Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ဂျာနယ်ကျော်မမလေး - ပုဂ္ဂလပညတ်(သုံးစောင်တွဲ)

Regular price 1,300 MMK
Regular price Sale price 1,300 MMK
Sale Sold out
ပထမအကြိမ် ထုတ်ဝေစဉ်က
 ဂျာနယ်ကျော်မမလေး၏ အမှာ

          ကျွန်မသည် ဗမာ့ဓာတ်ပညာကို သင်ကြားဆည်းပူး စဉ်အခါကာလ ကျွန်မ သင်ယူလေ့လာနေသော ဓာတ်ပညာ နှင့် ပတ်သက်သည့် ဓာတ်ကျမ်းစာအုပ်တစ်အုပ်ကို ဓာတ် ဆရာကြီး ဆရာသန့် ရေးသား ကျမ်းပြုထားခဲ့ကြောင်း သတင်းအစအန သိရလေသည်။ ကျမ်းစာအုပ်၏အမည်မှာ ပုဂ္ဂလပညတ်ဓာတ်ကျမ်း ဖြစ်သည်။

          ကျွန်မမှာ ပုဂ္ဂလပညတ် ဓာတ်ကျမ်းစာအုပ်ကို ဖတ်ရှု ချင်ဇော ပြင်းပြနေကာ မြုပ်ကွယ်နေသော ကျမ်းစာအုပ်ကို ထောက်လှမ်းရှာဖွေရင်းသာလျှင် အချိန်ကုန်ခဲ့ရလေသည်။ ကျွန်မ သင်အံလေ့လာရသော ဓာတ်ပညာမှာ ၎င်းပုဂ္ဂလ ပညတ်ကျမ်းထဲမှ တစ်ပိုင်းတစ်စ၊ အပိုဒ်တို ကောက်နုတ် ချက်ကလေးလောက်သာ ရရှိကာ ထိုကူးယူရရှိချက်ကို အားထားပြုလျက် နာယူမှတ်သား လေ့လာအားထုတ်ခဲ့ရပြီး စာအုပ်ကိုမူ မတွေ့မမြင်ရဖူးပေ။

(ခ)

          ကျွန်မ နေ့စဉ် မျှော်မှန်းတောင့်တ လိုလားချက်မှာ ပုဂ္ဂလပညတ်ဓာတ်ကျမ်းစာအုပ်ကို ဖတ်ရှုလိုခြင်း ဖြစ်၏။

          ဓာတ်ပညာကို သင်ယူ၍ ငါးနှစ်၊ ခြောက်နှစ်ခန့် ကြာမြင့်လာမှပင် ကျွန်မ သင်ယူသော ဓာတ်ပညာ၏ မူရင်း ဖြစ်သည့် ပုဂ္ဂလပညတ် ဓာတ်ကျမ်းစာအုပ်ကို ကျွန်မထံသို့ ကိုကြည်မွန်က ဆိုက်ဆိုက်မြိုက်မြိုက် လာပို့ပေးလေခြင်းကြောင့် နေ့ရက်ရှည်ကြာစွာ တောင့်တလိုလားချက်ကြီးမှာ ပြည့်စုံ၍ သွားရလေသည်။

          ရှုမဝမဂ္ဂဇင်းတွင်ပါရှိသော ကျွန်မ၏ လမ်းနှစ်ခွ ဆောင်းပါးတွင် ဖော်ပြရေးသားခဲ့သည့်အတိုင်း ကျွန်မမှာ ဓာတ်ပညာဖြင့် အသက်မွေးဝမ်းကျောင်းအလုပ်မျိုး မလုပ် ချင်၍ စွန့်လွှတ်ကာ ကုသိုလ်ဖြစ်လုပ်ရန် အဓိဋ္ဌာန်ပြုမည် ကြံတော့မှပင် ဤပုဂ္ဂလပညတ် ဓာတ်ကျမ်းစာအုပ်နှင့်တကွ ပုဂ္ဂလပညတ်ဓာတ်ကျမ်းကို ကျေကျေလည်လည် ဖတ်ရှု နားလည်နိုင်ရန် ပြန်လည်ရှင်းလင်းသင်ကြားပေးသည့် အသက် ၈၅ နှစ်ရှိ အိုင်ကလောင်ဓာတ်ဆရာကြီး ဆရာလှိုင် နှင့် ထပ်မံ ဆုံစည်းရလေတော့သည်။

          မူလ ပုဂ္ဂလပညတ် ဓာတ်ကျမ်းကို ရေးသားကျမ်းပြု သွားသော ပုဂ္ဂိုလ်မှာ ပုဇွန်တောင် ပေတောကုန်းရပ် မန္တလေးမှ ဓာတ်ဆရာကြီး ဆရာသန့်ဆိုသော ပုဂ္ဂိုလ်ကြီး ဖြစ်သည်။

          ဓာတ်ဆရာကြီး ဆရာသန့်သည် ပုဂ္ဂလပညတ်ကျမ်း ကို ရေးသားပြုစုသောအချိန်၌ နေ၊ လ၊ ဓာတ်ပညာဂိုဏ်းအဖွဲ့ ဓာတ်ဆရာကြီးများဖြစ်သော ဆရာဆောင်၊ နိုင်ငံကျော် စာရေး ဆရာကြီး ပီမိုးနင်း၏ဖခင် ဆရာဖြိုးတို့၏ အကူအညီ ပါရှိကြောင်းကို အဘ ဓာတ်ဆရာကြီး ဆရာလှိုင် မိန့်မြွက်၍ သိရှိရသည်။

          ပုဂ္ဂလပညတ် ဓာတ်ကျမ်းမှာ ဓာတ်ပညာအရာ၌ အဓိပ္ပာယ် အယူအကောက် မျက်စိလည်အောင်၊ စ မ ပညတ်နှင့်သော်လည်းကောင်း၊ သင်္ချာဂဏန်းနှင့်သော် လည်းကောင်း၊ နေ့ ပညတ်နှင့်သော်လည်းကောင်း သိုသိပ် ပိရိစွာ ပညာ၏လမ်းစကို လှစ်ဖော်ပြရေးသွားလေရာ တော်ရုံ ဉာဏ်ပါရမီနှင့် ရိပ်ဖမ်းမိနိုင်ရန် ခဲယဉ်းလှလေသည်။ ရှေးက ပညာရှင်များ၏ ခြေရာစဉ်လိုက် အန္တရာယ်မဖြစ်ရန် ရည်စူး လျက် ပညာပိုင်းကို မြှုပ်ထား၍ ကြံဆနိုင်မှ ပေါ်နိုင်မည် ဖြစ်သော အခန်းများလည်း ပါ၏။ | စာအုပ်ကို မိမိတစ်ကိုယ်တည်း ထိုင်၍ ဖတ်ရှုခြင်း ထက် ထိုစာအုပ်ကို ကျေကျေလည်လည် ဖတ်ရှု နားလည် ပြီးစီးသူတစ်ဦးက နှုတ်ဖြင့် ပြန်လည် ရှင်းလင်းသင်ပြခြင်းက နားထောင်ရသူတွင် ပို၍ သဘောပေါက်လွယ်၊ နားလည် လွယ်နိုင်လေသည်။

          စာအုပ် အချက်အလက်များကို နှီးနှောခြင်း၊ ဆွေးနွေး ခြင်း၊ အယူအဆ အတွေ့အမြင် တစ်ထိုင်တည်း ရှင်းလင်း သဘောပေါက်လွယ်ရန် အဘ ဓာတ်ဆရာကြီး ဆရာလှိုင်က အချိန်ပေး၍ လူသူပါးသည့် ကမာရွတ် လှည်းတန်း ခြံမြေထဲ တွင် ကျွန်မအား ရှင်းလင်းဟောပြော ပို့ချသင်ကြားပေးနေ လေသည်။

          ပထမ ကိုကြည်မွန်မှတစ်ဆင့် ဖတ်ရှုရသော ပုဂ္ဂလ ပညတ်ကျမ်းစာအုပ်ထဲတွင် ပထမကျော် ဆရာတစ်ဦးကပညာရှိများ မလေးစားသောကျမ်းဟု စာအုပ်အဆုံး စာ မျက်နှာ၌ ရေးသား မှတ်ချက်ချထားလေသည်။

          ဤအကြောင်းကို အိုင်ကလောင် ဓာတ်ဆရာကြီးအား ပြောပြရာ မျက်ရည်များကျအောင်ပင် ရယ်မော၍ “ဒီပညာ က ရှုပ်ရှုပ်ရေးမှဟေ့၊ တဲ့တိုးရေးရင် ခက်မကုန်ဘူးလား”ဟု ပြောလေသည်။

          မြန်မာ့ဓာတ်ပညာ ဆေးပညာကို လျှို့ဝှက်သည်ဟု အယူအဆ ရှိနေကြပါသည်။ အမှန်လည်း လျှို့ဝှက်ပါသည်။ သူတော်စင် ပညာရှင်တို့ လျှို့ဝှက်၍ ထားခဲ့ရခြင်းမှာ လူ အပေါင်းတို့ မတတ်မြောက်စေရန်၊ အကျိုးခံစားခွင့် မရှိစေ ရန် ကျဉ်းမြောင်းသော တစ်ကိုယ်ကောင်းစိတ်နှင့် လျှို့ဝှက် ရခြင်း မဟုတ်ပါ။

          ဤပညာ တတ်မြောက်ကြလျှင် ကောင်းကျိုး ဆိုးကျိုး၊ ရန်ဓာတ် မိတ်ဓာတ် နားလည် သိရှိနိုင်ပါသည်။ ဓာတ်ပညာ တတ်မြောက်သောသူသည် သီလ၊ သမာဓိ၊ သစ္စာမရှိသူ၊လောဘကြီးသူ၊ ဤပညာဖြင့် စီးပွားရှာစားချင်သူ၊ ဤ ပညာဖြင့် သူတစ်ပါးအား အကျိုးစီးပွား ပျက်ပြားအောင် ပြုချင်သူဖြစ်ပါက အန္တရာယ် များမည်ဖြစ်၍ ပညာရှင်တို့ ဆင်ခြင်ကာ ပညာရှိလျှင် ယူလော့ဟု လျှို့ဝှက်ခဲ့ရခြင်း ဖြစ် သည်။ တဲ့တိုးရေးရင် ခက်မကုန်ဘူးလားဟု အမိန့်ရှိရခြင်း ဖြစ်ပါသည်။

          ဤပညာတတ်တိုင်းလည်း ပေါက်မြောက်လိမ့်မည် မဟုတ်ပါ။ သီလ၊ သမာဓိ၊ သစ္စာရှိ၍ ဤဓာတ်ပညာဖြင့် စီးပွားမရှာကာ ဓာတ်ပညာဖြင့် မချမ်းသာချင်သော သူထံမှသာ ဤပညာသည် တည်မည်၊ မပျက်မည်၊ ပေါက်မြောက် မည်၊ ထက်မြက်မည် ဖြစ်ပါသည်။ ။

          စာအုပ်ထဲတွင်ပါသော လင်္ကာကဗျာများမှာ မူလ ကျမ်းရိုက်စဉ်က မှားယွင်းရိုက်နှိပ်ခဲ့သည်လား မသိ။ တချို့ နေရာများတွင် ကဗျာအစပ် မှားနေခြင်းကို တွေ့ရှိရသော် လည်း စာအုပ်မူအတိုင်းပင် ရိုက်သည်။ စာပြင် မစင်ကြယ် သော ပုံနှိပ်တိုက်၏ အမှားများကိုလည်း တွေ့ရသည်။

          ပုဂ္ဂလပညတ် ကျမ်းစာအုပ်မှာ အလွန်တရာ ရှားပါး သောမူဖြစ်၍ အများအကျိုးပွားစေရန် ရည်စူးလျက် အိုင် ကလောင်ဓာတ်ဆရာကြီးက ရိုက်ခွင့်ပြုခြင်းသာ ဖြစ်လေ သည်။

          ကျွန်မမှာ ပုဂ္ဂလပညတ်ဓာတ်ကျမ်းကို အဘထံ၌ ဆည်းပူးသင်ကြားနေရင်း အများပြည်သူတို့၏ ကျန်းမာရေး အကျိုးစီးပွားအလို့ငှာ အဓိက စေတနာ ရှေးရှုလျက် ဤ ကျမ်း၏အဖွင့်ကို ရေးသားကာ စာအုပ်တစ်အုပ် ထုတ်ဝေ လိုစိတ် ဖြစ်ပေါ်လာလေသည်။

          အဘထံ၌ ပုဂ္ဂလပညတ် ဓာတ်ကျမ်းအဖွင့် သို့မဟုတ် ဋီကာစာအုပ်ရေးရန် ခွင့်ပန်ကြားသည့်အခါ အဘက ပုဂ္ဂလ ပညတ်ဓာတ်ကျမ်းကို အဖွင့်ရေးချင်လျှင် ဤပညာ၏ အခြေ အမြစ် မူလဖြစ်သော ပုဂ္ဂလပညတ်ကျမ်း၊ ဓာတုပစ္စယကျမ်း၊ ဓာတုသကျမ်းတို့ကို ပေါင်း၍ ပုဂ္ဂလပညတ် သုံးစောင်တွဲ ဟု ပထမထုတ်ဝေရိုက်နှိပ်ပြီးမှ ပုဂ္ဂလပညတ် သုံးစောင်တွဲ အဖွင့်ဟု စာအုပ်ရေးရန် မိန့်ကြားသဖြင့် အိုင်ကလောင် ဓာတ်ဆရာကြီး ဆရာလှိုင်၏ သြဝါဒအတိုင်း ပုဂ္ဂလ ပညတ်သုံးစောင်တွဲကို ရိုက်နှိပ်ရခြင်း ဖြစ်ပေသည်။

          ဤစာအုပ်ကို အဘ ဓာတ်ဆရာကြီး အမိန့်အတိုင်း တန်ဖိုး (၁၀ ကျပ်) ထားရပါသည်။ စာအုပ်ရောင်းတာ မဟုတ်ဘူး၊ ပညာတန်ဖိုးထားတာဟု မိန့်ဆိုပါသည်။

          ဗမာ့ဓာတ်ပညာကို ဖော်ထုတ်သော ယခု ပုံနှိပ် ထုတ်ဝေလိုက်သည့် ပုဂ္ဂလပညတ် သုံးစောင်တွဲ စာအုပ်သည် နေ လ ဓာတ်ပညာ ဆေးဝါးဓာတ်စာ မှီဝဲနေသော ပရိသတ် က အလွန်ဆာလောင်လျက်ရှိသော စာအုပ်တစ်အုပ်ဖြစ် သည့်အတိုင်း ဓာတ်ပညာကို ယုံကြည်အားထားသူများအဖို့ ဖတ်ရှုလေ့လာ အားထုတ်ကြလျက် ဓာတ်ပညာကို အပတ် တကုတ် လေ့လာဆည်းပူး ဖတ်ရှုရသည်နှင့်အမျှ အကျိုး ကျေးဇူးပွားများနိုင်ကြပေလိမ့်မည်ဟု ယုံကြည်မျှော်လင့်ရ ပေသည်။