Skip to product information
1 of 2

Other Websites

ဂျူး - ချစ်သူလား စကားတစ်ပွင့် ပွင့်ခဲ့တယ်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ချစ်သူလား စကားတစ်ပွင့် ပွင့်ခဲ့တယ်

          ကျွန်မကို ထိုနေရာသို့ရောက်အောင် ဆွဲဆောင်လိုက်သည်မှာ ဇွန်လ၏ မိုးသက်လေတွင် ထုံအီ မွှေးပျံ့သော ပန်းရနံ့လား၊ သို့မဟုတ် နှင်းထုပ်တွေလို ဆွတ်ဆွတ်ဖြူလျက် ပင်လုံးကျွတ် ခမ်းနားစွာ ပွင့်နေ ကြသော ပန်းပွင့်တွေ၏ အလှလား၊ ကျွန်မ မခွဲခြားနိုင်ခဲ့။ အပင် ခြေရင်းသို့ ကျွန်မရောက်သွားသောအချိန်တွင် ပတ်ဝန်းကျင် တစ်ခုလုံး စံကားဖြူပွင့်များဖြင့် လွှမ်းခြုံလျက်ရှိသည်။

          အဖြူရောင်ပွင့်ချပ်ရှည်များ ကားစွင့်လျက် ပွင့်နေသော ပန်း တို့သည် အရွက်မရှိသလောက် နည်းပါးသော ရိုးတံကျဲကျဲ အကိုင်း များတွင် ဆွတ်ဆွတ်ဖြူ ပြန့်ကြဲနေသဖြင့် အလှပဆုံးသော မြင်ကွင်းကို ပေးလေသည်း၊ စံကားဖြူပွင့်သည် ကမ္ဘာပေါ်တွင် ရနံ့အမွှေးဆုံးပန်းထဲ၌ ပါဝင်၏။

          သူ့ခြေရင်းသို့ ကျွန်မရောက်သွားသော အချိန်သည် မှောင်ရီပျိုးစ ညနေခင်း ဖြစ်သည်။ မျက်စိတစ်ဆုံး စိမ်းမှောင်သောသစ်ပင်များအပြည့် သစ်တောအုပ်ထဲမှာ ရောက်နေသဖြင့် ကောင်းကင်ကို အပြည့် မပြင်ရ သော်လည်း မြင်ရသမျှ ကွက်ကွက်လေးမှာ တိမ်တွေ လိမ္မော်ရောင် တောက်နေသည်။ သူ့ခြေရင်းမှာ ရပ်လိုက်သောအချိန်၌ ကျွန်မကို အာရုံလေးခုက ညှိယူထားလိုက်သည်။ တစ်ခုက နက်ရှိုင်းသောကမ်းပါး ဖြင့် ကွေ့ကောက်စွာစီးဆင်းလာသော မြစ်တစ်စင်း၏ရေသံ၊ နောက်တစ် ခုက ထုံရီမွှေးပျံ့လှသည့်ပန်းရနံ့၊ နောက်တစ်ခုက ပင်လုံးကျွတ် ပြန့်ကြဲစွာ ပွင့်နေသည့် အဖြူရောင် ပွင့်ချပ်ရှည် စံကားပွင့်များ၊ နောက်တစ်ခုက ကျွန်မ၏ ပါးပြင်ဆီသို့ နူးညံ့စွာထိတို့ ပွတ်တိုက်သွားသော ဝတ်မှုန်များ၊         

          ကျွန်မ၏ဖိနပ်ကို ချွတ်လိုက်သည်။ ပန်းပွင့်ကြွေများကို ရှောင်လို့ မရတော့လို့ နင်းရတော့မည်ဆိုလျှင် ဖိနပ်မပါ ဗလာခြေဖဝါးဖြင့်သာ နင်းလိုပါသည်။ မိုးဖွဲဖွဲ့ဖြင့် အနည်းငယ်စိုစွတ်အေးမြသော နူးညံ့သော ပွင့်ချပ်များသည် ထိလိုက်သည့် ကျွန်မခြေဖဝါးအား ပွဖွညင်သာ ခံစားမှုကို ပေးလေသည်။ ကျွန်မ သူတို့ကို လက်ဖြင့် ထိကိုင်လို၍ ထိုင်ချလိုက်သည်။

          မြို့၏အသံများဖြင့်သာ ရင်းနှီးခဲ့သော ကျွန်မသည် တောတောင် ၏ တိတ်ဆိတ်စွာ လှပသည့် ညှိယူမှုကို ပထမဆုံးအကြိမ် ခံစားရသည် ၌ ထိုအရသာကို စွဲမက်သွားလေသည်။

          အံ့သြစရာကောင်းလောက်အောင်ပင် ကျွန်မ ထိုနေရာမှာ လဲလျောင်းပစ်လိုက်ချင်စိတ်တွေ ဖြစ်ပေါ်လာခဲ့သည်။ ထို့နောက် တကယ်ပင် လှဲအိပ်ချလိုက်သည်။ လူတစ်ယောက်ကို အိပ်ပျော်အောင် အိပ်မွေ့ချသည့် အတတ်ပညာအကြောင်း ကျွန်မ ကြားဖူးပါသည်။

          ဒါပေမယ့် ကျွန်မကို အဲသည်နေရာမှာ အိပ်ပျော်အောင် ညှိယူ ဖမ်းစားလိုက်တာ ဖြူဆွတ်လှပသော စံကားပွင့်တွေလား၊ လေထု တစ်ခုလုံး လွှမ်းခြုံထားသော မွှေးရနံ့လား၊ ကျွန်မ မသိပါ။

          ဘုရားရေ... ပန်းပွင့်ကြွေတွေကြဲပြန့်ရာ မြေပြင်မှာ လှဲအိပ် လိုက်ရသည့်အရသာ သည်လောက်သာယာမှန်း အဲသည်တော့မှ ကျွန်မ သိသည်။ ထိုအချိန်မှာ ကျွန်မတစ်ကိုယ်လုံး ပါးလျား ပျော့ ပျောင်းသည့် ချည်စတစ်ခုပမာ ပေါ့ပါးလွင့်မျောသွားသည်။

          ပတ်ဝန်းကျင်တစ်ခုလုံး မြင့်မားဖြောင့်တန်းလှသော အရိပ် အခက် စိပ်စိပ် သစ်ပင်များ စိမ်းမှောင်ထူထပ်စွာ ပေါက်ရောက်နေသည့် မြေပေါ်မှာ ကျွန်မ လဲလျောင်းနေချိန်တွင် ကျွန်မသည် ကိုယ်တိုင်၏ ဖြစ်တည်မှုကို မေ့လျော့သွား၏။ ကျွန်မ ဘာကြောင့် ဤနေရာသို့ ရောက်လာရသည်ဟူသော အကြောင်းရင်းကိုမေ့လျော့သွား၏။ ရန်ကုန် မှာ ကျန်ခဲ့သော ကျွန်မ စိတ်တိုရလောက်အောင် အလုပ်ကို လေးစား တတ်လွန်းသော သူ့ကို စိတ်ထဲကမျှော်နေမိသည့် အဖြစ်ကိုပါ မေ့လျော့ သွား၏။ ရာနှင့်ချီ၍ စနစ်တကျစိုက်ပျိုးထားသော စံကားပင် အစုအဝေး က ကျွန်မကို မိန်းမောသွားအောင် ညှိယူထားလိုက်ပြီထင်သည်။

          ထိုအချိန်မှာ ပထမဆုံးသောပုံပြင်စခဲ့သည်။

          “တစ်ခါတုန်းက ရထားတစ်စင်းဟာ အပူပိုင်းဒေသထဲက တောင်ပေါ်ရွာလေး တစ်ရွာကိုရောက်တော့ စက်ချို့ယွင်းသွားတာနဲ့ ခဏရပ်သွားတယ်။ ရထားရပ်နေတုန်း လူငယ်လေးတစ်ယောက် ရထားပေါ်က ဆင်းလာတယ်” ။

          အသံသည် အသက် သိပ်မကြီးသေးသော ယောက်ျားငယ်တစ်ယောက်၏ အသံဖြစ်သည်။ ကျွန်မ အိပ်နေရာ စံကားဖြူပင်၏ နောက်မှ လာသည်။ အသံက တိုးတိုး၊ ပွဖွညက်ညက်၊ နူးညံ့သိမ်မွေ့ သည်။ စိတ်ရှည်ရှည်တတ်မည့် အသံမျိုးဖြစ်သည်။ ဘယ်သူပါလိမ့်။ သစ်ပင်ရိပ်မှာ ခဏနားတဲ့ ခရီးသွားတစ်ယောက်လား။ ကျွန်မ ရှိနေ မှန်းသိလို့ ပြောနေတာလား၊ သို့မဟုတ် ကျွန်မရှိမှန်းမသိဘဲ သူ့ဟာသူ ပြောနေတာလား။ ကျွန်မကို ရန်ပြုမည့်သူ တစ်ယောက်တော့ ဟုတ် ဟန်မတူပါ။

          “ဆင်းတုန်းကတော့ ထိုင်ရတာညောင်းလို့ အညောင်းပြေ လမ်းလျှောက်ဖို့ပဲ။ ဒါပေမဲ့ မြေပြင်ပေါ်ရောက်လို့ ဟိုနားဒီနား လမ်းလျှောက်နေတုန်းမှာပဲ ရထားလမ်းဘေးက ချုံပင်တစ်ပင်မှာ နားနေတဲ့ အဝါရောင် ငှက်လေးတစ်ကောင်ကို မြင်သွားတယ်။ ငှက်လေးက လှလွန်းတော့ သူလည်း အနားကိုကပ်သွားပြီး ကြည့်မိတယ်။ ငှက်ရဲ့ တစ်ကိုယ်လုံးက အမွေးအတောင်တွေက ငုဝါရောင်၊ လည်ပင်းမှာတော့ လည်ပတ်လိုပဲ မီးခိုးရောင်အရစ်လေး တစ်ခုပါတယ်၊ သူက အသာလေးချော့ပြီး ကိုင်ဖို့ပြင်တဲ့အခါ ငှက်လေးက ဖျတ်ခနဲတော့ အတောင်ပံခတ်ပျံလိုက်သေးတယ်။ ဒါပေမယ့် အဝေးကို မပျံပြေးဘဲ လူငယ်လေးနားမှာ ဝဲနေသတဲ့။ ဒီတော့ သူကလည်း လက်ဖဝါးဖြင့် ပေးလိုက်တာပေါ့။ သူဖြစ်စေချင်သလို ငှက်ကလေးက သူ့လက်ဖဝါး ပေါ်တော့ ပနားဘူး၊ ဒါပေမယ့် လက်ဖဝါးထဲကို သူချီထားတဲ့ အစေ့ လေးတစ်စေ့ ချပေးလိုက်တယ်။”

          ပတ်ဝန်းကျင်တွင် တဖြည်းဖြည်း အလင်းရောင် နည်းလာသည်။ မွှေးရနံ့တွေကတော့ ယစ်မူးဝေလောက်အောင် ထုံသင်းဆဲ။ ကျွန်မ အိပ်ပျော်နေလိုသေးသည်။ သည် အရသာမှ လွှဲဖယ်မပစ်ချင်သေးပါ။

 

 

          ချင်ရဲ့လားဆိုတာတော့ မသေချာဘူး"

          သူ့ပုံပြင်ကို ကျွန်မ စိတ်ဝင်စားစပြုလာသည်။ သူသည် ပုံပြော နေကျ လူတစ်ယောက်လိုပင် ဘယ်နေရာမှာ ခဏဖြတ်ထားရမလဲ ဟု သိနေပုံမျိုးဖြင့် ခဏရပ်သွားသည်။ အသံသည် ကျွန်မ၏အထက် တည့်တည့်မှလာသလား၊ စံကားဖြူပင်၏ နောက်တည့်တည့်မှ လာ သလား။ ကျွန်မ မသိပါ။ ထိုစကားသံကလွဲလျှင် သူ့ဆီက ဘာသံမှ မကြားရ။ အဝတ်စချင်း ပွတ်တိုက်သံ၊ သစ်ပင် ပင်စည်နှင့် သူ ထိကပ် လှုပ်ရှားသံ၊ သစ်ရွက်များ ပန်းပွင့်များကို နှင်းမိသံ၊ ဘာဆိုဘာမှ မကြား ရ။ သူ၏ တိုးတိတ်သော စကားသံများနှင့်အတူ တစ်ချက်တစ်ချက် ကျွန်မထံ ရောက်လာသည်က မြစ်၏ရေစီးသံသဲ့သဲ့သာ ဖြစ်သည်။ တိတ်ဆိတ်သော သစ်တောအုပ်ထဲက မွှေးပျံ့လှသော ပန်းကြွေတွေ ပေါ်မှာ လှဲအိပ်ရင်း တိုးတိုးဖွဖွ ရေစီးသံဂီတနှင့်အတူ ပုံပြင်တစ်ပုဒ် နားထောင်ရတာ ဘယ်လောက်များ မိန်းမူးဖွယ် ကောင်းလိုက်ပါသလဲ။ ကျွန်မသည် ကလေးဘဝသို့ ပြန်ရောက်သွားလေသည်။

          “ရထားကြီး သူ့မျက်စိအောက်မှာပဲ မီးခိုးတလူလူနဲ့ ဆက် ထွက်သွားတယ်။ သူလည်း ရထားနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ရွာထဲကို ဆက်လျှောက်လာခဲ့တယ်၊ ရွာက သိပ်မကြီးဘူး၊ အိမ်ခြေ တစ်ရာတောင် မရှိဘူး။ ရွာမှာက လူတိုင်းက လူတိုင်းကို သိနေတာဆိုတော့ သူစိမ်း တစ်ယောက်ရောက်လာရင် သူစိမ်းမှန်း သိတယ်။ အာဂန္တုလား၊ ဒီမှာ နေဖို့ပြောင်းရွှေ့လာတာလား၊ မေးမြန်းပြီး အကူအညီပေးသင့်ရင် ပေးတာ ထုံးစံပါပဲ။

        “ကောင်လေးက သူဟာ လက်သမားအတတ်နဲ့ အသက်မွေး ဝမ်းကျောင်းသူတစ်ဦးဖြစ်ကြောင်း ပြောပြတယ်။ ဒီရွာမှာ နေထိုင်ဖို့လာတာလို့ပြောတော့ မြန်မာဆေးဆရာတစ်ယောက်က သူ့ကို အလုပ် ခန့်ကြည့်လိုက်တယ်။ အဲဒီလူက မကြာခင်မှာ လက်ထပ်တော့မှာမို့ အိမ်တစ်လုံး မြန်မြန်ဆောက်ချင်တယ်။ သူ့မှာ ဧကနှစ်ဆယ်လောက် ကျယ်တဲ့ မြေရိုင်း အလွတ်ကြီးတစ်ခု ရှိတယ်။ အဲဒီမှာ အိမ်ဆောက် ပေးရမယ်ပေါ့”

          နေရောင်သည် လုံးဝပျောက်ကွယ်လျက် အမှောင်လွှမ်းခဲ့ပြီး ကျွန်မ၏ မျက်နှာမူရာ အထက်တည့်တည့်တွင်တော့ ကြီးမားလှသည့် အဖြူရောင်ကြယ်တွေ ဖြိုးပြက်ဝင်းလက်နေသလိုပဲ၊ အဲဒါ စံကားဖြူ ပွင့်တွေပေါ့။ ပတ်ပတ်လည်ကို ကြည့်လိုက်တော့ တစ်ခုပေါ်တစ်ခုဆင့် ဖုံးနေသော အစိမ်း၊ ပထမအစိမ်းပြီးတော့ ပို၍မှောင်သောအစိမ်း၊ ထိုအပိမ်းပြီးတော့ နောက်ထပ်ပို့၍စိမ်းမှောင်သော အစိမ်း၊ အစိမ်းသည် ညအမှောင်နှင့် ပေါင်းစပ်လိုက်သောအခါ ပိန်းပိတ်သော အနက်စိမ်း ဖြစ်သွားသည်။ ကျွန်မအိပ်ရာမှ ထရတော့မည်။ အိမ်ထဲသို့ ပြန်ဝင်မှ ဖြစ်တော့မည်။ ကျွန်မသိပါသည်။ နေရာစိမ်းတစ်ခုတွင် ကိုယ်မသိသော လူစိမ်းတစ်ယောက်ဘေး၌ ညမှောင်သည်အထိ နေရဲလောက်အောင် ကျွန်မ ဘယ်တုန်းကများ သတ္တိတွေ ရခဲ့ပါလိမ့်။ ဒါမှမဟုတ် တစ် ယောက်ယောက်က ကျွန်မကို ညှိယူထားလေသလား။

          “တကယ်တော့ ကောင်လေးက အလုပ်သင် လက်သမား လေးပဲ။ သူတစ်ယောက်တည်းနဲ့ အိမ်ကြီးကြီး တစ်အိမ်မှ မဆောက် ဖူး သေးပါဘူး၊ ဒါပေမယ့် သူ့ကိုယ်သူယုံတယ်။ ဒါကြောင့် အဲဒီလူ ရဲ့ ကုန်းမြင့်လွင်ပြင်ကို လိုက်သွားတယ်၊ အဲဒီတောင်ကုန်းက အဲဒီရွာမှာ အမြင့်ဆုံးပဲ။ ထူးဆန်းတာက ကုန်းမြင့်ကို မြစ်ငယ်လေးတစ်ခု ဖြတ် စီးဆင်းနေတယ်။ မြေနေရာကတော့ အကျယ်ကြီးပါပဲ။ ဒါပေယ့်

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)