Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

ဂျာနယ်ကျော်ဦးချစ်မောင် - အိမ်ကြီးမာယာ

Regular price 6,500 MMK
Regular price Sale price 6,500 MMK
Sale Sold out

( ၁ )

          ကိုမင်းဟန်က “သွား သွား ဘာမှအားမနာနဲ့၊ ခင်ဗျားစိတ်ကြိုက်ပဲ။ ကျုပ်ကဆိုရင် သူအထူးတလည် ဂရုစိုက်ပါလိမ့်မယ်” ဟု ထပ်တလဲလဲ ပြောသဖြင့်သာ ကျွန်တော့်မှာ ကိုမင်းဟန်၏ မော်တော်ကားကို စီးရင်း ၎င်းပေး လိုက်သော လိပ်စာအတိုင်း လိုက်ပါလာခဲ့ရသော်လည်း ဤရန်ကုန်မြို့ကြီး တွင် ကောင်းမွန်ခံ့ညားသော တိုက်တာအိမ်ရာဆိုက နေ့၌အားလျှင် ညဘက် တွင် လူငှားရပြီးဖြစ်တတ်သောကြောင့် ဟန်မှ ကျပါမည်လားဟု စိတ်၌ တထင့်ထင့် ဖြစ်နေမိလေ၏။

          ကျွန်တော့်မှာ စစ်ကိုင်းမြို့မှ လိုက်ပါလာ၍ ရန်ကုန်မြေကို နင်းမိသည် မှာ နာရီဝက်သာသာမျှ ရှိသေး၏။ ရောက်လျှင်ရောက်ချင်းပင် ကောလိပ် ၌ စာသင်ကြစဉ်က ကျွန်တော်နှင့် အထူးတလည် ချစ်ကျွမ်းဝင်ခဲ့သော ကိုမင်းဟန်မှာ စုံထောက်ဘက်ဆိုင်ရာ ဝန်ထောက်ကြီး ဦးမင်းဟန်ဖြစ်၍ နေသည်ကို တွေ့ရှိရပေ၏။

          ကိုမင်းဟန်သည် ကျွန်တော့်အား အထုပ်အပိုးများနှင့် တွေ့ရသည့် အတွက် များစွာ အံ့အားသင့်သောအနေဖြင့်

          “ဟေ့ ကိုမြင့်မောင်၊ ဘယ့်နှယ်-ဘယ်လို သဘောနဲ့လဲ”

          “ဘယ်လိုသဘောနဲ့မှ မဟုတ်ဘူးဆရာ၊ ဒီမှာနေဖို့ လာခဲ့တာပဲ”

          “အလို တယ်ဆန်းပါလား၊ အစကတော့ ရန်ကုန်ဟာ ငရဲဆို”

          ထို့ပြင် မိမိမြမှာ အသက်အရွယ်ကြီးပြီဟု ကျွန်တော် ထင်ခဲ့၏။ ယခုသော် ကျွန်တော်ထက် အသက် ၃-၄ နှစ်ခန့်ပင် ငယ်ရွယ်ပုံရနေသည်ကို သိရလေ သည်။ ။

          “ဪ.. ကျွန်တော်က အထက်ကပါ၊ ရန်ကုန်မှာ နေမယ်လို့ အခုနကပဲ ရောက်လာပါတယ်။ အေးအေးလူလူနဲ့ နေဖို့ အိမ်တစ်လုံးလိုချင် တယ်ဆိုတာနဲ့ ကိုမင်းဟန်က ဒီပဲညွှန်လိုက်လို့ တစ်ခါတည်း ဒီကို လိုက်လာ ခဲ့တာပဲ”

          “ဪ... ကိုမင်းဟန်ရဲ့ အသိမိတ်ဆွေကိုး၊ အနို့ သူက ဘယ်လမ်းက အိမ်အားတယ်လို့ ပြောလိုက်ပါသလဲ”

          “ချာချီလမ်းက တိုက်ဖြင့်အားပြီလို့ မိမိမြက ပြောသွားတယ်ဆို ထင်ပါ

          “အို... တကယ့်အားနာစရာ ဖြစ်နေတော့တာပဲရှင်၊ ချာချီလမ်းက တိုက်ကို ခုနကပဲ လူတစ်ယောက် ငှားသွားတယ်၊ အခုတင်လေးပဲ၊ ဒီကနဲ့ နည်းနည်းလေးပဲ လွဲသွားတယ်..။ မြို့ထဲမှာ နေချင်တယ်ဆိုရင်တော့”

          ကျွန်တော်မှာ ချာချီလမ်း၌ ရှိသည်ဆိုသော အိမ်ကို မမြင်ဖူး၊ မတွေ့ ဖူးသော်လည်း ယခုကဲ့သို့ လက်မတင်ကလေး လက်လွတ်သွားသည့်အတွက် အလွန်နှမြောတသလျက် စုတ်များပင် သပ်မိလေ၏။

          “ခက်တာပဲဗျာ၊ ကျွန်တော်က ရန်ကုန်မှာ နေတယ်ဆိုပေနဲ့ လူတွေ ရှုပ်ယှက်ခတ်သွားနေတာတွေကို တယ်ပြီးမကြည့်ချင်ဘူး။ ကြည့်လို့မရဘူး။ ဆိတ်ဆိတ်ငြိမ်ငြိမ်နဲ့ လူသွားလူလာ တော်တော့်ကို ပြတ်လပ်တဲ့ နေရာမျိုး မှာသာ နေချင်တယ်။ ချာချီလမ်းဆိုရင်တော့ နေပျော်ရဲ့ ဆိုပြီး အားခဲလိုက် လာခဲ့တာပဲ”

          “ဒီလိုလူသူပြတ်လပ်တဲ့ နေရာဆိုရင် ချာချီလမ်းက တိုက်နဲ့တော့ သိပ်အခန့်သင့်မှာပဲရှင်။ ကျွန်မကလည်း အစက မသိလို့ ၊ သိရင်ဖြင့် ဒီလို မဖြစ်စေရပါဘူး။ မြို့ထဲမှာဆိုရင်တော့ တိုက်ခပ်သန့်သန့် ၃-၄ လုံးလောက် ရှိပါသေးရဲ့”

          “အဖို့ မိမိမြ မိတ်ဆွေတွေထဲက တစ်ဦးတစ်ယောက်မှ နေရာရှင်းရှင်း မှာ အိမ်ငှားဖို့ မရှိကြဘူးလား”

          “ရှိ မထင်ပါဘူးရှင်၊ ခုအခါဆိုတော့ ခပ်ကျပ်ကျပ်ပဲ”

          ကျွန်တော့်မှာ စိတ်ပျက်သွားခြင်းကို မည်သို့ ထင်ရှားပေါ်လွင်အောင် ပြုမိသည်မသိ၊ မိမိမြသည် အတန်ကြာစဉ်းစားနေပြီးမှ

          “အဲ တစ်နေရာတော့ ရှိတယ်ရှင့်၊ ရွှေတောင်ကြားထဲက ကျွန်မ ပိုင် ပါပဲ၊ ရှင်အလိုရှိသလို လူသွားလူလာဖြင့် အင်မတန်ကို ရှင်းတာပဲ”

          “ဂိုးလဒင်းဗယ်လီလား၊ ဂိုးလဒင်းဗယ်လီဆိုရင်တော့ ကျွန်တော် အကြိုက်ပဲါ၊ သာပြီးကောင်းပါသေးတယ်။ ကဲ ဒါဖြင့် အဲဒီအိမ်မှာပဲ တစ်ခါ တည်းနေတော့မယ်၊ ဘယ်လောက်ဆိုတာသာ အမိန့်ရှိပေတော့”

          “ဒါပေမဲ့ တစ်ခုတော့ရှိတယ်ရှင့်”

          “ဘာလဲ အခစားနားလား။ ဒါတွေက ကိစ္စမရှိပါဘူးဗျာ၊ ကိုမင်းဟန် လည်း ကျွန်တော့်အကြောင်းကို သိတန်သရွေ့ သိပါတယ်။ ကဲ- ဒီညပဲ ကျွန်တော် ပြောင်းရလိမ့်မယ်ထင်တယ်။ ညနေ ၅ နာရီလောက် ကွန်တီနင် တယ်ကို ဒီကလူတစ်ယောက် လွှတ်လိုက်ပါ။ ကျွန်တော် ကိုမင်းဟန်နဲ့ အသင့် စောင့်နေပါမယ်၊ ဟိုကျတော့သာ ဆိုင်ရာကို ဟောဒီကတ်ကလေး ပြလိုက်ပါ”

          မိမိသည် ကျွန်တော်ထုတ်၍းသော စက္ကူကတ်ကလေးကို လှမ်း ၍ယူငင်ကာ အပေါ်၌လှပသော စာလုံးများဖြင့် ပုံနှိပ်ထားသည့် (မြင့်မောင် ဘီအေ၊ ဘီအက်စီ၊ ဘီအယ်လ်) ဟူသော ကျွန်တော်၏အမည်ကို လှပသော မျက်လုံးများဖြင့် ကြည့်၍နေလေ၏။ တစ်ဖန် ထိုမျက်လုံးများသည် ကျွန်တော်၏ အမည်ရေးသားထားသော ထိုကတ်ပြားကလေးမှ မသိမသာ ကွာ၍ ကြမ်းပြင်ကို စူးစိုက်၍ ကြည့်နေကြလေ၏။ မိမိမြသည် လှပ ညက်ညောသော မျက်နှာပြင်ပေါ်တွင် တစ်စုံတစ်ခုကို ဝေခွဲ၍မရသဖြင့် အကြံရကျပ်နေသော အမူအရာသည် ရုတ်တရက်ပေါ်၍လာသည်ဟု ကျွန်တော့်စိတ်တွင် ထင်မြင်မိလေ၏။

          များသောအားဖြင့် တိုက်ရှင်၊ အိမ်ရှင်တို့သည် လူငှားရသောအခါ ဝမ်းသာသော အမူအရာကို ပြကြသည်ချည်းဖြစ်လျက် မိမိမြတစ်ယောက် တည်းတွင်မှ အိမ်ငှားရသည်ကိုပင် စိတ်လေးနေသယောင်ယောင် အသွင်အ ပြင်ကိုဆောင်နေသည်မှာ အံ့ဖွယ်ရာပါတကားဟုလည်း စဉ်းစားမိလေ၏။

          ကျွန်တော့်မှာ စစ်ကိုင်းမြို့တွင်သာမဟုတ်၊ အထက်မြန်မာပြည်တစ်လွှား၌ပင် အလွန်အမှုလိုက်ကောင်းသော ရှေ့နေကြီးတစ်ဦးဟု ချီးကျူးခြင်းကို ခံခဲ့ရပေ၏။ အမှုများကို လက်ခံလိုက်သောအခါ အခြားသော ရှေ့နေရှေ့ရပ် တို့ကဲ့သို့ ယောက်ယက်ခတ်မျှ ချေပလျှောက်လဲရန် အချက်အလက်တို့ကို ရှာဖွေနေရသူမဟုတ်၊ အမှုအသွားအလာကို တစ်ကြိမ်တစ်ခါမျှ ကြားနာသိ ရှိလျှင်ပင် တစ်ဖက်သက်သေများ၏ ဟန်အမူအရာ၊ သက်သေထွက်ချက် စသည်တို့ကိုပါ အကဲခတ်၍ ချေပလျှောက်လဲခြင်းဖြင့်ပင် အပွဲပွဲ၌ လွယ်ကူ စွာ အောင်မြင်ခဲ့သူဖြစ်လေ၏။

          အတန်ကြာမှ ကျွန်တော့်အား ငှားရမ်းမည်ပြုသော တိုက်အိမ်မှာ ပြင်ပြီး ဆင်ပြီးမဟုတ်၊ အမှိုက်သရိုက်များကို ရှင်းလင်းရန်မှာလည်း ဤမျှလောက် တိုတောင်းသော အချိန်အတွင်း ပြီးစီးနိုင်မည်မဟုတ်ခြင်းကြောင့် ကျွန်တော့် ကို အားနာနေသည်ဟု ထင်မှတ်လျက်..

          “အိမ်ကို ပြင်ပြီးဆင်ပြီး မရှိပေမဲ့လည်း ကိစ္စမရှိပါဘူး။ ကျွန်တော် တစ်ကိုယ်တည်းပဲ၊ ဒီညအိပ်ဖို့ လောက်နေရာရရင် တော်လောက်ပါပြီ။ ကဲ ကိုမင်းဟန်လည်း စောင့်လှရော့မယ်၊ ပြန်လိုက်ဦးမယ်။ အဲ ညနေ ၅ နာရီ ကျတော့သာ ဆက်ဆက်ဒီက လူတစ်ယောက် လွှတ်လိုက်ပါ...”

          “အို.. ပြန်တော့မလား။ ကော်ဖီဖျော်နေပါတယ်၊ ခဏကလေးဆိုင်းပါ ဦး”

          ဟု ပြောဆိုကာ မိမိမြသည် မိမိကိုယ်တိုင်ပင် သွားရောက်၍ ကြီးကြပ် စီမံတော့မည့်ဟန်ဖြင့် အတွင်းဆီသို့ ၎င်း၏ ကိုယ်ကလေးကို လှည့်လိုက် သောအခါ ကျွန်တော့်မှာ သူတစ်ထူးကို လွန်စွာအားနာတတ်သူဖြစ်သော ကြောင့်..

          “ဟာ နေပါစေ၊ ကျွန်တော် အခုတင်ပဲ သောက်ပြီး ထလာခဲ့တာပဲ။ ကိုမင်းဟန်ကိုလည်း အားနာစရာဖြစ်နေလိမ့်မယ်၊ ကျွန်တော့်ကို သွားခွင့်ပြု ပါ။ ညနေကျရင်သာ ကွန်တီနင်တယ်ကို လူလွှတ်လိုက်စေချင်ပါတယ်” ဟု ပြောပြောဆိုဆို နေရာမှထ၍ အခန်းပြင်ဆီသို့ ထွက်ရာ မိမိမြက..

          “ဪ... အရေးကြီးရင်တော့လည်း မတားသာပေဘူးပေါ့ရှင်။ ညနေ ၅-နာရီထိုး အရောက် လူလွှတ်လိုက်ပါ့မယ်၊ ဒီအတွက်ဖြင့် စိတ်ချပါ၊ ပြီး တော့ ကိုမင်းဟန်နဲ့လည်း တိုင်ပင်ကြည့်ပါဦး”