Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

ဂျွန် - နပိုလီယမ်ဟေးလ်ရဲ့သိပ္ပံနည်းကျအောင်မြင်ရေး

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out
သန်းပေါင်းများစွာသောလူများအား အောင်မြင်မှု ရရှိရေးအတွက်
ဘယ်လိုလုပ်ရမည်ကို သိပ္ပံနည်းကျ သင်ပြပေးသောသူ

ဂျွန်ဂျွန်သန်

           ယနေ့ ကာလမှာ နပိုလီယမ်ဟေးလ်နဲ့ သူ့ရဲ့ အောင်မြင်ရေး ဆိုင်ရာ ဥပဒေသတွေကို လုံးဝမသိဖူး မကြားဖူးဘဲ ခက်ခက်ခဲခဲ ရှင်သန်ရပ်တည် နေရတဲ့လူတွေအများကြီးရှိနေပါတယ်။ သို့သော် ယနေ့ ကမ္ဘာ့နိုင်ငံအသီးသီးက သန်းနဲ့ချီသော လူတွေဟာ နပိုလီ ယမ်ဟေးလ်ရေးသားတဲ့ အောင်မြင်ရေးဆိုင်ရာ အထောက်အကူ ပြု စာအုပ်အမျိုးမျိုးကို ဖတ်ရှုလေ့လာရင်း အောင်မြင်ခြင်းဆိုတဲ့ အကျိုးအမြတ်အသီးအပွင့်တွေကို ရယူ စားသုံးနေကြပါပြီ .......

           ဟေးလ်ဟာ အောင်မြင်မှုရရှိရေးနဲ့ ပတ်သက်ပြီး သူ့ရဲ့ ဒဿန အမြင်တွေကို အောင်မြင်စွာ ချပြနိုင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဟေးလ်ရဲ့ စာအုပ်ကို ဖတ်ရှုခြင်းဖြင့် သင်တို့ဘဝ တစ်သက်တာ အောင်မြင်မှုတွေရရှိကြပါစေ ...။

           ဟေးလ်ဟာ အောင်မြင်ရေးဆိုင်ရာ စာအုပ်တွေများစွာကို ရေးပြီး အောင်မြင်မှုတွေရနေတဲ့ စာရေးဆရာဖြစ်ပါတယ်။ သို့ပေမဲ့ သူဟာ စာအုပ်တွေကို ဖတ်ရှုခံစားလို့ကောင်းအောင်ရေးတာမဟုတ်ပါဘူး။ သန်းပေါင်း များစွာရှိနေတဲ့ ကမ္ဘာ့ပြည်သူတွေကို အောင်မြင်ရေးဆိုင်ရာ နည်းလမ်းတွေ ပေးဖို့က စာအုပ်တွေများစွာ ရေးခြင်းဖြင့်သာ ထိရောက်စေတာကြောင့် ဖြစ်ပါ တယ်။

           နပိုလီယမ်ဟေးလ်ဟာ အောင်မြင်ရေးဆိုင်ရာနည်းလမ်းကောင်း တွေနဲ့ လက်တွေ့ အသုံးချနိုင်မယ့် ပုံသေနည်းတွေရရှိအောင် သူ့ရဲ့ ကြိုးစား အားထုတ်မှုနဲ့ အရည်အချင်းတွေကို အချိန်ကာလများစွာပေးပြီး ရင်းနှီးမြှုပ် နှံခဲ့ရသူဖြစ်ပါတယ်။ ။

           အသက် ၆၅ နှစ်အရွယ် နပိုလီယမ်ဟေးလ်ရဲ့ အောင်မြင်မှုရရှိခြင်း နဲ့ပတ်သက်တဲ့ သင်ပြပြောဆိုသံတွေဟာ ယနေ့ကာလနိုင်ငံတကာရဲ့ နေရာ မှန်သမျှမှာ ကြားနေရပါတယ်။ ဟေးလ်ရဲ့ ဥပဒေတွေနဲ့ ပွဲတွေ့အသုံးချနိုင် တဲ့ ပုံသေနည်းတွေကြောင့် နိုင်ငံပေါင်း ၂၀ ကျော်က ပြည်သူတွေ အကျိုး အမြတ်များစွာ ရရှိပြီး အောင်မြင်မှု သရဖူကို ဆောင်းနေကြပါပြီ။

           ဟေးလ်ရဲ့ အောင်မြင်ရေးဆိုင်ရာ လိုက်နာကျင့်သုံးရမယ့် ဥပဒေ သတွေနဲ့ အကြံပြုချက်တွေ ပါဝင်တဲ့ စာအုပ်တွေကို အိန္ဒိယနိုင်ငံ ဘုံဘေမြို့ မှာရှိတဲ့ စာအုပ်ထုတ်ဝေရေးသမားတွေနဲ့ ဖြန့်ချိသူတွေအားလုံးက ဟေးလ် ရဲ့ မူရင်းအတိုင်း ဘာသာပြန်ဆို ထုတ်ဝေဖြန့်ချိခဲ့ပါတယ်။

           ဘရာဇီးနိုင်ငံမှာတော့ ဟေးလ်ရဲ့ စာအုပ်တွေကို ပေါ်တူဂီဘာသာ နဲ့ ပြန်ဆိုထုတ်ဝေခဲ့ပါတယ်။ ဟေးရဲ့ 'Think and Grow Rich' အမည်ရှိ တဲ့ စာအုပ်ကို သြစတေးလျနိုင်ငံဆစ်ဒနီမြို့မှာ ထုတ်ဝေပြီး ဗြိတိသျှအင်ပါ ယာလက်အောက်ခံနိုင်ငံတိုင်းမှာ ဖြန့်ချိခဲ့ပါတယ်။ ဒီစာအုပ်ဟာ သူရေးသား ခဲ့တဲ့ စာအုပ်တွေထဲမှာ ထင်ပေါ်ကျော်ကြားမှုအရှိဆုံး စာအုပ်ဖြစ်ပါတယ်။

          ဟေးလ်ရဲ့  'Think and Grow Rich' စာအုပ်ကို အ‌မေရီပြည်ထောင်စုမှာ ၁၉၃၇ ခုနှစ်က ပထမဆုံးထုတ်ဝေခဲ့တာဖြစ်ပေမဲ့ ယနေ့ ကာလအထိရောင်း အကောင်းဆုံးစာအုပ် (best Seller) ဖြစ်နေဆဲဖြစ်ပါ တယ်။ နောက်ပြီး အဲဒီစာအုပ်ကို မိတ္တူများစွာ ပွားယူပြီး အချို့နိုင်ငံတွေ မှာ အလုပ်ရှင်တွေက အလုပ်သမားတွေကို လက်ဆောင်အဖြစ်ပေးတတ်ကြ ပါတယ်။

          နပိုလီယမ်ဟေးလ်၏ သိပ္ပံနည်းကျအောင်မြင်ရေး

          နပိုလီယမ်ဟေးလ်အနေနဲ့ အောင်မြင်ခြင်းဆိုင်ရာ ဖော်မြူလာတွေ ကို ရှာဖွေနိုင်ဖို့ သူ့ဘဝရဲ့ အစောပိုင်းကာလတွေကတည်းက စူးစမ်းရှာဖွေ မှုတွေကိုစတင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဖော်မြူလာတွေကို ရှာဖွေပြီး လက် တွေ့ အသုံးချနိုင်ပြီဆိုတာနဲ့ သူမှာရှိထား၊ သိထားသမျှ ပညာဗဟုသုတတွေ ကို လူအများအကျိုးရှိရှိ အသုံးချနိုင်အောင် မျှဝေခဲ့ပါတယ်။

           ပွဲတွေ့ အသုံးကျတဲ့ ဖော်မြူလာတွေကို လူတိုင်းလုပ်နိုင်ဖို့ စေ့ဆော် တိုက်တွန်းချက်တွေကို သူဘဝရဲ့ အတွေ့ အကြုံပါဝင်တဲ့ စာအုပ်တွေမှာ အတိအလင်းဖော်ပြထားပါတယ်။

နပိုလီယမ်ဟေးလ်ဟာ ဗာဂျီးနီးယားပြည်နယ်က ဆင်းရဲမွဲတေတဲ့ တောင်တက်သမားတစ်ဦးရဲ့ သားဖြစ်ပါတယ်။

          နပိုလီယမ်ဆိုတဲ့ နာမည်ကတော့ ဖခင်ဘက်က တော်စပ်တဲ့ ဦးလေး ဖြစ်သူရဲ့ နာမည်ကို ဂုဏ်ပြုတဲ့အနေနဲ့ မှည့်ခေါ်ထားတာဖြစ်ပါတယ်။

          မိခင်ဖြစ်သူ ကွယ်လွန်တော့ နပိုလီယမ်က ကလေးပဲရှိပါသေးတယ်။ မကြာခင်မှာပဲ ဖခင်ဖြစ်သူက နပိုလီယမ်ကို မိထွေးတစ်ယောက်လက်ဆောင် ပေးပါတော့တယ်။ အဲဒီအချိန်မှာ နပိုလီယမ်က အသက် ၉ နှစ်သာရှိပါသေး တယ်။ နပိုလီယမ်ရဲ့ မိထွေး မစ္စဟေးလ်အနေနဲ့ သူမဟာ အရင်ကလိုတောင်တက်သမားတစ်ယောက်ဖြစ်ရုံမကဘဲ အခုဆို အိမ်ထောင်ရှင်မ တာဝန်ကိုပါ ယူထားရသူဖြစ်လာခဲ့ပါတယ်။ ဒီတော့ သူမအနေနဲ့ ပြောင်းလဲ ခြင်းတွေကို လုပ်ဖို့ ဆုံးဖြတ်ထားသူပီပီ အရာရာ ပြောင်းလဲနိုင်ဖို့ ကြိုးစားပါ တော့တယ်။ သူမအတွက် အိမ်ထောင်တစ်ခုလုံး ကောင်းမွန်စေဖို့ လုပ်ရမယ့် တာဝန်တွေများလာခဲ့ပါပြီ။ နပိုလီယမ်ကတော့ မစ္စဟေးလ်ရဲ့ ကြီးမားလှတဲ့ ပြဿနာတွေကို သူမရဲ့ အကြီးမားဆုံးသော အောင်မြင်မှုတွေအဖြစ် ပြောင်းလဲ ပေးနိုင်ခဲ့ပါတယ်။

          နပိုလီယမ်ဟေးလ်က သူ့ကိုယ်သူ အဲဒီမြို့မှာ အဆိုးရွားဆုံးနဲ့ စရိုက် အကြမ်းတမ်းဆုံး လူအဖြစ် မိထွေးကို မိတ်ဆက်ခဲ့တယ်။

          သူ့မိထွေးကတော့ ဟေးလ်အပေါ် အကောင်းမြင်ပြီး စမတ်ကျကျ နဲ့ နေထိုင်ရပ်တည်နိုင်အောင် အသေအချာ သင်ကြားခွင့်မရသေးတဲ့ ကလေး တစ်ယောက်အဖြစ် ရှုမြင်ခဲ့ပါတယ်။

          မိထွေးဖြစ်သူ နေ့စဉ်ပြောဆို သုံးနှုန်းတဲ့ စကားတွေဟာ ဟေးလ်ရဲ့ ဆယ်စုနှစ်တစ်နှစ်ချင်းအလိုက်ပြောင်းလဲတိုးတက်မှုတွေကို အဓိက အရေး ပါတဲ့ အုတ်မြစ်တွေအဖြစ် ခိုင်မြဲစေခဲ့ပါတယ်။ ။

          ဟေးလ်ကို အတွေးအခေါ်ကောင်းတွေပေးနိုင်တဲ့ မစ္စဟေးလ်ဟာ အချိန်ကာလကြာလာတာနဲ့အမျှ လမ်းပြမီး အိမ်ပိုင်ရှင်တစ်ယောက်ဖြစ်မှန်း မသိဖြစ်လာခဲ့ပါတယ်။

          နပိုလီယမ်ဟေးလ်ရဲ့ မိထွေးမစ္စဟေးလ်က သူမပိုင်ဆိုင်တဲ့ စည်းစိမ် ဥစ္စာ၊ ငွေကြေးတွေကို အသုံးချပြီး အိမ်ထောင်စုဝင်တွေရဲ့ အဘက်ဘက်က လိုအပ်ချက်တွေကို ဖြည့်စွမ်းပေးနိုင်ခဲ့ပါတယ်။ ။

          မစ္စဟေးလ်က ခင်ပွန်းသည်ကို အောင်မြင်တဲ့ သွားဆရာဝန်တစ် ယောက်ဖြစ်လာအောင် ကျောင်းဆက်ထားပြီး ခင်ပွန်းသည်ဘဝတိုးတက် ရေးအတွက် မနားမနေ ကြိုးစားထောက်ပံ့ပေးခဲ့ပါတယ်။

          နပိုလီယမ်နဲ့ ညီဖြစ်သူကို မိထွေးကပဲ ကယ်တင်ခဲ့တယ်လို့ ဆိုနိုင် ပါတယ်။ နပိုလီယမ်ဟေးလ်ဟာ အသက် ၁၂ နှစ်မှာ အဆင့်အတန်းမြင့်တဲ့ကျောင်းမှာတက်ရောက်ပညာသင်ကြားခွင့် ရရှိခဲ့ပြီး အသက် ၁၄ နှစ် အရွယ် မှာတော့ သတင်းစာတိုက် ၁၅ တိုက်ရဲ့ အချိန်ပိုင်း သတင်းထောက်တစ် ယောက်ဖြစ်လာခဲ့ပါတယ်။

          အထက်တန်းပညာသင်နှစ် ပြီးဆုံးပြီး နောက်ပိုင်း အသက် ၁၅ နှစ်မှာ ဗာဂျီးနီးယားပြည်နယ် “တေ့ဇ်ဝဲလ်” မှာရှိတဲ့ ကူးသန်းရောင်းဝယ်ရေး ကောလိပ်မှာ တက်ရောက်ပညာသင်ကြားခွင့်ရရှိခဲ့ပါတယ်။

          ဟေးလ်က နောက်ပိုင်းမှာ သူ့ရဲ့ အသိဉာဏ်ပညာကြွယ်ဝမှုနဲ့ ကျွမ်းကျင်ရာနယ်ပယ်ပါ ကျယ်ပြန့်လာမှုကြောင့် လက်ရှိအနေအထားတွေ ထက် ဆက်ဆက်ပြီး တိုးတက်မှုတွေရရှိအောင်လုပ်ဖို့ စိတ်ပိုင်းဖြတ်လိုက်ပါ တော့တယ်။

          ကူးသန်းရောင်းဝယ်ရေးကောလိပ်ပြီး ဆုံးသွားတဲ့အခါ နောင်တစ် ချိန်ရှေ့နေ ရှေ့ရပ်ဖြစ်လာမယ့် အလုပ်တစ်ခုကို ဟေးလ်ရရှိလုပ်ကိုင်ခဲ့ပါ တယ်။ ဟေးလ်အနေနဲ့ ထိုအချိန်က အသက် ၁၆ နှစ်သာ ရှိသေးပြီး အတွေ့ အကြုံ မရင့်ကျက်သေးပေမဲ့ ရဲတင်းတဲ့ စွန့်စားမှုနဲ့ အမြော်အမြင်ကောင်းတွေကို အကောင်အထည်ဖော်လိုစိတ်ပြင်းထန်ခဲ့ပါတယ်။

          နောက်ပြီး ဟေးလ်ရဲ့ ပထမဆုံးအလုပ်ဟာ ရည်မှန်းချက်ပန်းတိုင် တက်လှမ်းရန်အတွက် လှေကားထစ်ဖြစ်ခဲ့ပြီး သူ့ဘဝရည်မှန်းချက်အားလုံး အတွက် အစကောင်းခဲ့ပါတယ်။

          တစ်နေ့မှာ ဟေးလ်က ဗာဂျီးနီးယားပြည်နယ်ရဲ့ နာမည်အကျော် ကြားဆုံးသော ရှေ့နေချုပ်တွေထဲမှာ တစ်ယောက် အပါအဝင်ဖြစ်ခဲ့တဲ့ ရှေ့နေ ချုပ်ဟောင်း “ရှုဖတ်အေအေရီးစ်” ဆီကို စာတစ်စောင် ရေးသားပေးပို့ခဲ့ ပါတယ်။ စာထဲမှာပါဝင်တဲ့ အကြောင်းအရာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

          “ကျွန်တော် ကူးသန်းရောင်းဝယ်ရေး ကောလိပ်တက်တာ ကျောင်း ပြီးသွားပါပြီ။ ကျွန်တော်က လူကြီးမင်းရဲ့ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ဖို့ ကောင်းမွန်ထိုက်တန်တဲ့ အရည်အချင်းတွေ ရရှိခဲ့ပြီးပါပြီ။ ကျွန်တော့် အတွက်တော့ အဲဒီရာထူးကို ရရှိဖို့အတွက် အရမ်းကို စိတ်လှုပ်ရှားပြီး သောက ပွေရပါတယ်။

          ကျွန်တော်က လက်ရှိမှာ အရည်အချင်းတွေရှိနေပေမဲ့ အရင်က လုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံတော့ မရှိပါဘူး။

          ကျွန်တော်က လူကြီးမင်းအတွက် အလုပ်လုပ်ပေးတဲ့ အစပိုင်းမှာ လူကြီးမင်းအတွက် အကျိုးရှိတာထက် ကျွန်တော့်အတွက် ပိုပြီးအကျိုးရှိ မယ်ဆိုတာကိုပါ နားလည်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် က လူကြီးမင်းနဲ့အတူ အလုပ်လုပ်နိုင်မယ့် အခွင့်အရေးကို စောင့်မျှော်နေတာ ကြောင့်ပါ။

          ကျွန်တော့်ကိုပေးရမယ့် ငွေကြေးနှုန်းထားကို လူကြီးမင်း သင့်တော် သလိုသာ ဆုံးဖြတ်ပြီး သတ်မှတ်ပေးပါ။ ကျွန်တော် အလုပ် ၃ လ လုပ်ပြီးမှ ကျွန်တော့်အတွက် လစာငွေကို သတ်မှတ်ပြီးထုတ်ပေးပါ။

          ကျွန်တော် လစာငွေ စတင်ခံစားခွင့်ရပြီဆိုတာနဲ့ ကျွန်တော်လူကြီး မင်းကို ပေးစရာရှိတဲ့ ငွေတွေရှိရင် တစ်ခါတည်း နုတ်ယူပစ်လိုက်ပါ”

          ဒီလိုနဲ့ ဟေးလ်တစ်ယောက်အလုပ်ရခဲ့တယ်။ ရှေ့နေချုပ် “အေရီးစ်” က သူ့ကို တစ်လကုန်တာနဲ့ တစ်ကြိမ်ပုံမှန်လစာပေးတယ် ....။

          ဟေးလ်ကမစ္စတာအေရီးစ်ရဲ့ အယုံကြည်ရဆုံးသူဖြစ်အောင် ကြိုးစားနိုင်ခဲ့တယ်။

          တရားရေးဆိုင်ရာ အလုပ်တွေကို အကောင်းဆုံးလုပ်ကိုင်ခဲ့ပြီး နောက်ပိုင်း ဟေးလ်ဟာ ဝါရှင်တန်ဒီစီ “ဂျော့ချ်တောင်း” တက္ကသိုလ်ရဲ့ ဥပဒေကျောင်းမှာ ပညာဆက်လက် သင်ယူခွင့်ရရှိခဲ့ပါတယ်။ ထိုအချိန်က ဟေးလ်ရဲ့ အသက်ဟာ ၁၈ နှစ်ပဲရှိသေးပေမဲ့ ရှေ့နေများကောင်စီ (ဘားကောင်စီ)ဝင်ဖြစ်ဖို့ ထိုက်တန်တဲ့ အရည်အချင်းတွေရအောင် ကြိုးစားနိုင်ခဲ့ ပါတယ်။ ထိုကာလများတစ်လျှောက် သူ့ရဲ့ ပညာရေးအတွက် ငွေကြေးမလုံလောက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမဲ့ သူမှာစိတ်ကူးကောင်းတွေတော့ရှိခဲ့ပါတယ်။ ဒီတော့ ဟေးလ်က သတင်းစာတွေမှာ ဆောင်းပါးတွေရေးရင်း ပိုက်ဆံရှာ တယ်။ ဘာပဲဖြစ်ဖြစ် သူဆက်လက် အောင်မြင်အောင် ကြိုးစားမယ်လို့ ဆုံးဖြတ်ထားနိုင်ခဲ့တယ်။ ဒီတော့ ဘယ်လိုစာအုပ်တွေရေးရမလဲလို့ သူ စဉ်းစားပြန်တယ်။ နောက်တော့ သူဟာ ကမ္ဘာမှာအောင်မြင်နေတဲ့သူတွေရဲ့ အတ္ထုပ္ပတ္တိတွေကို ရေးဖို့ဆုံးဖြတ်လိုက်တယ်။

          ဟေးလ်ရေးသားတဲ့ အတ္ထုပ္ပတ္တိဇာတ်လမ်းအားလုံး အပတ်စဉ် လစဉ်ထုတ်ဝေတဲ့ ဂျာနယ်၊ မဂ္ဂဇင်းတွေမှာ အစဉ်ဆက်နဲ့ဖော်ပြခံရတယ်။ သူဒီနည်းလမ်းနဲ့ ငွေများများရအောင် ရှာလာနိုင်ခဲ့တယ်။

ဟေးလ်၏အောင်မြင်မှုဟူသော ထူးခြားသည့်ဂုဏ်ဒြပ်

          ဟေးလ်က ပထမဆုံး ခြေလှမ်းအနေနဲ့ “တန်နက်ဆီ” ပြည်နယ်ရဲ့ ဆီးနိတ်တာ (အထက်လွှတ်တော်အမတ်) “ဘာ့ဗ်တေလာ” ဆီချဉ်းကပ် လိုက်တယ်။ ဘာ့ဗ်တေလာဟာ ဆီးနိတ်တာတစ်ယောက်ဖြစ်ရုံသာမက နေ့တစ်နေ့ချင်းစီရဲ့ အရေးပါတဲ့ကာလ အပိုင်းအခြားအတွင်း ထူးခြားတဲ့ အဖြစ်အပျက်တွေ အကြောင်းရေးတဲ့ စာအုပ်တွေကိုထုတ်ဝေတဲ့ သူလည်း ဖြစ်ပြန်ပါတယ်။ ဒီတော့ ဟေးလ်အတွက် ကြီးမားတဲ့ အခွင့်အလမ်းကောင်း တစ်ရပ်ကို ရလိုက်သလိုပါပဲ။ ငယ်ရွယ်သေးတဲ့ လူငယ်လေး ဟေးလ်အတွက် ပုံမှန်ဝင်ငွေရှိနေတဲ့ အခြေအနေမှာ အာမခံချက်တွေကောင်းနေခဲ့ပါတယ်။

          ဟေးလ်ရဲ့ စိတ်ဝင်စားခြင်းကို ခံရတဲ့ “တေလာ”က ဟေးလ်ကို ကမ်းလှမ်း တယ်။ ဂျာနယ်လစ်တစ်ယောက်ဖြစ်အောင်လုပ်ပါလို့။

          ဒီလိုနဲ့ အဆက်အသွယ်သစ်တွေရရှိလာတဲ့ ဟေးလ်ဟာ ကြိုးစား ရုန်းကန်မှုတွေကနေ တစ်ဆင့် သတင်းစာဆရာဘဝကို အောင်မြင်စွာ ကူး ပြောင်းရောက်ရှိလာခဲ့ပါတယ်။ အင်ဒရူးကာနေဂျီနဲ့ အင်တာဗျူးလုပ်ပြီး နောက်ပိုင်း ဟေးလ်ရဲ့ ဘဝဟာ အရေးပါတဲ့ အလှည့်အပြောင်းဖြစ်ခဲ့ပါတယ်။

          အင်ဒရူး ကာနေဂျီဟာ လူသားသမိုင်းမှာ စွမ်းအားအကြီးဆုံးသော စက်မှုလုပ်ငန်း အင်ပါယာကြီးကို တည်ထောင်နိုင်ခဲ့တဲ့ တစ်ဦးတည်းသော ထူးခြားတဲ့ ပုဂ္ဂိုလ်ဖြစ်ပြီး သူ့ရဲ့ ဘဝအတွေ့အကြုံနဲ့ ကြိုးစားအားထုတ်မှုတွေ က ဟေးလ်ကို ကူးစက်သွားတဲ့အထိ အကျိုးသက်ရောက်စေခဲ့ပါတယ်။

          “ပစ်တ်စဘတ်”ကို ခရီးတစ်ခေါက်ထွက်ခဲ့ပြီးတဲ့ နောက်ပိုင်းဟေးလ် ဟာ “ကာနေဂျီ”ရဲ့ ရုံးခန်းကို ဦးတည်သွားရောက်ခဲ့ပါတယ်။ ဟေးလ်နဲ့ ကာနေဂျီတို့က စီးပွားရေးလောကမှာ ချမ်းသာကြွယ်ဝပြီး သြဇာကြီးတဲ့ ပုဂ္ဂိုလ်တွေအကြောင်း ၃ နာရီကြာခန့် ဆွေးနွေးခဲ့ကြတယ်။ နောက်တော့ “ကာနေဂျီ”က ဟေးလ်ကို သူ့အိမ်လာဖို့ အလည်ခေါ်လိုက်တယ်။ သူတို့ရဲ့ ဆက်လက်ဆွေးနွေးမှုတွေက နောက်ထပ် ၃ ရက်ခန့်အထိ ကြာပြန်ပါတယ်။

          ကာနေဂျီဟာ တစ်ချိန်က ငွေကြေးလက်မဲ့ဘဝနဲ့ နယ်မြေသစ်ကို ဝင်ရောက်နေထိုင်ခဲ့သူဖြစ်ခဲ့ပါတယ်။

          ကာနေဂျီက သူ့ဘဝအတွေ့အကြုံများအရ လောကမှာ အောင်မြင် ခြင်းကို ရရှိနိုင်တဲ့ အတွေးအခေါ်တွေ ရှင်သန်စွာ တည်တံ့နေဖို့လိုကြောင်း၊ အောင်မြင်မှုတွေရရှိဖို့ လုပ်နည်းလုပ်ဟန်ကောင်းတွေလိုတဲ့အကြောင်း ဟေးလ်ကို ရှင်းပြပေးခဲ့ပါတယ်။

          ကာနေဂျီရဲ့ ဆက်လက်ပြောပြချက်တွေထဲမှာ ဘဝတစ်သက်တာ ရင်ဆိုင်ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေကို သင်ခန်းစာတစ်ခုသဖွယ် သဘော ထားပြီး လိုအပ်တဲ့နေရာကို ပြင်ဆင်မွမ်းမံရတဲ့အကြောင်း၊ လောကဓရဲ့ စမ်းသပ်မှုအမျိုးမျိုးကို ခံနိုင်ရည်ရှိစွာ ရင်ဆိုင်ဖြတ်သန်းပြီးပြုမိတဲ့ အမှား အယွင်းတွေပေါ်မှာလည်း ကြေကွဲဝမ်းနည်းစရာ မလိုအပ်တဲ့အကြောင်း၊ ဘဝ တစ်သက်တာအတွင်း လုပ်ရမယ့် အသေးစိတ် အစီအစဉ်တွေကို ကြိုတင် ရေးဆွဲထားဖို့လိုကြောင်း၊ အထုံပါရမီကောင်းတွေကို မိမိတို့ကိုယ်တိုင် ကိုယ် စွမ်း၊ ဉာဏ်စွမ်းကောင်းတွေနဲ့ တည်ဆောက်ပေးနိုင်ကြောင်းတွေ ပါဝင်ပါတယ်။

          ကာနေဂျီနဲ့ ၃ ရက်တာ ဆွေးနွေးမှုပြီးဆုံးသွားတဲ့ နောက်ပိုင်း ဟေးလ်ရဲ့ ဘဝဟာ အားအင်သစ်တွေနဲ့ အရာရာရင်ဆိုင်ဖို့ တက်ကြွလန်းဆန်း နေခဲ့ပါတယ်။ ၁၉ နှစ်အရွယ် လူငယ်လေးဖြစ်တဲ့ ဟေးလ်ဟာအောင်မြင်တဲ့ ဘဝကို ပိုင်ဆိုင်တဲ့ သူဖြစ်လာဖို့အတွက် အလုပ်လုပ်ရမယ့်သဘောကို ကောင်းစွာ နားလည်ထားပြီးသူဖြစ်ပါတယ်။

          ကာနေဂျီရဲ့ တိုက်တွန်းချက်တွေအရ သူပထမဆုံးလုပ်ရတဲ့အလုပ် ကတော့ ကမ္ဘာမှာ အောင်မြင်တဲ့သူတွေရဲ့ အကြောင်းနဲ့ အဲဒီလူတွေရဲ့ စဉ်းစား တွေးခေါ်ရှုမြင်ပုံတွေကို လေ့လာမှတ်သား အတုယူခြင်းပြုလုပ်ရပါတယ်။

          ဟေးလ် လေ့လာခဲ့တဲ့ အောင်မြင်ကျော်ကြားသူတွေကတော့ “သောမတ်စ်အယ်လ်ဒီဆင်”“ဂျွန်ဝါနာမိတ်ကာ” “အက်ဒ်ဝပ်ဘုခ်” (လေဒီးစ် ဟုမ်းဂျာနယ်ရဲ့ ထုတ်ဝေသူ)၊ “ဆိုင်းရပ်စ်အိတ်ချ်ကေကားတစ် (ဆန်းဒေးအီး ဗနင်းစ်ပို့စ်ထုတ်ဝေသူ)၊ “ဒေါက်တာအလက်ဇန်းဒါးဂရေဟမ်ဘဲလ်”(တယ် လီဖုန်းတီထွင်သူ)၊ “အင်ဒရူးကာနေဂျီ (ချမ်းသာပြီး သြဇာကြီးသူတို့၏ သံမဏိစိတ်ဓာတ်) ဆိုသော စာအုပ်ကို ရေးသားသူတို့ဖြစ်ပြီး နိုင်ငံတွင်း က အောင်မြင်ကျော်ကြားသော ပုဂ္ဂိုလ်ပေါင်း ၅ဝဝ ရဲ့ ဘဝတွေကို ရေးသား တင်ပြထားတဲ့ စာအုပ်တွေကိုပါ ဖတ်ရှုလေ့လာခဲ့ရပါတယ်။

          နိုင်ငံတွင်းက ကျော်ကြားသူ ၅ဝဝ ရဲ့ အကြောင်းတွေကို လေ့လာ ရာမှာ ဟေးလ်က ပထမဆုံး ဟင်နရီဖို့ဒ်အကြောင်းကို လေ့လာလိုက်ပါ တယ်။ ထိုကာလတွေအတွင်း ဟင်နရီဖို့ဒ်ဟာ သူတီထွင်ထုတ်လုပ်တဲ့ ကား မော်ဒယ်တီ(Model T)အတွက် ထင်ပေါ်ကျော်ကြားမှုရရှိနေသူဖြစ်ပါတယ်။

          ထင်ပေါ်ကျော်ကြားသူတို့ရဲ့ အကြောင်းကို လေ့လာရင်း ဟေးလ် ဟာ အောင်မြင်ကျော်ကြားခြင်းဆိုင်ရာ အတွေးအခေါ်ကောင်းတွေရရှိဖို့ အတွက် နှစ်ရှည်လများ အချိန်ပေးခဲ့ရပါတယ်။ ။

          ဟေးလ်ရဲ့ ဘဝဟာ ကံကြမ္မာအလှည့်အပြောင်းတွေများလှပါတယ်။ ၁၉၁ဝ ခုနှစ်အတွင်း အိမ်ထောင်ကျပြီး နောက်ပိုင်း ဟေးလ်က သူ့ဇနီးရဲ့ မိသားစုတွေရှိရာ “လမ်ဘာပို့တ်”ဆီ အလည်သွားရောက်ခဲ့ပါတယ်။ “လမ်ဘာပို့တ်” ဒေသက ဗာဂျီးနီးယားပြည်နယ်ရဲ့ အနောက်ဘက်မှာ တည်ရှိပါ တယ်။ “လမ်ဘာပို့တ်”ရဲ့ အနီးမှာရှိတဲ့ “မိုနန်ဂါဟယ်လာ” မြစ်ကတော့သူ့ကိုဖြတ်ကျော်တဲ့ တံတားမရှိခဲ့တာ နှစ်ပေါင်း အတော်ကြာခဲ့ပါပြီ။ ကာနေ ဂျီဆီကနေ အတွေးအခေါ်၊ အသိအမြင်တွေ သင်ယူလာခဲ့တဲ့ လူငယ်လေး နပိုလီယမ်ဟေးလ်ဟာ ဌာနဆိုင်ရာ အရာရှိတွေ၊ စီးပွားရေးလောကထဲက ထိပ်တန်း အမှုဆောင်အရာရှိတွေနဲ့ တွေ့ဆုံပြီး နှစ်ရှည်လများကတည်း က လိုအပ်ချက်တစ်ခုအဖြစ်ရှိနေတဲ့ မြစ်ကူးတံတားမရှိခြင်း အခက်အခဲအတွက် ဆွေးနွေးတင်ပြခဲ့ပါတယ်။

          ဟေးလ်က တံတားတည်ဆောက်မှုအတွက် ကုန်ကျစရိတ်အား စုပေါင်းထည့်ဝင်ဖို့ စည်းရုံးတိုက်တွန်းလိုက်တာကြောင့် ဒေါ်လာငွေ ၁ သန်း အထိ ဝမ်းမြောက်ဖွယ်ကောင်းတဲ့ ငွေပမာဏာကို ရရှိခဲ့ပါတယ်။ အဲဒီဒေသ ရဲ့ တံတားတည်ဆောက်ပြီးစီးသွားတာနဲ့ လမ်းပန်းဆက်သွယ်ရေးနဲ့ သယ်ယူ ပို့ဆောင်ရေးကိစ္စတွေကိုပါ လွယ်ကူချောမွေ့စွာလုပ်နိုင်တော့မယ်လို့ ဟေးလ် က အာမခံပြီး ပြောဆိုခဲ့ပါတယ်။