Skip to product information
1 of 2

Other Websites

ဂျူး - ကြာတော့သည်လည်း မောင့်စကား

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

          ကြာတော့သည်လည်း မောင့်စကား

          ည ရှစ်နာရီပတ်ဝန်းကျင်တွင် မိုးကလေးများ ကပ်ကျ ရောက်လာခဲ့သည်။ ပြတင်းမှန်မှတစ်ဆင့်ဖြတ်၍ မိုးဖွဲမိုးမှုန်ကလေး များ ကြဲပက်ပြေးလွှားနေသည်ကို အမှတ်မထင် မြင်ရသည်။

          ဘင်္ဂလားပင်လယ်အော်တစ်နေရာ၌ သူသည် သုညဒီဂရီ အောက် အအေးပိုကဲ့သော အအေးခန်းထဲသို့ ငါးခြင်းတောင်းများ သယ်ချနေချိန် ဖြစ်နိုင်သော်လည်း မန္တလေးမြို့မှာတော့ သူမ၏ ညနေခင်းတာဝန် ပြီးဆုံးချိန်ဖြစ်လေသည်။ ည တာဝန်ယူမည် အလုပ်သင်ဆရာဝန်က ညရှစ်နာရီထိုးရန် နှစ်မိနစ်အလိုတွင် ရောက်လာသောအခါ သူမသည် သတိလစ်မေ့မြောနေသော လူနာ အား အထရိုပင်း ထိုးဆေးငါးလုံး စုပေါင်း၍ ထိုးပေးနေဆဲဖြစ်၏။ သူမ စိတ်ပေါ့ပါး လွတ်လပ်စွာ သူငယ်ချင်းကို ပြုံးပြနှုတ်ဆက်လိုက်သူ မလာမချင်း ဂျူတီလဲရန် စောင့်နေရမည့်တာဝန်မှ လွတ်ကင်း သွားလေပြီ။

          အပြင်စက်သို့ထွက်၍ သူမ စီးထားသော ပိုးသတ်ထား သည့် ရာဘာဖိနပ်ကိုချွတ်ကာ ခွာမြင့်ဖိနပ်ကလေးကို လဲစီးလိုက် သည်။ “အိုင်၊ စီ၊ ယူ” ဟု အတိုကောက်ခေါ်သော “အထူးကြပ်မတ် ဘုသဆောင်၏ အုတ်လှေကားထစ်များမှ ဆင်းလိုက်သောအခါအောက်ထပ် အကုဆောင်(အသစ်)သို့ရောက်လာ၏။ကျောက်ပတ် ဘီးစည်းထားသော လက်များ၊ ခြေထောက်များ၊ အုတ်နီခဲ ဆွဲထားသော ခြေထောက်များ၊ စက်သီးဖြင့် မြှောက်ချိတ်ထားသော ခြေထောက်များကို အကျင့်ပါနေသော မျက်စိဖြင့် ဝေ့ခနဲ ကြည့်လိုက် ပြီးမှ အပြင်ဘက် အုတ်လှေကားထစ်ကို ဆင်းလိုက်သည်။

           လူနာဆောင်ထဲက မီးရောင်တစ်ဝက်တစ်ပျက်အောက် တွင် မိုးရွာထားသဖြင့် ပြောင်လက်စိုစွတ်နေသော ကျောက်စရစ်လမ်း ကို မြင်ရသည်။ ပတ်ဝန်းကျင်သည် အနည်းငယ် စိမ့်အေးလာပြီ ဖြစ်သည်။

          မှောင်မည်းနေသော ဘိုကတော် မျက်ခုံးပင်တန်းဆီသို့ အကွေ့တွင် တစ်ယောက်ယောက်က တင်တင်ဇော်ကို စောင့်ကြည့် နေသလို စိတ်မသိုးမသန့် ဖြစ်လာသည်။ အဓိပ္ပာယ်မရှိတာ...။ သို့သော် ထိုအပင်တန်းဆီမှ လူရိပ်သဏ္ဌာန်တစ်ခု လှုပ်ရှားသွားသည် ဆိုတော့ တကယ်မြင်လိုက်ရသည်။ သူမအနီးမှ စက်ဘီးဖြင့် ဖြတ်သွား သူများ ထမင်းချိုင့် ဓာတ်ဘူးများ ဆွဲလျက် လမ်းလျှောက်သွားကြသူ များဖြင့် အသက်ဝင် လှုပ်ရှားနေသော ဆေးရုံကြီးဝင်းအတွင်းမို့ သူမ အကိုမှ မကြောက်ပါ။ အိမ်ပြန်ရောက်လိုဇောဖြင့် ဖျားနာဆောင်(၁) ၊ နေ့ ဆင်ဝင်အောက်မှ ခပ်သွက်သွက် ဖြတ်လျှောက်လာခဲ့သည်။ သို့သော် သူမနောက်မှ တစ်ယောက်ယောက် ကပ်လိုက်လာသလိုထင်လာပြန်၏။ ကျောထဲစိမ့်လာပြီး အန္တရာယ်ကို ရင်ဆိုင်ပစ်လို သော ဆုံးဖြတ်ချက်ဖြင့် နောက်လှည်ကြည့်လိုက်သည်။

          ဆင်ဝင်မျက်နှာကြက် မီးလုံး၏ ဖျော့တော့သော မီးရောင် ဖြင့် သူမမြင်လိုက်ရသူမှာ ဘယ်လိုမှ မျှော်လင့်မထားသောသူတစ်ဦး ဖြစ်၏။

          “မိဇော်...”

          သူမရှေ့တွင် လူငယ်တစ်ဦး ရပ်နေ၏။ အနီးကပ်၍ ရပ်နေ သည်ဖြစ်သောကြောင့် သူမက မော့ကြည့်မှ နူးညံ့စွာ ပြုံးနေသော မျက်နှာကို မြင်ရသည်။ ရှည်မြင့်သော အရပ်အမောင်းနှင့် လှိုင်းများ သဖွယ် ဝေ့စွာသော ဆံပင်မတိုမရှည်အောက်မှာ သူမကို အမြဲတမ်း နှစ်သိမ့်ခဲ့သော အပြုံးမျက်နှာတစ်ခု ရှိနေသည်။

          “ကြည့်စမ်း စောစောကလေးကကို နင့်ကို ငါ သတိရနေ သေးတယ် သိလား”

          “ဟုတ်ရဲ့လား...”

          သူ့နှုတ်ခမ်းမှ လန်းဆန်းသော အပြုံးကြောင့် မျက်ခွံမို့မို့ အောက်မှ အနည်းငယ် ကျဉ်းသလိုရှိသော သူ့မျက်လုံးသေးသေး ကလေးများ မယုံကြည်နိုင်လောက်အောင် တောက်ပသွားသည်။ အရောင်ဖြူးဖျော့နေသော ဂျင်းဂျာကင်၏အောက်၌ အကွက်ကျဲကျဲ ရှပ်အင်္ကျီကို သူ ဝတ်ထားသည်။

          “နင် ဘယ်အချိန်က ရောက်နေတာလဲ၊ ငါ့ကိုလဲမခေါ် ဘူး။ အသံမပေး ဘာမပေးနဲ့၊ နင် တော်တော်ဆိုးတာပဲ”

          သူ ဘာမှ ပြန်မပြောဘဲ ဂျာကင်အကျီဘေးအိတ်များထဲသို့ လက်နှစ်ဘက် ထည့်ထားရင်း သူမကို ပြုံးကြည့်နေ၏၊

          “အတော်ပဲဟယ် ဒီကနေ့ည နှင့်ကို မြင်လိုက်ရတာ ငါ ဘယ်လို စိတ်ချမ်းသာသွားမှန်းမသိဘူး”

          “ဘာဖြစ်လို့လဲ”

           “ငါ ရုပ်ရှင် ညပွဲ သွားကြည့်ချင်နေတာ အဖော်မရှိလို့ပါ၊ မနက်ဖြန်ဆို ကားလဲတော့မှာ”

           '' သူ့အပြုံးက အနည်းငယ် လျော့သွားသည်။ ပြောပြီးပြီးချင်း သူမ နောင်တရသွား၏။ သေတော့မှာပဲ...ဒါထက် လေးနက်တဲ့ စကားတစ်ခုခု ပြောသင့်လျက်သားနဲ့၊ ဘာဖြစ်လို့များ ရုပ်ရှင်ကြည့်ဖော် ' အဖြစ် ဝမ်းသာမိပါလိမ့်။ သူ့မျက်နှာမှာ အရိပ်တစ်ခု ဖျတ်ခနဲ ထင်သွားပြီး ချက်ချင်း ပြန်ပျောက်ကွယ်သွား၏။ မြန်ဆန်လွန်းသော ကြောင့် သူ့မျက်နှာအရိပ် အကဲကို သူမ မဖမ်းမိလိုက်ပါ။

          “ငါ မန္တလေးကို ခုနစ်နာရီခွဲဆိုက်တဲ့ ရတာနဲ့ ရောက်လာ တယ်၊ နင့်အဆောင်ကို သွားတယ်၊ နင် ဆေးရုံက ညရှစ်နာရီမှ ထွက်ရမယ်လို့ ပြောလိုက်တယ်။ ငါ့ဦးလေးအိမ်မှာ အိတ်တွေ ပစ္စည်းတွေချပြီး အခု ပြန်ထွက်လာတယ်။ နင့်ကို တွေ့ချင်လွန်းလို့ ရေတောင် မချိုးခဲ့နိုင်ဘူး၊ ဖျားနာဆောင်(၃)ကို သွားတယ်။ နင်နဲ့ မတွေ့ဘူး၊ နင် အထူးကြပ်မတ်ကုသဆောင်မှာဆိုလို့ ငါ မေးစမ်းပြီး ရောက်လာ တယ်။ ရှစ်နာရီထိုးပြီး ငါးမိနစ်မှာ နှင့်ကို လူနာဆောင်ထဲက ထွက် လာတာမြင်ရတယ်။ နင့်ကိုတွေ့လိုက်ရလို့ ငါ ဘယ်လောက်ပျော်သွား တယ်ဆိုတာ နင် ဘယ်တော့မှ နားလည်မှာမဟုတ်ဘူး။ နင်က ရုပ်ရှင် ကြည့်ဖို့ အဖော်ရောက်လာလို့ ဝမ်းသာအားရ ဖြစ်သွားတာပဲ” “

          တစ်လုံးချင်း ပြောနေသော သူ့အသံမှာ နာကြည်းဟန်လည်း မပါ။ သို့သော် နှစ်ပေါင်းများစွာ ရင်းနှီးလာခဲ့သူမို့ လျော့ရဲရဲအပြုံးမျက်လုံးများတွင် ဝမ်းနည်း နောင်တရိပ်ကို သူမ သတိထား လိုက်မိသည်။   

           “မဟုတ်ဘူးလေ... ငါ ပြောချင်တာက...”

          “ဟုတ်ပါတယ်၊ နင်ပြောချင်တာက အခု ညပွဲ ရုပ်ရှင်သွား ကြည့်ချင်တယ်။ အဖော်လိုနေတာငါရောက်လာတာနဲ့ အဆင်သင့် ဖြစ်သွားတယ်၊ ဟုတ်တယ် မဟုတ်လား၊ လာ... ငါလိုက်ပို့မယ်”

          သူ ချာခနဲ နောက်လှည့်ထွက်၏။

          “အို.... နေဦးလေ”

          သူက ခြေလှမ်းရပ်၍ လှည့်ကြည့်သည်။ ထိုအခါကျမှ သူ့ လက်ထဲမှာကိုင်ထားသော ပန်းစက္ကူဖြင့် ထုပ်ထားသည့် ပက်ကင်ထုပ် တစ်ထုပ်ကိုမြင်မိလေသည်။ ။

          “ရုပ်ရှင်သွားကြည့်မယ်ဆိုလဲ အိမ်ရှင်အန်တီကို အကျိုးအ ကြောင်းပြောပြီး ခွင့်တောင်း ရဦးမယ်လေ။ နောက်ပြီး ငါ ထမင်းမစား ရသေးဘူး၊ နင်ရော ဘာမှမစားရသေးဘူး မဟုတ်လား” .

          “အေး” ''

         “လိုက်ခဲ့လေ၊ အတော်ပဲ ဒီကနေ့ ငါ ထမင်းချက်ချိန်မရ တာ နှင် ကံကောင်းသွားတယ်၊ ဆိုင်က ဝယ်ကျွေးရတော့မှာ”

          အနည်းငယ် လျော့ရဲသော အပြုံးက ချက်ချင်း ရယ်မြူး သွား၏။ သူမ သိလိုက်သည်။ ဒါ လှောင်ပြောင်တဲ့ အပြုံးပဲ။

          “ နင်က ထမင်းကိုယ်တိုင် ချက်စားသလား၊ တော်တော် ချက်တတ်နေပြီပေါ့”

          “မလှောင်နဲ့”

          သူမ ရှက်ပြုံးဖြင့် ခေါင်းယမ်းလိုက်မိသည်။ တကယ်ဆို တော့ သူမသည် မိန်းကလေးဖြစ်ပေမယ့် သူ့လောက် အချက်အပြုတ်ကျွမ်းကျင်သူ မဟုတ်ပါ။ သူမတို့နှစ်ယောက် ဆေးရုံအပြင်ဘက် ပလက်ဖောင်းအတိုင်း အဆောင်ရှိရာ အရှေ့ဘက်သို့ လျှောက်လာ ခဲ့ကြသည်။ လမ်း၃၀သည် ခါတိုင်းညများလိုပင် စက်ဘီးများ၊ မြင်းလှည်းများ ရှုပ်ထွေးဆူညံနေသည်။ ။

          “နေပါဦး၊ နင့်အဆောင်က ဘယ်အချိန် နောက်ဆုံးထားပြီး ဝင်ရမှာလဲ၊ ရုပ်ရှင်ကြည့်ရင် ညဉ့်နက် မနေဘူးလား”

          “ရပါတယ်ဟာ၊ အန်တီက သဘောကောင်းပါတယ်”

          သူကတော့ အပြစ်မဆိုတတ်သော အစ်ကိုတစ်ယောက်လို ရယ်မောနေလေသည်။

           အင်း... တကယ်ဆို သူ ခရီးပန်းလာမှာပဲ။

          တစ်နေ့လုံး ရထားစီးလာရတာ စောစောစီးစီး အိပ်ချင်မှာပေါ့။

          နောက်ပြီး ရေလည်း မချိုးရသေးဘူးတဲ့။ ငါသူ့ကို ရုပ်ရှင်ရုံထဲခေါ်ပြီး - စိတ်ညစ်ခိုင်းဖို့ မကောင်းဘူး။ ,

          “ငါတို့ ခိုင်ရွှေဝါမှာပဲ စားလိုက်ရအောင်ဟာ... ”

           “ရပါတယ် မိဇော်ရာ...ငါကဖြစ်ပါတယ်၊ နင့်သဘောပါ”

          သူမတို့နှစ်ယောက် လူရှင်းသည့် ထောင့်စွန်းစားပွဲတစ်ခု တွင် ဝင်ထိုင်လိုက်ကြသည်။ လင်းထိန်နေသော ဖန်ချောင်းမီးရောင်အောက်တွင် ဖွာကြဲနေသော ဆံပင်လှိုင်းကလေးများကို သူမ အမှတ်တမဲ့ ကြည့်နေမိ၏။ထို့နောက် မေးခွန်းတစ်ခုကို မေးလိုက် သည်။

          “နင် မန္တလေးကို ဘာလာလုပ်တာလဲ”

          သူက ပါးစပ်ကိုစေ့၍ ပြုံးရင်းက သူ့လက်ထဲမှ ပက်ကင် ထုပ်ကို မြှောက်ပြသည်။ '

          “အဲဒါ ဘာလဲဟင်”

           “မွေးနေ့လက်ဆောင်”

          “ဟင်...ဘယ်သူ့မွေးနေ့လဲဘယ်သူ့အတွက်...အို...”

          တင်တင်ဇော် ကိုယ့်ကိုယ်ကို စိတ်ဆိုးစွာ စကားကိုရပ် လိုက်၏။ ဘုရားရေ... ဒီနေ့ မွေးနေ့ပါလား၊ သေလိုက်စမ်းပါတော့ ကိုယ့်မွေးနေ့ ကိုယ်တောင် သတိမရအောင် ဘာအတွေးတွေ များ ကြီးစိုးနေရပါလိမ့် သူမ နဖူးကို ဖျတ်ခနဲ ကိုယ်ဘာသာ ရိုက်ရင်း” ရယ်မောပျော်ရွှင်မိလေသည်။ နောက်မှ သူ့ကို တအံ့တဩ လှမ်း ကြည့်မိ၏။

          “ ဒီမွေးနေ့လက်ဆောင်လေး ပေးဖို့အတွက် ရန်ကုန်ကနေ လာခဲ့တာလို့တော့ မပြောဘူး မဟုတ်ဘူးလားဟင်” .

          ပြုံးရယ်နေသော သူ့မျက်နှာမှာ တည်ငြိမ်သွား၏ ခရင်ရောင်ပန်းစက္ကူဖြင့် ထုပ်ထားသော အထုပ်ပေါ်မှ ဖဲကြိုးအဖြူ ကလေးကို လက်ညှိုးနှင့်ထိရင်း သူမကို ငြိမ်သက်စွာ စိုက်ကြည့်နေ သည်။ သူ့ကိုပြန်ရောက်ကြည့်သော တင်တင်ဇော်၏ မျက်လုံးများကို “ရှောင်ဖယ်လိုဟန်ဖြင့် လာချသော ဟင်းချိုပန်းကန်မှ တစ်ဇွန်း ယူသောက်၏။ ထို့နောက် ပင့်သက်တစ်ချက် ရှိက်လိုက်သည်။

          “ငါတို့သင်္ဘော ဘိတ်(မြိတ်)ကိုရောက်တော့ စက်ာင်ဘာ | ၁၅ ရက်နေ့၊ နှင့်မွေးနေ့က စက်တင်ဘာ ၂၀ ရက်နေ့ဆိုတော့ နီးနေပြီလေး တစ်ခါတစ်လေတော့ နှင့်ကို မွေးနေ့လက်ဆောင်လေးဘာလေး ပေးချင်စိတ်ပေါက်လာလိမ့်မယ်လို့များ နှင် မတွေးမိဘူးလား ဇော်” -

          တစ်ခါတစ်လေ...။ ဟုတ်ပါရဲ့ တစ်ခါတလေတော့ သူသည် တင်တင်ဇော်၏ မွေးနေ့ကို အမှတ်တရ ရှိတတ်ပါသည်။ သို့သော် ဤကဲ့သို့ အမှတ်ရသည့် အချိန်မျိုးမှာ သူမတို့နှစ်ယောက်တစ်မြို့တည်း နေသည့် ကာလများတွင်သာ ဖြစ်တတ်ပါသည်။ ယခုလို တစ်မြို့စီနေ ကြသည့်အချိန်မျိုး၌ သူမ၏ မွေးနေ့ကို သတိတရရှိဖို့တော့ တော်တော်ခဲယဉ်းပါလိမ့်မည်။ ဘာပဲဖြစ်ဖြစ် သူမကိုယ်တိုင် မေ့ထားခဲ့သော သူမ ၏မွေးနေ့ကို သူက သတိတရရှိသည့်အတွက် ရင်ထဲမှာ မဖော်ပြနိုင် လောက်သော ကျေနပ်နှစ်သိမ့်မှုမျိုးဖြင့် လှုပ်ခတ်နေတော့သည်။

           ဆန်ခေါက်ဆွဲအပြား ပန်းကန်များ လာချသောအခါ သူက တိတ်ဆိတ်စွာ စတင်စားလေသည်။ သူ့ကို ကြည့်ရင်း တင်တင်ဇော်က အားမလို အားမရ ဖြစ်လာသည်။ ရွှန်းရွှန်းဝေအောင် ရယ်မော စကားဆိုတတ်သော လူငယ်တစ်ယောက် နှစ်နှစ်အတွင်း အငြိမ်သက် ကြီး ငြိမ်သက်သွားအောင် ဘယ်အရာကများ ပြုလုပ်လိုက်တာလဲ။

          “ကဲ...အလျင်တစ်ခါ ငါ ထည့်လိုက်တဲ့စာကို မပြန်ဖြစ်တဲ့ အကြောင်းပြချက်ကလေး တစ်ခုလောက် ငါ့စိတ် ကျေနပ်အောင် ပေးစမ်းပါဦး”

          သူက တူကို ပန်းကန်ပေါ်အသာချလျက် သူမကို ဖျတ်ခနဲ လှမ်းကြည့်၏။

          “နင်ကလဲဟာ တစ်လတည်းမှာ ငါ သင်္ဘောနှစ်ခါ ထွက်ရ တယ်တစ်ခါသွားရင် ၁၀ ရက်လောက်ကြာတယ်။ နှင့် စာဖတ်ပြီး သင်္ဘောပြန်ထွက်ရတာပဲ ငါ ရေထဲကနေ ဘယ်လိုလုပ် စာပြန်နိုင် မလဲ။ ဒါ နင်ကျေနပ်အောင်ပေးတဲ့ အကြောင်းပြချက် မဟုတ်ဘူး။ အမှန်အတိုင်းပြောတာ”

          ထုံးစံအတိုင်း သူက အလျင် စိတ်တိုပြန်လေသည်။ သူ့ ရှပ်အင်္ကျီအိတ်ထဲတွင် မရမ်းရောင် ပလတ်စတစ်ဘီး အတိုကလေး ကို တစ်စွန်းတစ်စ မြင်နေရသည်။ သူက ဟိုတုန်းကတည်းက ဘီး မပါလျှင် လမ်းသွားတတ်သူ မဟုတ်။

          “နင့်မွေးနေ့လက်ဆောင်ကို နှင့်ရှေ့မှာ ငါ ဖွင့်ကြည့်ရ မလား ဟင်”

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)