Skip to product information
1 of 6

Other Websites

ဂျူး - နိုဝင်ဘာမိုး

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အောင်နိုင်ခြင်းမီးလျှံ

ဂျွန်ဘွန်ဂျိုဗီ

          နွမ်းနယ်တဲ့ဦးခေါင်းကို ထုရင်း ကျွန်တော်မနက်အိပ်ရာက နိုးလာခဲ့ပြီ ကုတ်အင်္ကျီဟောင်းတစ်ထည်ဟာ ကျွန်တော့်အတွက် ခေါင်းအုံးပဲ မြေကြီးကတော့ အိပ်ရာပေါ့။ ။ ကျွန်တော်ဘယ်ဆီကိုသွားနေတယ်လို့ ကိုယ်တိုင်မသိ ကျွန်တော်ဘယ်နေရာရောက်နေတယ်ဆိုတာလည်း ဘုရားသခင်မှပဲသိမှာပါ ကျွန်တော်ဟာ မရပ်မနားပြေးနေခဲ့ရတဲ့ ဒုက္ခခရီးသည် ပြီးတော့ ခြောက်လုံးပူးသေနတ်ကို ချစ်သူ

          ပြောရရင်တော့ ကျွန်တော်ဟာ လေပြင်းထဲမှာ တောက်လောင်နေတဲ့ ဖယောင်းတိုင် တစ်တိုင်ပါပဲ။ ။ လူတစ်ယောက်ကို လောကကြီးထဲ ခေါ်လာပြီဆိုတာနဲ့ ဒီလူဟာ အပြစ်တွေနဲ့ မွေးဖွားလာတာလို့ သူတို့ကပြောကြတယ်။ ထားပါတော့... အနည်းဆုံးပေါ့လေ။ သူတို့ ကျွန်တော့်ကိုတိုက်ခိုက်ယူစရာလည်း မလို ခိုးဝှက်ယူစရာလည်း မလိုတဲ့ တစ်စုံတစ်ခုကိုတော့ ပေးအပ်ခဲ့ပါတယ်။ သူတို့က ကျွန်တော့်ကို “အလိုရှိသည်”လို့ ကြေညာကြတယ်။ ။ ဟုတ်တယ်၊ ကျွန်တော်က သူတို့ရဲ့ “ဝရမ်းပြေး’ပဲ။

          ပြောရရင်တော့ ကျွန်တော်ဟာ ခင်ဗျားရဲ့ မြင်းဇောင်းထဲက အရိုင်းသက်သက်မြင်းကလေးတစ်ကောင်ပါ။

          “အေဘယ်လ်”လိုလူအတွက်တော့ ကျွန်တော်ဟာ“ကိန်း”ပဲပေါ့။

          ခင်ဗျား ကျုပ်ကို မိအောင်ဖမ်းနိုင်ရင် ဖမ်းလိုက်စမ်း၊ ကျွန်တော် အခု အောင်နိုင်ခြင်းမီးလျှံထဲကနေ လာနေပြီ။

          အခု ကျုပ်ကိုဖမ်းလိုက်လေ။ဒါပေမဲ့အမုန်တစ်ခုကိုတော့သိထားလိုက်စမ်း၊

          ကျုပ်ဟာ ဘယ်တုန်းကမှသေနတ်ကိုအဦးဆုံးဆွဲထုတ်ခဲ့တဲ့ကောင်မဟုတ်ဘူး။

          ဒါပေမဲ့ ပြိုင်ဘက်ကို အဦးဆုံးသွေးစွန်းစေခဲ့တဲ့ကောင်နော်။

 

ကျွန်တော်ဟာ ဘယ်သူ့ ရဲ့ သားမှ မဟုတ်ဘူး၊

ကျွန်တော့်ကို သေနတ်လေးလို့ ခေါ်နိုင်တယ်။

 

ခင်ဗျားက ကျွန်တော့်ကို ကျွန်တော့်အသိစိတ်အကြောင်း မေးတယ်။

ကျွန်တော်က ကျွန်တော့်ဝိညာဉ်ကို ခင်ဗျားဆီကမ်းလှမ်းပါတယ်။

ခင်ဗျားက ကျွန်တော့်ကို “ပညာရှိတစ်ယောက်အဖြစ် ကြီးပြင်းရင့်ကျက်လာ မှာလား”လို့ မေးတယ်၊ ကျွန်တော်က “အိုမင်းရင့်ကျက်တဲ့အထိ ကျွန်တော်အသက်ရှင်နေမှာလား”လို့ ပြန်မေးရမှာပဲ။

“အချစ်ကိုသိခဲ့ပြီလား၊ မိုးရေထဲမှာသီချင်းတွေဆိုရတာဘယ်လိုနေမလဲ”လို့ ခင်ဗျားက မေးတယ်။

ချစ်ခြင်းမေတ္တာရောက်လာတာကို ကျွန်တော်မြင်ဖူးတယ်၊အဲဒီချစ်ခြင်းမေတ္တာ ပစ်ချခံလိုက်ရတာကိုမြင်ဖူးတယ်။

အချည်းနှီးအလဟဿကျဆုံးသွားရတာကိုလည်း ကျွန်တော်မြင်ဖူးပါတယ်။

 

အောင်နိုင်ခြင်းမီးလျှံထဲမှာ ပစ်သတ်ပြီး ကျုပ်ကို ရအောင် ယူနိုင်ရင် ယူလိုက်ပေါ့။

ဒါပေမဲ့ အမှန်တစ်ခုကိုတော့သိထားလိုက်စမ်းပါ။

ကျုပ်ဟာဘယ်တုန်းကမှသေနတ်ကိုအဦးဆုံးဆွဲထုတ်ခဲ့တဲ့ကောင်မဟုတ်ဘူး၊

 ဒါပေမဲ့ ပြိုင်ဘက်ကို အဦးဆုံးသွေးစွန်းစေခဲ့တဲ့ ကောင်နော။

ကျုပ်ဟာ ခင်ဗျားအတွက် မိစ္ဆာရဲ့ သားပေါ့။

ကျွန်တော့်ကို သေနတ်လေးလို့ ခေါ်နိုင်တယ်။

 

ညစဉ် ကျွန်တော်အိပ်ရာဝင်တိုင်း ဘုရားသခင်ဆီမှာ ဆုတောင်းတာကတော့ ကျွန်တော့်ဝိညာဉ်ကို ထိန်းသိမ်းပေးဖို့ပါ၊

ဒါပေမဲ့ ခွင့်လွှတ်မှုကိုတော့ တောင်းဆိုလိမ့်မယ်မဟုတ်ပါဘူး။

ခြောက်ပေအနက်မြေထုထဲ မရောက်ခင်တော့ ကျွန်တော့်ကို အခွင့်တစ်ခုပေးပါ ဘုရားသခင်၊ အရှင် နားလည်နိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

 ဘာကြောင့်လဲဆိုတော့ ကျွန်တော်ဟာ ဘဝမှာအပြည့်ဝဆုံးအသက်ရှင်ခဲ့ပြီးပြီမဟုတ်လား၊

 ဒီသူငယ်လေးကို

ယောက်ျားတစ်ယောက်လို သေဆုံးခွင့်ပေးပါ။

အသက်ဇီဝိန်ကို ခွေထုတ်ဖို့ သေနတ်ပြောင်းဝက ခုန်ထွက်လာတဲ့

သေမင်းတမန်ကျည်ဆန်ကို ရဲရဲစိုက်ကြည့်ရင်း . ကျွန်တော့်ရဲ့

နောက်ဆုံးမတ်မတ်ရပ်ခြင်းကို အခွင့်ပေးပါ။

 

အောင်နိုင်ခြင်းမီးလျှံထဲမှာပစ်သတ်ပြီး ကျွန်တော့်ကို အခုပဲ ရအောင်ယူနိုင်ရင် ယူလိုက်ပေါ့။

ကျွန်တော် အောင်နိုင်ခြင်းမီးလျှံထဲကနေ လာနေပြီ။

ဘုရားသခင်... ကျွန်တော်ဟာ ဘယ်တုန်းကမှသေနတ်ကို ပြိုင်ဘက်ထက်အရင်ဆွဲထုတ်ခဲ့တဲ့ကောင် မဟုတ်ပါ၊

ဒါပေမဲ့ ပြိုင်ဘက်ကိုတော့ အဦးဆုံးသွေးစွန်းစေခဲ့သူပေါ့။

ကျွန်တော်ဟာ ဘယ်သူ့သားမှမဟုတ်၊ ကျွန်တော့်ကို“သေနတ်လေး”လို့ ခေါ်နိုင်ပါတယ်။

 

          ဒီသီချင်းဟာ ဘွန်ဂျိုဗီအဖွဲ့ ရဲ့ နာမည်အကြီးဆုံးသီချင်းတွေထဲက တစ် ပုဒ်ပါ။ သီဆိုတဲ့သူက ဘွန်ဂျိုဗီအဖွဲ့ရဲ့ ပင်တိုင်အဆိုတော် ဂျွန်ဘွန်ဂျိုဗီပါပဲ။ သူ့သီချင်းတွေ တော်တော်များများကို ကိုယ်တိုင်ရေးခဲ့တယ်၊ တချို့သီချင်းတွေ ကိုတော့ သူ့ရဲ့ ပင်တိုင်လိ(ဒ်)ဂစ်တာသမား ရစ်ချီဆမ်ဘိုရာနဲ့ တွဲပြီး ရေးခဲ့ တယ်။ ။

          အခု 'Blaze of Glory' သီချင်းဟာ သံစဉ်၊ စာသား၊ ဂီတ ဖွဲ့စည်းမှု အလွန်ကောင်းတဲ့သီချင်းပါပဲ။ ဒီသီချင်းရဲ့ ကော်ပီကို သီချင်းရေးဆရာ မင်း ချစ်သူက “ကန္တာရခရီးသည်”ဆိုတဲ့နာမည်နဲ့ ရေးခဲ့ပြီးတော့ ဇော်ဝင်းထွဋ်က ဆိုခဲ့ဖူးပါတယ်။ အဲဒီကော်ပီကလည်း ဇော်ဝင်းထွဋ်ရဲ့ နာမည်အကြီးဆုံးသီချင်း တွေထဲမှာ တစ်ပုဒ်အဖြစ် ပါဝင်ခဲ့တယ်လို့ ပြောရမယ်။

          ဂျွန်ဘိုဂျိုဗီရဲ့ 'Blaze of Glory' အ ကြောင်းပြောရင် Young Guns ရုပ်ရှင်တွေအကြောင်းပါ တွဲပါလာတတ်ပါတယ်။ ဂျွန်ဘွန်ဟာ အဲဒီသီချင်းကို Young Guns II ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်သိမ်းသီချင်းအဖြစ် အသုံးပြုခွင့်ပေးခဲ့တယ်။ Young Guns ရုပ်ရှင်တွေကို လူငယ် တော်တော် များများ သိကြတယ်။ ကောင်းဘွိုင်ကားတွေထဲမှာ အလွန်နာမည်ကြီးတာ ကိုး။ ပါဝင်ခဲ့တဲ့ဇာတ်လိုက်တွေကလည်း လူငယ်လေးတွေပေါ့။ အဓိကသရုပ် ဆောင်က Emilio Estavez ပါ။ အရပ်ခပ်ပျပ်ပျပ်၊ ခပ်သွက်သွက်၊ ဒါပေမဲ့ လောကကို တအံ့တဩ အခုမှလေ့လာနေရတဲ့မျက်လုံးမျိုးနဲ့ ရိုးသားပြီး ချစ် စရာကောင်းတဲ့အသွင်မျိုးရှိတဲ့ အဲဒီချာတိတ်ဟာ သူကိုယ်တိုင် ဒါရိုက်တာ လုပ်ပြီး ရုပ်ရှင်လောကကို စိန်ခေါ်နိုင်နေပါပြီ။သူက Young Guns ရုပ်ရှင် တွေမှာ အမေရိကန်ကောင်းဘွိုင်သေနတ်သမား Billy အဖြစ် သရုပ်ဆောင်ခဲ့ တယ်။ သူနဲ့အတူသရုပ်ဆောင်ခဲ့တဲ့လူငယ်တွေကတော့ လူဒီယာ မွန် ဖီးလစ်၊ ကီဖာဆပ်သာလန်၊ ခရစ်ရှန်ဆလေတာတို့ပါပဲ။ ။

          Young Guns poqesoome: clypeus: sacaame sacopos ၎င်း နယ်တွေမှာ အင်မတန်နာမည်ကြီးခဲ့တဲ့ Billy The Kid ဆိုတဲ့ သေနတ် သမားကြီးအကြောင်းကိုပါ ထည့်ပြောရမှာပဲ။ Billy The Kid ဟာ အခုအချိန် မှာ ဒဏ္ဍာရီပုံပြင်သဖွယ်ဖြစ်လာပြီး အမေရိကန်မြင်းစီးသမားကောင်းဘွိုင်တွေ ရဲ့ အာရုံထဲမှာ စွဲကျန်နေအောင် တစ်ချိန်တုန်းက နာမည်ကြီးခဲ့တဲ့ တကယ့် လူသားတစ်ယောက်ဖြစ်ပါတယ်။ သေနတ်ပစ်တဲ့နေရာမှာ လက်လည်း ဖြောင့် တယ်၊ သွက်လည်းသွက် မြန်လည်း မြန်တယ်။ ဘီလီနဲ့တွေ့ရင် အဲဒီသေနတ် သမားဟာ နောက်ကျသွားတာချည်းပါပဲ။ "

          ဘွန်ဂျိုဗီအဖွဲ့ဟာ Young Guns ရုပ်ရှင်အတွက် အာရုံဝင်စားပြီးသီချင်း တွေ တော်တော်ရေးခဲ့တယ်၊ အဲဒီအထဲမှာ 'Billy Get Your Guns' ဆိုတဲ့ သီချင်းလည်းပါတယ်။ Blaze of Glory ကတော့ ဘွန်ဂျိုဗီအဖွဲ့ရဲ့ စတိတ်ရှိုး တိုင်းမှာ မပါလို့မဖြစ်တဲ့ အအောင်မြင်ဆုံးသီချင်းတစ်ပုဒ်ပေါ့။

          သီချင်းရဲ့ အဓိပ္ပာယ်ကို မသိဘဲလည်း Blaze of Glory သီချင်းဟာ နား ဆောင်လို့ သိပ်ကောင်းနေတာပါပဲ။ သူ့ဂီတက ပြောစရာမလိုအောင်ပြည့်စုံ လှပတာကိုး။ ဒါပေမဲ့ အဓိပ္ပာယ်ကိုသိပြီးရင် နားထောင်ရတာ ပိုပြီးအရသာ ရှိလာမှာ သေချာပါတယ်။

          အာရုံထဲမှာ မှီတွယ်ရာမဲ့သေနတ်သမားလေးတစ်ယောက်ရဲ့ လှုပ်ရှားမှုတွေကို မြင်ယောင်လာလိမ့်မယ်။ မြင်းကို ဒုန်းစိုင်းစီးရင်း ပြေးလွှားနေတဲ့မြင်း ပေါ်မှာ ကိုယ်ကို တစ်ပတ်လှည့်စောင်းပြီး နောက်ကလိုက်လာတဲ့ ရန်သူတွေ ကို သေနတ်နဲ့ပစ်ခတ်ခုခံရတဲ့မြင်ကွင်းတွေ မြင်းခွာအောက်မှာဖုန်တထောင်း ထောင်း ကျန်ရစ်ခဲ့တဲ့ တောင်ဆင်းလမ်း တောင်တက်လမ်း မြေနီတွေ၊ လွင်ပြင် တွေ၊ သေနတ်ဒဏ်ရာနဲ့ အတုံးအရုံးလဲကျသွားတဲ့ လူဆိုးလူမိုက်တွေ၊ အော် ဟစ် ပြေးလွှားသံတွေ၊ ကျောက်ဆောင်နံရံနဲ့ တွေ့ပြီး ပြန်ကန်ထွက်လာတဲ့ ကျည်ဆန်တွေ..ဒါတွေကို မြင်ယောင်ကြားယောင်လာလိမ့်မယ်။ အောင်နိုင် မှုရဲ့ အရသာဟာ မီးလျှံလို တောက်ပတယ်၊ မီးလျှံလို စွမ်းအားရှိတယ်။ မီး တောက်မီးလျှံဆိုတာ ထိသူကို ပူပြင်းလောင်ကျွမ်းစေတယ်မဟုတ်လား။ .

          လူတစ်ယောက်ဟာ လောကအလယ်မှာ အောင်နိုင်ဖို့ သူ့ဘက်က ပေး ဆပ်ရတဲ့ တစ်ဘဝစာရုန်းကန်ကြိုးစားမှုတွေ လိုအပ်တယ်။ အသိဉာဏ်၊သတိ၊ လျင်မြန်မှု၊ သွက်လက်မှု၊ ခွန်အား၊ နောက်ပြီးတော့ အောင်နိုင်ရဲတဲ့သတ္တိ... အဲဒါတွေ လိုတာပေါ့။ အောင်နိုင်ရဲတဲ့သူဟာ သေမင်းကိုရင်ဆိုင်တဲ့အချိန်မှာ လည်း ရဲရဲရင်ဆိုင်ရလိမ့်မယ်။

          ဂျွန်ဘွန်ဂျိုဗီပေးချင်တဲ့ Blaze of Glory ဟာ အဲဒါပဲပေါ့။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)