာ တောက်လျှောက်ပဲ၊ အူတောင့်ပြီး ဗိုက်အောင့်နေဦးမယ်၊ ကဲ... ပြောမနေနဲ့၊ ထ... ထ”

          တိုင်ကပ်နာရီနှင့် ကျွန်တော့်ဆီကို မျက်လုံးတစ်လှည့်စီရောက်ပြီး ပြောလေသည်။ ကြီးကြီးမေသည် ကျွန်တော် ပြောမည့်စကားကို မစောင့်။ ကလေးသူငယ်တစ်ယောက်ကို ပြောသည့်အတိုင်း ပြောလေသည်။ မှန်ကို ကြည့်သကဲ့သို့၊ ကျွန်တော့်ကို စေ့စေ့ကြည့်နေသည်။ သံယောဇဉ်ကြည့် ကြည့်သောအကြည့်တွင် စမ်းရေ အေးအေးမြမြစိမ့်ဝင်နေသည်ဟု ထင်မှတ်ခံစားရ ၏။ ထိုင်ရာမှ မထမချင်း သူ့လက်ထဲရှိ စိပ်ပုတီးသည် အငြိမ်သက်ကြီး ငြိမ်သက်နေပေလိမ့်ဦးမည်။ တင်ပါးနှင့် ကုလားထိုင် ကြိမ်တို့အကြွတွင်

          “အိမ်ရှေ့မီးကို အလျင်ထွန်းဦး၊ လမ်းလျှောက်ရင်း ဟိုတွေးဒီတွေး လည်း တွေးမနေနဲ့၊ မြွေပါးကင်းပါး ကြည့်ပြီးလျှောက်”

          စားပွဲပေါ်တွင် လက်ဝါးနှစ်ဖက်ထောက်ထားရင်း သူမမြင်အောင် မျက်နှာလှည့်လိုက်ရသည်။ ကျွန်တော် ပြုံးလိုက်သည်ကို ကြီးကြီးမေ မမြင် စေချင်၊ မြင်လျှင် ဘာပြုံးတာလဲကွဲဟု မေးချင်မေးမည်။ ကလေးပေါက်စန ကလေးကို ပြောသလို ပြောနေပြန်ပြီလို့ မင်းပြောမလို့ ပြုံးတာလားကွဟုမေးချင်မေးလိမ့်မည်။ စင်စစ်၊ ဟိုတွေး ဒီတွေးဟူသော အပြောကြောင့် ပြုံးမိ ခြင်းဖြစ်လေသည်။ ဟိုတွေး ဒီတွေးဟူသော အသုံးအနှုန်းနှင့်ဆက်စပ်နေသော အကြောင်းအရာတစ်ခုကို ကြီးကြီးမေ အာရုံမူနေပြီဟု သိလိုက်သည်။ ပုတီး တစ်လုံးနှင့်တစ်လုံးကြားတွင် ချွေးမကို မျှော်သော သံယောဇဉ်က ကန့်လန့် ခံနေပြီလား မဆိုနိုင်။

          ကိုယ့်စိတ်ဖြင့်နှိုင်း၍ ကျွန်တော် တွေးကြည့်လိုက်ပေပြီ။

***

          သူ ကျွန်တော့်ထံ ပြန်လာချင်သည်ဟု ရေးသည့်ပထမစာကို ဖတ်ရစဉ် က အလွန်အမင်း အံ့အားသင့်ခဲ့ရသည်။ တစ်ကြိမ်တစ်ခါ အကြင်နာကင်းခဲ့ ဖူးသူ၏စကားကို မယုံကြည်မိ၍လည်း ဖြစ်ကောင်းဖြစ်မည်။ သည်းခြေ ပေါက်လုမတတ် နာကြည်းနေဆဲလည်း ဖြစ်သောကြောင့် ထင်၏။ တစ်ဆံ ခြည်မျှပင် ငဲ့ကွက်ခြင်းမရှိခဲ့သော သူ့စိတ်ဓာတ်ကို ကိုးစားရန် အမှန်ခက်ချေ သည်။ သူ့စာကိုဖတ်ပြီး ခေါင်းခါခဲ့သည်။ ကြီးကြီးမေသည် ကျွန်တော့်ကို နားမလည်နိုင်သလို ကြည့်ကာ၊ မျက်မှောင်ကုပ်လိုက်သည်။ အိမ်လိပ်စာဖြင့် ရောက်လာသောစာတွေကို ကြီးကြီးမေက အလျင်ဖတ်ပြီးဖြစ်၍ ထိုစာကို မဖတ်ရမီပင် သတင်းစကားအဖြစ် လှေကားထစ်တွင် ကြားရသည်။ ကြီးကြီးမေ သည် ဝမ်းသာအားရပြောပြသည်။ စာဖတ်နေသော ကျွန်တော့်ကို အကဲခတ် လျက်ရှိသည်။ တစ်စုံတစ်ရာမျှ ပြောင်းလဲလာခြင်းမရှိသော ကျွန်တော့်အပြု အမူကို အားမလိုအားမရ ဖြစ်ပေလိမ့်မည်။ သူ့စာပါ အကြောင်းအချက်တို့ သည် ကျွန်တော့်အား စိတ်လှုပ်ရှားစရာပေးမည်ဧကန်ဟု ကြီးကြီးမေ တွက်ခဲ့ ဟန်တူ၏။ စောင့်ဆိုင်းရလွန်း၍ သည်းမခံနိုင်ပုံရလေသည်။ ဖွင့်ပင် မေးလေ ၏။

          “သား ဘယ်လိုသဘောရသလဲ”

          စာရွက်ကိုပြန်ခေါက်ပြီး အိတ်ထဲသို့ ထည့်နေစဉ် အဖြေစကားရှာရ သည်။ အဖြေကို ချက်ချင်းရှာမရ၊ စာအိတ်ကို စားပွဲပေါ်သို့ ပစ်တင်ပြီး မျက်နှာချင်းဆိုင်လိုက်သည်။

          “ကျွန်တော် သူ့စကားကို မယုံဘူး ကြီးကြီးမေ”

          ကျွန်တော့်နှုတ်ခမ်းကိုစိုက်၍ ကြည့်နေသည်။ ဆက်ပြောမည့်စကား ကို ကြီးကြီးမေ နားစွင့်လျက်ရှိ၏။

          “ကြီးကြီးမေ့ သဘောကို ပြောပါဦး” “သူ တကယ်ပြန်လာချင်လို့ ရေးလိုက်တာဖြစ်မှာပါ” ကျွန်တော် မဲ့ပြုံးပြုံးမိသည်။

          “ဘယ်သူ့ကိုမှ မငဲ့လို့ သူသွားခဲ့တာ၊ ခုတစ်ခါ ပြန်လာချင်ပါပြီဆိုတဲ့ စကားကို ကျွန်တော် ယုံချင်ပါတယ် ကြီးကြီးမေ၊ ပျက်ပြားသွားခဲ့တဲ့ အိမ်

          ထောင်ရေးတစ်ခုက ပြန်ပြီးတော့ အထိုက်အလျောက် ကောင်းလာမှာကို ဝမ်းသာချင်ပါတယ်၊ ခုတစ်ခါ ပြန်လာ၊ တော်ကြာပြန်သွား၊ ပြန်မသွားဘူးလို့ ဘယ်သူအာမခံမလဲ၊ ကျွန်တော်က စက်ရုပ်ဆိုလည်းအကောင်းသား၊ မခံစား တတ်တဲ့ သစ်သားစတစ်စ အရုပ်တစ်ရုပ်ဆိုလည်း ဘာအရေးလဲ၊ သူ့ကို အပြစ်ပုံချတယ်လို့ ဖြစ်ချင်ဖြစ်မယ်၊ သမီး မွှေး ဆုံးရတာဟာ သူ့ကြောင့်လို့ ကျွန်တော် အတပ်စွဲချင်တယ် ကြီးကြီးမေ၊ မိတကွဲ ဖတကွဲ မနေရဘူးဆိုရင် မွှေး ဒီလိုဖြစ်မှာမဟုတ်ဘူး၊ ရေပြောင်းရေလွှဲ၊ ရာသီဥတုကလည်း ဘယ်တူ မလဲ၊ ဒီမှာဆိုရင် မွှေး ဒီလိုဖြစ်မှာမဟုတ်ဘူး”

          ဒေါသရွေ့ သည် ကျွန်တော့်မျက်လုံးအစုံကို ဖုံးလျက်ရှိပြီဟု သိသည်။ ကြီးကြီးမေ၏မျက်နှာသည် ဒေါသဖြေပေးသောအကြည့်ဖြင့် ရှိလေသည်။ မသိမသာပြုံးရင်း ပြောလေသည်။

          “ဒီလိုလည်း မဥပါဒ်ပါနဲ့ကွယ်၊ သေကံရှိရင် ဘယ်မှာနေနေသေရမှာ ပါပဲ၊ ဟိုမှာဆို ဒီမှာထက် ဆေးကောင်းရှိတာပဲဟာ၊ သေခြင်းတရားဆိုတာ မီးစာကုန် ဆီခန်းပြီဆိုရင် တားလို့ရနိုင်တာမျိုးမှ မဟုတ်တာ၊ သားသိသားနဲ့ ဒီလိုတော့ အစွဲအလမ်းမထားပါနဲ့”

          တင်းထားသော ကျွန်တော့်နှုတ်ခမ်းသည် မပြေသေး။ ပြောရင်းနှင့်ပင် ရင်ထဲတွင် နာကျင်လာသည်။ သမီးကလေး မွှေးကို မျက်စိအောက်တွင်ယောင်လာသည်။ မပီတပီ အခေါ်အဝေါ်စကားတွေကို နားဝယ် ဆတ် ဆတ် ကြားရသလို ရှိလေသည်။

          “မွှေးကို တိုင်းတစ်ပါးမှာ မြှုပ်နှံဖို့ သူထွက်သွားတာနဲ့ ဘာခြားသလဲ။ ခမှ သူဘာအဓိပ္ပာယ်နဲ့ ပြန်လာချင်ရတာလဲ၊ ထွက်သွားတုန်းက ကျွန်တော့်ကို သမီးမြင်ရင် သမီးစိတ်မကောင်းဖြစ်မှာမို့လို့ လေယာဉ်ပျံကွင်းကို လိုက်မပို့ ဖို့ ရက်ရက်စက်စက်တားခဲ့တယ်။ ဒါတွေကို ကျွန်တော်မေ့ထားလို့ရမလား ကြီးကြီးမေ၊ အသည်းနှလုံးကင်းမဲ့တဲ့ ဒီမိန်းမရဲ့ စကားကို ခုတစ်ခါ ကျွန်တော် ယုံရင် ကျွန်တော်လောက် မိုက်မဲတဲ့သတ္တဝါမျိုးရှိပါဦးတော့မလား၊ ဟိုမှာ လည်း ယောက်ျားတွေရှိနေသားပဲ၊ သူအိမ်ထောင်ပြုလိုက်ပေါ့၊ ကလေး တစ်ကျိပ်မက မွေးနိုင်တဲ့အရွယ်ပဲ ရှိသေးတာ၊ မပြောဘူးလို့ နေခဲ့တာ၊ အကြောင်းပေါ်လာတော့ ကျွန်တော်ပြောမိတယ်။ သူ့အကြောင်း ပြောလည်း မပြောချင်၊ ကြားလည်း မကြားချင်ဘူး၊ နာတယ် ကြီးကြီးမေ သိပ်နာတယ်”

          စကားအဆုံးတွင် ကြီးကြီးမေ၏သက်ပြင်းချသံကို ခပ်တိုးတိုးကြား ရသည်။ စူးစူးစိုက်စိုက် ကြည့်နေသော ကြီးကြီးမေ၏မျက်လုံးအစုံကို တွေ့ရလေသည်။ မေ့မေ့ပျောက်ပျောက်နေခဲ့သမျှ အဖြစ်အပျက်တွေကို ပြန်လည် ဖယ်ရှားလို့မရ ဖြစ်လာသည်။

          “ဟိုတုန်းကဟာတွေကတော့ ဟိုတုန်းက ကိစ္စပဲသားရယ်၊ ခု သူတော် တော် နောင်တရနေပုံပါပဲ၊ ဒီစာကို ဖတ်ရတာ ကြီးကြီးမေ စိတ်ထိခိုက်လှ တယ်ကွယ်၊ သားစဉ်းစားဦးလေ၊ သူ့ဘက်ကိုလည်း ဒီတစ်ကြိမ် ကြည့်ပါ

          ကျွန်တော့်မျက်လုံးသည် ကြီးကြီးမေ နှုတ်ခမ်းသို့ေ ခနဲရောက်သွား သည်။ ကျွန်တော့်ပါးပေါ်မှာ တင်း၍ တွန့်သွားသည်။ ပါးစောင်နှစ်ဖက် စလုံးသည် အံသွားတွေနှင့် ဖိကပ်လျက် ရှိသည်။ စေ့ထားသည့် နှုတ်ခမ်းကို အခွာရခက်လျက် ရှိသည်။ သွားတက်နှင့် အတွင်းနှုတ်ခမ်းတို့ ခပ်ပြင်းပြင်း ကိုက်မိလျက်သား ဖြစ်နေ၏။ အသံငြိမ်အောင် ကြိုးစားပြီးမှ ပြန်ပြောလိုက်ရ သည်။

          “အလျင်တစ်ကြိမ်တုန်းကလည်း ကျွန်တော့်ဘက် ကျွန်တော် မကြည့် ခဲ့ပါဘူး၊ မကြည့်ခဲ့လို့လည်း အိမ်ထောင်ရေးတစ်ခုလုံး အမြွာမြွာပြိုကွဲခဲ့ရ တာပဲ ကြီးကြီးမေ၊ ကျွန်တော် အမျိုးမျိုးစားခဲ့တာ ရမှမရတာ၊ သွားတုန်း ကတစ်ကြိမ် ကျွန်တော် ရင်နာခဲ့ရတယ်၊ မွှေးဆုံးတော့ အမြင့်ဆုံး အဆိုးရွား ဆုံး ခံစားခဲ့ရတယ်၊ ခုမှတော့ မထူးတော့ပါဘူး၊ ငရဲက ပြန်လာခဲ့တဲ့နောက် တော့ ခုကိစ္စက ပြာပူသာသာလောက်ပါ၊ ကျွန်တော့်ဆီပြန်လာဖို့ ဘယ်တော့မှစိတ်မကူးပါနဲ့လို့ ရေးလိုက်မယ် ကြီးကြီးမေ”

          “အို... ဒီလောက် မြန်မြန်ဆန်ဆန်ကြီး မရေးပါနဲ့ဦး သားရယ်” ထိုစကားကို လွန်ဆန်ရန် စိတ်ကူးသည်။

          “ပြတ်ပြီးသား ကြိုးစကို ပြန်ဆက်ရမှာ ကျွန်တော် ဝန်လေးတယ် ကြီးကြီးမေ”

          “သားပြောတာတွေ ဟုတ်ပါတယ်၊ ဒါပေမဲ့... အဲဒီတုန်းက သူသိပ် ငယ်ပါသေးတယ်၊ နှစ်ဆယ့်သုံးနှစ်ပဲ ရှိသေးတာကိုး၊ ဘယ်ချင့်ချိန်နိုင်ဦးမလဲ သားရယ်၊ မဟုတ်ဘူးလား”

          “စိတ်ချမ်းသာမယ်ထင်လို့ သူ ဟိုမှာသွားနေတာ စိတ်မချမ်းသာပြန် ဘူးဆိုတော့ ကျွန်တော် ဘာတတ်နိုင်မလဲ၊ ကျွန်တော်သွားခိုင်းတာ မဟုတ် ဘူး၊ သူ့သဘောနဲ့သူ သွားတာပဲဟာ”

          “ဟုတ်ပါတယ် သားရဲ့ ၊ ခုလည်း သူ့သဘောနဲ့သူ ပြန်လာမယ့်ဥစ္စာ”

          စိတ်ပြေရာပြေကြောင်း အရွှန်းဖက်၍ ပြောသည်။ ကျွန်တော့်စကားက အခိုက်အတန့်အားဖြင့် ရပ်သွားသည်။ ပြောမည်ဟု နှုတ်ခမ်းပြင်စဉ် ကြားရ ၏။

          “ဒီလိုလုပ်လေ၊ သူ့ဆီပြန်ရေးတဲ့စာထဲမှာ ပြန်လာပါလို့လည်း သား မပြောနဲ့၊ ပြန်မလာနဲ့လို့လည်း သားမပြောနဲ့၊ ဟုတ်လား၊ စောင့်ကြည့်ရ အောင်၊ ဘယ်နှယ့်လဲ၊ ဒါကိုတော့ သားလက်ခံနိုင်လိမ့်မယ် ထင်တယ်”

          တက်သာ ဆုတ်သာအောင် ပြောလာသော ထိုစကားကို ကျွန်တော် အငြင်းခက်ရချေပြီ။

          စိတ်နာစရာတွေကို သား ပြန်ပြီးမတွေးပါနဲ့လို့ ကြီးကြီးမေ မပြောချင် ပါဘူး၊ အစအဆုံး ပြန်တွေးပါ၊ နာကြည်းခံပြင်းစရာ အားလုံးကို အစွမ်းကုန် ပြန်တွေးလိုက်ပါ၊ ဒါပေမဲ့ နောက်ဆုံးအကြိမ်အနေနဲ့ပဲ ဖြစ်စေချင်တယ်”

          ကြိမ်ဖန်များစွာ ပြန်လာတွေးမိခဲ့ခြင်းတို့ကို ကြီးကြီးမေ မသိ။ မဆုံး နိုင်သော ထိုဝေဒနာအတွေးတို့သည် တိုင်းတစ်ပါးသို့ သူအပြီးတိုင် သွား ရောက်နေထိုင်လိုကြောင်း စတင်ပြောရာ ညမှအစပြုလေ၏။ ရင်ထဲမှ အပူ တို့၏သဘောကား ဗုံးဆူခြင်းနှင့် အတူတူပင် ဖြစ်ပေလိမ့်မည်။ လူမသိသည် မှတစ်ပါး မခြားလှ။