Skip to product information
1 of 5

Other Websites

ဂျူး - အမုန်းကြောင့်ဖြစ်သော စစ်ပွဲများ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အမုန်းကြောင့်ဖြစ်သောစစ်ပွဲများ

          လွန်ခဲ့သည့် သုံးနှစ်လောက်က အမေရိကန်ပြည်ထောင်စု တက်(က်)ဆပ်ပြည်နယ်၏ တစ်ခုသော တောပိုင်းလမ်းမပေါ်တွင် ဂျိမ်း ဘာ့ဒ်ဟူသော လူမည်းတစ်ယောက် မချိမဆံ့ သေဆုံးခဲ့ရသော ရာဇဝတ် မှုတစ်ခု ဖြစ်ပွားခဲ့သည်။

          အရက်ကလေးထွေထွေဖြင့် ပါတီပွဲတစ်ခုမှအိမ်ပြန်လမ်း လျှောက်လာသော ဂျိမ်းသော့ဒ်ကို ဂျွန်ဝီလျံကင်းနှင့်အပေါင်းအပါ နှစ် ယောက်က ဖမ်းချုပ်ကားပေါ်တင်ကာ မြို့၏အစွန်အဖျားသို့ ခေါ်သွား ပြီး စိတ်ရှိလက်ရှိ ရိုက်နှက်ကြသည်။ ထို့နောက် သူ့ခြေထောက်ကို ကြိုးနှင့်ချည်ကာ ကြိုးကို ထရပ်ကားနောက်ဘက်မှာချည်လျက် မောင်း သွားသည်။ ဘာ့ဒ်သည် ကားနောက်မှာအရှိန်ဖြင့်ဒယဉ့်တိုက် ပါသွား ပြီး ရေမြောင်းကြီးတစ်ခုနှင့် ပြင်းထန်စွာ တိုက်မိကာ ကိုယ်ခန္ဓာနှစ်ခြမ်း ကွဲသွားသည်။ အမှုစစ်ဆေးသော တရားခွင်၌ ရောဂါဗေဒပညာရှင်၏ထွက်ဆိုချက်မှာ “ဘာ့ဒ်သည် ကိုယ်ခန္ဓာနှစ်ခြမ်းပြတ်ပြီး သေဆုံးသွား သည့် နောက်ဆုံးအချိန်အထိ သတိရ အသက်ရှင်ဆဲဖြစ်ဟန်တူသည်” ဟုဆိုပါသည်။ တရားခံကင်းအား သေဆုံးသူ ကာ့ဒ်၏မိသားစုကို တစ် ခုခုပြောဖို့ တရားရုံးက အခွင့်အရေးပေးသောအခါ ကင်းက စပ်ဖြီးဖြီး ပြုံးလျက် မကြားဝံ့မနာသာ စကားတွေကို ရေရွတ်ခဲ့သည်။

          ထိုရာဇဝတ်မှု၏ အရင်းခံမှာ အမုန်းဖြစ်သည်။

          ကြောက်လန့်မှုနှင့် ရွံရှာစက်ဆုပ်မှုသည် အမုန်းဖြစ်သွား သည်။ ထိုအမုန်းကနေ ကိုယ်ထိလက်ရောက် လွန်ကျူးဖြစ်သောအခါ ကင်းသည် အမဲလိုက်သမားဖြစ်ပြီး ဘော့ဒ်က သားကောင်ဖြစ်သွား ခဲ့သည်။

          လူဖြူတချို့က လူမည်းတွေကို မုန်းသည်။

          လူဖြူတချို့က အသားဝါလူမျိုး အာရှနိုင်ငံသားတွေကို မုန်း သည်။

          လူဖြူတချို့နှင့် လူမည်းတချို့က ဂျူးလူမျိုးတွေကို မုန်းသည်။ အာရပ်တွေက ဂျူးတွေကို မုန်းသည်။ သဘာဝယောက်ျားတွေက မိန်းမလျာတွေကို မုန်းသည်။ တချို့ယောက်ျားတွေက မိန်းမတွေကို မုန်းသည်။

          အမုန်းသည် စိတ်ခံစားမှုတစ်ခုသာဖြစ်သော်လည်း စိတ် အတိုင်းမနေ၊ ကိုယ်ထိလက်ရောက် ကျူးလွန်မိအောင် တွန်းအားပေး သည်။ ဤနည်းအားဖြင့် အမုန်းရာဇဝတ်မှု (Hate Crimes)တွေ ဖြစ် ရသည်။

          အမေရိကန်ပြည်ထောင်စု၏ ရာဇဝတ်မှုခင်းဥပဒေတွင် ဆန့် ကျင်ချေမှုန်းစရာ အမျိုးအစားသစ်အဖြစ် အမုန်းရာဇဝတ်မှုကို ထည့် သွင်း ယူရလောက်အောင် အမုန်းသည် မည်သည့်အခန်းကဏ္ဍမှ ပါဝင် ဖန်တီးနေခဲ့ပါသနည်း။

          ၁၉၈၅ ခုနှစ်တုန်းက တစ်နိုင်ငံလုံးတွင် အမုန်းရာဇဝတ်မှုဟု သတ်မှတ်ရမည့် အမှု ၁၁မှု ရှိခဲ့သည်။ ၁၉၉၀ ပြည့်နှစ်မှာ အမုန်း ရာဇဝတ်မှု တစ်ထောင်ကျော်ခဲ့၏။ ၁၉၉၉ ခုနှစ်၏ ပထမပိုင်း (၆)လမှာအမုန်းရာဇဝတ်မှုပေါင်း ၇ဝဝဝ ကျော်ခဲ့ပြီဟု ဆိုပါသည်။

          အမုန်းရာဇဝတ်မှုတွေက အမေရိကန်မှာပဲ ဖြစ်နေတာတော့ မဟုတ်ပါ။ ကမ္ဘာအနှံ့အပြားမှာ ပမာဏအမျိုးမျိုး၊ အဆင့်အမျိုးမျိုး ဖြင့် အမုန်းရာဇဝတ်မှုတွေ ဖြစ်နေခဲ့ကြသည်။ လူမျိုးရေးအမုန်း၊ ဘာ သာရေး အမုန်း၊ လိင်ကွဲပြားမှု အမုန်း၊ ဆင်းရဲချမ်းသာ အမုန်း ဟူ၍ ကွဲပြားခြားနားသလိုပင် အမုန်း၏တွန်းအားကြောင့် ဖြစ်ပျက်ရသော ရလဒ်ဆိုးကျိုးလည်း အမျိုးမျိုးဖြစ်၏။ ရာဇဝတ်မှု၊ အကြမ်းဖက်မှု နှင့် အစုလိုက် အပြုံလိုက်သတ်မှုတို့ဖြစ်သည်။

          ၁၈၆၆ ခုနှစ်က အမေရိကန်ပြည်ထောင်စုတွင် စတင်ခဲ့သော ကေသုံးလုံးအဖွဲ့ လူမည်းသတ်ဖြတ်မှုများသည် လူမျိုးရေးမုန်းတီးမှု ဖြစ်သည်။ ဂျူးလူမျိုး (၆)သန်းကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သော ဟစ်တလာ၏လုပ်ရပ်များသည် လူမျိုးရေးမုန်းတီးမှုဖြစ်သည်။ အာဖရိကအလယ်ပိုင်းမှာ ဟူတူလူမျိုးနှင့် တု(တ်)စီလူမျိုးတွေ (Hutu and Tutsi) သိန်းဂဏန်းနှင့်ချီ၍ အစုလိုက် အပြုံလိုက် သတ်ဖြတ် လက်စားချေကြသည်မှာလည်း လူမျိုးရေးမုန်းတီးမှုပဲဖြစ်သည်။

          တစ်ဦးတစ်ယောက်ချင်းနှင့်သာဆိုင်သော အမုန်းရာဇဝတ်မှု ထက် အုပ်စုလိုက်ပတ်သက်သော အမုန်းရာဇဝတ်မှုက ပိုကြောက်စရာကောင်းသည်။ အုပ်စုလိုက် ပတ်သက်သောအခါ အမုန်းသည် စစ်ပွဲ အဖြစ်သို့ ပြောင်းလဲသွားလေသည်။

          ကျူးလွန်သူ၏ အမုန်းက ကြောက်ခမန်းလိလိ ဆိုးဝါးသည်။ သားကောင်တွေထဲမှ အသက်ရှင်ကျန်ရစ်သူတွေ၏အမုန်းက တရား မျှတသည်။ အကြီးအကျယ် ချေမှုန်း သတ်ဖြတ် ခံလိုက်ရသော Holocaust အဖြစ်အပျက်ကြီးအပြီး၌ ဂျူးလူမျိုးတွေသည် ဂျာမန် တွေ အပေါ် အမုန်းမှတစ်ပါး အခြားဘာခံစားချက်ဖြင့် ရင်ဆိုင်နိုင်ပါမည် နည်း။ ခံလိုက်ရသူတွေက အမုန်းကို လွန်မြောက်ကျော်လွှားနိုင်သည် ဆိုလျှင် အလွန်မြင့်မြတ်သော စိတ်အခြေအနေပဲ။ အမုန်းကို မလွန် မြောက်နိုင်ဘဲ ရှိလျှင်လည်း သူတို့ကို ကျူးလွန်သူတွေလောက်တော့ အပြစ်မတင်ထိုက်ပေ။ ထို့ကြောင့် ကိုဆိုဗာတွေအပေါ်ထားသည့်ဆာ့ဘ်တွေ၏ အမုန်းမှာ ဆော့ဘ်တွေအပေါ်ထားသည့် ကိုဆိုဗာတွေ၏ အမုန်းနှင့်ဘယ်တော့မှ မညီမျှနိုင်ပေ။

          အမုန်းရာဇဝတ်မှု ကို ခွဲခြမ်းစိတ်ဖြာနားလည်နိုင်မှ ထိုရာဇဝတ်မှုတွေကို တွန်းလှန်ပယ်ဖျက်နိုင်မည်။ ထို့ကြောင့်အမုန်း၏ သဘော တရားကို လေ့လာကြည့်လိုက်သည်။

          အမုန်းတော်တော်များများသည် တွေ့နေကျ မြင်နေကျလည်း ဖြစ်ပြီး ရှုပ်လည်း ရှုပ်ထွေးသည်။ အချစ်အမျိုးအစားတွေ ကွဲပြား သလိုပဲဖြစ်၏။ ကြောက်ရွံ့ခြင်းမှလာသော အမုန်းရှိသည်။ အော့နှလုံး နာခြင်းမှလာသော အမုန်းရှိသည်။ အာဏာကိုဖော်ပြသည့် အမုန်း အမျိုးအစားရှိသည်။ အာဏာမဲ့ရာမှ အရင်းခံသော အမုန်းအမျိုးအစား ရှိသည်။ ထိုအမျိုးအစားက လက်စားချေခြင်းကို ဖြစ်စေသည်။ မနာ လိုခြင်းမှလာသော အမုန်းရှိသည်။ အချစ်ဖြစ်ခဲ့ဖူးသော အမုန်းရှိသည်။ အခြားသူတွေကို မုန်းသောအမုန်းရှိသည်။ မိမိကိုယ်ထဲမှ ကိုယ့်အဖြစ် ကိုယ် သတိပေးနေသော အချို့အရာတွေကို မုန်းကြသည်။ ဖိနှိပ် ကျူးလွန်သူ၏ အမုန်းရှိသည်။ ဖိနှိပ်ခံသားကောင်၏ အမုန်းရှိသည်။ တဖြည်းဖြည်း လောင်ကျွမ်းလာသော အမုန်းရှိသည်။ ဝုန်းခနဲ ပေါက် ကွဲသော အမုန်းရှိသည်။ ဘယ်တော့မှ မီးတောက်မလာသော အမုန်း တွေလည်း ရှိပါသည်။

          အမုန်းကို ဖေါ်ပြရန် ထပ်မံတီထွင်ထားသော ခေတ်ပေါ် စကား လုံးတွေရှိ၏။ လူမျိုးရေးဝါဒ (Racism) ၊ ဂျူးဆန့်ကျင်ရေးဝါဒ (Antisemitism)၊ လိင်စွဲဝါဒ (Sexism) ဟူ၍ အမျိုးမျိုးဖြစ်ပါသည်။

          စိတ်ကုပညာရှင် အယ်လီဇဘက် ယန်းဘရူး (Elisabeth Young Bruehl) m poslovsę& The Anatomy of Prejudices တွင် အမုန်းကို (၃)မျိုး ခွဲခြားသတ်မှတ်ပေးထား၏။ အစွဲအမုန်း (Obsessive Hate) sé québe:O 3əq$: (Hysterical Hate) g© အတ္တအမုန်း (Narcissistic Hate) တို့ ဖြစ်ကြသည်။

          အစွဲအမုန်းသည် နာဇီတွေ၏ အမုန်းနှင့် ဟူတူ (Hutu) တွေ ၏ အမုန်းမျိုးဖြစ်သည်။ လိုချင်ပြင်းပြအမုန်းက ပို၍ ရှုပ်ထွေး၏။

          ထိုအမုန်းသမားများသည် အမုန်းခံအရာကို ပျောက်ပျက် မသွားစေ ချင်ကြပေ။ တစ်ချိန်လုံး နှိပ်စက်အနိုင်ယူနေချင်သည်။ ၎င်းမှာ အချစ် အမုန်း အမျိုးအစားဖြစ်သည်။ ဖိနှိပ်ချိုးနှိမ်ထားသော လိင်ဆန္ဒများကို ထွက်ပေါက်ပေးသည့် အမုန်းအမျိုးအစားဟု ပြောနိုင်မလား မသိပါ။ မိန်းမတွေကို မုန်းသောအမုန်းသည် သည်ထဲမှာ အကျုံးဝင်သည်။ အတ္တအမုန်းကလည်း မိန်းမလျာအမုန်းနှင့် မိန်းမအမုန်းတွေမှာ တွေ့ ရသည်။ အမုန်းကို ဘယ်လို လွန်မြောက်နိုင်မလဲ၊ အဖြေရဖို့ ခက်ခဲသော မေးခွန်းတစ်ခုဖြစ်ပါသည်။ မုန်းတီးဖို့ အရင်းခံအကြောင်းတွေ ကို ဘယ်လိုပျောက်ပျက်စေမလဲ။ လူသားဟူ၍ ရှိနေသမျှ၊ လူမျိုးနှင့် လိင်ကွဲပြားနေသမျှ၊ ဘာသာရေး ကွဲပြားနေသမျှ အမုန်းတွေက ရှိနေ ဦးမလား။

          အကြမ်းဖက်မှု ကျူးလွန်မှုကို အစိုးရက နှိမ်နှင်းပေးနိုင်လိမ့် မည်။ သို့သော် လွတ်လပ်သော လူ့အဖွဲ့ အစည်းမှာ အမုန်းတရားကို အစိုးရက ဘယ်လိုနည်းနှင့် နှိမ်နင်းနိုင်မလဲ။ အမုန်းနှင့်ဘက်လိုက်မှု အာဃာတကြားက နယ်နိမိတ်က ရှုပ်ထွေးပြီး ဝါးနေသည်။ ဘက် လိုက်မှု အာဃာတနှင့် ထင်မြင်ချက်အကြား၊ ထင်မြင်ချက်နှင့် အမုန်း တရားအကြားက နယ်နိမိတ်ကလည်း ခပ်ဝါးဝါး ရှုပ်ထွေးလျက်ပါပဲ။ ထို့ကြောင့် တရားဝင်နိုင်ငံရေးဆိုင်ရာ မီးတံတိုင်းတည်ဆောက်ကာဆီး ဖို့ ကြိုးစားခြင်းသည် သေးသိမ်သော မှန်းဆ စွန့်စားမှုတစ်ခုပင် ဖြစ် သည်။

          တစ်နည်းပြောရလျှင် ရာဇဝတ်မှုကို နှိမ်နင်းနိုင်သည်။ အမုန်း ကို နှိမ်နင်းလို့မရ။ သည်သို့သာဆိုလျှင် အမုန်းရာဇဝတ်မှုကို မည်ကဲ့ သို့ ရပ်တန့်နိုင်ပါ့မလဲ။ အမုန်းကို လွန်မြောက်သွားသည့် စိတ်အခြေ အနေတစ်ခုဖြင့်သာ ရပ်တန့်စေနိုင်ပါလိမ့်မည်။ အမုန်းကို လွန်မြောက် ဖို့ဆိုလျှင် ထိုအမုန်းကိုသည်းခံနိုင်စွမ်းရှိရမည်။ အဲဒါက ဘယ်လောက် ခက်ခဲလိုက်မလဲ။ အမုန်းကို သည်းခံဖို့ဆိုရာ၌ နှစ်မျိုးရှိပါသည်။ တစ် မျိုးက အမုန်းကို ခံနိုင်ရည်ရှိခြင်း (Tolerance) နှင့် နောက်တစ်မျိုးက မုန်းတီးပါလျက် သည်းခံခြင်း (Toleration) ဖြစ်သည်။ ခံနိုင်ရည်ရှိခြင်းသည် အမုန်းကို ပယ်ဖျက်နိုင်ခြင်းဖြစ်၏။ သည်းခံခြင်းကတော့ အမုန်းနှင့်အတူတကွ တည်ရှိစွာ ခွင့်ပြု သည်းခံခြင်းဖြစ်သည်။ လူ့ ယဉ်ကျေးမှုနှင့် လူ့အဖွဲ့ အစည်းအနေအထားအရ လူသားအားလုံးသည် ဒုတိယအမျိုးအစားကို နှလုံးသွင်းလျက် နေနိုင်ဖို့က ပိုပြီးသဘာဝကျ သည် ထင်ပါသည်။

          အမုန်းကို အမုန်းအတိုင်း ခွင့်ပြုကာ သည်းခံခြင်းကို နှစ်ဦး နှစ်ဘက် တစ်ပြိုင်တည်းကျင့်ကြံအားထုတ်ကြလျှင် ဖိနှိပ်သည့် အမုန်း လည်း ရှိလာမှာမဟုတ်။ ခံရလို့ လက်စားချေသည့် အမုန်းလည်း ရှိလာ မှာမဟုတ်။ ဂျူးလူမျိုးကို ဂျူးလူမျိုးအဖြစ် အာဃာတမထားဖို့၊ အာ ရပ်ကို မူဆလင်ကို အာရပ်အဖြစ်၊ မူဆလင်အဖြစ် အာဃာတမထားဖို့၊ ခရစ်ယာန်ကို ခရစ်ယာန်အဖြစ် အာဃာတမထားဖို့၊ လူမည်းကို လူ မည်းအဖြစ် တစ်ဆင့်မငြိမ်ဖို့ လူသားတွေ လိုက်နာကျင့်သုံးမည်ဆိုလျှင် အမုန်းရာဇဝတ်မှုတွေ လျော့ကျသွားစရာ ရှိပါသည်။

          နာကျင်စွာခံစားရသည့် လူတစ်ယောက်အား အာဃာတ မ ထားရန် တရားချခြင်းသည် အောင်မြင်နိုင်ပါ့မလား။ မျှရောမျှတ ပါ့မလား။ သည့်အတွက် လူ့အဖွဲ့ အစည်းက သို့မဟုတ် မူလနာကျင် စေသူဘက်က တစ်ခုခုတော့ ကြွေးဆပ်ပေးရန် သူကတောင်းဆိုလိမ့် Goril sags:coposaq 6023203 odcosAn Eye For An Eye on သော တောင်းဆိုချက်ဖြစ်မည်။

          သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ An Eye For An Eye ဟူသော အစွန်းရောက်ဥပဒေသည် တကယ်တမ်း ကျူးလွန်သူ အပေါ် ထိသည်ထက် လုံးဝအပြစ်မရှိသော အဆက်အနွယ်များအပေါ် ထိ သည်က များနေခြင်းဖြစ်ပါသည်။ အစုလိုက်အပြုံလိုက် သတ်ခံရ သူတွေအားလုံးသည် သူတို့ကိုယ်တိုင် ကျူးလွန်သော အပြစ်ကြောင့် ခံရသည်မဟုတ်။ သူတို့လူမျိုးထဲမှ၊ သူတို့မိတ်ဆွေထဲမှ၊ သူတို့ ဆွေ စဉ် မျိုးဆက်ထဲမှ တစ်ယောက် ယောက်က၊ တစ်အုပ်စုက ကျူးလွန် သွားသောကြောင့် သူတို့ခံရခြင်းဖြစ်သည်။

          လူတစ်ယောက် သေသွားလို့ နောက်လူတစ်ယောက်ကိုလက်စားချေ သည် အနေနှင့် သတ်ခြင်းသည် ဘာအဓိပ္ပာယ်ဆောင်ပါသလဲ။ ကျေသွားပြီလား။ ကျေသွားပြီဟု ပြောလို့ရသလား။

          ကိုယ့်ဘက်က ကျေလျှင်တောင် သူ့ဘက်က မကျေပါ။ ဘာ ကြောင့်လဲဆိုတော့ ခံရသူတိုင်းသည် ဘယ်တော့မှ မူလက ကျူးလွန် ခဲ့သူကိုယ်တိုင် မဖြစ်ခဲ့။ ဘေးလူတွေချည်းဖြစ်သည်။

          ဘယ်သူ့ဘက်က ဘယ်နှစ်ယောက်ပဲသေသေ၊ သေသည်က လူသားတွေဖြစ်သည်။ လူသားတွေ သေနေသမျှ ဘယ်လူသားမှ မနိုင် နိုင်ပါ။

          ကမ္ဘာပေါ်မှာ အမုန်းကြောင့်ဖြစ်သော စစ်ပွဲများလှပြီ။ ဘာ သာရေး စစ်ပွဲတွေ၊ လူမျိုးရေးစစ်ပွဲတွေ၊ ဖိနှိပ်သူနှင့် ပြန်လှန်သူ၏ စစ်ပွဲတွေ၊ ဘယ်အကြောင်းကြောင့် တိုက်ခိုက်သောစစ်ပွဲပဲ ဖြစ်ဖြစ် အမုန်းကရှို့ သောမီးတွေသည် နိုင်ငံအားလုံးကိုပြန့်သွားလျှင် ကမ္ဘာကြီး တစ်ခုလုံး သေကျေပျက်စီးရတော့မည်။

          သည်စစ်ပွဲကို ဘယ်နတ်ဒေဝတာမှ တားပေးမှာမဟုတ်။

          ကာယကံရှင်တွေက ရပ်မှသာ ပြီးမည့်စစ်ပွဲဖြစ်သည်။

          Ref; - What's So Bad About Hate? by Andrew Sullivan

                    (Eleven News Vol:1/No:1, 11-11-2001)

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)