Skip to product information
1 of 12

စိတ်ကူးချိုချိုစာပေ

ဂျာနယ်ကျော်ဦးချစ်မောင် - ကမ္ဘာကြီးပျက်စီးလုနီးပြီလော

Regular price 2,700 MMK
Regular price Sale price 2,700 MMK
Sale Sold out
အခန်း (၁)
စစ်ရေးတပြင်ပြင် စစ်အင်တပြုပြဤကာလ

          သားကောင်ကိုမြင်သော ကျားသည် သား ကောင်ကို မဝါးမျိုသေးဘဲ လှည့်လည်ကာ ကခုန် မြူးထူးခြင်း ပြုဘိသကဲ့သို့ ဤကမ္ဘာကြီးတစ်ခု လုံးပင် မိမိတစ်ဦးတည်းပိုင် သုသာန်တစ်စပြင် ကြီးဖြစ်မည့် အခြင်းအရာကို မြင်သော သေမင်း သည်လည်း၊ မြူးထူးရွှင်ပျော် သီချင်းတကြော်ကြော် နှင့် ရှိနေပြီဖြစ်ရာ...

          ဘာသာတရားတို့သည် လူတို့၏စိတ်ကို ထိန်းသိမ်းရန် ဤ လောက၌ အရာဌာနကိုလိုက်ကာ တည်တံ့နေရ၏။ ဘာသာတရား သာမရှိက လူတို့သည် အလွန်ရိုင်းစိုင်း ညစ်ညမ်းဆိုးသွမ်း ယုတ်မာ လှစွာသော အပြုအမူတို့ကို ပြုကြမည်သာ ဖြစ်၏။ ဗုဒ္ဓဘာသာ တရားသည် ဤကမ္ဘာလောက၌ ဂေါတမ မြတ်စွာဘုရား ထင်ရှား ပွင့်တော်မူသည်ကစ၍ ပြန်လည် ပြန့်ပွားလာခဲ့ပြီးလျှင် ယေရှုခရစ်၏ခရစ်ယာန် သာသနာ၊ မဟာမက်၏ မဟာမေဒင် သာသနာတို့သည် လည်း ထိုနည်းနှင်နှင် နေရာနှင့် နေရာတွင် ပေါ်လွင်ထင်ရှား ထွန်း ကား၍နေကြပြီ ဖြစ်၏။

          ဤကဲ့သို့ ဘာသာတရားတို့၏ အမြိုက်အရသာကို နှစ်ပေါင်း များစွာ ခံစားသုံးဆောင်လာခဲ့ရသည်ဖြစ်လျက်နှင့်လည်း ဤခေတ် ဤအခါ ဤကမ္ဘာကား ရှေးအခါ ရှေးကာလတို့မှာထက်ပင် ပိုမို၍

          လောဘ၊ ဒေါသ၊ မောဟ ထူပြွမ်း၊ လူသရမ်းတို့ ဆိုးသွမ်းရာ စားကျက် ကြီးသဖွယ် ဖြစ်သည်မှာလည်း စိုးလန့်ဖွယ်ပင် ဖြစ်လေတော့၏။

(က) နိုင်ငံရေး သုခမိန်များ၏အဆို

          ယင်းကဲ့သို့ ဘာသာတရားများသည် ကာလရှည်ကြာစွာပင် လူတို့၏စိတ်ကို ထိန်းသိမ်းလာလျက်နှင့် ဤကမ္ဘာ ဤလောက၌ ကြမ်းကြုတ်ရက်စက်ခြင်း၊ လောဘရမ္မက်ကြီးခြင်း၊ တစ်ဦးကိုတစ်ဦး မညှာမတာ ပုတ်ခတ်သတ်ဖြတ်ခြင်း စသည်တို့ ထူပြောခြင်းမလှ ထူပြောနေသည့်အတွက် ထိုပြဿနာကြီးကို ပြေလည်အောင် ဖြေရှင်း ခြင်းအလို့ငှာ စာရေးဆရာတို့သည် လည်းကောင်း၊ တရားဟော ဆရာ၊ နိုင်ငံရေးသမားတို့သည် လည်းကောင်း ရေးခဲ့၊ သားခဲ့။ ပြောခဲ့၊ ဟောခဲ့ကြလှလေပြီ ဖြစ်သည်။

          လွန်ခဲ့သည့် နှစ်အနည်းငယ် အတွင်းမှစ၍ ယနေ့သို့ တိုင်အောင် ဤကမ္ဘာကြီးကို ခြယ်လှယ်ဖန်သ စိုးမိုးနေကြသော မင်းစိုးရာဇာ တဖြာပဏ္ဍိတ် ပုရောဟိတ် သုခမိန်တို့က ဤခေတ်၊ ဤအချိန်နှင့် စပ်လျဉ်းပြီးလျှင် တရားမဲ့သောခေတ်၊ ရူးသွပ်သောခေတ်၊ ကလိမ်ချုံတမျှ ရှုပ်ပွေသောခေတ်၊ ပျက်တော့မည့်ဆဲဆဲ ဖြစ်သော ခေတ်၊ အရည်ပျော်ဆဲ ပျော်လတ္တံ့ သောခေတ်၊ မီးခိုးမီးလျှံများ တလူလူထွက်၍ ပျက်ခြင်းမလှ ပျက်ရတော့မည့်ခေတ် စသည်ဖြင့်ခေတ်၏ အခြေအနေတို့ကို ကျွန်ုပ်တို့ သိရှိစေရန် အတန်တန် ဖော်ပြပြောဆိုခြင်း ပြုကြလေပြီ။

          အမေရိကန်ပြည် သမ္မတဟောင်း ဟားဘတ်ဟူးဗားက ဤ ကမ္ဘာကြီးတစ်ခုလုံးသည် မည်သည့်ခေတ် မည်သည့်အခါကာလမှ မကြုံဖူး၊ မကြားဖူးသော ဘေးအန္တရာယ်ကြီးနှင့် ရင်ဆိုင်တွေ့နေရ ချေပြီ။ ဤဘေးအန္တရာယ်ကြီးကိုလည်း မည်သူမျှ တွန်းလှန်ဖြိုဖျက် နိုင်မည် မဟုတ်ချေတကားဟူ၍ ဖွင့်ဟပြောဆိုခြင်း ပြုခဲ့လေပြီ။

          သမ္မတဟောင်းမှာ သတ္တိနည်း၍ ထိုကဲ့သို့ ဆိုသည်ဟု တွေးထင်ရမည်ကလည်း သမ္မတဟောင်း၏ ပြောဆိုချက်ကို ထက်မြက် ပေ့ဆိုသော ဉာဏ်ကြီးရှင် အမျိုးမျိုးတို့က တိုး၍ပင် ထောက်ခံ နေခဲ့ကြပြန်သောကြောင့် သမ္မတဟောင်းသည် ကြောက်ရွံ့ တုန်လှုပ် ရာ၌ တစ်ဦးတည်းမဟုတ်ကြောင်း ပိုမို သိလွယ်ပေသည်။

          ကမ္ဘာကျော် သတင်းစာဆရာကြီး ဟယ်ရိုဝိုင်းယက်က ကျွန်ုပ် တို့၏ အနာဂတ်ကား အမိုက်မှောင်ကြီးအတိ ဖြစ်ချေပြီတကားဟု ညည်းတွားကာ သက်ပြင်းကြီးချခဲ့၏။

          အလိုလိုမှ ကြောက်စိတ်နှင့် ယိမ်းယိုင်ချည့်နဲ့နေပြီဖြစ်သော ကျွန်ုပ်တို့ ကမ္ဘာကြီးသည် လွန်စွာ ဆိုးဝါးကြောက်မက်ဖွယ်ကောင်းသော အန္တရာယ်ဆိုးကြီးနှင့် တေ့တေ့ဆိုင်ဆိုင် မရှောင်သာ မတိမ်းသာ တွေ့ဆုံနေရပြီဖြစ်သောကြောင့် သွေးရူးသွေးတန်းဖြစ်ကာ တုန်လှုပ်ချောက်ချား ပျက်ပြားဖွယ်ရာ ရှိ တော့ကြောင်းနှင့် အင်္ဂလန် ပြည် စာရေးဆရာကြီး ဂျွန်အိုဇင်ဟန်ဆိုသူက ရေးသားရလေပြီ။

          ဤကမ္ဘာလောကကြီး အစည်းမပြေစေရန် ရှေးက သေသပ် စွာ ရစ်ပတ်ထားခဲ့သော အနှောင်အဖွဲ့ တို့သည် ယခုအခါ ပြတ်ခြင်း မလှ ပြတ်ကြကုန်လျက် ဤကမ္ဘာကြီး၏ မြေမျက်နှာပြင်ကို သုသာန်ကမ္ဘာကြီး ပျက်စီးလုနီးပြီလော သချိုင်း လုပ်တိုင်းကြီးတစ်ခုဖြစ်အောင် ရုန်းရင်းဆန်ခတ် တော်လှန် ကြလေပြီဟု အလွန်နာမည်ကျော်ကြားသော ဝတ်လုံတော်ရပြီး မစ္စတာ ဒေးဗစ်ဂျင်ဟီးဆိုသူက ထုတ်ဖော်ပြောဆိုခြင်း ပြုလေသည်။

          ၎င်း၏ ထုတ်ဖော်ပြောဆိုချက်ကို ထောက်ခံသောအားဖြင့် အယ်ဒီတာကြီး ဖရက်ဒရစ်ဟယ်ရီဆင်ကလည်း ဤအခါကာလကား ကမ္ဘာ့ရာဇဝင်တွင် မယှဉ်သာအောင် ရှုပ်ထွေးပွေလီ တစ်ဦးကိုတစ်ဦး မယုံကြည်ဘဲ ပျက်ရာပျက်ကြောင်း ကြံစည်ခြင်းဖြင့်သာ အချိန်ကို ကုန်စေသော အခါကာလဖြစ်ကြောင်းနှင့် ရေးသားလျက် ဆန်ဖရန် စစ္စကို ကရွန်နီကယ်ခေါ် သတင်းစာမှ အယ်ဒီတာကလည်း ယခု ခေတ်၌ လူတို့၏စိတ်သည် အလွန် ရုန့်ရင်းကြမ်းတမ်းနေပြီ။ မိမိ တို့ အား ချုပ်တည်းထားအပ်သော အနှောင်အဖွဲ့တို့ကို မလွတ် လွတ်အောင် ဖြတ်လျက် ရုန်းကန်ထွက်ကြလေပြီ။ ၎င်းတို့၏စိတ်၌ လက်စားချေရန်သာ အလိုရှိနေလေပြီ စသဖြင့် ထောက်ခံရေးသားခြင်း ပြုခဲ့လေသည်။

          ကမ္ဘာကျော် မော်တော်ကားသူဌေးကြီး မစ္စတာ ဟင်နရီဖို့က ယခုခေတ်တွင် ကျွန်ုပ်တို့အပေါ်၌ လွှမ်းမိုး၍လာသော စိတ်ဓာတ်မှာကြောက်ရွံ့စိုးရိမ်ခြင်းမကင်းဘဲ အတင်း ရုန့်ရင်းကြမ်းတမ်းလိုသော စိတ်ဓာတ်ပင်ဖြစ်ကြောင်း၊ ယခု မိမိတို့ နေကြထိုင်ကြရသည့် အခြေ အနေမျိုးကို မည်သည့်အခါကာလတွင်မှ မကြုံဖူး၊ မကြားဖူးကြောင်း၊ ယခု ချောက်ချား၍နေသော အခြင်းအရာမှာ နိုင်ငံရေးသတ်သတ်လည်း မဟုတ်၊ စီးပွားရေးသတ်သတ်လည်း မဆိုသာ၊ လူတို့၏ နဂိုစိတ်ရင်း မှာပင် ကြမ်းချင် တမ်းချင် စားချင် ဝါးချင် တိုက်ချင် ခိုက်ချင်သော စိတ်တို့ ဖိစီးလွှမ်းမိုးနေခြင်းကြောင့် ဖြစ်ရကြောင်း၊ လူတို့သည် ယခင် မိမိတို့ သိရှိပေါင်းသင်းခဲ့ရသော လူတို့ မဟုတ်တော့ဘဲပြောင်းလဲကုန်ကြပြီဖြစ်ရာ ထိုပြောင်းလဲခြင်းတွင် လောဘ၊ ဒေါသ၊ မောဟတို့သည် ၎င်းတို့ အားလုံးကို ဖမ်းစားကြချေပြီဖြစ်ကြောင်း၊ ဤကမ္ဘာကြီးမှာ ငန်းဖမ်းနေပြီဖြစ်ကြောင်း၊ သွေးလေချောက်ချား ခြင်း၏ ရှေ့ပြေးနိမိတ်တို့သည် မဖုံးသာ မကွယ်သာအောင် ပေါ်ပေါက် လာပြီဖြစ်ရာ ရောဂါမှာ တစ်နေ့တခြား ဆိုးဝါးသည်ထက် ဆိုးဝါး လာခဲ့လေပြီဖြစ်ကြောင်း၊ ထို့ထက် ဆိုးဝါးသည်ကား ထိုရောဂါကို ပျောက်အောင် ကုသနိုင်သော ဆေးသမားများ မရှိခြင်းပင်ဖြစ်ကြောင်း နှင့် ရေးသားဖော်ပြခြင်း ပြုထားချေပြီ။

          အင်္ဂလန်ပြည်နှင့်တကွ ဗြိတိသျှ အင်ပါယာ နိုင်ငံကြီးတစ်ခု လုံးကို အကြိမ်ပေါင်းများစွာ ဘေးအန္တရာယ်တို့မှ ဆယ်တင်ခဲ့သူ ဖြစ်သော အင်္ဂလန်ပြည်မှ နိုင်ငံရေး သုခမိန်ကြီး မစ္စတာ လွိုက်ဂျော့ သည် ဤကမ္ဘာကို သတိကြီးစွာ ပေးသူတို့အနက် တစ်ဦးအပါအဝင် ဖြစ်၏။ ယခုကဲ့သို့ ဘေးအန္တရာယ်အတိ ပြည့်နှက်နေသည့် အခါ ကာလတွင် မစ္စတာ လွိုက်ဂူပြောသမျှ စကားတို့မှာ သတိပေး ချက်မပါဘဲ မဖြစ်နိုင်အောင်ရှိရာ ဤကမ္ဘာ၏အကြောင်းကို ၎င်း ကိုယ်တိုင် ထင်မြင်သည့် အချက်အလက်တို့ကို အောက်တွင် အမြွက်မျှ ဖော်ပြလိုက်ရပေသည်။

          မစ္စတာ လွိုက်ဂျော့က ဤကမ္ဘာသည် အလွန်မောပန်း နွမ်းရိ မချိတင်ကဲ၊ အမွဲဗလချာ၊ ဆိုးဝါးစွာသော ကမ္ဘာဖြစ်၏။ ဤကမ္ဘာသည် အလွန်တုန်လှုပ် ချောက်ချားနေ၍ သွေးရူးသွေးတန်းနှင့် အရမ်းမဲ့ တစ်ရှိန်တည်း အစစ အရာရာကို ဖျက်ဆီးမည့် အခါကြီးနှင့် ကြိမ်ကြိုက်နေလေပြီ။

          ဤခေတ်ကား လွန်စွာ ကြောက်မက်ဖွယ်ကောင်းသောခေတ်၊ လွန်စွာ စိတ်မချရသောခေတ်၊ လွန်စွာ အသက်ရှူကျပ်လှသောခေတ်၊မောဟဖုံးလွှမ်းသောခေတ် ဖြစ်ချေသည်။ ယခုလက်ရှိ အခြေ အနေသည် လွန်စွာ ဆိုးသွမ်းနေပြီဖြစ်ရာ မိမိတို့ပင် ယခုအခြေ အနေမှ ဆယ်တင်ခြင်းငှာ မတတ်နိုင်တော့ပြီ။ ဤကမ္ဘာကား ဓာတ်ဆီ ပုံများကို လူတိုင်းပင် ကိုယ်ပေါ်တွင်တင်ဆောင်ပြီးနောက် မီးပုံကြီး ရှိရာသို့ အဆင်အခြင်မရှိ တစ်ဟုန်တည်း ပြေးလွှားနေကြသော ကမ္ဘာကြီးဖြစ်လေပြီ အစရှိသဖြင့် ကြိမ်ဖန်များစွာ ကမ္ဘာ၏ အခြေ အနေကို ဖွင့်ဟပြောဆို ဝန်ခံရပြီတကား။

          ထိုပြောဆိုချက်တို့သည် ကျွန်ုပ်တို့၌ ယူဆပြီးဖြစ်သော အချက်တို့ကို ပိုမိုခိုင်လုံစေရန် အသီးသီး ထောက်ခံနေကြလေပြီ။

          ဤကမ္ဘာမှာ ယောင်မှားခြင်း၊ ရှုပ်ထွေးခြင်းတို့ အတိ ပြည့်လျက် နေ့ညမရွေး ဘေးဥပါဒ်ဆိုက်ကပ်မည့် ကမ္ဘာကြီးဖြစ်လျက် သားကောင်ကိုမြင်သောကျားသည် သားကောင်ကို မဝါးမမျိုသေးဘဲ လှည့်လည်ကာ ကခုန်မြူးထူးခြင်း ပြုဘိသကဲ့သို့ ဤကမ္ဘာကြီး တစ်ခုလုံးပင် မိမိတစ်ဦးတည်းပိုင် သုသာန်တစ်စပြင်ကြီးဖြစ်မည့် အချင်းအရာကို မြင်သော သေမင်းသည်လည်း မြူးထူးရွှင်ပျော် သီချင်းတကြော်ကြော်နှင့် ရှိနေပြီဖြစ်ရာ ၎င်းသေမင်း၏ ငင်သံကို လေယာဉ်ပျံ၊ မီးသင်္ဘော၊ မော်တော်ကားတို့ သွားသံ၊ လာသံများ၌ သော်လည်းကောင်း၊ ထိုထိုသော တိုင်းပြည်တို့မှ အာဏာရှင်များ၏ ကြွေးကြော်သံ၌သော်လည်းကောင်း၊ စစ်သားတို့သည် သေနတ်ကို ချီတုံချတုံပြုကာ ဒရိမ်းပြရာ၌သော်လည်းကောင်း၊ ဘယ်ညာဟူ၍ ညီညာစွာ ချကြသော ခြေသံများ၌သော်လည်းကောင်း ကောင်းစွာ ကြားသိနိုင်ကြပြီ ဖြစ်ပေသတည်း။